Premier League Transfer News

3 Jun နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေခဲ့တဲ့ လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကိုလည်း ချိတ်ဆက်နေခဲ့ပြီး ဂျာမန်ကလပ်ဘက်ကတော့ ပရီးမီးယားလိဂ်မှာ ရယ်စရာပြောင်းရွှေ့ကြေး ပမာဏတစ်ခုဖြစ်နေတဲ့ ပေါင် ၇၂ သန်းလို့ တုံ့ပြန်ထား။

– ဆန်စီရိုမှာ အေစီမီလန်အသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၄၂၀၀၀ သာ ရရှိနေခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် တူရကီ ပလေးမိတ်ကာ ဟာကန် ချယ်လ်ဟာနိုးလူးအတွက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မြင့်မားတဲ့ လစာငွေ၊ ငါးနှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ တာဝန်တွေကို ခွဲဝေပေးဖို့ စီစဉ်နေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် အင်္ဂလန်လက်ရွေးစင် ဂျက်ခ် ဂရီးလစ်ရှ်ကို ယူရို ၂၀၂၁ ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်မယ်လို့ အသင်း ခေါင်းဆောင်ဟောင်း ရွိုင်းကီးန်က တစ်ပေးလိုက်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရနိုင်တဲ့ အက်စတန်ဗီလာအသင်းခေါင်းဆောင်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်သွား။

– အင်္ဂလန်လက်ရွေးစင်အသင်းမှာ အာရွန် ဝန်ဘစ်ဆာကာကို ဖယ်ထုတ်ပြီး ညာနောက်ခံလူတစ်နေရာကို ရယူနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာတော့ ပြောင်းပြန်ဖြစ်ဖွယ်ရှိနေတဲ့ အခြေအနေမျိုးမှာ အိုးလ်ထရက်ဖို့ဒ်ကို လာရောက်ဖို့ အစီအစဉ် မရှိသေးကြောင်း လာလီဂါချန်ပီယံ အက်သလက်တီကိုညာနောက်ခံလူ ကီရန် ထရစ်ပီယာက တုံ့ပြန်သွားခဲ့။

– နယ်သာလန်လက်ရွေးစင်နဲ့ တော့တင်ဟမ်ဟော့စပါးစ်ကစားသမားဟောင်း ရာဖေးလ် ဗန်ဒါဗတ်က ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ခဲ့သင့်ကြောင်းနဲ့ သူ့အတွက် မသင့်လျော်တဲ့ ခြေလှမ်းမျိုးကို အဆင့်ကျော်ပြီး လှမ်းခဲ့တာ ဖြစ်လို့ ဒီနွေမှာ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့အသင်းမျိုးဆီ ထွက်ခွာဖို့ တိုက်တွန်းသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အာဆင်နယ်အသင်းက အလိုရှိနေခဲ့တဲ့ တူရကီညာနောက်ခံလူ ဇီကီ ချယ်လိခ်ကို ခေါ်ယူဖို့ ပြင်သစ်လီဂူးဝမ်းချန်ပီယံ လိုင်လီအသင်းဆီ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ အခြေအနေမှာ ဥရောပ ဝင်ခွင့်မရှိတဲ့ ပြိုင်ဘက်ဟောင်းကို နောက်ကောက်ချနိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်ဖို့ သတင်းထွက်နေခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လမ်းကြောင်းကို ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာတဲ့ ကာလို အန်ဆယ်လော့တီက တိမ်းစောင်းအောင် ကြံစည်နေပြီး ၃၆ နှစ်သား အတွက် တူရင်ကလပ်နဲ့ ဆွေးနွေးဖို့ စီစဉ်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာလာနိုင်တဲ့ နောက်ခံလူနှစ်ဦးကြားမှာ ယူနိုက်တက်တို့အတွက် ရွေးချယ်ရခက်ခဲဖွယ်ရှိနေပြီး အလွတ်ပြောင်းရွှေ့ကြေး၊ မြင့်မားတဲ့ ထိပ်တန်းလစာငွေနဲ့ ခေါ်ယူရမယ့် အသက် ၃၆ နှစ်အရွယ် ဆာဂျီယို ရာမို့စ်နဲ့ ငယ်ရွယ်သေးပြီး လစာငွေနည်းပေမယ့် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ကျော် ပေးချေရမယ့် ရာဖေး ဗာရွန်းတို့ကြား ခေါင်းစားရဖွယ်ရှိနေ။

– ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ဆုံးရှုံးခံဖို့ အသင့်ပြင်ထားခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံရော အထောင်မှာပါ ကစားနိုင်တဲ့ နယ်သာလန်တိုက်စစ်မှူး ဒွန်ယဲလ် မာလင်ကို ခေါ်ယူဖို့ ချဉ်းကပ် ဆွေးနွေးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပေနခဲ့တဲ့ ေလဗာကူဆင္ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကိုလည္း ခ်ိတ္ဆက္ေနခဲ့ၿပီး ဂ်ာမန္ကလပ္ဘက္ကေတာ့ ပရီးမီးယားလိဂ္မွာ ရယ္စရာေျပာင္းေ႐ႊ႕ေၾကး ပမာဏတစ္ခုျဖစ္ေနတဲ့ ေပါင္ ၇၂ သန္းလို႔ တုံ႔ျပန္ထား။

– ဆန္စီ႐ိုမွာ ေအစီမီလန္အသင္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၄၂၀၀၀ သာ ရရွိေနခဲ့ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာေတာ့မယ့္ တူရကီ ပေလးမိတ္ကာ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ျမင့္မားတဲ့ လစာေငြ၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တာဝန္ေတြကို ခြဲေဝေပးဖို႔ စီစဥ္ေန။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပစ္မွတ္ အဂၤလန္လက္ေ႐ြးစင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ယူ႐ို ၂၀၂၁ ၿပိဳင္ပြဲမွာ ေျခစြမ္းျပႏိုင္မယ္လို႔ အသင္း ေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္က တစ္ေပးလိုက္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ရႏိုင္တဲ့ အက္စတန္ဗီလာအသင္းေခါင္းေဆာင္ကို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္သြား။

– အဂၤလန္လက္ေ႐ြးစင္အသင္းမွာ အာ႐ြန္ ဝန္ဘစ္ဆာကာကို ဖယ္ထုတ္ၿပီး ညာေနာက္ခံလူတစ္ေနရာကို ရယူႏိုင္ခဲ့ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္မွာေတာ့ ေျပာင္းျပန္ျဖစ္ဖြယ္ရွိေနတဲ့ အေျခအေနမ်ိဳးမွာ အိုးလ္ထရက္ဖို႔ဒ္ကို လာေရာက္ဖို႔ အစီအစဥ္ မရွိေသးေၾကာင္း လာလီဂါခ်န္ပီယံ အက္သလက္တီကိုညာေနာက္ခံလူ ကီရန္ ထရစ္ပီယာက တုံ႔ျပန္သြားခဲ့။

– နယ္သာလန္လက္ေ႐ြးစင္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကစားသမားေဟာင္း ရာေဖးလ္ ဗန္ဒါဗတ္က ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို မေျပာင္းေ႐ႊ႕ခဲ့သင့္ေၾကာင္းနဲ႔ သူ႔အတြက္ မသင့္ေလ်ာ္တဲ့ ေျခလွမ္းမ်ိဳးကို အဆင့္ေက်ာ္ၿပီး လွမ္းခဲ့တာ ျဖစ္လို႔ ဒီေႏြမွာ အဆင့္အတန္းနဲ႔ ကိုက္ညီတဲ့အသင္းမ်ိဳးဆီ ထြက္ခြာဖို႔ တိုက္တြန္းသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ အာဆင္နယ္အသင္းက အလိုရွိေနခဲ့တဲ့ တူရကီညာေနာက္ခံလူ ဇီကီ ခ်ယ္လိခ္ကို ေခၚယူဖို႔ ျပင္သစ္လီဂူးဝမ္းခ်န္ပီယံ လိုင္လီအသင္းဆီ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနၿပီး ခ်န္ပီယံလိဂ္ကစားခြင့္ရထားတဲ့ အေျခအေနမွာ ဥေရာပ ဝင္ခြင့္မရွိတဲ့ ၿပိဳင္ဘက္ေဟာင္းကို ေနာက္ေကာက္ခ်ႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းကို ျပန္ဖို႔ သတင္းထြက္ေနခဲ့တဲ့ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လမ္းေၾကာင္းကို ရီးရဲလ္မက္ဒရစ္နည္းျပသစ္ျဖစ္လာတဲ့ ကာလို အန္ဆယ္ေလာ့တီက တိမ္းေစာင္းေအာင္ ႀကံစည္ေနၿပီး ၃၆ ႏွစ္သား အတြက္ တူရင္ကလပ္နဲ႔ ေဆြးေႏြးဖို႔ စီစဥ္ေန။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ထြက္ခြာလာႏိုင္တဲ့ ေနာက္ခံလူႏွစ္ဦးၾကားမွာ ယူႏိုက္တက္တို႔အတြက္ ေ႐ြးခ်ယ္ရခက္ခဲဖြယ္ရွိေနၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကး၊ ျမင့္မားတဲ့ ထိပ္တန္းလစာေငြနဲ႔ ေခၚယူရမယ့္ အသက္ ၃၆ ႏွစ္အ႐ြယ္ ဆာဂ်ီယို ရာမို႔စ္နဲ႔ ငယ္႐ြယ္ေသးၿပီး လစာေငြနည္းေပမယ့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၅၀ ေက်ာ္ ေပးေခ်ရမယ့္ ရာေဖး ဗာ႐ြန္းတို႔ၾကား ေခါင္းစားရဖြယ္ရွိေန။

– ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳကို ဆုံးရႈံးခံဖို႔ အသင့္ျပင္ထားခဲ့ၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းရဲ႕ ေတာင္ပံေရာ အေထာင္မွာပါ ကစားႏိုင္တဲ့ နယ္သာလန္တိုက္စစ္မႉး ဒြန္ယဲလ္ မာလင္ကို ေခၚယူဖို႔ ခ်ဥ္းကပ္ ေဆြးေႏြးေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.