Premier League

လီဗန်ဒေါ့ဗ်စကီးဟာ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ခေါက်ထားနိုင်တဲ့ ကမ္ဘာ့အကောင်းဆုံးလို့ ဘိုင်ယန်ဥက္ကဌကြုံးဝါး

ဂျာမန်ဘောလုံးသမားဟောင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဥက္ကဌ ရမ်မာနစ်ဂါဟာ လက်ရှိ ဒီကမ္ဘာမှာ လီဗန်ဒေါ့ဗ်စကီးထက် ပိုကောင်းတဲ့သူ မရှိသေးဘူးလို့ ကြုံးဝါးသွားခဲ့ပြီး မက်ဆီ၊ ရော်နယ်လ်ဒိုတို့တောင် လိုက်မမီတော့တဲ့ ပိုလန်သားရဲ့ ဂိုးသွင်းအားကို အထူးတလည်ချီးကျူးသွားခဲ့ပါတယ်။

ပြီးခဲ့တဲနှစ်က ဘလွန်ဒေါဆုကို မကျင်းပခဲ့တဲ့ ကိုဗစ်နှစ်ကာလနဲ့ တည့်တည့်တိုးပြီး ဒီဆုနဲ့ အထိုက်တန်ဆုံးလို့ဆိုရမယ့် ဘိုင်ယန်တိုက်စစ်မှူးဟာ အကြီးအကျယ်နစ်နာခဲ့ရသလို ဒီနှစ်ဘောလုံးရာသီမှာလည်း ၃၉ ပွဲကစား၊ ၄၇ ဂိုးအထိ သွင်းယူထားလို့ အသက် ၃၂ နှစ်သားက ဘလွန်ဒေါဆုရှင်အဖြစ် ရေပန်းအစားဆုံးဖြစ်လာပါတယ်။

ဘောလုံးလောကမှာ ဘယ်သူမှ အံမတုနိုင်ခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့တောင် သူ့ကို လိုက်မီခဲ့ခြင်းမရှိဘဲ နှစ်ဦးသားရဲ့ လက်ရှိရာသီ ဂိုးသွင်းအားက ပြိုင်ပွဲစုံ ၃၈ ဂိုးနဲ့ ၃၆ ဂိုး အသီးသီးသာ ရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်ဟာလည်း ရေရေရာရာအောင်မြင်မှု မရှိဘဲ ရာသီသိမ်းခဲ့ရတယ်။

လီဗန်ဒေါ့ဗ်စကီးရဲ့ ဒီရာသီ ဘွန်ဒက်လီဂါသွင်းဂိုး ၄၁ ဂိုးက ဘိုင်ယန်မြူးနစ်အသင်းကို အမှတ်ပေးဖလားဗိုလ်ဝင်ခံဖို့ လုံလောက်နေစေခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် သူမပါဝင်နိုင်တဲ့ ချန်ပီယံလိဂ်မှာလည်း လက်ရှိချန်ပီယံအသင်းက တိုက်စစ်ပိုင်းအားနည်းပြီး ပြိုင်ပွဲကနေ ကွာတားအဆင့်နဲ့ ဖျာလိပ်ခဲ့ရတာက တိုက်စစ်မှာ သူဘယ်လောက်အရေးပါလဲဆိုတာကို ပြသနေတာပါ။

“ကျွန်တော့်အမြင်အရတော့ ရောဘတ်က မက်ဆီ၊ ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းနေတဲ့ အချိန်ပါ။ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားက သူသာ ဖြစ်ပါတယ်။ အမ်ဘာပေတို့လို ဘောလုံးလောကရဲ့ မျိုးဆက်သစ်တွေ ထွက်ပေါ်လာလည်း သူ့ကို မကျော်နိုင်သေးပါဘူး”လို့ ဘိုင်ယန်ဥက္ကဌက ​ပြောသွားခဲ့တာပါ။

ပိုလန်သားဟာ ဘိုင်ယန်အတွက် ၃၂၈ ပွဲကစားပြီး ၂၉၃ ဂိုးသွင်းထားတာဟာ အသင်းကို လွှမ်းမိုးနိုင်စွမ်း ကြီးမားတဲ့ ဂိုးသွင်းမှတ်တမ်းကို ရေးထိုးလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဂျာမန်ဘီလူးကြီးတို့ ချန်ပီယံလိဂ်သရဖူဆောင်းခဲ့ရာမှာ သူက တခုတည်းသော ခြားနားချက် ဖြစ်စေခဲ့ပါတယ်။

လက်ရှိမှာ သူ့ကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွင်း စင်တော်ကောက်ဖို့ ကြံစည်နေတယ်လို့ သိရပြီး Allianz Arena ကို စွန့်ခွာလိုစိတ် မရှိဘူးဆိုတဲ့ ပိုလန်သားကြီးအနေနဲ့ ဂျာမန်မြေမှာ တသက်လုံးသစ္စာခံပြီး ကစားသမားဘဝကို သမိုင်းလှလှ ရေးသွားချင်နေတာဖြစ်​ကြောင်းလည်း သိထားရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ာမန္ေဘာလုံးသမားေဟာင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ဥကၠဌ ရမ္မာနစ္ဂါဟာ လက္ရွိ ဒီကမာၻမွာ လီဗန္ေဒါ့ဗ္စကီးထက္ ပိုေကာင္းတဲ့သူ မရွိေသးဘူးလို႔ ႀကဳံးဝါးသြားခဲ့ၿပီး မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔ေတာင္ လိုက္မမီေတာ့တဲ့ ပိုလန္သားရဲ႕ ဂိုးသြင္းအားကို အထူးတလည္ခ်ီးက်ဴးသြားခဲ့ပါတယ္။

ၿပီးခဲ့တဲႏွစ္က ဘလြန္ေဒါဆုကို မက်င္းပခဲ့တဲ့ ကိုဗစ္ႏွစ္ကာလနဲ႔ တည့္တည့္တိုးၿပီး ဒီဆုနဲ႔ အထိုက္တန္ဆုံးလို႔ဆိုရမယ့္ ဘိုင္ယန္တိုက္စစ္မႉးဟာ အႀကီးအက်ယ္နစ္နာခဲ့ရသလို ဒီႏွစ္ေဘာလုံးရာသီမွာလည္း ၃၉ ပြဲကစား၊ ၄၇ ဂိုးအထိ သြင္းယူထားလို႔ အသက္ ၃၂ ႏွစ္သားက ဘလြန္ေဒါဆုရွင္အျဖစ္ ေရပန္းအစားဆုံးျဖစ္လာပါတယ္။

ေဘာလုံးေလာကမွာ ဘယ္သူမွ အံမတုႏိုင္ခဲ့တဲ့ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ေတာင္ သူ႔ကို လိုက္မီခဲ့ျခင္းမရွိဘဲ ႏွစ္ဦးသားရဲ႕ လက္ရွိရာသီ ဂိုးသြင္းအားက ၿပိဳင္ပြဲစုံ ၃၈ ဂိုးနဲ႔ ၃၆ ဂိုး အသီးသီးသာ ရွိခဲ့ပါတယ္။ ဘာစီလိုနာနဲ႔ ဂ်ဴဗင္တပ္စ္ဟာလည္း ေရေရရာရာေအာင္ျမင္မႈ မရွိဘဲ ရာသီသိမ္းခဲ့ရတယ္။

လီဗန္ေဒါ့ဗ္စကီးရဲ႕ ဒီရာသီ ဘြန္ဒက္လီဂါသြင္းဂိုး ၄၁ ဂိုးက ဘိုင္ယန္ျမဴးနစ္အသင္းကို အမွတ္ေပးဖလားဗိုလ္ဝင္ခံဖို႔ လုံေလာက္ေနေစခဲ့တာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ သူမပါဝင္ႏိုင္တဲ့ ခ်န္ပီယံလိဂ္မွာလည္း လက္ရွိခ်န္ပီယံအသင္းက တိုက္စစ္ပိုင္းအားနည္းၿပီး ၿပိဳင္ပြဲကေန ကြာတားအဆင့္နဲ႔ ဖ်ာလိပ္ခဲ့ရတာက တိုက္စစ္မွာ သူဘယ္ေလာက္အေရးပါလဲဆိုတာကို ျပသေနတာပါ။

“ကြၽန္ေတာ့္အျမင္အရေတာ့ ေရာဘတ္က မက္ဆီ၊ ေရာ္နယ္လ္ဒိုတို႔ထက္ ပိုေကာင္းေနတဲ့ အခ်ိန္ပါ။ လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားက သူသာ ျဖစ္ပါတယ္။ အမ္ဘာေပတို႔လို ေဘာလုံးေလာကရဲ႕ မ်ိဳးဆက္သစ္ေတြ ထြက္ေပၚလာလည္း သူ႔ကို မေက်ာ္ႏိုင္ေသးပါဘူး”လို႔ ဘိုင္ယန္ဥကၠဌက ​ေျပာသြားခဲ့တာပါ။

ပိုလန္သားဟာ ဘိုင္ယန္အတြက္ ၃၂၈ ပြဲကစားၿပီး ၂၉၃ ဂိုးသြင္းထားတာဟာ အသင္းကို လႊမ္းမိုးႏိုင္စြမ္း ႀကီးမားတဲ့ ဂိုးသြင္းမွတ္တမ္းကို ေရးထိုးလာခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ဂ်ာမန္ဘီလူးႀကီးတို႔ ခ်န္ပီယံလိဂ္သရဖူေဆာင္းခဲ့ရာမွာ သူက တခုတည္းေသာ ျခားနားခ်က္ ျဖစ္ေစခဲ့ပါတယ္။

လက္ရွိမွာ သူ႔ကို ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္း စင္ေတာ္ေကာက္ဖို႔ ႀကံစည္ေနတယ္လို႔ သိရၿပီး Allianz Arena ကို စြန္႔ခြာလိုစိတ္ မရွိဘူးဆိုတဲ့ ပိုလန္သားႀကီးအေနနဲ႔ ဂ်ာမန္ေျမမွာ တသက္လုံးသစၥာခံၿပီး ကစားသမားဘဝကို သမိုင္းလွလွ ေရးသြားခ်င္ေနတာျဖစ္​ေၾကာင္းလည္း သိထားရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.