Premier League Transfer News

ဆာလားဆက်ရှိရင် ဖိအားပေးမှာဖြစ်ပြီး ပြောင်းရွှေ့ရင် အစားထိုးမယ့် လီဗာပူးလ်ရဲ့အကြံ

လီဗာပူးလ်ဟာ အသင်းရဲ့ အဓိကတိုက်စစ်မှုး မိုဆာလားကို ဒီနွေမှာ စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပြီး တဖက်မှာတော့ အသက် ၂၈ နှစ်သားကို တွန်းအားပေးဖို့အတွက် တိုက်စစ်မှူးသစ် ၂ ဦးကို ခေါ်ယူသွားဖို့ စိုင်းပြင်းနေကြောင်း သိရပါတယ်။

ကိုနာတေကို ဝယ်ယူနိုင်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားရော ဥရောပချန်ပီယံလိဂ်ဖလားပါမချန် သိမ်းပိုက်ဖို့ ကြိုးစားသွားတော့မယ့် လီဗာပူးလ်ရဲ့ ဒီရာသီရဲ့ ဒဏ်ရာအဟောင်းအမြင်းတွေကို အသစ်ကနေပြန်လည်စတင်မှုနဲ့ အနာဂတ်စီမံကိန်းအတွက် ငွေကြေးလက်မတွန့်ဖို့ အခုလို စီမံလာခြင်းဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးလ်ရဲ့ပစ်မှတ်စာရင်းမှာ အမ်ဘာပေကို သေချာပေါက် ချိန်ထိုးထားသလို သူ့ကို ခေါ်လို့ မရခဲ့ရင်ရောဆိုတဲဲ့ မေးခွန်းတွေအတွက် မိုဆာလားကို တွန်းအားပေးမယ့် တိုက်စစ်မှူးအသစ် ၂ ဦးက အဝယ်စာရင်းထဲမှာ တိုးလာခဲ့တာဖြစ်ပြီး လူစာရင်းကို အတောင့်တင့်ဆုံးတည်ဆောက်ဖို့ ​ရည်ရွယ်ချက်ရှိရှိ ​ကြံစည်နေတာပါ။

ဒီစာရင်းထဲမှာတော့ အမ်ဘာပေအပြီး လီဗာပူးလ်က ခြေလှမ်းလှမ်းမယ့် နံပါတ်တစ်ဦးစားပေးက လိဒ်စ်တောင်ပံတိုက်စစ်မှူး ရာဖင်ညာဖြစ်ပြီး အဖြူရောင်တွေအတွက် ဒီရာသီမှာ မြူးကြလွန်းခဲ့တဲ့ သူ့ရဲ့ခြေစွမ်းဟာ အန်ဖီးလ်ရဲ့အနာဂတ်အတွက် မက်လောက်စရာရှိနေတယ်လို့ ယူဆခံထားရပါတယ်။

သတင်းတွေအရ သူ့ကို လီဗာပူးလ်အသင်းနဲ့အပြိုင်လိုက်ဖို့ အားထုတ်နေတာက မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး ဘရာဇီးလ်သားကတော့ သူ့ရဲ့ နိုင်ငံတူအသင်းဖော်တွေရှိတဲ့ အန်းဖီးလ်ဆီကိုသာ ပြောင်းရွှေ့ကစားချင်ကြောင်း အခုလိုတင်ကြိုပြောထားခဲ့ဖူးတာပါ။

“လီဗာပူးလ်မှာဆိုရင် ကျွန်တော်တို့ တောင်အမေရိက ဘရာဇီးလ်က အယ်လစ်ဆွန် ဘက်ခါရှိတယ်။ ဖာဘင်ညိုရှိတယ်။ ဖာမီနိုရှိတယ်။ ကျွန်တော့်နောင်တော်တွေနဲ့ အတူတွဲကစားချင်ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်ကို ရောက်လာတော့ မက်ဆေ့ချ်ပို့ပြီး အရင်ဦးဆုံးကြိုဆိုခဲ့တာ ဖာမီနိုပါ”လို့ အသက် ၂၂ နှစ်သားက သူ့ရဲ့အန်ဖီးလ်ဆန္ဒကို အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုနဲ့ တေ့လွဲလွဲခဲ့တဲ့ မိုဆာလားရဲ့နေရာနဲ့ သွင်းဂိုးတွေကို အစားထိုးနိုင်မယ်လို့ အယုံကြည်ခံထားရတာက RB ဆဲဲလ်ဘတ်တိုက်စစ်မှူး ပတ်ဆန် ဒါကာဖြစ်ပြီး သြစတြီးယားချန်ပီယံအသင်းအတွက် ၃၄ ဂိုးသွင်းခဲ့တဲ့ သူ့ရဲ့ဂိုးသွင်းအားက ဟာလန်းရဲ့ခြေရာကို နင်းမယ်လို့ အမျှော်လင့်ကြီးမျှော်လင့်ခံထားရပါတယ်။

ဇမ်ဘီယာသားဟာ ပရီးမီးယားလိဂ်ကို ထူးထူးခြားခြားရောက်ရှိလာဖို့ လီဗာပူးလ်ကင်းထောက်တွေရဲ့ စိတ်ဝင်စားမှုတွေတင်မက ယူနိုက်တက်၊ မန်စီးတီး၊ အာဆင်နယ်အသင်းတွေကပါ အားပြိုင်နေကြတာဖြစ်ပြီး အန်ဖီးလ်တာဝန်ရှိသူတွေက လက်ဦးမှုရယူဖို့ အပူတပြင်းဆောင်ရွက်နေကြပါတယ်။

ရာဖင်ညာနဲ့ ဒါကာတို့ဟာ လာလီဂါဘီလူးကြီးတွေဆီ ပြောင်းရွှေ့လိုနေတဲ့ အီဂျစ်ဖာရိုးရဲ နေရာကို ကောင်းကောင်းအစားထိုးနိုင်မယ်လို့ အသင်းတွေတာဝန်ရှိသူတွေထံ နားပေါက်ပြီးတဲ့​နောက်မှာတော့ ဒီ ၂ ဦးစလုံးရဲ့ အပြောင်းအရွှေ့ဟာ မိုဆာလား လီဗာပူးလ်အသင်းမှာ ဆက်ရှိနေခဲ့ရင်တောင်မှ မဖြစ်မနေ အကောင်အထည်ဖော်လာမယ့် ကလော့ပ်ရဲ့ ဒုတိယနဲ့ တတိယမြောက် အပြောင်းအရွှေ့တွေအဖြစ် မြန်ဆန်စွာ ဖြစ်ပေါ်လာဖွယ်ရှိနေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ အသင္းရဲ႕ အဓိကတိုက္စစ္မႈး မိုဆာလားကို ဒီေႏြမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္မယ္လို႔ ယုံၾကည္ေနေၾကာင္း သိရၿပီး တဖက္မွာေတာ့ အသက္ ၂၈ ႏွစ္သားကို တြန္းအားေပးဖို႔အတြက္ တိုက္စစ္မႉးသစ္ ၂ ဦးကို ေခၚယူသြားဖို႔ စိုင္းျပင္းေနေၾကာင္း သိရပါတယ္။

ကိုနာေတကို ဝယ္ယူႏိုင္ခဲ့ၿပီးေနာက္ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလားေရာ ဥေရာပခ်န္ပီယံလိဂ္ဖလားပါမခ်န္ သိမ္းပိုက္ဖို႔ ႀကိဳးစားသြားေတာ့မယ့္ လီဗာပူးလ္ရဲ႕ ဒီရာသီရဲ႕ ဒဏ္ရာအေဟာင္းအျမင္းေတြကို အသစ္ကေနျပန္လည္စတင္မႈနဲ႔ အနာဂတ္စီမံကိန္းအတြက္ ေငြေၾကးလက္မတြန္႔ဖို႔ အခုလို စီမံလာျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လီဗာပူးလ္ရဲ႕ပစ္မွတ္စာရင္းမွာ အမ္ဘာေပကို ေသခ်ာေပါက္ ခ်ိန္ထိုးထားသလို သူ႔ကို ေခၚလို႔ မရခဲ့ရင္ေရာဆိုတဲဲ့ ေမးခြန္းေတြအတြက္ မိုဆာလားကို တြန္းအားေပးမယ့္ တိုက္စစ္မႉးအသစ္ ၂ ဦးက အဝယ္စာရင္းထဲမွာ တိုးလာခဲ့တာျဖစ္ၿပီး လူစာရင္းကို အေတာင့္တင့္ဆုံးတည္ေဆာက္ဖို႔ ​ရည္႐ြယ္ခ်က္ရွိရွိ ​ႀကံစည္ေနတာပါ။

ဒီစာရင္းထဲမွာေတာ့ အမ္ဘာေပအၿပီး လီဗာပူးလ္က ေျခလွမ္းလွမ္းမယ့္ နံပါတ္တစ္ဦးစားေပးက လိဒ္စ္ေတာင္ပံတိုက္စစ္မႉး ရာဖင္ညာျဖစ္ၿပီး အျဖဴေရာင္ေတြအတြက္ ဒီရာသီမွာ ျမဴးၾကလြန္းခဲ့တဲ့ သူ႔ရဲ႕ေျခစြမ္းဟာ အန္ဖီးလ္ရဲ႕အနာဂတ္အတြက္ မက္ေလာက္စရာရွိေနတယ္လို႔ ယူဆခံထားရပါတယ္။

သတင္းေတြအရ သူ႔ကို လီဗာပူးလ္အသင္းနဲ႔အၿပိဳင္လိုက္ဖို႔ အားထုတ္ေနတာက မန္ခ်က္စတာယူႏိုက္တက္အသင္းျဖစ္ၿပီး ဘရာဇီးလ္သားကေတာ့ သူ႔ရဲ႕ ႏိုင္ငံတူအသင္းေဖာ္ေတြရွိတဲ့ အန္းဖီးလ္ဆီကိုသာ ေျပာင္းေ႐ႊ႕ကစားခ်င္ေၾကာင္း အခုလိုတင္ႀကိဳေျပာထားခဲ့ဖူးတာပါ။

“လီဗာပူးလ္မွာဆိုရင္ ကြၽန္ေတာ္တို႔ ေတာင္အေမရိက ဘရာဇီးလ္က အယ္လစ္ဆြန္ ဘက္ခါရွိတယ္။ ဖာဘင္ညိဳရွိတယ္။ ဖာမီႏိုရွိတယ္။ ကြၽန္ေတာ့္ေနာင္ေတာ္ေတြနဲ႔ အတူတြဲကစားခ်င္ပါတယ္။ ကြၽန္ေတာ္ ပရီးမီးယားလိဂ္ကို ေရာက္လာေတာ့ မက္ေဆ့ခ်္ပို႔ၿပီး အရင္ဦးဆုံးႀကိဳဆိုခဲ့တာ ဖာမီႏိုပါ”လို႔ အသက္ ၂၂ ႏွစ္သားက သူ႔ရဲ႕အန္ဖီးလ္ဆႏၵကို အရိပ္အႁမြက္ေျပာၾကားခဲ့ဖူးပါတယ္။

ဒီႏွစ္ ပရီးမီးယားလိဂ္မွာ ၂၂ ဂိုးသြင္းယူၿပီး ေ႐ႊဖိနပ္ဆုနဲ႔ ေတ့လြဲလြဲခဲ့တဲ့ မိုဆာလားရဲ႕ေနရာနဲ႔ သြင္းဂိုးေတြကို အစားထိုးႏိုင္မယ္လို႔ အယုံၾကည္ခံထားရတာက RB ဆဲဲလ္ဘတ္တိုက္စစ္မႉး ပတ္ဆန္ ဒါကာျဖစ္ၿပီး ၾသစႀတီးယားခ်န္ပီယံအသင္းအတြက္ ၃၄ ဂိုးသြင္းခဲ့တဲ့ သူ႔ရဲ႕ဂိုးသြင္းအားက ဟာလန္းရဲ႕ေျခရာကို နင္းမယ္လို႔ အေမွ်ာ္လင့္ႀကီးေမွ်ာ္လင့္ခံထားရပါတယ္။

ဇမ္ဘီယာသားဟာ ပရီးမီးယားလိဂ္ကို ထူးထူးျခားျခားေရာက္ရွိလာဖို႔ လီဗာပူးလ္ကင္းေထာက္ေတြရဲ႕ စိတ္ဝင္စားမႈေတြတင္မက ယူႏိုက္တက္၊ မန္စီးတီး၊ အာဆင္နယ္အသင္းေတြကပါ အားၿပိဳင္ေနၾကတာျဖစ္ၿပီး အန္ဖီးလ္တာဝန္ရွိသူေတြက လက္ဦးမႈရယူဖို႔ အပူတျပင္းေဆာင္႐ြက္ေနၾကပါတယ္။

ရာဖင္ညာနဲ႔ ဒါကာတို႔ဟာ လာလီဂါဘီလူးႀကီးေတြဆီ ေျပာင္းေ႐ႊ႕လိုေနတဲ့ အီဂ်စ္ဖာ႐ိုးရဲ ေနရာကို ေကာင္းေကာင္းအစားထိုးႏိုင္မယ္လို႔ အသင္းေတြတာဝန္ရွိသူေတြထံ နားေပါက္ၿပီးတဲ့​ေနာက္မွာေတာ့ ဒီ ၂ ဦးစလုံးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ မိုဆာလား လီဗာပူးလ္အသင္းမွာ ဆက္ရွိေနခဲ့ရင္ေတာင္မွ မျဖစ္မေန အေကာင္အထည္ေဖာ္လာမယ့္ ကေလာ့ပ္ရဲ႕ ဒုတိယနဲ႔ တတိယေျမာက္ အေျပာင္းအေ႐ႊ႕ေတြအျဖစ္ ျမန္ဆန္စြာ ျဖစ္ေပၚလာဖြယ္ရွိေနေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.