Premier League UCL&UEL

ဝါရင့်ကစားသမားတွေနဲ့ ကျွမ်းကျင်သူတွေ ပေးမယ့် ဘယ်လွန်ဒေါပိုင်ရှင်က ကြန္ေတလား

ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို အနိုင်ကစားခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အန်ဂိုလို ကွန်တေဟာ ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားလည်း ဖြစ်ခဲ့သလို မက်ဆီ၊ ရော်နယ်လ်ဒိုနှစ်ဦးရဲ့ ကြီးစိုးမှုကို ရိုက်ချိူးမယ့် သူ့ရဲ့ ဘလွန်ဒေါစင်မြင့်ခရီးကို ပရိသတ်တွေက မျှော်လင့်နေကြပါပြီ။

လက်ရှိကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားတဲ့ ပြင်သစ်သားဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မြက်ခင်းစိမ်းအပေါ် တလက်မတောင်မချန် အပြေးအလွှားနဲ့ မရပ်မနား ကစားနေခဲ့တာဖြစ်ပြီး အရပ် ၅ ပေ ၆ လက်မသာရှိတဲ့ ကွန်တေဟာ ကွင်းထဲမှာ အရပ်အပုဆုံးကစားသမားအ​ဖြစ် အမြင့်ဘောဖျက်ထုတ်မှု ၇ ကြိမ်အထိ အောင်မြင်ခဲ့တာက ဘယ်သူမှလိုက်မမီခဲ့ပါဘူး။

ဒါ့အပြင် သူက ဘောလုံးဖျက်ထုတ်မှု ၃ ​ကြိမ်ပြုလုပ်ခဲ့တယ်။ ၃ ကြိမ်စလုံးအောင်မြင်ခဲ့တယ်။ ပြိုင်ဘက်ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှုတိကျမှု ၈၁.၈ ရာခိုင်နှုန်းအထိ စွမ်းဆောင်နိုင်ခဲ့တယ်။ ဘောလုံးပြန်လည်လုယူနိုင်မှုက ၁၀ ကြိမ်အောင်မြင်ခဲ့ပါသေးတယ်။

ဒါကို တိုက်စစ်မှူးဂျရူးက “သူက ဘောလုံးကို အကြိမ် ၅၀ လောက် လုနိုင်ခဲ့တယ်လို့တောင် ထင်ရတယ်ဗျာ။ သူက အဲ့လောက်ထိ ကြီးမားတဲ့စွမ်းဆောင်မှုကို ပြခဲ့တာပါ။ သူ့အစွမ်းက အံ့မခန်းပါ။ မန်စီးတီးကို ထိချက်နာစေခဲ့တယ်။ တကွင်းလုံးနေရာအနှံ့ ​ပြေးလွှားနေခဲ့တယ်”

“နေရာလွတ်တွေကို ဝင်ဖြည့်တယ်။ ဘောလုံးတွေကို တရစပ်လုတယ်။ သူပါဝင်နေတဲ့အချိန်မှာ ခင်ဗျားအသင်းက လူ ၁၂ ယောက်နဲ့ ကစားနေသလိုပါပဲ”လို့ ပွဲအပြီးအောင်ပွဲခံမှုမှာ ထုတ်ပြောယူခဲ့ရပြီး ကွန်တေရဲ့ တကွင်းလုံးကို လွှမ်းမိုးနိုင်စွမ်းက မန်စီးတီးလို လူအင်အားအတောင့်တင်းဆုံးအသင်းကိုတောင် ဘယ်လောက်ထိ သက်ရောက်မှုကြီးမားစေခဲ့တာဆိုတာကို ချီးကျူးသွားခဲ့တယ်။

“ပွဲမကစားခင်ကတော့ ကျွန်တော်တို့အားလုံး မန်စီးတီးလို့ပဲ ယုံကြည်ထားခဲ့ကြတယ်။ ဒါပေမယ့် ပိုကောင်းတဲ့အသင်းက ချယ်လ်ဆီးဖြစ်နေတယ်ဆိုတာကို ခင်ဗျားတို့မျက်မြင်ပါပဲ။ မန်စီးတီးကို ဖြိုလှဲခဲ့တာ ကွန်တေပါ။ သူ့ရဲ့ ပရီးမီးယားလိဂ်တာထွက်ရာသီမှာပဲ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားမျိုးဖြစ်တယ်”

“နောက်ရာသီမှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံထပ်ဖြစ်လာတယ်။ အဲဲဒါပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်တယ်။ FA ဖလားချန်ပီယံဖြစ်တယ်။ ယူရိုပါလိဂ်ချန်ပီယံဖြစ်တယ်။ အခု ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပြီ။ သူအနားယူသွားတဲ့အချိန်မှာ ပရီးမီးယားလိဂ်ရဲ့ မှော်အဝင်ဆုံး ကွင်းလယ်လူတယောက်အဖြစ် မော်ကွန်းတင်ခံရဦးမှာပါ”

ဒါက လီဗာပူးလ်လူဟောင်း ကာရေဂါ ပြောခဲ့တဲ့စကားပါ။ ရှက်တတ်တဲ့ ကြွက်ကလေးဟာ ချန်ပီယံလိဂ်ဆုဖလားကို နမ်းရှုံ့ဖို့တောင် မဝံ့မရဲဖြစ်နေတဲ့နောက်မှာတော့ သူ့ရဲ့နှိမ့်ချတတ်မှုကို ဘလွန်းဒေါစင်မြင့်မှာပါ မြင်တွေ့လိုနေကြတာဖြစ်ပြီး မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ လက်ဝါးကြီးအုပ်ထားတဲ့ ဒီဆုဟာ ကွန်တေနဲ့ အထိုက်တန်ဆုံးဖြစ်ခဲ့ပြီလို့ အဆိုပြုခံထားရပါတယ်။

၂၀၁၉ ခုနှစ်မှာ မက်ဆီနောက်ဆုံးဆွတ်ခူးထားတဲ့ ဘလွန်ဒေါဆုနဲ့ ထိုက်တန်နေပြီလားဆိုတဲ့ မေးခွန်းကိုတော့ ကွန်တေက “အာ…မဟုတ်တာဗျာ။ အခုချိန်မှာ ချန်ပီယံလိဂ်ဖလားကို အောင်ပွဲခံနေပါတယ်။ ပြီးရင် ယူရိုပြိုင်ပွဲလာပါတော့မယ်။ ပြင်သစ်အသင်းနဲ့ ပူးပေါင်းပါမယ်။ ကျွန်တော်တို့ ယူရိုဖလားကိုပါ အရယူချင်ပါတယ်”လို့ နှိမ့်ချစွာပဲ ဖြေကြားသွားခဲ့ပြီး ကာကာနဲ့ မိုဒရစ်တို့ကသာ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို နောက်ကောက်ချခဲ့ဖူးတဲ့ ဘလွန်ဒေါဆုကို ကွန်တေက ထပ်ပြီးလုပ်ပြနိုင်မယ်လို့ ယုံကြည်မှုအပြည့်အဝရရှိထားကြတာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္စီးတီးကို အႏိုင္ကစားခဲ့ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ အန္ဂိုလို ကြန္ေတဟာ ဗိုလ္လုပြဲရဲ႕ အေကာင္းဆုံးကစားသမားလည္း ျဖစ္ခဲ့သလို မက္ဆီ၊ ေရာ္နယ္လ္ဒိုႏွစ္ဦးရဲ႕ ႀကီးစိုးမႈကို ႐ိုက္ခ်ိဴးမယ့္ သူ႔ရဲ႕ ဘလြန္ေဒါစင္ျမင့္ခရီးကို ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါၿပီ။

လက္ရွိကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားတဲ့ ျပင္သစ္သားဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ျမက္ခင္းစိမ္းအေပၚ တလက္မေတာင္မခ်န္ အေျပးအလႊားနဲ႔ မရပ္မနား ကစားေနခဲ့တာျဖစ္ၿပီး အရပ္ ၅ ေပ ၆ လက္မသာရွိတဲ့ ကြန္ေတဟာ ကြင္းထဲမွာ အရပ္အပုဆုံးကစားသမားအ​ျဖစ္ အျမင့္ေဘာဖ်က္ထုတ္မႈ ၇ ႀကိမ္အထိ ေအာင္ျမင္ခဲ့တာက ဘယ္သူမွလိုက္မမီခဲ့ပါဘူး။

ဒါ့အျပင္ သူက ေဘာလုံးဖ်က္ထုတ္မႈ ၃ ​ႀကိမ္ျပဳလုပ္ခဲ့တယ္။ ၃ ႀကိမ္စလုံးေအာင္ျမင္ခဲ့တယ္။ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းမွာ ေဘာလုံးေပးပို႔မႈတိက်မႈ ၈၁.၈ ရာခိုင္ႏႈန္းအထိ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ ေဘာလုံးျပန္လည္လုယူႏိုင္မႈက ၁၀ ႀကိမ္ေအာင္ျမင္ခဲ့ပါေသးတယ္။

ဒါကို တိုက္စစ္မႉးဂ်႐ူးက “သူက ေဘာလုံးကို အႀကိမ္ ၅၀ ေလာက္ လုႏိုင္ခဲ့တယ္လို႔ေတာင္ ထင္ရတယ္ဗ်ာ။ သူက အဲ့ေလာက္ထိ ႀကီးမားတဲ့စြမ္းေဆာင္မႈကို ျပခဲ့တာပါ။ သူ႔အစြမ္းက အံ့မခန္းပါ။ မန္စီးတီးကို ထိခ်က္နာေစခဲ့တယ္။ တကြင္းလုံးေနရာအႏွံ႔ ​ေျပးလႊားေနခဲ့တယ္”

“ေနရာလြတ္ေတြကို ဝင္ျဖည့္တယ္။ ေဘာလုံးေတြကို တရစပ္လုတယ္။ သူပါဝင္ေနတဲ့အခ်ိန္မွာ ခင္ဗ်ားအသင္းက လူ ၁၂ ေယာက္နဲ႔ ကစားေနသလိုပါပဲ”လို႔ ပြဲအၿပီးေအာင္ပြဲခံမႈမွာ ထုတ္ေျပာယူခဲ့ရၿပီး ကြန္ေတရဲ႕ တကြင္းလုံးကို လႊမ္းမိုးႏိုင္စြမ္းက မန္စီးတီးလို လူအင္အားအေတာင့္တင္းဆုံးအသင္းကိုေတာင္ ဘယ္ေလာက္ထိ သက္ေရာက္မႈႀကီးမားေစခဲ့တာဆိုတာကို ခ်ီးက်ဴးသြားခဲ့တယ္။

“ပြဲမကစားခင္ကေတာ့ ကြၽန္ေတာ္တို႔အားလုံး မန္စီးတီးလို႔ပဲ ယုံၾကည္ထားခဲ့ၾကတယ္။ ဒါေပမယ့္ ပိုေကာင္းတဲ့အသင္းက ခ်ယ္လ္ဆီးျဖစ္ေနတယ္ဆိုတာကို ခင္ဗ်ားတို႔မ်က္ျမင္ပါပဲ။ မန္စီးတီးကို ၿဖိဳလွဲခဲ့တာ ကြန္ေတပါ။ သူ႔ရဲ႕ ပရီးမီးယားလိဂ္တာထြက္ရာသီမွာပဲ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကစားသမားမ်ိဳးျဖစ္တယ္”

“ေနာက္ရာသီမွာ ခ်ယ္လ္ဆီးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံထပ္ျဖစ္လာတယ္။ အဲဲဒါၿပီး ကမာၻ႔ဖလားခ်န္ပီယံျဖစ္တယ္။ FA ဖလားခ်န္ပီယံျဖစ္တယ္။ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္တယ္။ အခု ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့ၿပီ။ သူအနားယူသြားတဲ့အခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕ ေမွာ္အဝင္ဆုံး ကြင္းလယ္လူတေယာက္အျဖစ္ ေမာ္ကြန္းတင္ခံရဦးမွာပါ”

ဒါက လီဗာပူးလ္လူေဟာင္း ကာေရဂါ ေျပာခဲ့တဲ့စကားပါ။ ရွက္တတ္တဲ့ ႂကြက္ကေလးဟာ ခ်န္ပီယံလိဂ္ဆုဖလားကို နမ္းရႈံ႕ဖို႔ေတာင္ မဝံ့မရဲျဖစ္ေနတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ႏွိမ့္ခ်တတ္မႈကို ဘလြန္းေဒါစင္ျမင့္မွာပါ ျမင္ေတြ႕လိုေနၾကတာျဖစ္ၿပီး မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ လက္ဝါးႀကီးအုပ္ထားတဲ့ ဒီဆုဟာ ကြန္ေတနဲ႔ အထိုက္တန္ဆုံးျဖစ္ခဲ့ၿပီလို႔ အဆိုျပဳခံထားရပါတယ္။

၂၀၁၉ ခုႏွစ္မွာ မက္ဆီေနာက္ဆုံးဆြတ္ခူးထားတဲ့ ဘလြန္ေဒါဆုနဲ႔ ထိုက္တန္ေနၿပီလားဆိုတဲ့ ေမးခြန္းကိုေတာ့ ကြန္ေတက “အာ…မဟုတ္တာဗ်ာ။ အခုခ်ိန္မွာ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ပြဲခံေနပါတယ္။ ၿပီးရင္ ယူ႐ိုၿပိဳင္ပြဲလာပါေတာ့မယ္။ ျပင္သစ္အသင္းနဲ႔ ပူးေပါင္းပါမယ္။ ကြၽန္ေတာ္တို႔ ယူ႐ိုဖလားကိုပါ အရယူခ်င္ပါတယ္”လို႔ ႏွိမ့္ခ်စြာပဲ ေျဖၾကားသြားခဲ့ၿပီး ကာကာနဲ႔ မိုဒရစ္တို႔ကသာ မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔ကို ေနာက္ေကာက္ခ်ခဲ့ဖူးတဲ့ ဘလြန္ေဒါဆုကို ကြန္ေတက ထပ္ၿပီးလုပ္ျပႏိုင္မယ္လို႔ ယုံၾကည္မႈအျပည့္အဝရရွိထားၾကတာလည္းျဖစ္တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.