Premier League

‌ယောက်ဖ တီကိုဆီ တိုက်လိုက်မိတဲ့ ကြက်ဥ ဆွာရက်ဇ်နဲ့ မှားတော်ပုံဖွင့်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ မက်ဆီနဲ့အတူ အကောင်းဆုံးအသင်းဖော်အဖြစ် အတွဲညီလွန်းတဲ့ တိုက်စစ်မှူးဆွာရက်ဇ်ကို အသက်ကြီးလွန်းပြီဆိုတဲ့ အကြောင်းပြချက်နဲ့ လာလီဂါပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းဆီ အလကားမတ်တင်းဈေးနဲ့ပေးပစ်ခဲ့တာက အသင်းပရိသတ်တွေ ဘယ်လိုမှ လက်ခံမရခဲ့တဲ့ ဖြစ်ရပ်ပါ။

တီကိုအသင်းက လာလီဂါချန်ပီယံအဖြစ် ဗိုလ်ဝင်ခံခဲ့တဲ့ အခုအချိန်မှာတော့ ဘာစီလိုနာရဲ့ ဆုံးဖြတ်ချက်ဟာ အထူးဆန်းဆုံး၊ ကြောင်တောင်တောင်အနိုင်ဆုံးနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ မဟာ့မဟာအမှားအဖြစ် အမည်းစက်စွန်းထင်းခဲ့ပြီး ကာတာလန်အသင်းကတော့ လာလီဂါလည်းဆုံး၊ မက်ဆီကိုလည်း ထပ်မံဆုံးရှုံးရတော့မလားလို့ သို့လောသို့လော ဖြစ်လာခဲ့ပါပြီ။

လာလီဂါချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ချိန်မှာ မျက်ရည်တွေကျခဲ့တဲ့ ဆွာရက်ဇ်ဟာ နူးကမ့်ရဲ့ အပယ်ခံဘဝကနေ သူ့ရဲ့ တန်ဖိုးစစ်စစ်ကို ပြသခဲ့ချိန်မှာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ တီကိုအသင်းက လာလီဂါဖလားကို သိမ်းပိုက်နိုင်ခဲ့သလို အဘက်ဘက်က အရှုံးတွေအားလုံးက ဘာစီလိုနာဆီမှာပဲ စုပုံသွားခဲ့ခြင်းကိုလည်း မြင်တွေ့ခဲ့ရတယ်။

မက်ဆီနဲ့ တွဲဖက်ချိန်တိုင်းမှာ အကောင်းဆုံးတိုက်စစ်အတွဲအဖက်ကို ဖော်ဆောင်ခဲ့ပြီး အခုလို မျက်နှာလွှဲခဲပစ်ပုံစံမျိုးနဲ့ ဆက်ဆံခံရမယ်လို့ မထင်မိခဲ့တဲ့ ဆွာရက်ဇ်ဟာ မက်ဆီရဲ့ အသင်းဖော်ချင်း ပျော်ရွှင်ဝမ်းမြောက်မှုကို ရရှိတဲ့တဖက်မှာ တသင်းတည်းသော သံယောဇဥ်ဖြစ်တဲ့ ဘာစီလိုနာအတွက် သူ့ရဲ့ရင်ကျိုးမှုကို ရှောင်လွှဲဖို့လည်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။

ဘာစီလိုနာအတွက် ၆ နှစ်အတွင်း ၂၈၃ ပွဲ၊ ၁၉၈ ဂိုးဆိုတဲ့ မက်ဆီပြီးရင် တတိမြောက်အများဆုံး ဂိုးသွင်းသူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အသင်းကို ပေးဆပ်ခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေမှာပဲ အေတီကိုအသင်းထံ ၄.၃ သန်းဆိုတဲ့ အလကားစျေးနီးပါးနဲ့ ပစ်စလတ်ခတ် ရောင်းထုတ်ခံခဲ့ရတာပါ။

ယောက်ဖကို ကြက်ဥတိုက်တယ်ဆိုတဲ့စကားက ဒီဖြစ်ရပ်မှာ နားလည်နိုင်ဖွယ်ရာမရှိတဲ့ ဘာစီလိုနာနဲ့ ရော်နယ်လ် ကိုးမန်းတို့ရဲ့ ဆုံးဖြတ်ကို ထင်ဟပ်နေပြီး ၃၄ နှစ်သားကြီးကတော့ တီကိုအသင်းအတွက် ၂၁ ဂိုးသွင်းပြီး ၂၀၁၄ နောက်ပိုင်း ၇ နှစ်ကြာဝေးကွာနေတဲ့ လာလီဂါအောင်မြင်မှုကို စားသုံးစေခဲ့တာပါ။

“ဘာစီလိုနာက ကျွန်တော့်ကို တန်ဖိုးမထားခဲ့ပါဘူး။ အမှိုက်လို စွန့်ပစ်ခဲ့တယ်။ အက်သလက်တီကိုအသင်းက ကျွန်တော့်ကို လက်ကမ်းပေးခဲ့တယ်။ အပြည့်အဝယုံကြည်မှုပေးခဲ့တယ်။ ဒီအတွက် ကျွန်တော်အမြဲတမ်းကျေးဇူးတင်နေမှာပါ”လို့ ဆိုခဲ့တဲ့ ဆွာရက်ဇ်ရဲ့ စကားတွေမှာ ဘာစီလိုနာကို ရင်ထဲကမီးဘယ်လောက်တောက်ပြီး နာကျည်းနေသလဲဆိုတာဟာ ထင်ရှားခဲ့ပြီး ဒီစိတ်ကပဲ တီကိုရဲ့ အောင်မြင်မှုနဲ့အတူ ဘာဆာကို ဆေးခါးကြီးတိုက်ဖို့ ဖြစ်လာစေခဲ့သလားဆိုတာကတော့……..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ မက္ဆီနဲ႔အတူ အေကာင္းဆုံးအသင္းေဖာ္အျဖစ္ အတြဲညီလြန္းတဲ့ တိုက္စစ္မႉးဆြာရက္ဇ္ကို အသက္ႀကီးလြန္းၿပီဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လာလီဂါၿပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္အသင္းဆီ အလကားမတ္တင္းေဈးနဲ႔ေပးပစ္ခဲ့တာက အသင္းပရိသတ္ေတြ ဘယ္လိုမွ လက္ခံမရခဲ့တဲ့ ျဖစ္ရပ္ပါ။

တီကိုအသင္းက လာလီဂါခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံခဲ့တဲ့ အခုအခ်ိန္မွာေတာ့ ဘာစီလိုနာရဲ႕ ဆုံးျဖတ္ခ်က္ဟာ အထူးဆန္းဆုံး၊ ေၾကာင္ေတာင္ေတာင္အႏိုင္ဆုံးနဲ႔ ကမာၻ႔ေဘာလုံးေလာကရဲ႕ မဟာ့မဟာအမွားအျဖစ္ အမည္းစက္စြန္းထင္းခဲ့ၿပီး ကာတာလန္အသင္းကေတာ့ လာလီဂါလည္းဆုံး၊ မက္ဆီကိုလည္း ထပ္မံဆုံးရႈံးရေတာ့မလားလို႔ သို႔ေလာသို႔ေလာ ျဖစ္လာခဲ့ပါၿပီ။

လာလီဂါခ်န္ပီယံဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခ်ိန္မွာ မ်က္ရည္ေတြက်ခဲ့တဲ့ ဆြာရက္ဇ္ဟာ ႏူးကမ့္ရဲ႕ အပယ္ခံဘဝကေန သူ႔ရဲ႕ တန္ဖိုးစစ္စစ္ကို ျပသခဲ့ခ်ိန္မွာ သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တဲ့ တီကိုအသင္းက လာလီဂါဖလားကို သိမ္းပိုက္ႏိုင္ခဲ့သလို အဘက္ဘက္က အရႈံးေတြအားလုံးက ဘာစီလိုနာဆီမွာပဲ စုပုံသြားခဲ့ျခင္းကိုလည္း ျမင္ေတြ႕ခဲ့ရတယ္။

မက္ဆီနဲ႔ တြဲဖက္ခ်ိန္တိုင္းမွာ အေကာင္းဆုံးတိုက္စစ္အတြဲအဖက္ကို ေဖာ္ေဆာင္ခဲ့ၿပီး အခုလို မ်က္ႏွာလႊဲခဲပစ္ပုံစံမ်ိဳးနဲ႔ ဆက္ဆံခံရမယ္လို႔ မထင္မိခဲ့တဲ့ ဆြာရက္ဇ္ဟာ မက္ဆီရဲ႕ အသင္းေဖာ္ခ်င္း ေပ်ာ္႐ႊင္ဝမ္းေျမာက္မႈကို ရရွိတဲ့တဖက္မွာ တသင္းတည္းေသာ သံေယာဇဥ္ျဖစ္တဲ့ ဘာစီလိုနာအတြက္ သူ႔ရဲ႕ရင္က်ိဳးမႈကို ေရွာင္လႊဲဖို႔လည္း ျဖစ္ႏိုင္ဖြယ္ မရွိပါဘူး။

ဘာစီလိုနာအတြက္ ၆ ႏွစ္အတြင္း ၂၈၃ ပြဲ၊ ၁၉၈ ဂိုးဆိုတဲ့ မက္ဆီၿပီးရင္ တတိေျမာက္အမ်ားဆုံး ဂိုးသြင္းသူဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ အသင္းကို ေပးဆပ္ခဲ့တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြမွာပဲ ေအတီကိုအသင္းထံ ၄.၃ သန္းဆိုတဲ့ အလကားေစ်းနီးပါးနဲ႔ ပစ္စလတ္ခတ္ ေရာင္းထုတ္ခံခဲ့ရတာပါ။

ေယာက္ဖကို ၾကက္ဥတိုက္တယ္ဆိုတဲ့စကားက ဒီျဖစ္ရပ္မွာ နားလည္ႏိုင္ဖြယ္ရာမရွိတဲ့ ဘာစီလိုနာနဲ႔ ေရာ္နယ္လ္ ကိုးမန္းတို႔ရဲ႕ ဆုံးျဖတ္ကို ထင္ဟပ္ေနၿပီး ၃၄ ႏွစ္သားႀကီးကေတာ့ တီကိုအသင္းအတြက္ ၂၁ ဂိုးသြင္းၿပီး ၂၀၁၄ ေနာက္ပိုင္း ၇ ႏွစ္ၾကာေဝးကြာေနတဲ့ လာလီဂါေအာင္ျမင္မႈကို စားသုံးေစခဲ့တာပါ။

“ဘာစီလိုနာက ကြၽန္ေတာ့္ကို တန္ဖိုးမထားခဲ့ပါဘူး။ အမႈိက္လို စြန္႔ပစ္ခဲ့တယ္။ အက္သလက္တီကိုအသင္းက ကြၽန္ေတာ့္ကို လက္ကမ္းေပးခဲ့တယ္။ အျပည့္အဝယုံၾကည္မႈေပးခဲ့တယ္။ ဒီအတြက္ ကြၽန္ေတာ္အၿမဲတမ္းေက်းဇူးတင္ေနမွာပါ”လို႔ ဆိုခဲ့တဲ့ ဆြာရက္ဇ္ရဲ႕ စကားေတြမွာ ဘာစီလိုနာကို ရင္ထဲကမီးဘယ္ေလာက္ေတာက္ၿပီး နာက်ည္းေနသလဲဆိုတာဟာ ထင္ရွားခဲ့ၿပီး ဒီစိတ္ကပဲ တီကိုရဲ႕ ေအာင္ျမင္မႈနဲ႔အတူ ဘာဆာကို ေဆးခါးႀကီးတိုက္ဖို႔ ျဖစ္လာေစခဲ့သလားဆိုတာကေတာ့……..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.