International Premier League

ချဲလ်ဆီးရဲ့ ကွန်တေကို ရထားထက် ပိုမြန်အောင် ပြေးခိုင်းလိုက်တဲ့ ပြင်သစ်နည်းပြ ဒေးရွှမ့်စ်

ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဖလားကို ရယူရာမှာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ပြင်သစ် လက်ရွေးစင်အသင်းနည်းပြ ဒီဒီယေး ဒေးရွှမ့်စ်က အသင်းကို အရောက်နောက်ကျနေတာကြောင့် ရထားထက် ပိုမြန်အောင် ပြေးသင့်တယ်လို့ အရွှန်းဖောက် နောက်ပြောင်လိုက်ပါတယ်။

အနောက်လန်ဒန်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ခဲ့တာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပြင်သစ်အသင်းရဲ့ လူစာရင်းကို ကွန်တေအပြင် တခြားအသင်းဖော်နှစ်ဦးဖြစ်တဲ့ အိုလီဗီးယေး ဂျီရူနဲ့ ကတ်ဇူးမားတို့ဟာ နောက်ကျမှ ပူးပေါင်းခဲ့ကြသလို ပြီးခဲ့တဲ့ ဝေးလ်စ်နဲ့ပွဲအတွက် ပွဲနေ့လူစာရင်းကနေလည်း အနားပေးခံထားခဲ့ကြရတာပါ။

ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းကို သူ့ကိုယ်လုံးကိုယ်ထည်နဲ့လိုက်တဲ့ မီနီကူးပါးS ကားလေးနဲ့ လာရောက်တတ်ပြီး နှိမ့်နှိမ့်ချချနေတတ်တဲ့ ကွန်တေဟာ ပြင်သစ်အသင်းရဲ့ စခန်းသွင်းလေ့ကျင့်ရာ ကလဲရ် ဖွန်တိန် ထရိန်နင်စင်တာကိုတော့ ရထားစီးသွားခဲ့ရပြီး ချိန်းဆိုထားတဲ့ အချိန်ထက် နောက်ကျခဲ့ချိန်မှာ နည်းပြရဲ့ ဆူပူမှုအစား နွေးထွေးတဲ့ နောက်ပြောင်မှုနဲ့ပဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒေးရွှမ့်စ်က “အန်ဂိုလို၊ မင်းဘာဖြစ်လို့ နောက်ကျနေတာလဲ”လို့ မေးချိန်မှာ အသက် ၃၀ အရွယ် ကွင်းလယ်လူက “ဆောရီးပါ၊ ရထားက နောက်ကျနေလို့ပါ”လို့ တောင်းပန်ခဲ့ပြီး ဒါကို နည်းပြက “နောက်ကျရင် ကိုယ့်ဘာသာကိုယ် ပြေးပေါ့ကွ၊ မင်းက ရထားထက် မြန်တာပဲ”လို့ သတင်းပို့ချိန် အင်္ဂါနေ့မှာ အရွှန်းဖောက်ခဲ့တာဖြစ်ပါတယ်။

ဒီနေရာမှာ လက်ရွေးစင်နည်းပြရဲ့ ကစားသမားတွေကို ကိုင်တွယ်တတ်ပုံနဲ့ ပိုကြိုးစားချင်အောင် စိတ်ဓာတ်မြှင့်ပေးလိုက်ပုံကို တွေ့ခဲ့ရသလို နည်းပြအဖွဲ့ဝင်သုံးဦးရဲ့ ရင်းနှီးနွေးထွေးတဲ့ ကြိုဆိုနှုတ်ဆက်မှုက ပြင်သစ်အသင်းအတွက်တော့ ယူရိုပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ယူနိုင်မယ့် အားသာချက်လို့လည်း မြင်နိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်လူ ကွန်တေနဲ့ အရန်ကစားသမားနှစ်ဦးဖြစ်တဲ့ ဇူးမား၊ ဂျီရူးတို့ကို သူတို့ရဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ပြင်သစ်အသင်းဖော်တွေဖြစ်ကြတဲ့ ကာရင်မ် ဘန်ဇီးမား၊ ပရက်စနဲလ် ကင်ပမ်ဘီ၊ အွန်ထွာ ဂရီးဇ်မန်းနဲ့ ဘင်ဂျမင် ပါဗတ်တို့ကလည်း ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီး သူတို့အသင်းဟာ ယူရိုမှာတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေခဲ့ပါတယ်။

နည်းပြ ဒေးရွှမ့်စ်ကတော့ ကွန်တေကို အဓိကထား ချီးကျူးသွားခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်နေသလို အခွင့်အရေးများစွာ ရှာဖွေပေးနိုင်တဲ့ ကွင်းလယ်လူဟာ သွင်းဂိုးနဲ့ ဖန်တီးမှုတွေ အများကြီး မလုပ်နိုင်ပေမယ့် အကျိုးပြုမှုတွေအရ ဒီနှစ်မှာ ပေးအပ်မယ့် ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်တယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ ခ်န္ပီယံလိဂ္ဖလားကို ရယူရာမွာ အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္ခဲ့တဲ့ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ျပင္သစ္ လက္ေ႐ြးစင္အသင္းနည္းျပ ဒီဒီေယး ေဒး႐ႊမ့္စ္က အသင္းကို အေရာက္ေနာက္က်ေနတာေၾကာင့္ ရထားထက္ ပိုျမန္ေအာင္ ေျပးသင့္တယ္လို႔ အ႐ႊန္းေဖာက္ ေနာက္ေျပာင္လိုက္ပါတယ္။

အေနာက္လန္ဒန္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပါဝင္ခဲ့တာေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ ျပင္သစ္အသင္းရဲ႕ လူစာရင္းကို ကြန္ေတအျပင္ တျခားအသင္းေဖာ္ႏွစ္ဦးျဖစ္တဲ့ အိုလီဗီးေယး ဂ်ီ႐ူနဲ႔ ကတ္ဇူးမားတို႔ဟာ ေနာက္က်မွ ပူးေပါင္းခဲ့ၾကသလို ၿပီးခဲ့တဲ့ ေဝးလ္စ္နဲ႔ပြဲအတြက္ ပြဲေန႔လူစာရင္းကေနလည္း အနားေပးခံထားခဲ့ၾကရတာပါ။

ေကာ့ဘ္ဟမ္ေလ့က်င့္ေရးကြင္းကို သူ႔ကိုယ္လုံးကိုယ္ထည္နဲ႔လိုက္တဲ့ မီနီကူးပါးS ကားေလးနဲ႔ လာေရာက္တတ္ၿပီး ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္တဲ့ ကြန္ေတဟာ ျပင္သစ္အသင္းရဲ႕ စခန္းသြင္းေလ့က်င့္ရာ ကလဲရ္ ဖြန္တိန္ ထရိန္နင္စင္တာကိုေတာ့ ရထားစီးသြားခဲ့ရၿပီး ခ်ိန္းဆိုထားတဲ့ အခ်ိန္ထက္ ေနာက္က်ခဲ့ခ်ိန္မွာ နည္းျပရဲ႕ ဆူပူမႈအစား ေႏြးေထြးတဲ့ ေနာက္ေျပာင္မႈနဲ႔ပဲ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ေဒး႐ႊမ့္စ္က “အန္ဂိုလို၊ မင္းဘာျဖစ္လို႔ ေနာက္က်ေနတာလဲ”လို႔ ေမးခ်ိန္မွာ အသက္ ၃၀ အ႐ြယ္ ကြင္းလယ္လူက “ေဆာရီးပါ၊ ရထားက ေနာက္က်ေနလို႔ပါ”လို႔ ေတာင္းပန္ခဲ့ၿပီး ဒါကို နည္းျပက “ေနာက္က်ရင္ ကိုယ့္ဘာသာကိုယ္ ေျပးေပါ့ကြ၊ မင္းက ရထားထက္ ျမန္တာပဲ”လို႔ သတင္းပို႔ခ်ိန္ အဂၤါေန႔မွာ အ႐ႊန္းေဖာက္ခဲ့တာျဖစ္ပါတယ္။

ဒီေနရာမွာ လက္ေ႐ြးစင္နည္းျပရဲ႕ ကစားသမားေတြကို ကိုင္တြယ္တတ္ပုံနဲ႔ ပိုႀကိဳးစားခ်င္ေအာင္ စိတ္ဓာတ္ျမႇင့္ေပးလိုက္ပုံကို ေတြ႕ခဲ့ရသလို နည္းျပအဖြဲ႕ဝင္သုံးဦးရဲ႕ ရင္းႏွီးေႏြးေထြးတဲ့ ႀကိဳဆိုႏႈတ္ဆက္မႈက ျပင္သစ္အသင္းအတြက္ေတာ့ ယူ႐ိုၿပိဳင္ပြဲမွာ ရလဒ္ေကာင္းေတြ ယူႏိုင္မယ့္ အားသာခ်က္လို႔လည္း ျမင္ႏိုင္မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ အဓိကကြင္းလယ္လူ ကြန္ေတနဲ႔ အရန္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဇူးမား၊ ဂ်ီ႐ူးတို႔ကို သူတို႔ရဲ႕ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္မႈအတြက္ ျပင္သစ္အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ကာရင္မ္ ဘန္ဇီးမား၊ ပရက္စနဲလ္ ကင္ပမ္ဘီ၊ အြန္ထြာ ဂရီးဇ္မန္းနဲ႔ ဘင္ဂ်မင္ ပါဗတ္တို႔ကလည္း ဝိုင္းဝန္းဂုဏ္ျပဳခဲ့ၾကၿပီး သူတို႔အသင္းဟာ ယူ႐ိုမွာေတာ့ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးလည္း ျဖစ္ေနခဲ့ပါတယ္။

နည္းျပ ေဒး႐ႊမ့္စ္ကေတာ့ ကြန္ေတကို အဓိကထား ခ်ီးက်ဴးသြားခဲ့ၿပီး အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ေနသလို အခြင့္အေရးမ်ားစြာ ရွာေဖြေပးႏိုင္တဲ့ ကြင္းလယ္လူဟာ သြင္းဂိုးနဲ႔ ဖန္တီးမႈေတြ အမ်ားႀကီး မလုပ္ႏိုင္ေပမယ့္ အက်ိဳးျပဳမႈေတြအရ ဒီႏွစ္မွာ ေပးအပ္မယ့္ ဘယ္လြန္ေဒါဆုနဲ႔ ထိုက္တန္တယ္လို႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.