Premier League

အာဆင်နယ်ရဲ့ လက်ရှိအခြေကို မေးခွန်းထုတ်ရင်း လီဗာပူးလ်ကိုပါ ဆွဲထည့်သွားတဲ့ အွန်နရီ

ဒီနှစ် ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီအပြီးမှာ အာဆင်နယ်အတွက် ငရဲကျခံခဲ့တဲ့ နှစ်တနှစ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ၂၅ မှတ်ပြတ်ကျန်ပြီး အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို ၁၉၉၅ ခုနှစ်နောက်ပိုင်း ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပတန်းမဝင်ဘူးဆိုတဲ့ ဂုဏ်ပုဒ်က ခါးသီးဖို့ အလွန်ကောင်းခဲ့ရတယ်။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီက ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကတော့ မိမိတို့အသင်းဟာ ဇယားအလယ်နားက သာမန်အလယ်အလတ် အသင်းတသင်းဖြစ်သွားခဲ့ပြီလို့ လက်ရှိဖြစ်ရပ်တွေကို ရှုံ့ချသွားခဲ့ပြီး အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားရဖို့ လီဗာပူးလ်လို နှစ် ၃၀ စောင့်ချင်လားလို့ အသင်းကို ပြင်းပြင်းထန်ထန် သတိပေးသွားခဲ့တာပါ။

“အရင်ခေတ်နဲ့ အခုခေတ်ကို နှိုင်းယှဉ်ပြီး ပြောရတာကို ကျွန်တော်မကြိုက်ပါဘူး။ ခြားနားတဲ့မျိုးဆက်ဖြစ်သွားခဲ့ပြီ။ နည်းပညာနဲ့အတူ အရာရာပြောင်းသွားခဲ့ပြီ။ အာဆင်နယ်ကို ကြည့်ရင် ပရီးမီးယားလိဂ်ဖလားမရတာ ဘယ်နှနှစ်ရှိပြီလဲ? FA ဖလားနဲ့ ကွန်မြူနတီဖလားတွေတော့ ရခဲ့တယ်။ ဒါပေမယ့် အမှတ်ပေးဖလားချန်ပီယံမဖြစ်တာ ဘယ်လောက်ကြာပြီလဲ?”

“လီဗာပူးလ်အသင်းလို နှစ် ၃၀ တောင် စောင့်ရဖို့ ဖြစ်လာတော့မှာလားဗျာ။ ဒီလိုအသင်းတောင် အဲဒီလောက် အချိန်ယူခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်အသင်းကို လမ်းကြောင်းမှန်ပေါ် အမြန်ဆုံးပြန်လာစေချင်နေပါပြီ။ အနည်းဆုံးတော့ ပရီးမီးယားလိဂ်ဖလားကို တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်ကို ပြန်မြင်ချင်ပါပြီဗျာ”

“ကျွန်တော်ပြောမယ်။ အာဆင်နယ်ရဲ့လူစာရင်းက ဝက်စ်ဟမ်းထက်သာတယ်ဗျာ။ လက်စတာထက်သာတယ်ဗျာ။ ဒါ​ပေမယ့် နှစ်သင်းစလုံးက ကျော်တက်တာကို ခံခဲ့ရတယ်။ မန်စီးတီး၊ ချယ်လ်ဆီး၊ ယူနိုက်တက်တို့ကို မကျော်နိုင်ရင်တောင် အာဆင်နယ်က အခု အဆင့် ၈ ထက်ပိုကောင်းအောင် ရပ်တည်နိုင်ခဲ့သင့်ပါတယ်”

“ဒီလိုတွေ ဘာကြောင့်ဖြစ်ခဲ့သလဲလို့ အရင်းစစ်ကြည့်ရင် အာဆင်နယ်မှာ ခြေစွမ်းတည်ငြိမ်မှုပျက်ပြားနေတာက အဓိကပြဿနာပါ။ ကောင်းတဲ့နေ့ဆို ဘယ်အသင်းကိုမဆို အနိုင်ကစားပြပါလိမ့်မယ်။ ခြေစွမ်းညံ့တဲ့နေ့ဆို ဘယ်လောက်အဆင့်နိမ့်တဲ့အသင်းဖြစ်ဖြစ် သူတို့ရှုံးပြပါလိမ့်မယ်။ ဒါကြောင့် အခုလို အဖြစ်ဆိုးကို ရင်ဆိုင်နေရတာပါ”

“အာဆင်နယ်ဟာ အမှတ်ပေးဇယားအလယ်အလတ်က သာမန်အသင်းတသင်းဖြစ်နေပါပြီ။ ဒါကို မြင်တွေ့ရတာဟာ ကျွန်တော့်အဖို့တော့ ဂန်းနားပရိသတ်တယောက်အနေနဲ့ များစွာနာကျင်ခံစားနေရတယ်။ ခြေစွမ်းတည်ငြိမ်ပြီး အဆင့်မီအသင်းအဖြစ် ပြန်မြင်ချင်ပါတယ်ဗျာ”လို့ သီယာရီ အွန်နရီက အာဆင်နယ်ရဲ့ လက်တွေ့အခြေအနေကို သုံးသပ်ပြပြီး သူ့အမြင်ကို ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီႏွစ္ ၂၀၂၀-၂၁ ပရီးမီးယားလိဂ္ရာသီအၿပီးမွာ အာဆင္နယ္အတြက္ ငရဲက်ခံခဲ့တဲ့ ႏွစ္တႏွစ္လို႔ သတ္မွတ္ရမွာျဖစ္ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးအသင္းနဲ႔ ၂၅ မွတ္ျပတ္က်န္ၿပီး အဆင့္ ၈ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့သလို ၁၉၉၅ ခုႏွစ္ေနာက္ပိုင္း ၂၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပတန္းမဝင္ဘူးဆိုတဲ့ ဂုဏ္ပုဒ္က ခါးသီးဖို႔ အလြန္ေကာင္းခဲ့ရတယ္။

အာဆင္နယ္အသင္းရဲ႕ ေနာက္ဆုံးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီက ဂႏၴဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီကေတာ့ မိမိတို႔အသင္းဟာ ဇယားအလယ္နားက သာမန္အလယ္အလတ္ အသင္းတသင္းျဖစ္သြားခဲ့ၿပီလို႔ လက္ရွိျဖစ္ရပ္ေတြကို ရႈံ႕ခ်သြားခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားရဖို႔ လီဗာပူးလ္လို ႏွစ္ ၃၀ ေစာင့္ခ်င္လားလို႔ အသင္းကို ျပင္းျပင္းထန္ထန္ သတိေပးသြားခဲ့တာပါ။

“အရင္ေခတ္နဲ႔ အခုေခတ္ကို ႏႈိင္းယွဥ္ၿပီး ေျပာရတာကို ကြၽန္ေတာ္မႀကိဳက္ပါဘူး။ ျခားနားတဲ့မ်ိဳးဆက္ျဖစ္သြားခဲ့ၿပီ။ နည္းပညာနဲ႔အတူ အရာရာေျပာင္းသြားခဲ့ၿပီ။ အာဆင္နယ္ကို ၾကည့္ရင္ ပရီးမီးယားလိဂ္ဖလားမရတာ ဘယ္ႏွႏွစ္ရွိၿပီလဲ? FA ဖလားနဲ႔ ကြန္ျမဴနတီဖလားေတြေတာ့ ရခဲ့တယ္။ ဒါေပမယ့္ အမွတ္ေပးဖလားခ်န္ပီယံမျဖစ္တာ ဘယ္ေလာက္ၾကာၿပီလဲ?”

“လီဗာပူးလ္အသင္းလို ႏွစ္ ၃၀ ေတာင္ ေစာင့္ရဖို႔ ျဖစ္လာေတာ့မွာလားဗ်ာ။ ဒီလိုအသင္းေတာင္ အဲဒီေလာက္ အခ်ိန္ယူခဲ့ရတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္အသင္းကို လမ္းေၾကာင္းမွန္ေပၚ အျမန္ဆုံးျပန္လာေစခ်င္ေနပါၿပီ။ အနည္းဆုံးေတာ့ ပရီးမီးယားလိဂ္ဖလားကို တိုက္ပြဲဝင္ေနတဲ့ အာဆင္နယ္ကို ျပန္ျမင္ခ်င္ပါၿပီဗ်ာ”

“ကြၽန္ေတာ္ေျပာမယ္။ အာဆင္နယ္ရဲ႕လူစာရင္းက ဝက္စ္ဟမ္းထက္သာတယ္ဗ်ာ။ လက္စတာထက္သာတယ္ဗ်ာ။ ဒါ​ေပမယ့္ ႏွစ္သင္းစလုံးက ေက်ာ္တက္တာကို ခံခဲ့ရတယ္။ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ယူႏိုက္တက္တို႔ကို မေက်ာ္ႏိုင္ရင္ေတာင္ အာဆင္နယ္က အခု အဆင့္ ၈ ထက္ပိုေကာင္းေအာင္ ရပ္တည္ႏိုင္ခဲ့သင့္ပါတယ္”

“ဒီလိုေတြ ဘာေၾကာင့္ျဖစ္ခဲ့သလဲလို႔ အရင္းစစ္ၾကည့္ရင္ အာဆင္နယ္မွာ ေျခစြမ္းတည္ၿငိမ္မႈပ်က္ျပားေနတာက အဓိကျပႆနာပါ။ ေကာင္းတဲ့ေန႔ဆို ဘယ္အသင္းကိုမဆို အႏိုင္ကစားျပပါလိမ့္မယ္။ ေျခစြမ္းညံ့တဲ့ေန႔ဆို ဘယ္ေလာက္အဆင့္နိမ့္တဲ့အသင္းျဖစ္ျဖစ္ သူတို႔ရႈံးျပပါလိမ့္မယ္။ ဒါေၾကာင့္ အခုလို အျဖစ္ဆိုးကို ရင္ဆိုင္ေနရတာပါ”

“အာဆင္နယ္ဟာ အမွတ္ေပးဇယားအလယ္အလတ္က သာမန္အသင္းတသင္းျဖစ္ေနပါၿပီ။ ဒါကို ျမင္ေတြ႕ရတာဟာ ကြၽန္ေတာ့္အဖို႔ေတာ့ ဂန္းနားပရိသတ္တေယာက္အေနနဲ႔ မ်ားစြာနာက်င္ခံစားေနရတယ္။ ေျခစြမ္းတည္ၿငိမ္ၿပီး အဆင့္မီအသင္းအျဖစ္ ျပန္ျမင္ခ်င္ပါတယ္ဗ်ာ”လို႔ သီယာရီ အြန္နရီက အာဆင္နယ္ရဲ႕ လက္ေတြ႕အေျခအေနကို သုံးသပ္ျပၿပီး သူ႔အျမင္ကို ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.