Premier League

10 June နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့ သတင်းများစုစည်းမှု

ဘာစီလိုနာနဲ့ တချိန်လုံးချိတ်ဆက်နေပြီး နူးကမ့်ကို ရောက်တော့မယ်လို့ သေချာပေါက်ရှိနေခဲ့ပေမယ့် အခုအခါမှာတော့ ဘာစီလိုနာလိုလို PSG လိုလို သတင်းပြောင်းသွားခဲ့လို့ လီဗာပူးလ်ကို စွန့်ခွာခဲ့လို့ မျောက်သစ်ကိုင်းလွတ်နေပြီလားလို့ မေးခွန်းထုတ်ခံထားရချိန်မှာ ဗိုင်နယ်လ်ဒမ်က အန်ဖီးလ်မြေကနေ ခွာခဲ့ရခြင်းမှာ ကွင်းတွင်းပြဿနာမဟုတ်ဘဲ ကွင်းပြင်ပအရှုပ်အထွေးကြောင့်ဖြစ်တယ်လို့ အရိပ်အမြွက်ပြောသွား။

လီဗာပူးလ်အသင်းအနေနဲ့ ကိုနာတေကို ခေါ်ယူအပြီးမှာ ဗဟိုခံစစ်မှူးနောက်တဦးကို လိုက်နေတာဖြစ်ပြီး အတ္တလန်တာအသင်းမှာ အငှားကစားနေတဲ့ အသက် ၂၃ နှစ်အရွယ် ဂျူဗင်တပ်စ်ကစားသမား ခရစ္စရှန် ရိုမဲရိုကို ပစ်မှတ်ထားနေမှုဟာ စကားပြောဆိုမှုအဆင့်ထက်ပိုခဲ့ပြီလို့ သိရသလို ဒီအပြောင်းအရွှေ့မှာ အတ္တလန်တာ၊ ဂျူဗင်တပ်စ်တို့ရဲ့ သဘောတူညီမှုနဲ့ အရှုပ်အထွေးတချို့ကို ကျော်ဖြတ်ရဖွယ်တော့ရှိနေ။

RB ဆဲလ်ဘတ်အသင်းရဲ့တိုက်စစ်မှူး ပတ်ဆန် ဒါကာဟာ မကြာခင်မှာပဲ တရားဝင်လီဗာပူးလ်ကစားသမားဖြစ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်မှုတွေနဲ့အတူ အတည်ပြုခံထားရပြီး စပိန်ကလာတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ရာသီက ဆဲလ်ဘတ်မှာ ၂၇ ဂိုးသွင်းခဲ့တဲ့သူဟာ ဒီတပတ်အတွင်းမှာပဲ ကလော့ပ်ရဲ့အသင်းနဲ့ စာချုပ်ချုပ်နိုင်ဖွယ်ရှိနေ။

ဗိုင်နယ်ဒမ်ရဲ့နေရာကို တိုက်ရိုက်အစားထိုးဖို့ စျေးကွက်ထဲမှာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ အေတီကိုကွင်းလယ်လူ ဆာအူးလ် ညီးဂွတ်ဇ်ဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ သိရကာ ပြီးခဲ့တဲ့တပတ်က လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်ထားမှုအရ ပေါင် ၆၉ သန်းနဲ့ အမြန်ဆုံး ခေါ်ယူနိုင်ခွင့်ရှိနေ။

အီတလီကလာတဲ့သတင်းတွေအရ လီဗာပူးလ်အသင်းဟာ ရိုးမားကွင်းလယ်လူ လိုရန်ဇို ပယ်လီဂရီနီကို ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့တာဖြစ်ပြီး ဒီနွေမှာ ပေါင် ၂၅.၈ သန်းနဲ့ စျေးသက်သက်သာသာဝယ်ယူနိုင်မယ်လို့ ယုံကြည်နေသလို ဗိုင်နယ်လ်ဒမ်ရဲ့နေရာမှာ သူက ပိုသင့်တော်တယ်လို့ ဆုံးဖြတ်မှုတွေရှိနေကြောင်း သိရ။

လီဗာပူးလ်အသင်းအနေနဲ့ ဒီနွေအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမားတဦးကို မဖြစ်မနေဝယ်ယူသွားဖို့ ပြင်ဆင်နေချိန်မှာ လက်စတာကွင်းလယ်လူ ယူရီ တီလီမန်းစ်ကို ခေါ်ယူဖို့ စကားဖွင့်ဟလာခဲ့ပေမယ့် မြေခွေးကြီးတွေ တောင်းဆိုထားတဲ့ များပြားလှတဲ့ ပြောင်းရွေ့ကြေးကိုတော့ ငွေထုတ်သုံးဖို့ လက်တွန့်နေဆဲဖြစ်။

ပေါ်တိုအသင်းရဲ့ကွင်းလယ်လူ ဖာဘီယို ဗီအဲရာဟာ လီဗာပူးလ်အသင်းရဲ့ အဝယ်စာရင်းထဲမှာ ပစ်မှတ်တခုဖြစ်လာခဲ့တယ်လို့ သိရပြီး ယူ-၂၁ ယူရိုပြိုင်ပွဲမှာ ဂျာမနီကို ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပေါ်တူဂီသားဟာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးနောက် အသင်းကြီးအတော်များများက နောက်ကလိုက်လာချိန်မှာ လီဗာပူးလ်အသင်း​က စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၆ သန်းနဲ့ ဝယ်ယူသွားဖွယ်ရှိနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာနဲ႔ တခ်ိန္လုံးခ်ိတ္ဆက္ေနၿပီး ႏူးကမ့္ကို ေရာက္ေတာ့မယ္လို႔ ေသခ်ာေပါက္ရွိေနခဲ့ေပမယ့္ အခုအခါမွာေတာ့ ဘာစီလိုနာလိုလို PSG လိုလို သတင္းေျပာင္းသြားခဲ့လို႔ လီဗာပူးလ္ကို စြန္႔ခြာခဲ့လို႔ ေမ်ာက္သစ္ကိုင္းလြတ္ေနၿပီလားလို႔ ေမးခြန္းထုတ္ခံထားရခ်ိန္မွာ ဗိုင္နယ္လ္ဒမ္က အန္ဖီးလ္ေျမကေန ခြာခဲ့ရျခင္းမွာ ကြင္းတြင္းျပႆနာမဟုတ္ဘဲ ကြင္းျပင္ပအရႈပ္အေထြးေၾကာင့္ျဖစ္တယ္လို႔ အရိပ္အႁမြက္ေျပာသြား။

လီဗာပူးလ္အသင္းအေနနဲ႔ ကိုနာေတကို ေခၚယူအၿပီးမွာ ဗဟိုခံစစ္မႉးေနာက္တဦးကို လိုက္ေနတာျဖစ္ၿပီး အတၱလန္တာအသင္းမွာ အငွားကစားေနတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ဂ်ဴဗင္တပ္စ္ကစားသမား ခရစၥရွန္ ႐ိုမဲ႐ိုကို ပစ္မွတ္ထားေနမႈဟာ စကားေျပာဆိုမႈအဆင့္ထက္ပိုခဲ့ၿပီလို႔ သိရသလို ဒီအေျပာင္းအေ႐ႊ႕မွာ အတၱလန္တာ၊ ဂ်ဴဗင္တပ္စ္တို႔ရဲ႕ သေဘာတူညီမႈနဲ႔ အရႈပ္အေထြးတခ်ိဳ႕ကို ေက်ာ္ျဖတ္ရဖြယ္ေတာ့ရွိေန။

RB ဆဲလ္ဘတ္အသင္းရဲ႕တိုက္စစ္မႉး ပတ္ဆန္ ဒါကာဟာ မၾကာခင္မွာပဲ တရားဝင္လီဗာပူးလ္ကစားသမားျဖစ္လာေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚမႈေတြနဲ႔အတူ အတည္ျပဳခံထားရၿပီး စပိန္ကလာတဲ့ သတင္းေတြအရ ၿပီးခဲ့တဲ့ရာသီက ဆဲလ္ဘတ္မွာ ၂၇ ဂိုးသြင္းခဲ့တဲ့သူဟာ ဒီတပတ္အတြင္းမွာပဲ ကေလာ့ပ္ရဲ႕အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖြယ္ရွိေန။

ဗိုင္နယ္ဒမ္ရဲ႕ေနရာကို တိုက္႐ိုက္အစားထိုးဖို႔ ေစ်းကြက္ထဲမွာ အေကာင္းဆုံးနဲ႔ အသင့္ေတာ္ဆုံးကစားသမားအျဖစ္ သတ္မွတ္ခံထားရတဲ့ ေအတီကိုကြင္းလယ္လူ ဆာအူးလ္ ညီးဂြတ္ဇ္ဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ၿပီးျဖစ္တယ္လို႔ သိရကာ ၿပီးခဲ့တဲ့တပတ္က လီဗာပူးလ္အသင္းနဲ႔ ခ်ိတ္ဆက္ထားမႈအရ ေပါင္ ၆၉ သန္းနဲ႔ အျမန္ဆုံး ေခၚယူႏိုင္ခြင့္ရွိေန။

အီတလီကလာတဲ့သတင္းေတြအရ လီဗာပူးလ္အသင္းဟာ ႐ိုးမားကြင္းလယ္လူ လိုရန္ဇို ပယ္လီဂရီနီကို ကမ္းလွမ္းလိုက္ၿပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့တာျဖစ္ၿပီး ဒီေႏြမွာ ေပါင္ ၂၅.၈ သန္းနဲ႔ ေစ်းသက္သက္သာသာဝယ္ယူႏိုင္မယ္လို႔ ယုံၾကည္ေနသလို ဗိုင္နယ္လ္ဒမ္ရဲ႕ေနရာမွာ သူက ပိုသင့္ေတာ္တယ္လို႔ ဆုံးျဖတ္မႈေတြရွိေနေၾကာင္း သိရ။

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေႏြအေျပာင္းအေ႐ႊ႕မွာ ကြင္းလယ္ကစားသမားတဦးကို မျဖစ္မေနဝယ္ယူသြားဖို႔ ျပင္ဆင္ေနခ်ိန္မွာ လက္စတာကြင္းလယ္လူ ယူရီ တီလီမန္းစ္ကို ေခၚယူဖို႔ စကားဖြင့္ဟလာခဲ့ေပမယ့္ ေျမေခြးႀကီးေတြ ေတာင္းဆိုထားတဲ့ မ်ားျပားလွတဲ့ ေျပာင္းေ႐ြ႕ေၾကးကိုေတာ့ ေငြထုတ္သုံးဖို႔ လက္တြန္႔ေနဆဲျဖစ္။

ေပၚတိုအသင္းရဲ႕ကြင္းလယ္လူ ဖာဘီယို ဗီအဲရာဟာ လီဗာပူးလ္အသင္းရဲ႕ အဝယ္စာရင္းထဲမွာ ပစ္မွတ္တခုျဖစ္လာခဲ့တယ္လို႔ သိရၿပီး ယူ-၂၁ ယူ႐ိုၿပိဳင္ပြဲမွာ ဂ်ာမနီကို ဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့တဲ့ ေပၚတူဂီသားဟာ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီးေနာက္ အသင္းႀကီးအေတာ္မ်ားမ်ားက ေနာက္ကလိုက္လာခ်ိန္မွာ လီဗာပူးလ္အသင္း​က စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို ၃၆ သန္းနဲ႔ ဝယ္ယူသြားဖြယ္ရွိေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.