Premier League Transfer News

3 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပြီး တခြားအသင်းတွေထက် ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့တဲ့ အစ္စရေးတောင်ပံကစားသမား မေနာ ဆော်လမွန်ဟာ ပရီးမီးယားလိဂ်မှာ နောက်ထပ် အလက်ဆစ် ဆန်ချက်ဇ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ အေးဂျင့်ဖြစ်သူက ပွဲထုတ်စကားပြောကြားသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ အင်္ကျီကို အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဝတ်ပြီး ပွဲထွက်ကစားခွင့်ရနေတာကို ကြည်နူးမိတယ်လို့ ပြောခဲ့ဖူးတဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးရဲ့ စာချုပ်သစ် မချုပ်နိုင်သေးတဲ့ အခြေအနေကို အက်စတန်ဗီလာအသင်းက စောင့်ကြည့်နေပြီး ပရိသတ်တွေ စိုးရိမ်စရာဖြစ်လာ။

– အမ်းမရိတ်မှာ ရာသီဝက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်နဲ့ တခြားကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒါနီ စီဘာယော့စ်တို့အတွက် ဘာနေဗျူးမှာ နေရာရှိနိုင်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြသစ် ကာလို အန်ဆယ်လော့တီက ပြောကြားလိုက်ပြီး နော်ဝေသားကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းအတွက်တော့ ငိုရမလား ရယ်ရမလားမသိဖြစ်လာ။

– ၂၀၂၂ ဖေဖော်ဝါရီအထိ တစ်နှစ်ပွဲပယ်ခံထားရတဲ့ အန်ဒရီ အိုနာနာအတွက် အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ထက် စည်းရုံးနိုင်မှုတွေက ရှေ့ရောက်နေပြီး ပွဲပယ်ကိစ္စကို ဖြေလျှော့ပေးတာနဲ့တစ်ပြိုင်နက် ခေါ်ယူသွားနိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နော့ဝစ်ချ်အသင်းရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူဖို့ နွေရာသီမှာပဲ အရှိန်မြှင့်သွားနိုင်ပြီး တခြားပစ်မှတ်တွေရဲ့ အခြေအနေအပေါ် မူတည်ပြီး အနှေးနဲ့အမြန် ခေါ်ယူသွားနိုင်လိမ့်မယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ခန့်မှန်း။

– လူငယ်နည်းပြ ဗင်းဆင့် ကွန်ပနီရဲ့ လက်အောက်မှာ ထွန်းတောက်လာခဲ့ပြီး အမ်းမရိတ်နဲ့ ချိတ်ဆက်နေခဲ့တဲ့ အန်ဒါလက်ချ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါဟာ ယာယာ တိုရေးလို ကစားသမားမျိုးဖြစ်ပြီး ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားထက် ပိုကောင်းမှာဖြစ်လို့ သူ့အတွက် အာဆင်နယ် ပရိသတ်တွေ စိတ်လှုပ်ရှားနေကြ။

– Talk Sport ရဲ့ ဂျေမီ အိုဟာရာနဲ့ ဂါဘရီယယ်လ် အဘွန်လဟော်တို့ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ စီနီယာကစားသမားတွေ ဖြစ်ကြတဲ့ ရာဟင်းမ် စတာလင်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကို သတိပေးလိုက်ပြီး သူတို့အနေနဲ့ ခြေစွမ်းမပြနိုင်ရင် အာဆင်နယ်ရဲ့ ဘူကာယို ဆာကာဆီ နေရာပျောက်သွားလိမ့်မယ်လို့ ဆိုနေကြ။

– ဩစတြီးယားနဲ့ ခြေစမ်းပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာက အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ သူ့ရဲ့ ပထမဆုံးသွင်းဂိုးဟာ ကစားသမားဘဝမှာ အမြင့်မားဆုံးနဲ့ ဂုဏ်အယူရဆုံး အခိုက်အတန့်တစ်ခု ဖြစ်ကြောင်း ဆိုသွားခဲ့။

– လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းကို ပြောင်းရွှေ့ဖို့ အသံထွက်နေတဲ့ ဟက်တာ ဘယ်လာရင်ရဲ့ နေရာအတွက် အာဆင်နယ် အသင်းအနေနဲ့ သူတို့နဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေခဲ့တဲ့ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ တူရကီညာနောက်ခံလူ ဇီကီ ချီလိခ်ကို အလိုရှိနေပြီး လီဂူးဝမ်းချန်ပီယံအနေနဲ့ ယူရို ၁၅ သန်း ရရှိရင် ရောင်းထုတ်သွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:





– အာဆင်နယ်အသင်းအနေနဲ့ နော့ဝစ်ခ်ျအသင်းရဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူဖို့ နွေရာသီမှာပဲ အရှိန်မြှင့်သွားနိုင်ပြီး တခြားပစ်မှတ်တွေရဲ့ အခြေအနေအပေါ် မူတည်ပြီး အနှေးနဲ့အမြန် ခေါ်ယူသွားနိုင်လိမ့်မယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ခန့်မှန်း။

– လူငယ်နည်းပြ ဗင်းဆင့် ကွန်ပနီရဲ့ လက်အောက်မှာ ထွန်းတောက်လာခဲ့ပြီး အမ်းမရိတ်နဲ့ ချိတ်ဆက်နေခဲ့တဲ့ အန်ဒါလက်ခ်ျကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါဟာ ယာယာ တိုရေးလို ကစားသမားမျိုးဖြစ်ပြီး ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားထက် ပိုကောင်းမှာဖြစ်လို့ သူ့အတွက် အာဆင်နယ် ပရိသတ်တွေ စိတ်လှုပ်ရှားနေကြ။




REF: INTERNET SOURCES
SPORTS A2Z.