Premier League Transfer News

10 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ပေါ်တူဂီအသင်းက အစ္စရေးလ်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ်တိုင် နှစ်ဂိုးသွင်းပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် တစ်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းက ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ်ဆီ ဆွဲဆောင်ဖို့ လုံလောက်နေပြီလို့ ပရိသတ်တွေ ရင်ခုန်နေခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ပစ်မှတ်တွေကတော့ တဖြည်းဖြည်း ကွဲပြားလာခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ရာဖေးလ် ဗာရွန်းနဲ့ အတ္တလန်တာရဲ့ ခရစ္စတီယန် ရိုမဲရိုးတို့နှစ်ဦးထဲကပဲ ခေါ်ယူသွားနိုင်သလို အင်္ဂလန်ငယ်မွေးခြံပေါက်အတွက် စဉ်းစားရင်တော့ ဘရိုက်တန်က ဘန်ဝှိုက်ကို ထည့်သွင်းပြီး စာရင်းပိတ်ရဖွယ်ရှိနေ။

– ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်အသင်းဘက်က တောင်းဆိုတဲ့ ဈေးနှုန်းနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက ပေါင်ဆယ်သန်း ကွာဟနေပြီး အိုးလ်ထရက်ဖို့ဒ်ဘက်က တာဝန်ရှိသူတွေအနေနဲ့ သူတို့ဆီ ပြောင်းရွှေ့ဖို့ စိတ်ပါနေတဲ့ ကစားသမားကြောင့် ပေါင်သန်း ၇၀ ထက် ပိုမပေးတော့ဘူးလို့ ဆုံးဖြတ်ထားကြောင်း သတင်းထွက်လာ။

– ယူနိုက်တက်နောက်ခံလူ လုခ်ရှောအနေနဲ့ လာမယ့် အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဘယ်နောက်ခံ အတွင်းလူအဖြစ် သုံးယောက်တန်းခံစစ်မှာ ပွဲထွက်ရဖွယ်ရှိနေပြီး လက်ရွေးစင်အသင်းဆီ တစ်ခါမှ ကစားဖူးသေးတဲ့ ပုံစံသစ်မှာ ခြေစွမ်းပြနိုင်ပါ့မလားလို့ စိုးရိမ်စရာဖြစ်လာ။

– မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့အထဲမှာ ပြင်သစ်အသင်းဖော် တချို့ရဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းစည်းရုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းထွက်လာခဲ့ပြီး ကင်းစလီ ကိုမွန်နဲ့ ပရက်စ်နဲလ် ကင်ပမ်ဘီတို့ရဲ့ စနောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရ။

– လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားတဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို ပီအက်စ်ဂျီအသင်းက သိမ်းပိုက်သွားခြင်းမှာ မန်ချက်စတာ ယူနိုက်တက်အတွက်တော့ သတင်းဆိုးဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ နယ်သာလန်သားကို မရရှိခဲ့တဲ့အတွက် ကွင်းလယ်လူ အယ်လေ့စ် မိုရီဘာကို ရောင်းချဖို့ ဖြစ်နိုင်ခြေနည်းလာ။

– မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူဟောင်း ရီယို ဖာဒီနန်က အသင်းရဲ့ အင်္ဂလန်ကစားသမားတွေအနေနဲ့ လက်ရွေးစင်ကို သွားရောက်ရာမှာ အသင်းဘက်က ထုတ်မပြောလိုက်ပေမယ့် တာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပြီး ဒါဟာ ဟာရီကိန်းနဲ့ ဆန်ချိုတို့ကို အသင်းဆီ ပြောင်းရွှေ့လာချင်အောင် စည်းရုံးဖို့ပဲလို့ မက်ဂွိုင်းယား၊ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်နဲ့ ဟန်ဒါဆန်တို့ကို မှာကြားသွားခဲ့။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ရရှိနိုင်ရင် ဘုရားပေးတဲ့ ဆုလာဘ်ပဲဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုနေကြချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချရဖွယ်ရှိလာ။

– စပါးစ်အသင်းရဲ့ အားကစားဒါရိုက်တာသစ်ဖြစ်လာဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ်ရဲ့ ဖာဘီယို ပါရာတီချီအနေနဲ့ ကွင်းလယ်လူ ဟာရီ ဝင့်ခ်စ်ကို ရောင်းချသွားလိမ့်မယ်လို့ Football Insider က ဖော်ပြခဲ့ပြီး ပေါင် ၂၅ သန်းနဲ့ သန်း ၃၀ ကြားမှာ အရောင်းအဝယ်ဖြစ်နိုင်ဖွယ်ရှိနေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဘာနေဗျူးမှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းရဲ့ သတ်မှတ်ဈေးကို ပေါင် ၄၃ သန်းအထိ လျှော့ချပေးလိုက်ပြီလို့ သတင်းထွက်ပေါ်နေပြီး ယူနိုက်တက်တို့အနေနဲ့ အတ္တလန်တာရဲ့ ပေါင် ၃၈ သန်းတန် ရိုမဲရိုးနဲ့ အသက်အရွယ်၊ အတွေ့အကြုံတွေမှာ ချိန်ထိုးရွေးချယ်ရဖို့ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေပၚတူဂီအသင္းက အစၥေရးလ္အသင္းကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ကိုယ္တိုင္ ႏွစ္ဂိုးသြင္းၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ တစ္ဂိုးကို ဖန္တီးေပးခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းက ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို အိုးလ္ထရက္ဖို႔ဒ္ဆီ ဆြဲေဆာင္ဖို႔ လုံေလာက္ေနၿပီလို႔ ပရိသတ္ေတြ ရင္ခုန္ေနခဲ့ၾက။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္ပစ္မွတ္ေတြကေတာ့ တျဖည္းျဖည္း ကြဲျပားလာခဲ့ၿပီျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ ရာေဖးလ္ ဗာ႐ြန္းနဲ႔ အတၱလန္တာရဲ႕ ခရစၥတီယန္ ႐ိုမဲ႐ိုးတို႔ႏွစ္ဦးထဲကပဲ ေခၚယူသြားႏိုင္သလို အဂၤလန္ငယ္ေမြးၿခံေပါက္အတြက္ စဥ္းစားရင္ေတာ့ ဘ႐ိုက္တန္က ဘန္ဝႈိက္ကို ထည့္သြင္းၿပီး စာရင္းပိတ္ရဖြယ္ရွိေန။

– ေဂ်ဒန္ ဆန္ခ်ိဳအတြက္ ေဒါ့မြန္အသင္းဘက္က ေတာင္းဆိုတဲ့ ေဈးႏႈန္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကမ္းလွမ္းမႈက ေပါင္ဆယ္သန္း ကြာဟေနၿပီး အိုးလ္ထရက္ဖို႔ဒ္ဘက္က တာဝန္ရွိသူေတြအေနနဲ႔ သူတို႔ဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ပါေနတဲ့ ကစားသမားေၾကာင့္ ေပါင္သန္း ၇၀ ထက္ ပိုမေပးေတာ့ဘူးလို႔ ဆုံးျဖတ္ထားေၾကာင္း သတင္းထြက္လာ။

– ယူႏိုက္တက္ေနာက္ခံလူ လုခ္ေရွာအေနနဲ႔ လာမယ့္ အဂၤလန္အသင္းနဲ႔ ခ႐ိုေအးရွားအသင္းတို႔ရဲ႕ တနဂၤေႏြေန႔ပြဲစဥ္မွာ ဘယ္ေနာက္ခံ အတြင္းလူအျဖစ္ သုံးေယာက္တန္းခံစစ္မွာ ပြဲထြက္ရဖြယ္ရွိေနၿပီး လက္ေ႐ြးစင္အသင္းဆီ တစ္ခါမွ ကစားဖူးေသးတဲ့ ပုံစံသစ္မွာ ေျခစြမ္းျပႏိုင္ပါ့မလားလို႔ စိုးရိမ္စရာျဖစ္လာ။

– မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ထိန္းသိမ္းဖို႔ ခက္ခဲေနတဲ့အထဲမွာ ျပင္သစ္အသင္းေဖာ္ တခ်ိဳ႕ရဲ႕ ပီအက္စ္ဂ်ီအသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းစည္း႐ုံးမႈေတြနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ သတင္းထြက္လာခဲ့ၿပီး ကင္းစလီ ကိုမြန္နဲ႔ ပရက္စ္နဲလ္ ကင္ပမ္ဘီတို႔ရဲ႕ စေနာက္မႈေတြနဲ႔လည္း ရင္ဆိုင္ေနရ။

– လီဗာပူးလ္အသင္းကေန ထြက္ခြာသြားတဲ့ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို ပီအက္စ္ဂ်ီအသင္းက သိမ္းပိုက္သြားျခင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္အတြက္ေတာ့ သတင္းဆိုးျဖစ္ခဲ့ၿပီး ဘာစီလိုနာအသင္းအေနနဲ႔ နယ္သာလန္သားကို မရရွိခဲ့တဲ့အတြက္ ကြင္းလယ္လူ အယ္ေလ့စ္ မိုရီဘာကို ေရာင္းခ်ဖို႔ ျဖစ္ႏိုင္ေျခနည္းလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အသင္းရဲ႕ အဂၤလန္ကစားသမားေတြအေနနဲ႔ လက္ေ႐ြးစင္ကို သြားေရာက္ရာမွာ အသင္းဘက္က ထုတ္မေျပာလိုက္ေပမယ့္ တာဝန္ကို ထမ္းေဆာင္ရမွာျဖစ္ၿပီး ဒါဟာ ဟာရီကိန္းနဲ႔ ဆန္ခ်ိဳတို႔ကို အသင္းဆီ ေျပာင္းေ႐ႊ႕လာခ်င္ေအာင္ စည္း႐ုံးဖို႔ပဲလို႔ မက္ဂြိဳင္းယား၊ လုခ္ေရွာ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟန္ဒါဆန္တို႔ကို မွာၾကားသြားခဲ့။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာလာမယ့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို ရရွိႏိုင္ရင္ ဘုရားေပးတဲ့ ဆုလာဘ္ပဲျဖစ္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုေနၾကခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ေခၚယူဖို႔ ဆုံးျဖတ္ခ်က္ ခ်ရဖြယ္ရွိလာ။

– စပါးစ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာသစ္ျဖစ္လာဖို႔ နီးစပ္ေနတဲ့ ဂ်ဴဗင္တပ္စ္ရဲ႕ ဖာဘီယို ပါရာတီခ်ီအေနနဲ႔ ကြင္းလယ္လူ ဟာရီ ဝင့္ခ္စ္ကို ေရာင္းခ်သြားလိမ့္မယ္လို႔ Football Insider က ေဖာ္ျပခဲ့ၿပီး ေပါင္ ၂၅ သန္းနဲ႔ သန္း ၃၀ ၾကားမွာ အေရာင္းအဝယ္ျဖစ္ႏိုင္ဖြယ္ရွိေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဘာေနဗ်ဴးမွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းရဲ႕ သတ္မွတ္ေဈးကို ေပါင္ ၄၃ သန္းအထိ ေလွ်ာ့ခ်ေပးလိုက္ၿပီလို႔ သတင္းထြက္ေပၚေနၿပီး ယူႏိုက္တက္တို႔အေနနဲ႔ အတၱလန္တာရဲ႕ ေပါင္ ၃၈ သန္းတန္ ႐ိုမဲ႐ိုးနဲ႔ အသက္အ႐ြယ္၊ အေတြ႕အႀကဳံေတြမွာ ခ်ိန္ထိုးေ႐ြးခ်ယ္ရဖို႔ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.