Analysis Premier League

ဒီဘရိုင်းနား၊ ဖိုဒန်၊ ဆာလားတို့ လွဲပြီး ချာကာ ပါဝင်ခဲ့တဲ့ ပရီးမီးယားလိဂ်အကောင်းဆုံး ၁၁ ဦး

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးဆုတွေကို အားကစားသတင်းဌာနတွေက တစ်မျိုးတစ်ဖုံစီ ရွေးချယ်နေကြချိန်မှာ ဥရောပရဲ့ ကစားသမားတန်ကြေး သတ်မှတ်မှုတွေနဲ့ လူသိများတဲ့ CIES Football Observatory က ချပြလိုက်တဲ့ သူတို့ရဲ့ အကောင်းဆုံး ၁၁ ယောက်တော့ ပရိသတ်တွေကို Shock ရသွားအောင် တတ်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

CIES ကတော့ ဒီအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးကစားသမား ၅ ဦးနဲ့ အခြေခံခဲ့ပြီး ဒီအသင်းအတွက် မယုံနိုင်စရာ အဖြစ်ရဆုံးကတော့ ဒီ ၅ ဦးထဲမှာ ကွင်းလယ်စတားတွေဖြစ်ကြတဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ ဖီးလ် ဖိုဒန်နဲ့ မပါဝင်ခဲ့တာဖြစ်သလို Opta က စုဆောင်းခဲ့တဲ့ အသင်းအတွက် အကျိုးပြုမှုနှုန်း အများဆုံးသူတွေကို ထည့်သွင်းထားတယ်လို့လည်း ဆိုခဲ့ပါတယ်။

Clean Sheet ၁၉ ပွဲနဲ့ ရွှေလက်အိတ်ဆုရှင် ဂိုးသမား အီဒါဆန် ပါဝင်လာတာကတော့ ဘာမှ ထူးခြားမှု မရှိပေမယ့် မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဗစ်တာ နီလ်ဆန် လင်ဒီလော့ဖ် ပါလာတာ နည်းနည်းတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့သလို သူ့ကို ရူဘင် ဒီယက်စ်နဲ့ ဗဟိုခံစစ်မှာ တွဲပေးခဲ့တာဖြစ်ပါတယ်။

တောင်ပံခံစစ်နေရာတွေမှာတော့ လီဗာပူးလ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်နဲ့ မန်စီးတီးရဲ့ ကွင်းလယ်အထိပါ တက်ကစားပေးခဲ့တဲ့ ဂျာအို ကန်ဆယ်လိုတို့ ပါဝင်လာခဲ့ပြီး ဒီနှစ်ဦးကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲမှာ မှတ်ကျောက်တင်ခံနိုင်သူတွေလည်း တကယ်တမ်း ဖြစ်ခဲ့ပါတယ်။

ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်၊ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်မှာတော့ အဖျက်ကစားသမား ရိုဒရီ ပါဝင်လာခဲ့ပြီး သူနဲ့အတူ ထူးဆန်းတဲ့ ရွေးချယ်မှုကတော့ အာဆင်နယ်အသင်းအတွက် ကွင်းလယ်၊ ခံစစ်နဲ့ ဘယ်နောက်ခံတွေမှာ ကစားပေးခဲ့တဲ့ ဂရာနစ် ချာကာကို နည်းစနစ်ပိုင်းတန်ဖိုးတွေအရ သဘောကျခဲ့ပုံပေါ်ပါတယ်။

၄-၂-၃-၁ ရဲ့ တိုက်စစ်သုံးဦးတန်းမှာတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ်၊ စီးတီးရဲ့ ရာဟင်းမ် စတာလင်နဲ့ ချဲလ်ဆီးရဲ့ မေဆန်မောင့်တို့ကို ရွေးချယ်ခဲ့ပြီး အထောင်တိုက်စစ်မှူးအဖြစ်တော့ ရွှေဖိနပ်နဲ့ ပလေးမိတ်ကာဆုနှစ်ဆုပိုင်ရှင် စပါးစ်တိုက်စစ်မှူး ဟာရီကိန်းတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ဒီရာသီမှာ ဖြုန်းတီးမှုဘုရင်ဖြစ်ခဲ့တဲ့ မိုဟာမက် ဆာလားကတော့ ဒီလူစာရင်းနဲ့ လွဲချော်ခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဒဏ်ရာရနေတဲ့ အချိန်ကာလအပြီး အရမ်းကြီး မထူးချွန်တာကိုတော့ လက်ခံနိုင်ပေမယ့် ဖိုဒန် ပါဝင်မလာတာကတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့သလို CIES ရဲ့ လူစာရင်းက အငြင်းပွားစရာတစ်ခုကိုတော့ ယူဆောင်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးဆုေတြကို အားကစားသတင္းဌာနေတြက တစ္မ်ိဳးတစ္ဖုံစီ ေ႐ြးခ်ယ္ေနၾကခ်ိန္မွာ ဥေရာပရဲ႕ ကစားသမားတန္ေၾကး သတ္မွတ္မႈေတြနဲ႔ လူသိမ်ားတဲ့ CIES Football Observatory က ခ်ျပလိုက္တဲ့ သူတို႔ရဲ႕ အေကာင္းဆုံး ၁၁ ေယာက္ေတာ့ ပရိသတ္ေတြကို Shock ရသြားေအာင္ တတ္ႏိုင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

CIES ကေတာ့ ဒီအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးကစားသမား ၅ ဦးနဲ႔ အေျခခံခဲ့ၿပီး ဒီအသင္းအတြက္ မယုံႏိုင္စရာ အျဖစ္ရဆုံးကေတာ့ ဒီ ၅ ဦးထဲမွာ ကြင္းလယ္စတားေတြျဖစ္ၾကတဲ့ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ဖီးလ္ ဖိုဒန္နဲ႔ မပါဝင္ခဲ့တာျဖစ္သလို Opta က စုေဆာင္းခဲ့တဲ့ အသင္းအတြက္ အက်ိဳးျပဳမႈႏႈန္း အမ်ားဆုံးသူေတြကို ထည့္သြင္းထားတယ္လို႔လည္း ဆိုခဲ့ပါတယ္။

Clean Sheet ၁၉ ပြဲနဲ႔ ေ႐ႊလက္အိတ္ဆုရွင္ ဂိုးသမား အီဒါဆန္ ပါဝင္လာတာကေတာ့ ဘာမွ ထူးျခားမႈ မရွိေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဗစ္တာ နီလ္ဆန္ လင္ဒီေလာ့ဖ္ ပါလာတာ နည္းနည္းေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို သူ႔ကို ႐ူဘင္ ဒီယက္စ္နဲ႔ ဗဟိုခံစစ္မွာ တြဲေပးခဲ့တာျဖစ္ပါတယ္။

ေတာင္ပံခံစစ္ေနရာေတြမွာေတာ့ လီဗာပူးလ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္နဲ႔ မန္စီးတီးရဲ႕ ကြင္းလယ္အထိပါ တက္ကစားေပးခဲ့တဲ့ ဂ်ာအို ကန္ဆယ္လိုတို႔ ပါဝင္လာခဲ့ၿပီး ဒီႏွစ္ဦးကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးေတြထဲမွာ မွတ္ေက်ာက္တင္ခံႏိုင္သူေတြလည္း တကယ္တမ္း ျဖစ္ခဲ့ပါတယ္။

ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္၊ ဖိုဒန္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို လ်စ္လ်ဴရႈခဲ့တဲ့ ကြင္းလယ္မွာေတာ့ အဖ်က္ကစားသမား ႐ိုဒရီ ပါဝင္လာခဲ့ၿပီး သူနဲ႔အတူ ထူးဆန္းတဲ့ ေ႐ြးခ်ယ္မႈကေတာ့ အာဆင္နယ္အသင္းအတြက္ ကြင္းလယ္၊ ခံစစ္နဲ႔ ဘယ္ေနာက္ခံေတြမွာ ကစားေပးခဲ့တဲ့ ဂရာနစ္ ခ်ာကာကို နည္းစနစ္ပိုင္းတန္ဖိုးေတြအရ သေဘာက်ခဲ့ပုံေပၚပါတယ္။

၄-၂-၃-၁ ရဲ႕ တိုက္စစ္သုံးဦးတန္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဘ႐ူႏို ဖာနန္ဒက္စ္၊ စီးတီးရဲ႕ ရာဟင္းမ္ စတာလင္နဲ႔ ခ်ဲလ္ဆီးရဲ႕ ေမဆန္ေမာင့္တို႔ကို ေ႐ြးခ်ယ္ခဲ့ၿပီး အေထာင္တိုက္စစ္မႉးအျဖစ္ေတာ့ ေ႐ႊဖိနပ္နဲ႔ ပေလးမိတ္ကာဆုႏွစ္ဆုပိုင္ရွင္ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းတို႔ကို ထည့္သြင္းသြားခဲ့ပါတယ္။

ဒီရာသီမွာ ျဖဳန္းတီးမႈဘုရင္ျဖစ္ခဲ့တဲ့ မိုဟာမက္ ဆာလားကေတာ့ ဒီလူစာရင္းနဲ႔ လြဲေခ်ာ္ခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ ဒဏ္ရာရေနတဲ့ အခ်ိန္ကာလအၿပီး အရမ္းႀကီး မထူးခြၽန္တာကိုေတာ့ လက္ခံႏိုင္ေပမယ့္ ဖိုဒန္ ပါဝင္မလာတာကေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့သလို CIES ရဲ႕ လူစာရင္းက အျငင္းပြားစရာတစ္ခုကိုေတာ့ ယူေဆာင္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.