Premier League

10 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးနည်းပြတူဟယ်အနေနဲ့ အင်တာမီလန်တောင်ပံကစားသမားဟာကီးမီးကို PSG အသင်းနဲ့အပြိုင် ပေါင် ၅၂ သန်းပေးခဲ့ပေမယ့် ငြင်းပယ်ခံရပြီးနောက်မှာတော့ အိုဒွိုင်းကိုသာ ညာတောင်ပံအစွန်နေရာအတွက် ရီးစ်ဂျိမ်းစ်ရဲ့အရန်လူအဖြစ် အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရပြီး ပေါင်သန်း ၅၀ ချွေတာသွားဖွယ်ရှိနေ။

ပြင်သစ်အသင်းက ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘူဂေးရီးယားနဲ့ ချစ်ကြည်ရေးပွဲဲစဥ်အပြီးမှာ ချယ်လ်ဆီးတိုက်စစ်မှူးဂျရူးဟာ အသင်းဖော် အမ်ဘာပေနဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပြီး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ၃၄ နှစ်သားဟာ သူ့အသင်းဖော်တချို့က သူ့ကို ဘောလုံးမပေးဘူးလို့ လူသိရှင်ကြား စောဒကတက်ခဲ့တာကြောင့် အမ်ဘာပေက ပေါက်ကွဲသွားခဲ့ကြောင်းသိရ။

ဒေါ့မန်အသင်းတိုက်စစ်မှုး အာလင်း ဟာလန်းဟာ သူ့အနာဂတ်အတွက် ချယ်လ်ဆီးအသင်းနဲ့သာ အံအဝင်ဆုံးဖြစ်တယ်လို့ တိုက်တွန်းခံထားရကြောင်း သိရပြီး ဒေါ့မန်အသင်းအနေနဲ့ ပေါင်သန်း ၁၅၀ ငွေထုပ်ပိုက်ရမယ်ဆိုရင်တော့ မူမနေဘဲ အမြန်ဆုံးရောင်းထုတ်သင့်နေပြီလို့ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ခြင်းခံထားရချိန်မှာ ချယ်လ်ဆီးနဲ့ မန်စီးတီး ၂ သင်းကသာ ငွေတတ်နိုင်တဲ့ အတည်ပေါက်အခြေအနေမှာရှိနေ။

ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီ တနိုင်ငံတည်းသားချင်းဖြစ်တဲ့ အန်ဂိုလို ကွန်တေဟာ ဘောလုံးဘယ်နေရာကို ရောက်လာမလဲဆိုတာ အကြားအမြင်ရသလိုကို ​ကြိုတင်သိရှိနေတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပြီး တိုက်စစ်မှုးတဦးဟာ ဂိုးကို အနံ့ခံကောင်းသလိုမျိုး ဘောလုံးလမ်းကြောင်းတွက်ဆမှုမှာ ကွန်တေကို မီတဲ့သူမရှိသေးဘူးလို့ ထုတ်ဖော်သွား။

ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁၆ နှစ်တာလက်တွဲမှုကို အဆုံးသတ်တော့မယ့် ဆာဂျီယို ရာမို့စ်ကို တူဟယ်လ်က အလွတ်ပြောင်းရွှေကြောင်းနဲ့ ခေါ်ယူသွားတော့မှာဖြစ်ကြောင်း သိရသလို ဗဟိုခံစစ်မှူး ၂ ဦးရှာဖွေနေချိန်မှာ သူ့အနေနဲ့ ရာမို့စ်အပြင် ရာဖေလ်း ဗာရန်းကိုပါ ဝယ်ယူဖို့ ဆက်လက်ချိတ်ဆက်နေ။

ချယ်လ်ဆီးအသင်းအနေနဲ့ ဗဟိုခံစစ်မှူး ၂ ဦး၊ တိုက်စစ်မှူး ၁ ဦး၊ ညာနောက်ခံအစွန်လူ ၁ ဦး ရှာဖွေနေချိန်မှာ ဝုဗ်ကစားသမား အဒမာ ထရာအိုရေးရဲ့ လုပ်အားနှုန်းကိုလည်း တူဟယ်လ်က သဘောကျနေ​​ကြောင်း သိရပြီး ၂၅ နှစ်သားကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းသွားဖို့ စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းထား။

ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဖလားချန်ပီယံဖြစ်ခဲ့ချိန်မှာ အင်္ဂလန်နဲ့ ယူရိုမျှော်လင့်ချက်ကိုပါ ခိုင်မာသွားစေခဲ့ပြီး စူပါမန်းတဦးလို ခံစားခဲ့ရကြောင်း ဘန်ချေးလ်ဝဲလ်က ဝန်ခံသွားခဲ့ပြီး သူ့အနေနဲ့ အင်္ဂလန်အသင်းနဲ့ ယူရိုချန်ပီယံအဖြစ် စူပါဟီးရိုးတဦးလို အောင်မြင်မှုကို ခံစားကြည့်လိုက်ချင်ကြောင်း ပြောသွားချိန်မှာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ မိမိအနေနဲ့ အောင်စိတ်ကို ပိုင်ဆိုင်သွားခဲ့ပြီလို့ ကြုံးဝါးသွား။

ဒီနွေမှာ ချယ်လ်ဆီးကနေ ပြန်ထွက်ခွာဖို့ သတင်းကြီးနေတဲ့ ဟာကင်းမ် ဇီးယက်ရှ်ကို အေတီကိုအသင်းက စိတ်ဝင်တစား ချိတ်ဆက်နေတယ်လို့ သိရပြီး ဇီးယက်ရှ်လုပွဲမှာ အင်တာမီလန်လည်း ပါဝင်လာခဲ့သလို ၂၈ နှစ်သားကို တူဟယ်လ်အနေနဲ့ တရာသီတည်းနဲ့ လက်လျှော့ပြီး ရောင်းထုတ်လိုက်ရင်တော့ အမှားကြီးမှားသွားမယ်လို့ သတိပေးခံထားရမှုတွေလည်း ထွက်ပေါ်လာ။

The Athletic သတင်းရဲ့အဆိုအရ ဆီဗီလာအသင်းရဲ့ ပြင်သစ်ဗဟိုခံစစ်မှူးဂျူးလ်စ်ခေါင်ဒေဟာ ချယ်လ်ဆီးအသင်းရဲ့ မြိုခံပြိုင်ဘက် အာဆင်နယ်ရဲ့ အတင်းဝင်လုံးမှုကို ပယ်ချလိုက်ပြီး စတမ်းဖို့ဒ်မြေကိုသာ ပြောင်းရွှေ့လိုနေကြောင်း သိရကာ ဥရောပတန်းမဝင်ထားဘူးဆိုတဲ့အသင်းတွေကို စဥ်းစားသွားမှာမဟုတ်ကြောင်း ပေါင် ၅၅ သန်းတန် ကစားသမားက ဆုံး​ဖြတ်ထားလို့ တူဟယ်လ်စိတ်အေးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.