Premier League Transfer News

11 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လာမယ့်အင်္ဂါနေ့မှာ ဝုလ်ဗ်စ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ကျန်တဲ့ လိုအပ်ချက် ကစားသမားတွေကို ပြောင်းလဲအာရုံစိုက်သွားနိုင်ဖို့ အမြန်လုပ်ဆောင်နေ။

– ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ အပြီးသတ်ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုသာ ကျန်ပြီး ပုဂ္ဂိုလ်ရေးအရ သဘောတူညီပြီလို့ဆိုတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် အာဆင်နယ်ပရိသတ်တွေက မော်ရင်ညိုအတွက်တော့ နာကျင်စရာ ငါးနှစ်ကို လက်မှတ်ရေးထိုးနိုင်လိုက်ပြီလို့ လှောင်ပြောင်နေကြ။

– ပွဲပယ်ပြစ်ဒဏ်ကို သုံးလလျှော့ချပေးခြင်းခံခဲ့ရတာကြောင့် စက်တင်ဘာလမှာ ဘောလုံးပြန်ကစားနိုင်မယ့် ဂိုးသမား အန်ဒရီ အိုနာနာကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ချလက်ချ ကြိုးစားနိုင်ပြီဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တချို့ကို လွဲချော်နိုင်မှုက အိုင်းယက်စ်အသင်းနဲ့ ဈေးနှုန်းညှိနှိုင်းမှုမှာလည်း ပိုမိုအဆင်ပြေနိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ စိတ်ဝင်စားနေတဲ့ ဘရိုက်တန်ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူ ဘန်ဝှိုက်နဲ့ ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားတို့နှစ်ဦးရဲ့ ပေါင်သန်း ၅၀ စီ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးတွေက နှစ်သင်းစလုံးအနေနဲ့ လက်လျှော့ရဖို့ ဖြစ်လာစေခဲ့။

– အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီ လူငယ်ကစားသမားဘဝကနေ အသင်းကြီးကို တက်ရောက်ခြေစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန် လက်ရွေးစင်ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့မှုဟာ နည်းပြဟောင်း ဖရက်ဒီ ယွန်းဘတ်ရဲ့ ကူညီမှုနဲ့ တွန်းအားပေးမှုတွေကြောင့် ဖြစ်ကြောင်း ဘူကာယို ဆာကာ ကျေးဇူးတင်စကားဆိုသွား။

– ကွင်းလယ်အဖျက်၊ ညာတောင်ပံနဲ့ ညာနောက်ခံလူနေရာတွေမှာ ကစားနိုင်တဲ့ RB လိုက်ပ်ဇစ်ကွင်းလယ်လူ တိုင်လာ အက်ဒမ်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေကြောင်း အက်သလက်တစ်က ဖော်ပြခဲ့ပြီး ပေါင်သန်း ၂၀ ဝန်းကျင် ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ လက်ရှိတန်ဖိုးဖြစ်တဲ့ ပေါင် ၁.၉၈ ဘီလီယံထက် အနည်းငယ်ကျော်လွန်တဲ့ ပေါင် ၂ ဘီလီယံနဲ့ စပို့တီဖိုင်းသူဌေး ဒန်နီယယ်လ် အီယက်ခ်ရဲ့ ကမ်းလှမ်းမှုက ပယ်ချခံရဖို့ နီးစပ်နေချိန်မှာ ဆွီဒင်သားအနေနဲ့ ဒီထက်များပြားတဲ့ ကမ်းလှမ်းမှုကို ထပ်မံလုပ်ဆောင်နိုင်သေးကြောင်း သတင်းထွက်ပေါ်လာ။

– နည်းပြ မီခယ်လ် အာတီတာအနေနဲ့ လာမယ့်ရာသီမှာ သူ့ရှေ့က နည်းပြ အူနိုင်း အမ်မရီ ရွေးချယ်ခဲ့တဲ့ အသင်းခေါင်းဆောင်အဖွဲ့ကို အပြောင်းအလဲလုပ်သွားဖွယ်ရှိနေပြီး အသင်းကို မောင်းနှင်နိုင်မယ့် စံပြကစားသမားမျိုးကို အပြောင်းအလဲလုပ်သွားနိုင်ရာမှာ နောက်ခံလူ ကီရန် တီယာနီနဲ့ ရော့ဘ် ဟိုးလ်ဒင်းတို့ ပါဝင်လာဖို့ သေချာနေ။

– အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ အငှားကစားသမားတွေကို စောင့်ကြည့်နေတဲ့ ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ နိစ်အသင်းကို အငှားချထားခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာနဲ့ ဘလက်ပူးလ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ မြောက်အိုင်ယာလန် လက်ရွေးစင် ဒန်နီယယ်လ် ဘောလာ့ဒ်တို့ကို အသုံးပြုသွားဖို့ အာဆင်နယ်တာဝန်ရှိသူတွေကို တိုက်တွန်းသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လာမယ့္အဂၤါေန႔မွာ ဝုလ္ဗ္စ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ႏိုင္ဖို႔ ပစ္မွတ္ထားေနၿပီး က်န္တဲ့ လိုအပ္ခ်က္ ကစားသမားေတြကို ေျပာင္းလဲအာ႐ုံစိုက္သြားႏိုင္ဖို႔ အျမန္လုပ္ေဆာင္ေန။

– ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ေၾကး ညႇိႏႈိင္းမႈသာ က်န္ၿပီး ပုဂၢိဳလ္ေရးအရ သေဘာတူညီၿပီလို႔ဆိုတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ အာဆင္နယ္ပရိသတ္ေတြက ေမာ္ရင္ညိဳအတြက္ေတာ့ နာက်င္စရာ ငါးႏွစ္ကို လက္မွတ္ေရးထိုးႏိုင္လိုက္ၿပီလို႔ ေလွာင္ေျပာင္ေနၾက။

– ပြဲပယ္ျပစ္ဒဏ္ကို သုံးလေလွ်ာ့ခ်ေပးျခင္းခံခဲ့ရတာေၾကာင့္ စက္တင္ဘာလမွာ ေဘာလုံးျပန္ကစားႏိုင္မယ့္ ဂိုးသမား အန္ဒရီ အိုနာနာကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ခ်လက္ခ် ႀကိဳးစားႏိုင္ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ႏိုင္မႈက အိုင္းယက္စ္အသင္းနဲ႔ ေဈးႏႈန္းညႇိႏႈိင္းမႈမွာလည္း ပိုမိုအဆင္ေျပႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ စိတ္ဝင္စားေနတဲ့ ဘ႐ိုက္တန္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဘန္ဝႈိက္နဲ႔ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားတို႔ႏွစ္ဦးရဲ႕ ေပါင္သန္း ၅၀ စီ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေတြက ႏွစ္သင္းစလုံးအေနနဲ႔ လက္ေလွ်ာ့ရဖို႔ ျဖစ္လာေစခဲ့။

– အာဆင္နယ္အသင္းရဲ႕ ေဟးလ္အန႔္ဒ္အကယ္ဒမီ လူငယ္ကစားသမားဘဝကေန အသင္းႀကီးကို တက္ေရာက္ေျခစြမ္းျပႏိုင္ခဲ့ၿပီး အဂၤလန္ လက္ေ႐ြးစင္ကစားသမားအျဖစ္ပါ ရပ္တည္ႏိုင္ခဲ့မႈဟာ နည္းျပေဟာင္း ဖရက္ဒီ ယြန္းဘတ္ရဲ႕ ကူညီမႈနဲ႔ တြန္းအားေပးမႈေတြေၾကာင့္ ျဖစ္ေၾကာင္း ဘူကာယို ဆာကာ ေက်းဇူးတင္စကားဆိုသြား။

– ကြင္းလယ္အဖ်က္၊ ညာေတာင္ပံနဲ႔ ညာေနာက္ခံလူေနရာေတြမွာ ကစားႏိုင္တဲ့ RB လိုက္ပ္ဇစ္ကြင္းလယ္လူ တိုင္လာ အက္ဒမ္စ္ကို ေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနေၾကာင္း အက္သလက္တစ္က ေဖာ္ျပခဲ့ၿပီး ေပါင္သန္း ၂၀ ဝန္းက်င္ က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ လက္ရွိတန္ဖိုးျဖစ္တဲ့ ေပါင္ ၁.၉၈ ဘီလီယံထက္ အနည္းငယ္ေက်ာ္လြန္တဲ့ ေပါင္ ၂ ဘီလီယံနဲ႔ စပို႔တီဖိုင္းသူေဌး ဒန္နီယယ္လ္ အီယက္ခ္ရဲ႕ ကမ္းလွမ္းမႈက ပယ္ခ်ခံရဖို႔ နီးစပ္ေနခ်ိန္မွာ ဆြီဒင္သားအေနနဲ႔ ဒီထက္မ်ားျပားတဲ့ ကမ္းလွမ္းမႈကို ထပ္မံလုပ္ေဆာင္ႏိုင္ေသးေၾကာင္း သတင္းထြက္ေပၚလာ။

– နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ လာမယ့္ရာသီမွာ သူ႔ေရွ႕က နည္းျပ အူႏိုင္း အမ္မရီ ေ႐ြးခ်ယ္ခဲ့တဲ့ အသင္းေခါင္းေဆာင္အဖြဲ႕ကို အေျပာင္းအလဲလုပ္သြားဖြယ္ရွိေနၿပီး အသင္းကို ေမာင္းႏွင္ႏိုင္မယ့္ စံျပကစားသမားမ်ိဳးကို အေျပာင္းအလဲလုပ္သြားႏိုင္ရာမွာ ေနာက္ခံလူ ကီရန္ တီယာနီနဲ႔ ေရာ့ဘ္ ဟိုးလ္ဒင္းတို႔ ပါဝင္လာဖို႔ ေသခ်ာေန။

– အသင္းရဲ႕ လူငယ္ကစားသမားေတြနဲ႔ အငွားကစားသမားေတြကို ေစာင့္ၾကည့္ေနတဲ့ ပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ နိစ္အသင္းကို အငွားခ်ထားခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာနဲ႔ ဘလက္ပူးလ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ ေျမာက္အိုင္ယာလန္ လက္ေ႐ြးစင္ ဒန္နီယယ္လ္ ေဘာလာ့ဒ္တို႔ကို အသုံးျပဳသြားဖို႔ အာဆင္နယ္တာဝန္ရွိသူေတြကို တိုက္တြန္းသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.