Premier League Transfer News

10 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဗဟိုခံစစ်ပိုင်းကို လူအင်အား ဖြည့်တင်းသွားဖို့ ရှိနေရာမှာ မန်စီးတီးအကယ်ဒမီထွက် ဖူလ်ဟမ်နောက်ခံလူ တိုဆင် အာဒါရာဘိုင်ရိုယိုရဲ့ စာချုပ်ပါ လျော်ကြေး ပေါင် ၁၀ သန်းနဲ့ ခေါ်ယူနိုင်ခွင့်ကို အသုံးချသွားဖို့ စီစဉ်နေကြောင်း ဖာဘရီဇီယို ရိုမာနို ထုတ်ဖော်သွား။

– ဖူလ်ဟမ်အသင်းကို အငှားနဲ့ လာရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ဒိန်းမတ်နောက်ခံလူ ယိုအာခင်မ် အန်ဒါဆန်ကို ဒေးဗစ် လူးဝစ်ဇ်ရဲ့ နေရာအတွက် ခေါ်ယူဖို့ အာဆင်နယ်အသင်းက စိတ်ဝင်စားနေပေမယ့် မြို့ခံပြိုင်ဘက် စပါးစ်ရဲ့ ခြေတစ်လှမ်းဦးနေတဲ့ အခြေအနေကြောင့် ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိလာ။

– နွေရာသီမှာ ပေါင် ၁၅ သန်းတည်းနဲ့ ရနိုင်မယ့် RB လိုက်ပ်ဇစ်အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ကွင်းလယ်လူ မာဆယ်လ် ဆာဘစ်ဇာကို ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေက အလိုရှိနေကြပြီး တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ သာ ကျသင့်နိုင်တဲ့ ဩစတြီးယားသားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုနေ။

– အာဆင်နယ်အသင်းနဲ့ ဝုလ်ဗာဟမ့်ပ်တန်အသင်းတို့ကြားထဲမှာ သူတို့ရဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်အတွက် ဆွေးနွေးမှုတွေ အမှန်တကယ်ဖြစ်ပေါ်ခဲ့ပြီး ပေါင် ၄၁ သန်း တောင်းဆိုခဲ့တဲ့ ဝုလ်ဗ်ကြောင့် ၃၄ သန်းသာ ပေးချေလိုတဲ့ အာဆင်နယ်တို့ကြား သဘောတူညီမှုရဖို့ ကြန့်ကြာနေ။

– မာဆေးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကြားမှာ အသင်းကနေ ထွက်ခွာလိုနေတဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအတွက် ယူရို ၁၅ သန်း ဝန်းကျင်နဲ့ သဘောတူညီမှုရပြီလို့ တွစ်တာသတင်းတွေက ဖော်ပြနေကြပြီး ပရိသတ်တွေကတော့ နည်းစနစ်ဒါရိုက်တာ အီဒူးကို ဝိုင်းဝန်းလှောင်ပြောင်နေကြ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒန်နီယယ်လ် အီယက်ခ်ရဲ့ လွှဲပြောင်းဝယ်ယူမှုကို အလိုရှိနေတာဟာ ခရိုယန်ကီလို စီးပွားရေးဆန်ပြီး အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ ပိုင်ရှင်လက်ထဲက လွတ်မြောက်ပြီး အသင်းအောင်မြင်မှုတွေကို ရှေ့ရှုမယ့် ပရိသတ်တစ်ဦးလက်ထဲမှာ အသင်းကို ယုံကြည်စိတ်ချချင်လို့ဖြစ်ကြောင်း စစ်တမ်းတွေက ဖော်ပြ။

– ကီရန် တီယာနီရဲ့ အရန်အဖြစ် အသင်းမှာ ထားရှိဖို့ အာဆင်နယ်ဘက်က လိုလားနေတဲ့ ဟိုက်ဘာနီးယန်းလူငယ်နောက်ခံလူ ဂျို့ရှ် ဒွိုက်ကို ခေါ်ယူဖို့ အေစီမီလန်အသင်းက ပေါင် ၅ သန်း+အနာဂတ် ခံစားခွင့်တွေနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်တာကြောင့် ၁၈ နှစ်သား အတွက် ဂန်းနားဘက်က တုံ့ပြန်လုပ်ဆောင်မှု မပြုနိုင်ရင် လက်လွှတ်ရဖို့ရှိလာ။

– အာဆင်နယ်အသင်းရဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ သူ့ရဲ့ အခန်းကဏ္ဍနဲ့ အရှိန်အဝါကို မြင့်တက်လာနိုင်စေတဲ့ စွန့်စားခန်းတစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး နောက်ထပ် ပစ်မှတ်က ရီးရဲလ်ဆိုစီဒက်ရဲ့ ပေါင်သန်း ၆၀ တန် တိုက်စစ်မှူး အလက်ဇန်းဒါး အိုက်ဆက်လို့ ဆိုနေပြန်ကြောင်း သိရ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင်နေရာအတွက် အိုဇေးလ်ထွက်ခွာသွားအပြီး အော်ဒီဂွါဒ်ကိုလည်း အပြီးသတ် မခေါ်ယူနိုင်တော့တဲ့ နောက်ပိုင်းမှာ ဒေါ့မွန်ရဲ့ ဂျူလီယန် ဘရန့်ဒ်နဲ့ ဘက်တစ်ရဲ့ နာဘီလ် ဖီကီယာတို့နှစ်ဦးကို ပြောင်းလဲကြိုးပမ်းဖွယ် ရှိနေပြီး ပေါင် ၂၅ သန်း ဝန်းကျင်မှာ ရရှိနိုင်ဖွယ်ရှိနေ။

– အက်စတန်ဗီလာအသင်းရဲ့ အာဆင်နယ်အသင်းအပေါ် ခြိမ်းခြောက်လာမှုက မထိရောက် မအောင်မြင်ခဲ့ဘဲ လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးအနေနဲ့ မြောက်လန်ဒန်မှာ နှစ်ရှည်စာချုပ်တစ်ရပ်ကို ချုပ်ဆိုတော့မှာဖြစ်ပြီး အသင်းဖော် ဘူကာယို ဆာကာနဲ့အတူ ခိုင်မာတဲ့ အနာဂတ်ရှိလာမှာဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနို အတည်ပြုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဗဟိုခံစစ္ပိုင္းကို လူအင္အား ျဖည့္တင္းသြားဖို႔ ရွိေနရာမွာ မန္စီးတီးအကယ္ဒမီထြက္ ဖူလ္ဟမ္ေနာက္ခံလူ တိုဆင္ အာဒါရာဘိုင္႐ိုယိုရဲ႕ စာခ်ဳပ္ပါ ေလ်ာ္ေၾကး ေပါင္ ၁၀ သန္းနဲ႔ ေခၚယူႏိုင္ခြင့္ကို အသုံးခ်သြားဖို႔ စီစဥ္ေနေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ထုတ္ေဖာ္သြား။

– ဖူလ္ဟမ္အသင္းကို အငွားနဲ႔ လာေရာက္ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ဒိန္းမတ္ေနာက္ခံလူ ယိုအာခင္မ္ အန္ဒါဆန္ကို ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ ေနရာအတြက္ ေခၚယူဖို႔ အာဆင္နယ္အသင္းက စိတ္ဝင္စားေနေပမယ့္ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္ရဲ႕ ေျခတစ္လွမ္းဦးေနတဲ့ အေျခအေနေၾကာင့္ ခက္ခက္ခဲခဲ ႀကိဳးစားရဖြယ္ရွိလာ။

– ေႏြရာသီမွာ ေပါင္ ၁၅ သန္းတည္းနဲ႔ ရႏိုင္မယ့္ RB လိုက္ပ္ဇစ္အသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ကြင္းလယ္လူ မာဆယ္လ္ ဆာဘစ္ဇာကို ေခၚယူဖို႔ အာဆင္နယ္ပရိသတ္ေတြက အလိုရွိေနၾကၿပီး တစ္ပတ္လုပ္ခ ေပါင္ ၈၀၀၀၀ သာ က်သင့္ႏိုင္တဲ့ ဩစႀတီးယားသားအေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လိုေန။

– အာဆင္နယ္အသင္းနဲ႔ ဝုလ္ဗာဟမ့္ပ္တန္အသင္းတို႔ၾကားထဲမွာ သူတို႔ရဲ႕ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္အတြက္ ေဆြးေႏြးမႈေတြ အမွန္တကယ္ျဖစ္ေပၚခဲ့ၿပီး ေပါင္ ၄၁ သန္း ေတာင္းဆိုခဲ့တဲ့ ဝုလ္ဗ္ေၾကာင့္ ၃၄ သန္းသာ ေပးေခ်လိုတဲ့ အာဆင္နယ္တို႔ၾကား သေဘာတူညီမႈရဖို႔ ၾကန႔္ၾကာေန။

– မာေဆးလ္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ၾကားမွာ အသင္းကေန ထြက္ခြာလိုေနတဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအတြက္ ယူ႐ို ၁၅ သန္း ဝန္းက်င္နဲ႔ သေဘာတူညီမႈရၿပီလို႔ တြစ္တာသတင္းေတြက ေဖာ္ျပေနၾကၿပီး ပရိသတ္ေတြကေတာ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို ဝိုင္းဝန္းေလွာင္ေျပာင္ေနၾက။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဒန္နီယယ္လ္ အီယက္ခ္ရဲ႕ လႊဲေျပာင္းဝယ္ယူမႈကို အလိုရွိေနတာဟာ ခ႐ိုယန္ကီလို စီးပြားေရးဆန္ၿပီး အက်ိဳးအျမတ္ကိုပဲ ၾကည့္တဲ့ ပိုင္ရွင္လက္ထဲက လြတ္ေျမာက္ၿပီး အသင္းေအာင္ျမင္မႈေတြကို ေရွ႕ရႈမယ့္ ပရိသတ္တစ္ဦးလက္ထဲမွာ အသင္းကို ယုံၾကည္စိတ္ခ်ခ်င္လို႔ျဖစ္ေၾကာင္း စစ္တမ္းေတြက ေဖာ္ျပ။

– ကီရန္ တီယာနီရဲ႕ အရန္အျဖစ္ အသင္းမွာ ထားရွိဖို႔ အာဆင္နယ္ဘက္က လိုလားေနတဲ့ ဟိုက္ဘာနီးယန္းလူငယ္ေနာက္ခံလူ ဂ်ိဳ႕ရွ္ ဒြိဳက္ကို ေခၚယူဖို႔ ေအစီမီလန္အသင္းက ေပါင္ ၅ သန္း+အနာဂတ္ ခံစားခြင့္ေတြနဲ႔ ကမ္းလွမ္းလိုက္ၿပီျဖစ္တာေၾကာင့္ ၁၈ ႏွစ္သား အတြက္ ဂန္းနားဘက္က တုံ႔ျပန္လုပ္ေဆာင္မႈ မျပဳႏိုင္ရင္ လက္လႊတ္ရဖို႔ရွိလာ။

– အာဆင္နယ္အသင္းရဲ႕ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ႏိုင္ေသးတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ သူ႔ရဲ႕ အခန္းက႑နဲ႔ အရွိန္အဝါကို ျမင့္တက္လာႏိုင္ေစတဲ့ စြန႔္စားခန္းတစ္ခုကို ဖြင့္လွစ္လိုက္ၿပီျဖစ္ၿပီး ေနာက္ထပ္ ပစ္မွတ္က ရီးရဲလ္ဆိုစီဒက္ရဲ႕ ေပါင္သန္း ၆၀ တန္ တိုက္စစ္မႉး အလက္ဇန္းဒါး အိုက္ဆက္လို႔ ဆိုေနျပန္ေၾကာင္း သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ေနရာအတြက္ အိုေဇးလ္ထြက္ခြာသြားအၿပီး ေအာ္ဒီဂြါဒ္ကိုလည္း အၿပီးသတ္ မေခၚယူႏိုင္ေတာ့တဲ့ ေနာက္ပိုင္းမွာ ေဒါ့မြန္ရဲ႕ ဂ်ဴလီယန္ ဘရန႔္ဒ္နဲ႔ ဘက္တစ္ရဲ႕ နာဘီလ္ ဖီကီယာတို႔ႏွစ္ဦးကို ေျပာင္းလဲႀကိဳးပမ္းဖြယ္ ရွိေနၿပီး ေပါင္ ၂၅ သန္း ဝန္းက်င္မွာ ရရွိႏိုင္ဖြယ္ရွိေန။

– အက္စတန္ဗီလာအသင္းရဲ႕ အာဆင္နယ္အသင္းအေပၚ ၿခိမ္းေျခာက္လာမႈက မထိေရာက္ မေအာင္ျမင္ခဲ့ဘဲ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးအေနနဲ႔ ေျမာက္လန္ဒန္မွာ ႏွစ္ရွည္စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆိုေတာ့မွာျဖစ္ၿပီး အသင္းေဖာ္ ဘူကာယို ဆာကာနဲ႔အတူ ခိုင္မာတဲ့ အနာဂတ္ရွိလာမွာျဖစ္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို အတည္ျပဳသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.