Premier League Transfer News

4 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဘာစီလိုနာညာနောက်ခံလူ ဆာဂျင်ညို ဒက်စ်ကိုလည်း ခေါ်ယူနိုင်ဖို့ အီမာဆန် ရွိုင်ရယ်လ် ပြန်ရောက် လာခဲ့တဲ့ အနေအထားကို စောင့်ကြည့်နေပြီး အသက် ၂၀ အရွယ် အမေရိကန်သားကို အငှားနဲ့ဖြစ်ဖြစ် ခေါ်ယူနိုင်ဖို့ လိုလားနေ။

– အသင်းရဲ့ လူငယ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်အနေနဲ့ ဂရိကလပ် အိုလံပီယာကော့စ်တို့ အငှားနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို အာဆင်နယ်ပရိသတ်တွေကတော့ အပြုသဘော မြင်နေကြပြီး ဂျိုယယ်လ် ကမ်းဘဲလ်တုန်းကလိုမျိုး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေကြ။

– ရှော်လ်ကာအသင်းက မခေါ်ယူနိုင်တော့ဘူးလို့ ကြေငြာလိုက်တဲ့ ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို ဝယ်လက်တွေ့တဲ့အထိ စောင့်ဆိုင်းမနေဘဲ မူစတာဖီ၊ ဆိုကရာတစ်၊ အိုဇေးလ်တို့လိုမျိုးပဲ စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ ရှင်းထုတ်ဖို့ အာဆင်နယ်ပရိသတ်တွေ ဆန္ဒပြုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ အိုင်းယက်စ်အသင်းရဲ့ ညာနောက်ခံလူ နူဆဲရ် မာဇရာဝီကို ခေါ်ယူဖို့ ပေါင် ၉ သန်းတည်းနဲ့ ရရှိနိုင်မယ်လို့ သိရပြီး အမ်စတာဒမ်မှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ မော်ရိုကိုလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်နိုင်မယ်လို့ ယူဆနေကြ။

– ကွင်းလယ်ဖန်တီးရှင်အဖြစ်ရော အဖျက်မှာပါ ကစားနိုင်တဲ့ အန်ဒါလက်ချ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါကို အာဆင်နယ်တို့ ခေါ်ယူဖို့ အဆင်ပြေနိုင်ပြီး ဒါနီ စီဘာယော့စ်နဲ့ ချာကာတို့ရဲ့ နေရာမှာ တိုက်ရိုက်အစားထိုးမှု ပြုလုပ်နိုင်သလို ကစားသမားဘက်ကလည်း ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေ။

– နော့ဝစ်ချ်စီးတီးကွင်းလယ်လူ အီမီလီယာနို ဘွန်ဒီယာကို အာဆင်နယ်တို့ ပေါင်သန်း ၃၀ + ခံစားခွင့်တချို့နဲ့ ထည့်သွင်းကမ်းလှမ်းလိုက်ပြီလို့ သိရပြီး ဒါဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မာတင် အော်ဒီဂွါဒ်ကို မရနိုင်တော့လို့ အာဂျင်တီးနားသားဘက်ကို ပြောင်းလဲအာရုံစိုက်ခဲ့တာဖြစ်တယ်လို့ ဆိုနေကြ။

– အက်စတန်ဗီလာအသင်းကလည်း စိတ်ဝင်စားနေတဲ့ ဘွန်ဒီယာကို မခေါ်ယူဘဲ ဘာမင်ဂမ်အခြေစိုက်အသင်းဆီ ပေးလိုက်ဖို့နဲ့ ပေါင်ဆယ်သန်း ထပ်လိုက်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင် အင်္ဂလန်လက်ရွေးစင် ဂျက်ခ် ဂရီးလစ်ရှ်ကို ကြိုးစားဖို့ အာဆင်နယ် ပရိသတ်တွေက တွစ်တာမှာ ဝိုင်းဝန်းအကြံပေးနေကြ။

– အာဆင်နယ်အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်ဟာ ရီးရဲလ်ဘက်တစ်ပရိသတ်တစ်ဦးလည်း ဖြစ်တယ်လို့ မီဒီယာတွေက ထုတ်ဖော်ခဲ့ကြပြီး ဆီဗီးလ်အခြေစိုက်ကလပ်ကို အငှား+အပြီးသတ်ခေါ်ယူမှုနဲ့ ပြောင်းရွှေ့ဖို့ ဂန်းနားတွေ ဘက်က ပေါင် ၂၂ သန်း အလိုရှိနေ။

– ရိုးမားကွင်းလယ်လူ အာမာဒူ ဒီယာဝါရာရဲ့ အေးဂျင့်အနေနဲ့ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာနဲ့ ကစားသမားချင်း လဲလှယ်မှုနဲ့ အမ်းမရိတ်ကို ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေတယ်လို့ အီတလီမီဒီယာတွေက ယူဆနေကြပြီး ဂီနီကွင်းလယ်လူရဲ့ အေးဂျင့်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း သူ့ကစားသမားရဲ့ ဒီအသင်းအပေါ် စိတ်ဝင်စားမှုကို ထုတ်ဖော်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဘာစီလိုနာညာေနာက္ခံလူ ဆာဂ်င္ညိဳ ဒက္စ္ကိုလည္း ေခၚယူႏိုင္ဖို႔ အီမာဆန္ ႐ြိဳင္ရယ္လ္ ျပန္ေရာက္ လာခဲ့တဲ့ အေနအထားကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၀ အ႐ြယ္ အေမရိကန္သားကို အငွားနဲ႔ျဖစ္ျဖစ္ ေခၚယူႏိုင္ဖို႔ လိုလားေန။

– အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္အေနနဲ႔ ဂရိကလပ္ အိုလံပီယာေကာ့စ္တို႔ အငွားနဲ႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြကို အာဆင္နယ္ပရိသတ္ေတြကေတာ့ အျပဳသေဘာ ျမင္ေနၾကၿပီး ဂ်ိဳယယ္လ္ ကမ္းဘဲလ္တုန္းကလိုမ်ိဳး ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾက။

– ေရွာ္လ္ကာအသင္းက မေခၚယူႏိုင္ေတာ့ဘူးလို႔ ေၾကျငာလိုက္တဲ့ ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို ဝယ္လက္ေတြ႕တဲ့အထိ ေစာင့္ဆိုင္းမေနဘဲ မူစတာဖီ၊ ဆိုကရာတစ္၊ အိုေဇးလ္တို႔လိုမ်ိဳးပဲ စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းကေန ရွင္းထုတ္ဖို႔ အာဆင္နယ္ပရိသတ္ေတြ ဆႏၵျပဳေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ အိုင္းယက္စ္အသင္းရဲ႕ ညာေနာက္ခံလူ ႏူဆဲရ္ မာဇရာဝီကို ေခၚယူဖို႔ ေပါင္ ၉ သန္းတည္းနဲ႔ ရရွိႏိုင္မယ္လို႔ သိရၿပီး အမ္စတာဒမ္မွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ေမာ္႐ိုကိုလက္ေ႐ြးစင္ဟာ ပရီးမီးယားလိဂ္နဲ႔ အံဝင္ႏိုင္မယ္လို႔ ယူဆေနၾက။

– ကြင္းလယ္ဖန္တီးရွင္အျဖစ္ေရာ အဖ်က္မွာပါ ကစားႏိုင္တဲ့ အန္ဒါလက္ခ်္ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါကို အာဆင္နယ္တို႔ ေခၚယူဖို႔ အဆင္ေျပႏိုင္ၿပီး ဒါနီ စီဘာေယာ့စ္နဲ႔ ခ်ာကာတို႔ရဲ႕ ေနရာမွာ တိုက္႐ိုက္အစားထိုးမႈ ျပဳလုပ္ႏိုင္သလို ကစားသမားဘက္ကလည္း ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေန။

– ေနာ့ဝစ္ခ်္စီးတီးကြင္းလယ္လူ အီမီလီယာႏို ဘြန္ဒီယာကို အာဆင္နယ္တို႔ ေပါင္သန္း ၃၀ + ခံစားခြင့္တခ်ိဳ႕နဲ႔ ထည့္သြင္းကမ္းလွမ္းလိုက္ၿပီလို႔ သိရၿပီး ဒါဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ မာတင္ ေအာ္ဒီဂြါဒ္ကို မရႏိုင္ေတာ့လို႔ အာဂ်င္တီးနားသားဘက္ကို ေျပာင္းလဲအာ႐ုံစိုက္ခဲ့တာျဖစ္တယ္လို႔ ဆိုေနၾက။

– အက္စတန္ဗီလာအသင္းကလည္း စိတ္ဝင္စားေနတဲ့ ဘြန္ဒီယာကို မေခၚယူဘဲ ဘာမင္ဂမ္အေျခစိုက္အသင္းဆီ ေပးလိုက္ဖို႔နဲ႔ ေပါင္ဆယ္သန္း ထပ္လိုက္ၿပီး သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ အဂၤလန္လက္ေ႐ြးစင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ႀကိဳးစားဖို႔ အာဆင္နယ္ ပရိသတ္ေတြက တြစ္တာမွာ ဝိုင္းဝန္းအႀကံေပးေနၾက။

– အာဆင္နယ္အသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္ဟာ ရီးရဲလ္ဘက္တစ္ပရိသတ္တစ္ဦးလည္း ျဖစ္တယ္လို႔ မီဒီယာေတြက ထုတ္ေဖာ္ခဲ့ၾကၿပီး ဆီဗီးလ္အေျခစိုက္ကလပ္ကို အငွား+အၿပီးသတ္ေခၚယူမႈနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ဂန္းနားေတြ ဘက္က ေပါင္ ၂၂ သန္း အလိုရွိေန။

– ႐ိုးမားကြင္းလယ္လူ အာမာဒူ ဒီယာဝါရာရဲ႕ ေအးဂ်င့္အေနနဲ႔ အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာနဲ႔ ကစားသမားခ်င္း လဲလွယ္မႈနဲ႔ အမ္းမရိတ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ အီတလီမီဒီယာေတြက ယူဆေနၾကၿပီး ဂီနီကြင္းလယ္လူရဲ႕ ေအးဂ်င့္အေနနဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီကလည္း သူ႔ကစားသမားရဲ႕ ဒီအသင္းအေပၚ စိတ္ဝင္စားမႈကို ထုတ္ေဖာ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.