La Liga Ligue1 Premier League Serie A Transfer News UCL&UEL

အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယို ရိုမာနို ဖွင့်ဟလာတဲ့ နောက်ဆုံးရ သတင်းများ

ဘောလုံးလောက အပြောင်းအရွှေ့စျေးကွက်မှာ ခိုင်မာတဲ့ သတင်းတွေကို ဖွင့်ဟလေ့ရှိတဲ့ နာမည်ကျော် အီတလီသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ အခုလာမယ့် နွေအပြောင်းအရွှေ့စျေးကွက်မှာ ကြီးကြီးမားမား လူဝယ်ယူမှုတွေဟာ ခပ်စိပ်စိပ် ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီး၊ ဘာစီလိုနာနဲ့ PSG အသင်းတို့အပြင် အခြားဥရောပအင်အားကြီးအသင်းတွေရဲ့ လက်သွက်တဲ့ ခေါ်ယူမှုတွေကို မကြာခင်မှာပဲ မျက်ဝါးထင်ထင် မြင်တွေ့လာရဖို့ ရှိနေသလို စာချုပ်သက်တမ်းတိုးချုပ်ဆိုမှုတွေလည်း အမြန်ဆုံးပြီးစီးလာဖွယ် ရှိနေတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို ၂၀၂၃ ဇွန်လအထိ ရှိနေမယ့် စာချုပ်သစ်တရပ်ချုပ်ဆိုသွားမှာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူ အဂွယ်ရို အသင်းကို ရောက်ရှိလာပြီးနောက်မှာ ဘာဆာဥက္ကဌလာပေါ့တာအနေနဲ့ မက်ဆီ အသင်းမှာ ဆက်ရှိနေမယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။

လီဗာပူးလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ ဂီနီ ဗိုင်နယ်လ်ဒမ်ကိုလည်း ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီလို့ သိရသလို မန်စီးတီးက အဲရစ် ဂါဆီယာ၊ ရီးရဲလ် ဘက်တစ်အသင်းက အီမာဆန် ရွိုင်ရယ်လ်တို့ ရောက်ရှိလာအပြီးမှာ လိုင်ယွန်အသင်းရဲ့ ဒတ်ချ်တောင်ပံတိုက်စစ်မှူး မန်းဖစ် ဒီပိုင်းကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတော်လေး နီးစပ်နေပါတယ်။

နည်းပြ ရော်နယ် ကိုးမန်းကို အသင်းရဲ့အနာဂတ်မှာ ဆက်လက်ပဲ့ကိုင်သွားစေမယ်လို့ ဥက္ကဋ္ဌ လာပေါ့တာက တရားဝင်ကြေငြာသွားခဲ့ပြီဖြစ်သလို အနိမ့်ဆုံး တနှစ်လုပ်ကိုင်ဦးမှာဖြစ်ပြီး အထွက်လူစာရင်းမှာတော့ ကော်တင်ညိုဟာ လီဗာပူးလ်ဆီပြန်ဖို့ အထုပ်ပြင်နေခြင်းမှာ အာဆင်နယ်နဲ့လည်း သတင်းထွက်သလို ဆက်လက်စောင့်ကြည့်ရမှာပါ။

စပါးစ်အသင်းဟာ အင်တာမီလန်အသင်းကနေ့ နှုတ်ထွက်ခဲ့ပြီဖြစ်တဲ့ နည်းပြအန်တိုနီယို ကွန်တီကို အမြန်ဆုံးခေါ်ယူဖို့ ချိတ်ဆက်နေသလို ဒါဟာ PSG က စပါးစ်နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်ခေါ်ယူဖို့ ၁၀ ရက်ထက်မနည်း စကားပြောဆိုမှုပြုလုပ်အပြီးမှာ PSG အသင်းက ခပ်ပြတ်ပြတ်ငြင်းထုတ်ခဲ့လို့ မြှားဦးလှည့်လာခဲ့ခြင်းဖြစ်တယ်လို့ သိရကာ ကွန်တီဆီက အဖြေကို စောင့်ဆိုင်းနေချိန်ပါ။

PSG အသင်းကတော့ ခိုင်လျန် အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားနိုင်စရာ ရှင်းလင်းတဲ့ ပြတ်သားမှုတွေ ရှိနေတယ်လို့ သိရပြီး တိုက်စစ်မှူး မွိုက်စ် ကီးန်ကို အငှားတစ်နှစ် စာချုပ်ထပ်တိုးမယ်လို့ သိရသလို အားကစားဒါရိုက်တာ လီယိုနာဒိုက ကွင်းလယ်လူသစ်တဦးကို ဝယ်ယူဖို့ ရည်ရွယ်နေတာပါ။

စပါးစ်တိုက်စစ်မှုး ဟာရီကိန်းကို အသည်းအသန်လိုက်နေတဲ့အသင်းက မန်စီးတီးအသင်းဖြစ်နေတယ်လို့ သိရပြီး သူတို့ရဲ့သည်းကြီးမည်းကြီး ကြိုးပမ်းမှုကြောင့် ဥက္ကဌလီဗိုင်းကို ဆွဲဆောင်နိုင်ဖို့ ရှိနေတယ်လို့ သိရတယ်။ ကိန်းအနေနဲ့ ချန်ပီယံလိဂ်ကစားလိုတယ်လို့ မချွင်းမခြန်ဖွင့်ဟထားပြီးဖြစ်သလို အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ရာမှာတော့ နည်းပြအပြောင်းအလဲအပေါ် မူတည်နေသေးတာပါ။

ချယ်လ်ဆီးအသင်းက​တော့ ဒီနှစ်နွေရာသီစျေးကွက်ရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့အတွက် အပိုင်ရိုက်ဖို့ ပြင်ဆင်နေပြီး နည်းပြတူဟယ်လ်ရဲ့ စာချုပ်သစ်ဟာ ၂၀၂၄ ဇွန်လအထိ ချုပ်ဆိုလာဖွယ် ရှိနေတယ်။ အန်တိုနီယို ရူဒီဂါနဲ့ သီယာဂို ဆေးလ်ဗားတို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုးဦးမှာဖြစ်သလို ဂျော်ဂျင်ဟိုရဲ့အနာဂတ်ကို ဆုံးဖြတ်ချက်တခုချမယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆင့်မီ ဗဟိုခံစစ်မှူးတဦးနဲ့အတူ ယူရို ၈၅ သန်းလို့ စျေးဖွင့်ထားတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒေကလန် ရိုက်စ်တို့ဟာ ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ဖြစ်နေချိန်မှာ အိမ်ပြန်လာချင်နေပြီလို့ သတင်းတွေထွက်နေတဲ့ ဟာဇက်ကတော့ အန်ဆယ်လော့တီရဲ့ လက်အောက်မှာ ဆက်ရှိနေတော့မယ်လို့ သိရတယ်။

ရီးရဲလ်အသင်းကတော့ အန်ဆလော့တီရောက်ရှိမှုအရ ရာမို့စ်နဲ့ ဘန်ဇီမာတို့ကို စာချုပ်သစ်ချုပ်တော့မှာဖြစ်ပြီး စပါးစ်မှာ အငှားကစားနေတဲ့ ဂါရက်သ်ဘေးလ်ကို သေချာပေါက် ပြန်လည်ခေါ်ယူဖို့ စီစဥ်ထားသလို ဟာဇက်ကို ချစ်မြတ်နိုးတယ်ဆိုတဲ့ အန်ဆလော့တီရဲ့ နှုတ်ထွက်စကားအပြီးမှာ သူ့သတင်းတွေက ငြိမ်သွားခဲ့ပြီဖြစ်တယ်။

အပြောင်းအရွှေ့စျေးကွက်ထဲက ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေရဲ့သတင်းမှာတော့ ချယ်ဆီးကို ပြန်လာမယ်လို့ သတင်းကြီးထားတဲ့ လူကာကူက အင်တာမီလန်မှာ ဆက်နေချင်ကြောင်း သိရသလို မိုရာတာကို ဆက်ထိန်းထားမယ့် ဂျူဗင်တပ်စ်အသင်းက ရော်နယ်လ်ဒိုကို ဝယ်ယူဖို့ မြိုးမြိုးမြက်မြက် စျေးပေးလာမယ့် PSG အသင်းကို တံခါးဖွင့်လာမှုမှာ စကားပြောဆိုမှုတွေဟာ ​နောက်တဆင့်တက်လာခဲ့ပြီဖြစ်​ကြာင်း သိရသလို သူ့ရဲ့အနာဂတ်အသင်း​က ဘယ်အသင်းဖြစ်လာမလဲဆိုတာကတော့ ရင်ခုန်စရာကောင်းနဆဲဖြစ်ကောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာက အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ခိုင္မာတဲ့ သတင္းေတြကို ဖြင့္ဟေလ့ရွိတဲ့ နာမည္ေက်ာ္ အီတလီသတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုရဲ႕ အဆိုအရ အခုလာမယ့္ ေႏြအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ႀကီးႀကီးမားမား လူဝယ္ယူမႈေတြဟာ ခပ္စိပ္စိပ္ ျဖစ္ေပၚလာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ခ်ယ္လ္ဆီး၊ ဘာစီလိုနာနဲ႔ PSG အသင္းတို႔အျပင္ အျခားဥေရာပအင္အားႀကီးအသင္းေတြရဲ႕ လက္သြက္တဲ့ ေခၚယူမႈေတြကို မၾကာခင္မွာပဲ မ်က္ဝါးထင္ထင္ ျမင္ေတြ႕လာရဖို႔ ရွိေနသလို စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုမႈေတြလည္း အျမန္ဆုံးၿပီးစီးလာဖြယ္ ရွိေနတယ္။

ဘာစီလိုနာအသင္းဟာ မက္ဆီကို ၂၀၂၃ ဇြန္လအထိ ရွိေနမယ့္ စာခ်ဳပ္သစ္တရပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး သူ႔ရဲ႕သူငယ္ခ်င္းျဖစ္သူ အဂြယ္႐ို အသင္းကို ေရာက္ရွိလာၿပီးေနာက္မွာ ဘာဆာဥကၠဌလာေပါ့တာအေနနဲ႔ မက္ဆီ အသင္းမွာ ဆက္ရွိေနမယ္လို႔ အခိုင္အမာယုံၾကည္ေနပါတယ္။

လီဗာပူးလ္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာလာတဲ့ ဂီနီ ဗိုင္နယ္လ္ဒမ္ကိုလည္း ၂၀၂၄ အထိ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရခဲ့ၿပီလို႔ သိရသလို မန္စီးတီးက အဲရစ္ ဂါဆီယာ၊ ရီးရဲလ္ ဘက္တစ္အသင္းက အီမာဆန္ ႐ြိဳင္ရယ္လ္တို႔ ေရာက္ရွိလာအၿပီးမွာ လိုင္ယြန္အသင္းရဲ႕ ဒတ္ခ်္ေတာင္ပံတိုက္စစ္မႉး မန္းဖစ္ ဒီပိုင္းကိုပါ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အေတာ္ေလး နီးစပ္ေနပါတယ္။

နည္းျပ ေရာ္နယ္ ကိုးမန္းကို အသင္းရဲ႕အနာဂတ္မွာ ဆက္လက္ပဲ့ကိုင္သြားေစမယ္လို႔ ဥကၠ႒ လာေပါ့တာက တရားဝင္ေၾကျငာသြားခဲ့ၿပီျဖစ္သလို အနိမ့္ဆုံး တႏွစ္လုပ္ကိုင္ဦးမွာျဖစ္ၿပီး အထြက္လူစာရင္းမွာေတာ့ ေကာ္တင္ညိဳဟာ လီဗာပူးလ္ဆီျပန္ဖို႔ အထုပ္ျပင္ေနျခင္းမွာ အာဆင္နယ္နဲ႔လည္း သတင္းထြက္သလို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

စပါးစ္အသင္းဟာ အင္တာမီလန္အသင္းကေန႔ ႏႈတ္ထြက္ခဲ့ၿပီျဖစ္တဲ့ နည္းျပအန္တိုနီယို ကြန္တီကို အျမန္ဆုံးေခၚယူဖို႔ ခ်ိတ္ဆက္ေနသလို ဒါဟာ PSG က စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏိုကို ျပန္လည္ေခၚယူဖို႔ ၁၀ ရက္ထက္မနည္း စကားေျပာဆိုမႈျပဳလုပ္အၿပီးမွာ PSG အသင္းက ခပ္ျပတ္ျပတ္ျငင္းထုတ္ခဲ့လို႔ ျမႇားဦးလွည့္လာခဲ့ျခင္းျဖစ္တယ္လို႔ သိရကာ ကြန္တီဆီက အေျဖကို ေစာင့္ဆိုင္းေနခ်ိန္ပါ။

PSG အသင္းကေတာ့ ခိုင္လ်န္ အမ္ဘာေပကို အသင္းမွာ ဆက္ထိန္းထားႏိုင္စရာ ရွင္းလင္းတဲ့ ျပတ္သားမႈေတြ ရွိေနတယ္လို႔ သိရၿပီး တိုက္စစ္မႉး မြိဳက္စ္ ကီးန္ကို အငွားတစ္ႏွစ္ စာခ်ဳပ္ထပ္တိုးမယ္လို႔ သိရသလို အားကစားဒါ႐ိုက္တာ လီယိုနာဒိုက ကြင္းလယ္လူသစ္တဦးကို ဝယ္ယူဖို႔ ရည္႐ြယ္ေနတာပါ။

စပါးစ္တိုက္စစ္မႈး ဟာရီကိန္းကို အသည္းအသန္လိုက္ေနတဲ့အသင္းက မန္စီးတီးအသင္းျဖစ္ေနတယ္လို႔ သိရၿပီး သူတို႔ရဲ႕သည္းႀကီးမည္းႀကီး ႀကိဳးပမ္းမႈေၾကာင့္ ဥကၠဌလီဗိုင္းကို ဆြဲေဆာင္ႏိုင္ဖို႔ ရွိေနတယ္လို႔ သိရတယ္။ ကိန္းအေနနဲ႔ ခ်န္ပီယံလိဂ္ကစားလိုတယ္လို႔ မခြၽင္းမျခန္ဖြင့္ဟထားၿပီးျဖစ္သလို အသင္းက ထြက္ခြာဖို႔ ဆုံးျဖတ္ရာမွာေတာ့ နည္းျပအေျပာင္းအလဲအေပၚ မူတည္ေနေသးတာပါ။

ခ်ယ္လ္ဆီးအသင္းက​ေတာ့ ဒီႏွစ္ေႏြရာသီေစ်းကြက္ရဲ႕ အႀကီးမားဆုံးအေျပာင္းအေ႐ႊ႕အတြက္ အပိုင္႐ိုက္ဖို႔ ျပင္ဆင္ေနၿပီး နည္းျပတူဟယ္လ္ရဲ႕ စာခ်ဳပ္သစ္ဟာ ၂၀၂၄ ဇြန္လအထိ ခ်ဳပ္ဆိုလာဖြယ္ ရွိေနတယ္။ အန္တိုနီယို ႐ူဒီဂါနဲ႔ သီယာဂို ေဆးလ္ဗားတို႔ရဲ႕ စာခ်ဳပ္ေတြကို သက္တမ္းတိုးဦးမွာျဖစ္သလို ေဂ်ာ္ဂ်င္ဟိုရဲ႕အနာဂတ္ကို ဆုံးျဖတ္ခ်က္တခုခ်မယ္လို႔ သိရပါတယ္။

ကမာၻ႔အဆင့္မီ ဗဟိုခံစစ္မႉးတဦးနဲ႔အတူ ယူ႐ို ၈၅ သန္းလို႔ ေစ်းဖြင့္ထားတဲ့ ဝက္စ္ဟမ္းကြင္းလယ္လူ ေဒကလန္ ႐ိုက္စ္တို႔ဟာ ခ်ယ္လ္ဆီးရဲ႕ အဓိကပစ္မွတ္ျဖစ္ေနခ်ိန္မွာ အိမ္ျပန္လာခ်င္ေနၿပီလို႔ သတင္းေတြထြက္ေနတဲ့ ဟာဇက္ကေတာ့ အန္ဆယ္ေလာ့တီရဲ႕ လက္ေအာက္မွာ ဆက္ရွိေနေတာ့မယ္လို႔ သိရတယ္။

ရီးရဲလ္အသင္းကေတာ့ အန္ဆေလာ့တီေရာက္ရွိမႈအရ ရာမို႔စ္နဲ႔ ဘန္ဇီမာတို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ေတာ့မွာျဖစ္ၿပီး စပါးစ္မွာ အငွားကစားေနတဲ့ ဂါရက္သ္ေဘးလ္ကို ေသခ်ာေပါက္ ျပန္လည္ေခၚယူဖို႔ စီစဥ္ထားသလို ဟာဇက္ကို ခ်စ္ျမတ္ႏိုးတယ္ဆိုတဲ့ အန္ဆေလာ့တီရဲ႕ ႏႈတ္ထြက္စကားအၿပီးမွာ သူ႔သတင္းေတြက ၿငိမ္သြားခဲ့ၿပီျဖစ္တယ္။

အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲက ကမာၻ႔အဆင့္ တိုက္စစ္မႉးေတြရဲ႕သတင္းမွာေတာ့ ခ်ယ္ဆီးကို ျပန္လာမယ္လို႔ သတင္းႀကီးထားတဲ့ လူကာကူက အင္တာမီလန္မွာ ဆက္ေနခ်င္ေၾကာင္း သိရသလို မိုရာတာကို ဆက္ထိန္းထားမယ့္ ဂ်ဴဗင္တပ္စ္အသင္းက ေရာ္နယ္လ္ဒိုကို ဝယ္ယူဖို႔ ၿမိဳးၿမိဳးျမက္ျမက္ ေစ်းေပးလာမယ့္ PSG အသင္းကို တံခါးဖြင့္လာမႈမွာ စကားေျပာဆိုမႈေတြဟာ ​ေနာက္တဆင့္တက္လာခဲ့ၿပီျဖစ္​ၾကာင္း သိရသလို သူ႔ရဲ႕အနာဂတ္အသင္း​က ဘယ္အသင္းျဖစ္လာမလဲဆိုတာကေတာ့ ရင္ခုန္စရာေကာင္းနဆဲျဖစ္ေကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.