Premier League Transfer News

31 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်နောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ဆက်လက်အသုံးပြုဖို့ စိတ်မဝင်စားတော့ချိန်မှာ အသင်းကနေ အရောင်း သို့မဟုတ် အငှားနဲ့ ရှင်းထုတ်ဖွယ်ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ ပေါင် ၃၄၃ သန်း လျော်ကြေးစာချုပ်ရှင် ဆာဂျီညို ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အင်္ဂလန်နောက်ခံလူတွေဖြစ်တဲ့ ရော့ဘ် ဟိုးလ်ဒင်းနဲ့ ကယ်လမ် ချိမ်းဘားစ်တို့ဟာ အသင်းဖော်တွေအပေါ် အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှုရှိသူတွေဖြစ်တယ်လို့ ဘယ်နောက်ခံလူ ကီရန် တီယာနီက ထုတ်ဖော်သွားခဲ့။

– ဝီလီယမ် ဆာလီဘာကို ဆက်တိုက်အငှားချနေခဲ့ပြီး ဒီရာသီမှာလည်း ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းဆီ ချိတ်ဆက် နေတယ်လို့ အသံထွက်နေချိန်မှာ ပရိသတ်တွေကတော့ ပေါက်ကွဲခဲ့ကြပြီး အီဒူးနဲ့ အာတီတာဟာ ကိုယ့်အလုပ်ကိုယ် အသုံးမကျဘဲ ရူးနေကြတာလားလို့ မေးခွန်းထုတ်။

– အာတီတာနဲ့ ဆက်ဆံရေး မပြေလည်တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအနေနဲ့ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ငါးနှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့ပြီလို့ သိရပြီး ပြင်သစ်သားအတွက် အာဆင်နယ်အသင်းအနေနဲ့ ပေါင် ၁၃ သန်းသာ အများဆုံး ရနိုင်မယ်လို့ ခန့်မှန်းနေကြ။

– လက်စတာအသင်းရဲ့ အငှားနဲ့ ခေါ်ယူထားပြီး အပြီးသတ် ခေါ်ယူဖို့ မရှိတော့တဲ့ တောင်ပံကစားသမား ဆန်ဂျစ် အွန်ဒါကို ရိုးမားအသင်းအနေနဲ့ အာဆင်နယ်ရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို ရရှိဖို့ မျှားစာအဖြစ် အသုံးချဖွယ်ရှိနေပြီး ပေါင်သန်းအနည်းငယ်နဲ့ ထပ်ဆောင်း ကမ်းလှမ်းနိုင်ခြေရှိနေ။

– အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းနဲ့ လာမယ့်နွေရာသီမှာ အနာဂတ် မရှိတော့တဲ့ ကစားသမားသုံးဦးကို ရွေးထုတ်လိုက်ပြီး ချာကာ၊ ဂန်ဒူဇီနဲ့ လူးကပ်စ် တော်ရဲရားတို့ကို အပြီးသတ် ရှင်းထုတ်လိမ့်မယ်လို့ဆို။

– လေဗာကူဆင်အသင်းမှာ တောက်ပလာခဲ့ပြီး အသက်အရွယ်အရ ဈေးနှုန်းကိုလည်း မြင့်မြင့်မားမား တောင်းဆိုဖွယ်ရှိနေလို့ ငွေသုံးနိုင်တဲ့ အသင်းကြီးတွေကတောင် လက်ရှောင်နေတဲ့ တက်ပ်ဆိုဘာကို အာဆင်နယ်တို့ စိတ်ဝင်စားတာကတော့ ဆာလီဘာရဲ့ အားကိုးနဲ့လားလို့ မေးစရာဖြစ်နေပြီး ပေါင်သန်း ၅၀ လောက် ကျသင့်နိုင်တဲ့အပြင် Brexit ကြောင့် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရဦးမယ့် နောက်ခံလူကို ခေါ်ယူဖို့ ခက်ခဲဖွယ်ရှိနေ။

– ချန်ပီယံရှစ် တန်းတက် Play-off Final မှာ ဆွမ်းဆီးအသင်း ရှုံးနိမ့်သွားခဲ့တာကတော့ အာဆင်နယ်အသင်းအတွက် သတင်းကောင်း ဖြစ်နေပြီး သူတို့ရဲ့ ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းကို နယူးကာဆယ်လ်ကလည်း နေရာပေးဖွယ်မရှိသေးချိန်မှာ ဒုတိယဂိုးသမားနေရာအတွက် လွယ်လွယ်ကူကူ ခေါ်ယူနိုင်ဖွယ်ရှိလာ။

– အာဆင်နယ်ပိုင်ရှင် ခရိုယန်ကီသားအဖ၊ နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက်တော့ ပရိသတ်တွေရဲ့ အမျက်ဒေါသတွေကို ပိုမိုခံစားခွင့်ရှိနေပြီး လိုချင်တယ်လို့ သတင်းထွက်နေတာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ နော့ဝစ်ချ်ကွင်းလယ်လူ အီမီ ဘွင်ဒီယာကို အက်စ်တန်ဗီလာအသင်းက လက်သွက်သွက်နဲ့ စတင်ချဉ်းကပ်ဆွေးနွေးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဝါရင့္ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို ဆက္လက္အသုံးျပဳဖို႔ စိတ္မဝင္စားေတာ့ခ်ိန္မွာ အသင္းကေန အေရာင္း သို႔မဟုတ္ အငွားနဲ႔ ရွင္းထုတ္ဖြယ္ရွိေနၿပီး ဘာစီလိုနာအသင္းရဲ႕ ေပါင္ ၃၄၃ သန္း ေလ်ာ္ေၾကးစာခ်ဳပ္ရွင္ ဆာဂ်ီညိဳ ဒက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းရဲ႕ အဝတ္လဲခန္းထဲမွာ အဂၤလန္ေနာက္ခံလူေတြျဖစ္တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းနဲ႔ ကယ္လမ္ ခ်ိမ္းဘားစ္တို႔ဟာ အသင္းေဖာ္ေတြအေပၚ အျပဳသေဘာေဆာင္တဲ့ လႊမ္းမိုးမႈရွိသူေတြျဖစ္တယ္လို႔ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီက ထုတ္ေဖာ္သြားခဲ့။

– ဝီလီယမ္ ဆာလီဘာကို ဆက္တိုက္အငွားခ်ေနခဲ့ၿပီး ဒီရာသီမွာလည္း ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္အသင္းဆီ ခ်ိတ္ဆက္ ေနတယ္လို႔ အသံထြက္ေနခ်ိန္မွာ ပရိသတ္ေတြကေတာ့ ေပါက္ကြဲခဲ့ၾကၿပီး အီဒူးနဲ႔ အာတီတာဟာ ကိုယ့္အလုပ္ကိုယ္ အသုံးမက်ဘဲ ႐ူးေနၾကတာလားလို႔ ေမးခြန္းထုတ္။

– အာတီတာနဲ႔ ဆက္ဆံေရး မေျပလည္တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအေနနဲ႔ မာေဆးလ္အသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ငါးႏွစ္စာခ်ဳပ္နဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီခဲ့ၿပီလို႔ သိရၿပီး ျပင္သစ္သားအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ ၁၃ သန္းသာ အမ်ားဆုံး ရႏိုင္မယ္လို႔ ခန႔္မွန္းေနၾက။

– လက္စတာအသင္းရဲ႕ အငွားနဲ႔ ေခၚယူထားၿပီး အၿပီးသတ္ ေခၚယူဖို႔ မရွိေတာ့တဲ့ ေတာင္ပံကစားသမား ဆန္ဂ်စ္ အြန္ဒါကို ႐ိုးမားအသင္းအေနနဲ႔ အာဆင္နယ္ရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ရရွိဖို႔ မွ်ားစာအျဖစ္ အသုံးခ်ဖြယ္ရွိေနၿပီး ေပါင္သန္းအနည္းငယ္နဲ႔ ထပ္ေဆာင္း ကမ္းလွမ္းႏိုင္ေျခရွိေန။

– အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္အသင္းနဲ႔ လာမယ့္ေႏြရာသီမွာ အနာဂတ္ မရွိေတာ့တဲ့ ကစားသမားသုံးဦးကို ေ႐ြးထုတ္လိုက္ၿပီး ခ်ာကာ၊ ဂန္ဒူဇီနဲ႔ လူးကပ္စ္ ေတာ္ရဲရားတို႔ကို အၿပီးသတ္ ရွင္းထုတ္လိမ့္မယ္လို႔ဆို။

– ေလဗာကူဆင္အသင္းမွာ ေတာက္ပလာခဲ့ၿပီး အသက္အ႐ြယ္အရ ေဈးႏႈန္းကိုလည္း ျမင့္ျမင့္မားမား ေတာင္းဆိုဖြယ္ရွိေနလို႔ ေငြသုံးႏိုင္တဲ့ အသင္းႀကီးေတြကေတာင္ လက္ေရွာင္ေနတဲ့ တက္ပ္ဆိုဘာကို အာဆင္နယ္တို႔ စိတ္ဝင္စားတာကေတာ့ ဆာလီဘာရဲ႕ အားကိုးနဲ႔လားလို႔ ေမးစရာျဖစ္ေနၿပီး ေပါင္သန္း ၅၀ ေလာက္ က်သင့္ႏိုင္တဲ့အျပင္ Brexit ေၾကာင့္ ႏိုင္ငံျခားသားအျဖစ္ မွတ္ပုံတင္ရဦးမယ့္ ေနာက္ခံလူကို ေခၚယူဖို႔ ခက္ခဲဖြယ္ရွိေန။

– ခ်န္ပီယံရွစ္ တန္းတက္ Play-off Final မွာ ဆြမ္းဆီးအသင္း ရႈံးနိမ့္သြားခဲ့တာကေတာ့ အာဆင္နယ္အသင္းအတြက္ သတင္းေကာင္း ျဖစ္ေနၿပီး သူတို႔ရဲ႕ ဂိုးသမား ဖရက္ဒီ ဝုဒ္မန္းကို နယူးကာဆယ္လ္ကလည္း ေနရာေပးဖြယ္မရွိေသးခ်ိန္မွာ ဒုတိယဂိုးသမားေနရာအတြက္ လြယ္လြယ္ကူကူ ေခၚယူႏိုင္ဖြယ္ရွိလာ။

– အာဆင္နယ္ပိုင္ရွင္ ခ႐ိုယန္ကီသားအဖ၊ နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အတြက္ေတာ့ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသေတြကို ပိုမိုခံစားခြင့္ရွိေနၿပီး လိုခ်င္တယ္လို႔ သတင္းထြက္ေနတာ တစ္ႏွစ္ေက်ာ္ၿပီျဖစ္တဲ့ ေနာ့ဝစ္ခ်္ကြင္းလယ္လူ အီမီ ဘြင္ဒီယာကို အက္စ္တန္ဗီလာအသင္းက လက္သြက္သြက္နဲ႔ စတင္ခ်ဥ္းကပ္ေဆြးေႏြးေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.