Premier League

လီဗာ​ပူးလ်လိုသာ ဒဏ်ရာတွေရခဲ့ရင် မန်စီးတီးချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့ ကလော့ပ်ရဲ့စကားက ချဥ်စရာဖြစ်လာပြီလား

လီဗာပူးလ်နည်းပြယာဂင် ကလော့ပ်က ဒီရာသီပရီးမီးယားလိဂ်မှာ မိမိတို့အသင်းလိုသာ ဒဏ်ရာတွေရခဲ့ရင် မန်စီးတီးချန်ပီယံဖြစ်နိုင်မယ်လို့ မယုံကြည်ကြောင်း အံ့အားသင့်ဖွယ်ရာ ပြောကြားသွားခဲ့ပြီး လီဗာပူးလ်လို အခြေအနေဆိုးမျိုးနဲ့ ကြုံတွေ့နေတဲ့ ဘယ်အသင်းမှ ချန်ပီယံမဖြစ်နိုင်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ အခုနှစ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ခြင်း မရှိခဲ့တာဟာ ဒဏ်ရာအကျပ်အတည်းမှာ ဘယ်နည်းပြမှလည်း လုပ်နိုင်စွမ်းစရာမရှိတဲ့ စွမ်းဆောင်မှုမျိုးဖြစ်တယ်လို့ အသိပေးသွားခဲ့ပြီးနောက်မှာ ကလော့ပ်ရဲ့အဆို မှားတယ်လို့ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ခဲ့တာပါ။

“ဒဏ်ရာဗရပွတွေနဲ့ နှစ်မှာ ကျွန်တော်တို့အသင်းက ချန်ပီယံမဖြစ်နိုင်ခဲ့ပါဘူး။ ဒါဟာ ဘယ်အသင်းမှလည်း လုပ်နိုင်မှာ မဟုတ်သလို ချန်ပီယံဖြစ်ဖို့ လုပ်နိုင်စရာအကြောင်းလည်း မတွေ့ပါဘူး။ မန်စီးတီးသာ ကျွန်တော်တို့လို့ ဗဟိုခံစစ်မှူး ၃ ယောက်စလုံး ဒဏ်ရာရသွားကြည့်ပါလား”

“ဘယ်နည်းနဲ့မှ ချန်ပီယံမဖြစ်နိုင်ပါဘူး။ ယူနိုက်တက်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့အသင်းကတော့ အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ပြီး တိုက်ခိုက်နေခဲ့တယ်။ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ဆိုရမယ်”လို့ ပြောသွားခဲ့တာပါ။

ကလော့ပ်ရဲ့အဆိုမှာ ငြင်းပယ်စရာမရှိတဲ့ အမှန်တရားက မန်စီးတီးမှာသာ ရူဘင် ဒီယာ့စ်၊ ဂျွန်စတုန်းစ်နဲ့ လာပေါ့တေတို့ ၃ ဥိီးစလုံး ဒဏ်ရာနဲ့ တရာသီလုံး နားခဲ့ရရင် တောင့်တင်းတဲ့ အရန်အင်အားထဲက နာသန် အာကေတို့လို ခံစစ်မှူးမျိုးနဲ့ တစ်ရာသီလုံးကစားရတော့မှာဖြစ်ပေမယ့် ဒါက ချန်ပီယံဖြစ်ဖို့ ဘယ်လောက်သေချာမလဲဆိုတာ ဘယ်သူကမှ အတပ်မဆိုနိုင်တော့တဲ့ အ​ခြေအနေပါ။

အဆိုပါနည်းအတိုင်း ယူနိုက်တက်အသင်းမှာ ဗဟိုခံစစ်မှူး ၃ ဦးသာ ရာသီအစောပိုင်းထဲကသာ ဒဏ်ရာနဲ့ တရာသီလုံး နားခဲ့ရမယ်လို့သာ ယူဆကြည့်ရင် ခံစစ်အရန်လူမရှိတော့တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့၊ အဆင့် ၂ မှာ ရပ်တည်ပြီး ရာသီသိမ်းဖို့ နေနေသာသာ ဆိုးလ်ရှားဟာ ကလော့ပ်လို စွမ်းဆောင်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာအကြောင်းပါ။

လီဗာပူးလ်ကတော့ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နဲ့ မာတစ်ပ်တို့ကို လက်လွှတ်ခဲ့ရချိန်မှာ ပရီးမီးယားလိဂ်ဘောလုံးပွဲကို တခါမှ မကစားဖူးသေးတဲ့ နတ်ဖီးလစ်နဲ့အတူ ဝါနုလွန်းသေးတဲ့ ရီးစ် ဝီလီယမ်စ်တို့အတွဲကို လက်ကျန်တရာသီလုံး ထုတ်သုံးခဲ့ရပြီးနောက် ကလော့ပ်ရဲ့ အဆင့် ၃ ရပ်တည်မှုဟာ လက်ခုပ်သံတွေနဲ့ သေချာပေါက်ထိုက်တန်ခဲ့ခြင်းဖြစ်တယ်လို့ ချီးကျူးခံနေရပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္နည္းျပယာဂင္ ကေလာ့ပ္က ဒီရာသီပရီးမီးယားလိဂ္မွာ မိမိတို႔အသင္းလိုသာ ဒဏ္ရာေတြရခဲ့ရင္ မန္စီးတီးခ်န္ပီယံျဖစ္ႏိုင္မယ္လို႔ မယုံၾကည္ေၾကာင္း အံ့အားသင့္ဖြယ္ရာ ေျပာၾကားသြားခဲ့ၿပီး လီဗာပူးလ္လို အေျခအေနဆိုးမ်ိဳးနဲ႔ ႀကဳံေတြ႕ေနတဲ့ ဘယ္အသင္းမွ ခ်န္ပီယံမျဖစ္ႏိုင္ဘူးလို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္ဟာ အခုႏွစ္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ျခင္း မရွိခဲ့တာဟာ ဒဏ္ရာအက်ပ္အတည္းမွာ ဘယ္နည္းျပမွလည္း လုပ္ႏိုင္စြမ္းစရာမရွိတဲ့ စြမ္းေဆာင္မႈမ်ိဳးျဖစ္တယ္လို႔ အသိေပးသြားခဲ့ၿပီးေနာက္မွာ ကေလာ့ပ္ရဲ႕အဆို မွားတယ္လို႔ ဘယ္သူမွ ျငင္းခ်က္မထုတ္ႏိုင္ခဲ့တာပါ။

“ဒဏ္ရာဗရပြေတြနဲ႔ ႏွစ္မွာ ကြၽန္ေတာ္တို႔အသင္းက ခ်န္ပီယံမျဖစ္ႏိုင္ခဲ့ပါဘူး။ ဒါဟာ ဘယ္အသင္းမွလည္း လုပ္ႏိုင္မွာ မဟုတ္သလို ခ်န္ပီယံျဖစ္ဖို႔ လုပ္ႏိုင္စရာအေၾကာင္းလည္း မေတြ႕ပါဘူး။ မန္စီးတီးသာ ကြၽန္ေတာ္တို႔လို႔ ဗဟိုခံစစ္မႉး ၃ ေယာက္စလုံး ဒဏ္ရာရသြားၾကည့္ပါလား”

“ဘယ္နည္းနဲ႔မွ ခ်န္ပီယံမျဖစ္ႏိုင္ပါဘူး။ ယူႏိုက္တက္လည္း ထိုနည္းလည္းေကာင္းပါပဲ။ ကြၽန္ေတာ္တို႔အသင္းကေတာ့ အခက္အခဲေတြကို အေကာင္းဆုံးရင္ဆိုင္ၿပီး တိုက္ခိုက္ေနခဲ့တယ္။ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီလို႔ ဆိုရမယ္”လို႔ ေျပာသြားခဲ့တာပါ။

ကေလာ့ပ္ရဲ႕အဆိုမွာ ျငင္းပယ္စရာမရွိတဲ့ အမွန္တရားက မန္စီးတီးမွာသာ ႐ူဘင္ ဒီယာ့စ္၊ ဂြၽန္စတုန္းစ္နဲ႔ လာေပါ့ေတတို႔ ၃ ဥိီးစလုံး ဒဏ္ရာနဲ႔ တရာသီလုံး နားခဲ့ရရင္ ေတာင့္တင္းတဲ့ အရန္အင္အားထဲက နာသန္ အာေကတို႔လို ခံစစ္မႉးမ်ိဳးနဲ႔ တစ္ရာသီလုံးကစားရေတာ့မွာျဖစ္ေပမယ့္ ဒါက ခ်န္ပီယံျဖစ္ဖို႔ ဘယ္ေလာက္ေသခ်ာမလဲဆိုတာ ဘယ္သူကမွ အတပ္မဆိုႏိုင္ေတာ့တဲ့ အ​ေျခအေနပါ။

အဆိုပါနည္းအတိုင္း ယူႏိုက္တက္အသင္းမွာ ဗဟိုခံစစ္မႉး ၃ ဦးသာ ရာသီအေစာပိုင္းထဲကသာ ဒဏ္ရာနဲ႔ တရာသီလုံး နားခဲ့ရမယ္လို႔သာ ယူဆၾကည့္ရင္ ခံစစ္အရန္လူမရွိေတာ့တဲ့ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔၊ အဆင့္ ၂ မွာ ရပ္တည္ၿပီး ရာသီသိမ္းဖို႔ ေနေနသာသာ ဆိုးလ္ရွားဟာ ကေလာ့ပ္လို စြမ္းေဆာင္ႏိုင္ပါ့မလားဆိုတာ သံသယျဖစ္စရာအေၾကာင္းပါ။

လီဗာပူးလ္ကေတာ့ ဗန္ဒိုက္၊ ဂ်ိဳးဂိုးမက္ဇ္နဲ႔ မာတစ္ပ္တို႔ကို လက္လႊတ္ခဲ့ရခ်ိန္မွာ ပရီးမီးယားလိဂ္ေဘာလုံးပြဲကို တခါမွ မကစားဖူးေသးတဲ့ နတ္ဖီးလစ္နဲ႔အတူ ဝါႏုလြန္းေသးတဲ့ ရီးစ္ ဝီလီယမ္စ္တို႔အတြဲကို လက္က်န္တရာသီလုံး ထုတ္သုံးခဲ့ရၿပီးေနာက္ ကေလာ့ပ္ရဲ႕ အဆင့္ ၃ ရပ္တည္မႈဟာ လက္ခုပ္သံေတြနဲ႔ ေသခ်ာေပါက္ထိုက္တန္ခဲ့ျခင္းျဖစ္တယ္လို႔ ခ်ီးက်ဴးခံေနရပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.