အဲဗာတန္အသင္းနည္းျပ ကာလို အန္ဆယ္ေလာ့တီအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကေန ေရာင္းခ်လိုေနတဲ့ တုိက္စစ္အတြက္ျဖစ္တဲ့ ကြင္းလယ္ကစားသမား ဟားမက္စ္ ႐ိုဒရီဂက္ဇ္နဲ႔ ေတာင္ပံတုိက္စစ္မွဴး ဂါရက္သ္ ေဘးလ္တို႔ႏွစ္ေယာက္စလုံးကို အတြဲလုိက္ အလိုရွိေနတယ္လို႔ သိရပါတယ္။
အီရန္သူေဌး ဖာဟက္ မိုရွီရီရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမွဳနဲ႔ ေငြေၾကးသုံးစြဲႏိုင္ေနတဲ့ အဲဗာတန္အသင္းရဲ႕ အနာဂတ္မွာ ဥေရာပအဆင့္ကို တက္လွမ္းႏုိင္ဖို႔ ရည္မွန္းခ်က္အတြက္ အန္ဆယ္ေလာ့တီလို ထိပ္တန္းနည္းျပတစ္ဦးကို ေခၚယူလုိက္ျခင္းကလည္း သက္ေသတစ္ရပ္ၿပီး လက္ရွိမွာေတာ့ ကစားသမားအရည္အေသြးကို တုိးျမႇင့္သြားဖို႔ စီစဥ္ေနတာပါ။
ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ ဟားမက္စ္နဲ႔ ေဘးလ္တုိ႔ ႏွစ္ဦးစလုံးကို ေရာင္းခ်လိုေနၿပီး သူတုိ႔ဟာ နည္းျပ ဇီနီဒန္း ဇီဒန္းရဲ႕ အသင္းကို အသစ္ျပန္လည္တည္ေဆာက္မွဳမွာ မပါဝင္သူေတြလို႔ သတ္မွတ္ထားတဲ့အတြက္ သင့္ေတာ္တဲ့ ေျပာင္းေရႊ႕ေၾကးရရင္ေတာ့ အဲဗာတန္ဆီ ေက်းဇူးတင္စြာပဲ ေရာင္းခ်ႏုိင္တာလည္းျဖစ္ပါတယ္။
မက္ဒရစ္သားေတြနဲ႔ လာလီဂါဖလားကလြဲလုိ႔ က်န္တဲ့ ဖလားေတြကို သိမ္းပုိက္ႏုိင္ခဲ့စဥ္က ပထမရာသီမွာ အန္ဆယ္ေလာ့တီဟာ ေဘးလ္ကို ေခၚယူခဲ့တာျဖစ္ၿပီး ဒုတိယရာသီမွာေတာ့ ဟားမက္စ္ကို ေခၚယူခဲ့တာျဖစ္သလို လာလီဂါဖလားကို မဆြတ္ခူးႏုိင္ခဲ့လို႔သာ အသင္းကေန ထုတ္ပယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
ဒီႏွစ္ေယာက္ထဲကေတာ့ ကိုလံဘီယာသားကို ေခၚယူဖို႔ ပိုမိုလြယ္ကူႏုိင္ၿပီး ပရီးမီးယားလိဂ္ကို လာကစားခ်င္ေအာင္ စည္း႐ုံးဖို႔ တစ္ခုတည္းသာ အဓိက်ေနေပမယ့္ ေဘးလ္အတြက္ကေတာ့ ၿဗိတိန္စံခ်ိန္တင္လုပ္ခေငြ ျဖစ္သြားႏုိင္တဲ့ တစ္ပတ္ကို ေပါင္ ၆ သိန္းအနည္းဆုံး ေတာင္းခံလာႏုိင္မွဳကိုေတာ့ မိုရွီရီရဲ႕ ေငြေၾကးေတြနဲ႔ ေထာက္ကူေပးႏိုင္ဖို႔ ခက္ခဲမွာေၾကာင့္ ဘယ္လိုမ်ဳိး အကြက္ေရႊ႕သြားဦးမလဲဆုိတာကို ေစာင့္ၾကည့္ႏုိင္ဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.
UNICODE: အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောင်းချလိုနေတဲ့ တိုက်စစ်အတွက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဟားမက်စ် ရိုဒရီဂက်ဇ်နဲ့ တောင်ပံတိုက်စစ်မှူး ဂါရက်သ် ဘေးလ်တို့နှစ်ယောက်စလုံးကို အတွဲလိုက် အလိုရှိနေတယ်လို့ သိရပါတယ်။
အီရန်သူဌေး ဖာဟက် မိုရှီရီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးသုံးစွဲနိုင်နေတဲ့ အဲဗာတန်အသင်းရဲ့ အနာဂတ်မှာ ဥရောပအဆင့်ကို တက်လှမ်းနိုင်ဖို့ ရည်မှန်းချက်အတွက် အန်ဆယ်လော့တီလို ထိပ်တန်းနည်းပြတစ်ဦးကို ခေါ်ယူလိုက်ခြင်းကလည်း သက်သေတစ်ရပ်ပြီး လက်ရှိမှာတော့ ကစားသမားအရည်အသွေးကို တိုးမြှင့်သွားဖို့ စီစဉ်နေတာပါ။
ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဟားမက်စ်နဲ့ ဘေးလ်တို့ နှစ်ဦးစလုံးကို ရောင်းချလိုနေပြီး သူတို့ဟာ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ အသင်းကို အသစ်ပြန်လည်တည်ဆောက်မှုမှာ မပါဝင်သူတွေလို့ သတ်မှတ်ထားတဲ့အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင်တော့ အဲဗာတန်ဆီ ကျေးဇူးတင်စွာပဲ ရောင်းချနိုင်တာလည်းဖြစ်ပါတယ်။
မက်ဒရစ်သားတွေနဲ့ လာလီဂါဖလားကလွဲလို့ ကျန်တဲ့ ဖလားတွေကို သိမ်းပိုက်နိုင်ခဲ့စဉ်က ပထမရာသီမှာ အန်ဆယ်လော့တီဟာ ဘေးလ်ကို ခေါ်ယူခဲ့တာဖြစ်ပြီး ဒုတိယရာသီမှာတော့ ဟားမက်စ်ကို ခေါ်ယူခဲ့တာဖြစ်သလို လာလီဂါဖလားကို မဆွတ်ခူးနိုင်ခဲ့လို့သာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီနှစ်ယောက်ထဲကတော့ ကိုလံဘီယာသားကို ခေါ်ယူဖို့ ပိုမိုလွယ်ကူနိုင်ပြီး ပရီးမီးယားလိဂ်ကို လာကစားချင်အောင် စည်းရုံးဖို့ တစ်ခုတည်းသာ အဓိကျနေပေမယ့် ဘေးလ်အတွက်ကတော့ ၿဗိတိန္စံခ်ိန္တင္လုပ်ခငွေ ဖြစ်သွားနိုင်တဲ့ တစ်ပတ်ကို ပေါင် ၆ သိန်းအနည်းဆုံး တောင်းခံလာနိုင်မှုကိုတော့ မိုရှီရီရဲ့ ငွေကြေးတွေနဲ့ ထောက်ကူပေးနိုင်ဖို့ ခက်ခဲမှာကြောင့် ဘယ်လိုမျိုး အကွက်ရွှေ့သွားဦးမလဲဆိုတာကို စောင့်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.