Premier League Transfer News

10 Jun ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးနည်းပြ တူဟယ်လ်အနေနဲ့ အင်တာမီလန်တောင်ပံကစားသမား ဟာကီမီကို PSG အသင်းနဲ့အပြိုင် ပေါင် ၅၂ သန်းပေးခဲ့ပေမယ့် ငြင်းပယ်ခံရပြီးနောက်မှာတော့ အိုဒွိုင်းကိုသာ ညာတောင်ပံအစွန်နေရာအတွက် ရီးစ်ဂျိမ်းစ်ရဲ့အရန်လူအဖြစ် အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရ။

ပြင်သစ်အသင်းက ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဘူဂေးရီးယားနဲ့ ချစ်ကြည်ရေးပွဲစဉ်အပြီးမှာ ချယ်လ်ဆီးတိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးဟာ အသင်းဖော် အမ်ဘာပေနဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ၃၄ နှစ်သားဟာ သူ့အသင်းဖော်တချို့က သူ့ကို ဘောလုံးမပေးဘူးလို့ လူသိရှင်ကြား စောဒကတက်ခဲ့တာကြောင့် အမ်ဘာပေက ပေါက်ကွဲသွားခဲ့ကြောင်းသိရ။

ဒေါ့မွန်အသင်းတိုက်စစ်မှုး အာလင်း ဟာလန်းဟာ သူ့အနာဂတ်အတွက် ချယ်လ်ဆီးအသင်းနဲ့သာ အံအဝင်ဆုံးဖြစ်တယ်လို့ တိုက်တွန်းခံထားရကြောင်း သိရပြီး ဂျာမန်ကလပ်အနေနဲ့ ပေါင်သန်း ၁၅၀ ငွေထုပ်ပိုက်ရမယ်ဆိုရင်တော့ မူမနေဘဲ အမြန်ဆုံးရောင်းထုတ်သင့်နေပြီလို့ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ခြင်းခံထားရချိန်မှာ ချယ်လ်ဆီးနဲ့ မန်စီးတီး ၂ သင်းကသာ ခေါ်ဖို့တတ်နိုင်တဲ့ အခြေအနေမှာရှိနေ။

ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီ တနိုင်ငံတည်းသားချင်းဖြစ်တဲ့ အန်ဂိုလို ကွန်တေဟာ ဘောလုံးဘယ်နေရာကို ရောက်လာမလဲဆိုတာ အကြားအမြင်ရသလိုကို ကြိုတင်သိရှိနေတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး တိုက်စစ်မှုးတဦးဟာ ဂိုးကို အနံ့ခံကောင်းသလိုမျိုး ဘောလုံးလမ်းကြောင်းတွက်ဆမှုမှာ ကွန်တေကို မီတဲ့သူမရှိသေးဘူးလို့ ထုတ်ဖော်သွား။

ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁၆ နှစ်တာ လက်တွဲမှုကို အဆုံးသတ်တော့မယ့် ဆာဂျီယို ရာမို့စ်ကို တူဟယ်လ်က အလွတ်ပြောင်းရွှေကြေးနဲ့ ခေါ်ယူသွားမှာဖြစ်ကြောင်း သိရသလို ဗဟိုခံစစ်မှူး ၂ ဦးရှာဖွေနေချိန်မှာ သူ့အနေနဲ့ ရာမို့စ်အပြင် ရာဖေလ်း ဗာရွန်းကိုပါ ဝယ်ယူဖို့ ဆက်လက်ချိတ်ဆက်နေ။

ချယ်လ်ဆီးအသင်းအနေနဲ့ ဗဟိုခံစစ်မှူး ၂ ဦး၊ တိုက်စစ်မှူး ၁ ဦး၊ ညာနောက်ခံအစွန်လူ ၁ ဦး ရှာဖွေနေချိန်မှာ ဝုဗ်ကစားသမား အဒါမာ ထရာအိုရေးရဲ့ လုပ်အားနှုန်းကိုလည်း တူဟယ်လ်က သဘောကျနေကြောင်း သိရပြီး ၂၅ နှစ်သားကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းသွားဖို့ စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းထား။

ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့ချိန်မှာ အင်္ဂလန်နဲ့ ယူရိုမျှော်လင့်ချက်ကိုပါ ခိုင်မာသွားစေခဲ့ပြီး စူပါမန်းတဦးလို ခံစားခဲ့ရကြောင်း ဘန် ချေးလ်ဝဲလ်က ဝန်ခံသွားခဲ့ပြီး သူ့အနေနဲ့ အင်္ဂလန်အသင်းနဲ့ ယူရိုချန်ပီယံအဖြစ် စူပါဟီးရိုးတဦးလို အောင်မြင်မှုကို ခံစားကြည့်လိုက်ချင်ကြောင်း ပြောသွားချိန်မှာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ မိမိအနေနဲ့ အောင်စိတ်ကို ပိုင်ဆိုင်သွားခဲ့ပြီလို့ ကြုံးဝါးသွား။

ဒီနွေမှာ ချယ်လ်ဆီးကနေ ပြန်ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ကို အက်သလက်တီကိုအသင်းက စိတ်ဝင်တစား ချိတ်ဆက်နေတယ်လို့ သိရပြီး မော်ရိုကိုသားကို လိုချင်တဲ့အထဲမှာ အင်တာမီလန်လည်း ပါဝင်လာခဲ့သလို ၂၈ နှစ်သားကို တူဟယ်လ်အနေနဲ့ တရာသီတည်းနဲ့ လက်လျှော့ပြီး ရောင်းထုတ်လိုက်ရင်တော့ အမှားကြီးမှားသွားမယ်လို့ သတိပေးခံထားရမှုတွေလည်း ထွက်ပေါ်လာ။

အက်သလက်တစ်ရဲ့အဆိုအရ ဆီဗီလာရဲ့ ပြင်သစ်ခံစစ်မှူး ဂျူးလ် ကွန်ဒီဟာ ချယ်လ်ဆီးရဲ့ မြိုခံပြိုင်ဘက် အာဆင်နယ်ရဲ့ အတင်းဝင်လုံးမှုကို ပယ်ချလိုက်ပြီး စတမ်းဖို့ဒ်မြေကိုသာ ပြောင်းရွှေ့လိုနေကြောင်း သိရကာ ဥရောပတန်းမဝင်ထားဘူးဆိုတဲ့အသင်းတွေကို စဉ်းစားသွားမှာမဟုတ်ကြောင်း ပေါင် ၅၅ သန်းတန် ကစားသမားက ဆုံးဖြတ်ထားလို့ တူဟယ်လ် စိတ်အေးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္အေနနဲ႔ အင္တာမီလန္ေတာင္ပံကစားသမား ဟာကီမီကို PSG အသင္းနဲ႔အၿပိဳင္ ေပါင္ ၅၂ သန္းေပးခဲ့ေပမယ့္ ျငင္းပယ္ခံရၿပီးေနာက္မွာေတာ့ အိုဒြိဳင္းကိုသာ ညာေတာင္ပံအစြန္ေနရာအတြက္ ရီးစ္ဂ်ိမ္းစ္ရဲ႕အရန္လူအျဖစ္ အသုံးျပဳသြားဖြယ္ရွိေနေၾကာင္း သိရ။

ျပင္သစ္အသင္းက ၃ ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ဘူေဂးရီးယားနဲ႔ ခ်စ္ၾကည္ေရးပြဲစဥ္အၿပီးမွာ ခ်ယ္လ္ဆီးတိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးဟာ အသင္းေဖာ္ အမ္ဘာေပနဲ႔ ျပႆနာတက္ခဲ့တယ္လို႔ သိရၿပီး ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ ၃၄ ႏွစ္သားဟာ သူ႔အသင္းေဖာ္တခ်ိဳ႕က သူ႔ကို ေဘာလုံးမေပးဘူးလို႔ လူသိရွင္ၾကား ေစာဒကတက္ခဲ့တာေၾကာင့္ အမ္ဘာေပက ေပါက္ကြဲသြားခဲ့ေၾကာင္းသိရ။

ေဒါ့မြန္အသင္းတိုက္စစ္မႈး အာလင္း ဟာလန္းဟာ သူ႔အနာဂတ္အတြက္ ခ်ယ္လ္ဆီးအသင္းနဲ႔သာ အံအဝင္ဆုံးျဖစ္တယ္လို႔ တိုက္တြန္းခံထားရေၾကာင္း သိရၿပီး ဂ်ာမန္ကလပ္အေနနဲ႔ ေပါင္သန္း ၁၅၀ ေငြထုပ္ပိုက္ရမယ္ဆိုရင္ေတာ့ မူမေနဘဲ အျမန္ဆုံးေရာင္းထုတ္သင့္ေနၿပီလို႔ ကြၽမ္းက်င္သူေတြရဲ႕ ေဝဖန္ျခင္းခံထားရခ်ိန္မွာ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး ၂ သင္းကသာ ေခၚဖို႔တတ္ႏိုင္တဲ့ အေျခအေနမွာရွိေန။

ျပင္သစ္ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး သီယာရီ အြန္နရီ တႏိုင္ငံတည္းသားခ်င္းျဖစ္တဲ့ အန္ဂိုလို ကြန္ေတဟာ ေဘာလုံးဘယ္ေနရာကို ေရာက္လာမလဲဆိုတာ အၾကားအျမင္ရသလိုကို ႀကိဳတင္သိရွိေနတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးသြားခဲ့ၿပီး တိုက္စစ္မႈးတဦးဟာ ဂိုးကို အနံ႔ခံေကာင္းသလိုမ်ိဳး ေဘာလုံးလမ္းေၾကာင္းတြက္ဆမႈမွာ ကြန္ေတကို မီတဲ့သူမရွိေသးဘူးလို႔ ထုတ္ေဖာ္သြား။

ဒီလအကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ၁၆ ႏွစ္တာ လက္တြဲမႈကို အဆုံးသတ္ေတာ့မယ့္ ဆာဂ်ီယို ရာမို႔စ္ကို တူဟယ္လ္က အလြတ္ေျပာင္းေ႐ႊေၾကးနဲ႔ ေခၚယူသြားမွာျဖစ္ေၾကာင္း သိရသလို ဗဟိုခံစစ္မႉး ၂ ဦးရွာေဖြေနခ်ိန္မွာ သူ႔အေနနဲ႔ ရာမို႔စ္အျပင္ ရာေဖလ္း ဗာ႐ြန္းကိုပါ ဝယ္ယူဖို႔ ဆက္လက္ခ်ိတ္ဆက္ေန။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဗဟိုခံစစ္မႉး ၂ ဦး၊ တိုက္စစ္မႉး ၁ ဦး၊ ညာေနာက္ခံအစြန္လူ ၁ ဦး ရွာေဖြေနခ်ိန္မွာ ဝုဗ္ကစားသမား အဒါမာ ထရာအိုေရးရဲ႕ လုပ္အားႏႈန္းကိုလည္း တူဟယ္လ္က သေဘာက်ေနေၾကာင္း သိရၿပီး ၂၅ ႏွစ္သားကို ေပါင္သန္း ၃၀ နဲ႔ ကမ္းလွမ္းသြားဖို႔ ေစာင့္ၾကည့္စာရင္းထဲမွာ ထည့္သြင္းထား။

ခ်ယ္လ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္စြဲခဲ့ခ်ိန္မွာ အဂၤလန္နဲ႔ ယူ႐ိုေမွ်ာ္လင့္ခ်က္ကိုပါ ခိုင္မာသြားေစခဲ့ၿပီး စူပါမန္းတဦးလို ခံစားခဲ့ရေၾကာင္း ဘန္ ေခ်းလ္ဝဲလ္က ဝန္ခံသြားခဲ့ၿပီး သူ႔အေနနဲ႔ အဂၤလန္အသင္းနဲ႔ ယူ႐ိုခ်န္ပီယံအျဖစ္ စူပါဟီး႐ိုးတဦးလို ေအာင္ျမင္မႈကို ခံစားၾကည့္လိုက္ခ်င္ေၾကာင္း ေျပာသြားခ်ိန္မွာ မန္စီးတီးကို အႏိုင္ယူႏိုင္ခဲ့ျခင္းမွာ မိမိအေနနဲ႔ ေအာင္စိတ္ကို ပိုင္ဆိုင္သြားခဲ့ၿပီလို႔ ႀကဳံးဝါးသြား။

ဒီေႏြမွာ ခ်ယ္လ္ဆီးကေန ျပန္ထြက္ခြာဖို႔ သတင္းႀကီးေနတဲ့ ဟာကင္းမ္ ဇီးယက္ရွ္ကို အက္သလက္တီကိုအသင္းက စိတ္ဝင္တစား ခ်ိတ္ဆက္ေနတယ္လို႔ သိရၿပီး ေမာ္႐ိုကိုသားကို လိုခ်င္တဲ့အထဲမွာ အင္တာမီလန္လည္း ပါဝင္လာခဲ့သလို ၂၈ ႏွစ္သားကို တူဟယ္လ္အေနနဲ႔ တရာသီတည္းနဲ႔ လက္ေလွ်ာ့ၿပီး ေရာင္းထုတ္လိုက္ရင္ေတာ့ အမွားႀကီးမွားသြားမယ္လို႔ သတိေပးခံထားရမႈေတြလည္း ထြက္ေပၚလာ။

အက္သလက္တစ္ရဲ႕အဆိုအရ ဆီဗီလာရဲ႕ ျပင္သစ္ခံစစ္မႉး ဂ်ဴးလ္ ကြန္ဒီဟာ ခ်ယ္လ္ဆီးရဲ႕ ၿမိဳခံၿပိဳင္ဘက္ အာဆင္နယ္ရဲ႕ အတင္းဝင္လုံးမႈကို ပယ္ခ်လိုက္ၿပီး စတမ္းဖို႔ဒ္ေျမကိုသာ ေျပာင္းေ႐ႊ႕လိုေနေၾကာင္း သိရကာ ဥေရာပတန္းမဝင္ထားဘူးဆိုတဲ့အသင္းေတြကို စဥ္းစားသြားမွာမဟုတ္ေၾကာင္း ေပါင္ ၅၅ သန္းတန္ ကစားသမားက ဆုံးျဖတ္ထားလို႔ တူဟယ္လ္ စိတ္ေအးေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.