International Match Report

ဒုတိယပိုင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး တတိယဂိုးနဲ့ ဒတ်ချ်တွေ အောင်ပွဲခံ

နယ်သာလန်အသင်းဟာလည်း အသင်းကြီးတွေကြားမှာ ခေတ်စားနေတဲ့ ၃-၅-၂ ကစားကွက်ကိုပဲ သုံးစွဲလာခဲ့ပြီး ဗန်ဒိုက်မပါနိုင်တဲ့ ခံစစ်မှာ ဘလိုင်း၊ ဒီဗရိုင်း၊ တင်ဘာတို့ကို အထိုင်ချခဲ့ပြီး တောင်ပံတွေမှာတော့ ဗန်အန်ဟော့လ်နဲ့ ဒမ်ဖရီးစ်တို့ ကစားခဲ့သလို ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဗိုင်နယ်လ်ဒွမ်၊ ဒီယုံး၊ ဒီရွန်းတို့အတွဲကို ပွဲထုတ်လာချိန်မှာ တိုက်စစ်မှာတော့ ဒီပိုင်းနဲ့ ဗက်ဟော့စ်တို့ကို အသုံးပြုခဲ့ပါတယ်။

ယူကရိန်းကတော့ ယာမိုလန်ကို ဦးဆောင်လာတဲ့ အသင်းမှာ ဇင်ချန်ကို၊ မက်ဗီယန်ကို၊ မစ်ကိုလင်ကိုစတဲ့ လူငယ်ကြယ်ပွင့်တွေနဲ့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပြီး နည်းပြ ရှက်ဗ်ချန်ကိုအနေနဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကို လိုက်မီဖို့ ကြိုးပမ်းနေချိန်မှာ ဥရောပအသင်းကြီးတွေက ကစားသမား တွေနဲ့ ပြည်တွင်းကစားသမားတွေကို အချိုးညီညီ ပေါင်းစပ်လာခဲ့တာပါ။

ပွဲစလို့ စောစောစီးစီးမှာပဲ တိုက်စစ်မှူး ဒီပိုင်းရဲ့ ကန်ချက်ကို ယူကရိန်းဂိုးသမား ဘုရှ်ချန် ကာကွယ်ခဲ့ရသလို သိပ်မကြာခင်မှာပဲ ဗိုင်နယ်လ်ဒွမ်ရဲ့ ဖန်တီးမှုကနေ ညာနောက်ခံလူ ဒမ်ဖရီးစ်ရဲ့ အခွင့်အရေးကိုလည်း ရှေ့တက်ပြီး ပိတ်ဆို့သွားနိုင်ခဲ့လို့ နယ်သာလန်တို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ပါတယ်။

တိုက်စစ်ကစားချိန်တွေမှာ Deep-lying ဆန်ဆန်ဖြစ်နေသလို နောက်ကျန်နေတဲ့ ဒီယုံးကြောင့် နယ်သာလန်တိုက်စစ်က အားနည်းခဲ့ရချိန်မှာ တိုက်စစ်မှာ အထောင်နှစ်ဦးတည်းလိုဖြစ်နေခဲ့တဲ့ ဒီပိုင်းနဲ့ ဗက်ဟော့စ်ကို ပံ့ပိုးဖို့က ဗိုင်နယ်လ်ဒွမ်တစ်ယောက်တည်း ရုန်းနေရသလိုဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးသမား ဘုရှ်ချန်ရဲ့ လက်စွမ်းပြမှုတွေနဲ့အတူ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း ပြန်အစမှာတော့ ပရိသတ်တွေ မြင်ချင်နေတဲ့ ဂိုးတွေ ရောက်ရှိလာခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ ညာခြမ်းကနေ ဖြတ်ပို့ပေးတဲ့ ဒမ်ဖရီးစ်ရဲ့ ပေးပို့မှုကို ဂိုးသမား ဘုရှ်ချန် ကာကွယ်ပုံ မသေသပ်ဘဲ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်က လိုက်လာတဲ့ ဗိုင်နယ်လ်ဒွမ်က ဂိုးအပေါ်ထောင့်ကို ကန်သွင်းပြီး နယ်သာလန်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။

၆ မိနစ်အကြာ ပွဲချိန် ၅၈ မိနစ်မှာ နယ်သာလန်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး ညာခြမ်းကနေ ဂိုးဧရိယာထဲ ဖိအားပေးဖို့ ကြိုးစားတဲ့ ဒမ်ဖရီးစ်နဲ့ မစ်ကိုလင်ကိုတို့ ငြိပြီး ပျက်တဲ့ ဘောလုံးကို မက်ဗီယန်ကို ရှင်းထုတ်ရမယ့်အစား ထိန်းသိမ်းရယူရာကနေ ပြန်ပျက်ခဲ့ရာမှာ အသင့်ရှိနေတဲ့ ဗက်ဟော့စ်က Volley ကန်သွင်းယူခဲ့ပြီး ဒုတိယဂိုး ရရှိခဲ့တာပါ။

နှစ်ဂိုးဆက်ဂိုးပေးလိုက်ရတဲ့ ယူကရိန်းတို့ ကွင်းလယ်ဖန်တီးရှင် ရှာပါရင်ကိုကို ထည့်သွင်းပြီး တိုက်စစ်ကို ပိုကစားဖို့ ကြိုးစားခဲ့ရာမှာ နယ်သာလန်ရဲ့ ခံစစ်အားပြုသွားမှုနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဗျူဟာမှားသွားတဲ့ ဒီဘိုးကို ရှက်ဗ်ချန်ကိုရဲ့ လူတွေ ပြန်လည်တုံ့ပြန်နိုင်ခဲ့သလို ပွဲချိန် ၇၅ မိနစ်မှာတော့ ခံစစ်တန်းရှေ့မှာ လွတ်နေတဲ့ ယာမိုလန်ကိုက ယာရမ်ချုခ်နဲ့ အပေးအယူလုပ်ပြီး လှပတဲ့ ဘယ်ခြေဝေ့ဝိုက်ကန်ချက်နဲ့ ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ယူကရိန်းတို့ သရေကျစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပထမဂိုးကို ဘောလုံးပေးပို့ခဲ့တဲ့ တိုက်စစ်မှူး ယာရမ်ချုခ်က အတ္တလန်တာကွင်းလယ်လူ မာလီနော့ဗ်စကီးရဲ့ ဖရီးကစ်ကို နယ်သာလန်နောက်တန်းကြားက ပြေးထွက်ပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ချေပသွားခဲ့လို့ နှစ်ဂိုးစီသရေနဲ့ အင်အားကြီး လိမ္မော်ရောင်တွေ ပျားတုပ်သွားခဲ့ပါတယ်။

ဒါပေမယ့် တစ်ပွဲလုံး ခြေစွမ်းပြနေခဲ့သူတစ်ဦးကြောင့် ကံက နယ်သာလန်ဘက်ရှိခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာတော့ ယူကရိန်းဂိုးသမားနဲ့ ခံစစ်ကြားက ခပ်ညံ့ညံ့ နားလည်မှုလွဲရာကနေ ဘယ်ခြမ်းက ဘောလုံးပြန်ရသွားခဲ့တဲ့ နာသန် အာကေက ဖြတ်တင်ပေးခဲ့ရာမှာ ညာနောက်ခံလူ ဒင်ဇယ်လ် ဒမ်ဖရီးစ်က သူ့ရဲ့ ပထမဆုံးလက်ရွေးစင်သွင်းဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးမှာ ဂိုးသမား ဘုရှ်ချန်ကတော့ ကာကွယ်ပုံနှေးခဲ့သလို ဘောလုံးပျက်တဲ့ ပထမအမှားနဲ့ပါဆိုရင် နှစ်ကြိမ်ဆက်တိုက် အမှားကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။

နယ်သာလန်တို့ ပေါ့လျော့ခဲ့ပေမယ့်လည်း မိနစ် ၉၀ အပြည့်မှာတော့ သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ပြီး အုပ်စု(C)ကို တစ်ဖက်က သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ထားတဲ့ ဩစတြီးယားကြောင့် ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပေမယ့် နောက်တစ်ဆင့် တက်လှမ်းဖို့အတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက် ယူကရိန်းကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် အလားအလာကောင်းကို ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။

ရှက်ဗ်ချန်ကိုနဲ့ သူ့လူတွေကတော့ ဒီနေ့မှာ ဒီထက်ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့သင့်ပေမယ့် ခံစစ်ပိုင်းက အမှားများခဲ့ပြီး ဂိုးသမားရဲ့ လက်စွမ်းနဲ့ အမှားအချိုးကတော့ အဆိုးဘက်က များပြားနေချိန်မှာ မပြင်နိုင်ခဲ့ရင် အုပ်စုတတိယနဲ့ မရေရာတဲ့ အဖြစ်မျိုးကိုသာ မျှော်လင့်ရတော့မှာ ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္အသင္းဟာလည္း အသင္းႀကီးေတြၾကားမွာ ေခတ္စားေနတဲ့ ၃-၅-၂ ကစားကြက္ကိုပဲ သုံးစြဲလာခဲ့ၿပီး ဗန္ဒိုက္မပါႏိုင္တဲ့ ခံစစ္မွာ ဘလိုင္း၊ ဒီဗ႐ိုင္း၊ တင္ဘာတို႔ကို အထိုင္ခ်ခဲ့ၿပီး ေတာင္ပံေတြမွာေတာ့ ဗန္အန္ေဟာ့လ္နဲ႔ ဒမ္ဖရီးစ္တို႔ ကစားခဲ့သလို ကြင္းလယ္မွာ အသင္းေခါင္းေဆာင္ ဗိုင္နယ္လ္ဒြမ္၊ ဒီယုံး၊ ဒီ႐ြန္းတို႔အတြဲကို ပြဲထုတ္လာခ်ိန္မွာ တိုက္စစ္မွာေတာ့ ဒီပိုင္းနဲ႔ ဗက္ေဟာ့စ္တို႔ကို အသုံးျပဳခဲ့ပါတယ္။

ယူကရိန္းကေတာ့ ယာမိုလန္ကို ဦးေဆာင္လာတဲ့ အသင္းမွာ ဇင္ခ်န္ကို၊ မက္ဗီယန္ကို၊ မစ္ကိုလင္ကိုစတဲ့ လူငယ္ၾကယ္ပြင့္ေတြနဲ႔ တုံ႔ျပန္ဖို႔ ႀကိဳးစားခဲ့ၿပီး နည္းျပ ရွက္ဗ္ခ်န္ကိုအေနနဲ႔ ကစားသမားဘဝ ေအာင္ျမင္မႈေတြကို လိုက္မီဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ဥေရာပအသင္းႀကီးေတြက ကစားသမား ေတြနဲ႔ ျပည္တြင္းကစားသမားေတြကို အခ်ိဳးညီညီ ေပါင္းစပ္လာခဲ့တာပါ။

ပြဲစလို႔ ေစာေစာစီးစီးမွာပဲ တိုက္စစ္မႉး ဒီပိုင္းရဲ႕ ကန္ခ်က္ကို ယူကရိန္းဂိုးသမား ဘုရွ္ခ်န္ ကာကြယ္ခဲ့ရသလို သိပ္မၾကာခင္မွာပဲ ဗိုင္နယ္လ္ဒြမ္ရဲ႕ ဖန္တီးမႈကေန ညာေနာက္ခံလူ ဒမ္ဖရီးစ္ရဲ႕ အခြင့္အေရးကိုလည္း ေရွ႕တက္ၿပီး ပိတ္ဆို႔သြားႏိုင္ခဲ့လို႔ နယ္သာလန္တို႔ အဖြင့္ဂိုးနဲ႔ ေဝးေနခဲ့ပါတယ္။

တိုက္စစ္ကစားခ်ိန္ေတြမွာ Deep-lying ဆန္ဆန္ျဖစ္ေနသလို ေနာက္က်န္ေနတဲ့ ဒီယုံးေၾကာင့္ နယ္သာလန္တိုက္စစ္က အားနည္းခဲ့ရခ်ိန္မွာ တိုက္စစ္မွာ အေထာင္ႏွစ္ဦးတည္းလိုျဖစ္ေနခဲ့တဲ့ ဒီပိုင္းနဲ႔ ဗက္ေဟာ့စ္ကို ပံ့ပိုးဖို႔က ဗိုင္နယ္လ္ဒြမ္တစ္ေယာက္တည္း ႐ုန္းေနရသလိုျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ ဂိုးသမား ဘုရွ္ခ်န္ရဲ႕ လက္စြမ္းျပမႈေတြနဲ႔အတူ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္း ျပန္အစမွာေတာ့ ပရိသတ္ေတြ ျမင္ခ်င္ေနတဲ့ ဂိုးေတြ ေရာက္ရွိလာခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ညာျခမ္းကေန ျဖတ္ပို႔ေပးတဲ့ ဒမ္ဖရီးစ္ရဲ႕ ေပးပို႔မႈကို ဂိုးသမား ဘုရွ္ခ်န္ ကာကြယ္ပုံ မေသသပ္ဘဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္က လိုက္လာတဲ့ ဗိုင္နယ္လ္ဒြမ္က ဂိုးအေပၚေထာင့္ကို ကန္သြင္းၿပီး နယ္သာလန္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ပါတယ္။

၆ မိနစ္အၾကာ ပြဲခ်ိန္ ၅၈ မိနစ္မွာ နယ္သာလန္တို႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဂိုးဧရိယာထဲ ဖိအားေပးဖို႔ ႀကိဳးစားတဲ့ ဒမ္ဖရီးစ္နဲ႔ မစ္ကိုလင္ကိုတို႔ ၿငိၿပီး ပ်က္တဲ့ ေဘာလုံးကို မက္ဗီယန္ကို ရွင္းထုတ္ရမယ့္အစား ထိန္းသိမ္းရယူရာကေန ျပန္ပ်က္ခဲ့ရာမွာ အသင့္ရွိေနတဲ့ ဗက္ေဟာ့စ္က Volley ကန္သြင္းယူခဲ့ၿပီး ဒုတိယဂိုး ရရွိခဲ့တာပါ။

ႏွစ္ဂိုးဆက္ဂိုးေပးလိုက္ရတဲ့ ယူကရိန္းတို႔ ကြင္းလယ္ဖန္တီးရွင္ ရွာပါရင္ကိုကို ထည့္သြင္းၿပီး တိုက္စစ္ကို ပိုကစားဖို႔ ႀကိဳးစားခဲ့ရာမွာ နယ္သာလန္ရဲ႕ ခံစစ္အားျပဳသြားမႈနဲ႔ ထိပ္တိုက္ေတြ႕ခဲ့ၿပီး ဗ်ဴဟာမွားသြားတဲ့ ဒီဘိုးကို ရွက္ဗ္ခ်န္ကိုရဲ႕ လူေတြ ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ခံစစ္တန္းေရွ႕မွာ လြတ္ေနတဲ့ ယာမိုလန္ကိုက ယာရမ္ခ်ဳခ္နဲ႔ အေပးအယူလုပ္ၿပီး လွပတဲ့ ဘယ္ေျခေဝ့ဝိုက္ကန္ခ်က္နဲ႔ ေခ်ပဂိုးတစ္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ယူကရိန္းတို႔ သေရက်ေစမယ့္ ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ပထမဂိုးကို ေဘာလုံးေပးပို႔ခဲ့တဲ့ တိုက္စစ္မႉး ယာရမ္ခ်ဳခ္က အတၱလန္တာကြင္းလယ္လူ မာလီေနာ့ဗ္စကီးရဲ႕ ဖရီးကစ္ကို နယ္သာလန္ေနာက္တန္းၾကားက ေျပးထြက္ၿပီး လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ေခ်ပသြားခဲ့လို႔ ႏွစ္ဂိုးစီသေရနဲ႔ အင္အားႀကီး လိေမၼာ္ေရာင္ေတြ ပ်ားတုပ္သြားခဲ့ပါတယ္။

ဒါေပမယ့္ တစ္ပြဲလုံး ေျခစြမ္းျပေနခဲ့သူတစ္ဦးေၾကာင့္ ကံက နယ္သာလန္ဘက္ရွိခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ယူကရိန္းဂိုးသမားနဲ႔ ခံစစ္ၾကားက ခပ္ညံ့ညံ့ နားလည္မႈလြဲရာကေန ဘယ္ျခမ္းက ေဘာလုံးျပန္ရသြားခဲ့တဲ့ နာသန္ အာေကက ျဖတ္တင္ေပးခဲ့ရာမွာ ညာေနာက္ခံလူ ဒင္ဇယ္လ္ ဒမ္ဖရီးစ္က သူ႔ရဲ႕ ပထမဆုံးလက္ေ႐ြးစင္သြင္းဂိုးကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးမွာ ဂိုးသမား ဘုရွ္ခ်န္ကေတာ့ ကာကြယ္ပုံေႏွးခဲ့သလို ေဘာလုံးပ်က္တဲ့ ပထမအမွားနဲ႔ပါဆိုရင္ ႏွစ္ႀကိမ္ဆက္တိုက္ အမွားက်ဴးလြန္ခဲ့တာလည္းျဖစ္ပါတယ္။

နယ္သာလန္တို႔ ေပါ့ေလ်ာ့ခဲ့ေပမယ့္လည္း မိနစ္ ၉၀ အျပည့္မွာေတာ့ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၿပီး အုပ္စု(C)ကို တစ္ဖက္က သုံးဂိုး-တစ္ဂိုးနဲ႔ ႏိုင္ထားတဲ့ ဩစႀတီးယားေၾကာင့္ ဒုတိယေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ေနာက္တစ္ဆင့္ တက္လွမ္းဖို႔အတြက္ေတာ့ ခက္ခဲတဲ့ ၿပိဳင္ဘက္ ယူကရိန္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ အလားအလာေကာင္းကို ပိုင္ဆိုင္သြားႏိုင္ခဲ့ပါတယ္။

ရွက္ဗ္ခ်န္ကိုနဲ႔ သူ႔လူေတြကေတာ့ ဒီေန႔မွာ ဒီထက္ေကာင္းတဲ့ ရလဒ္ကို ပိုင္ဆိုင္ခဲ့သင့္ေပမယ့္ ခံစစ္ပိုင္းက အမွားမ်ားခဲ့ၿပီး ဂိုးသမားရဲ႕ လက္စြမ္းနဲ႔ အမွားအခ်ိဳးကေတာ့ အဆိုးဘက္က မ်ားျပားေနခ်ိန္မွာ မျပင္ႏိုင္ခဲ့ရင္ အုပ္စုတတိယနဲ႔ မေရရာတဲ့ အျဖစ္မ်ိဳးကိုသာ ေမွ်ာ္လင့္ရေတာ့မွာ ျဖစ္ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.