Match Report Premier League

မိုးလွန်မှ ထွန်ချနေတဲ့ ပေပေရဲ့ သွင်းဂိုးတွေနဲ့ နိုင်ခဲ့ပေမယ့် ဥရောပနဲ့ ဝေးခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ တောင့်တင်းတဲ့ လူစာရင်းကို ရွေးချယ်ခဲ့ပြီး ကွင်းလယ်မှာ ချာကာနဲ့ ပါတေးကို တွဲပေးခဲ့သလို ခံစစ်မှာတော့ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်အတွဲနဲ့ အစွန်တွေမှာ တီယာနီနဲ့ ချိမ်းဘားစ်တို့ကို သုံးခဲ့ချိန်မှာ ဆာကာကို ချန်လှပ်ထားခဲ့ပြီး အော်ဒီဂွါဒ်၊ ပေပေနဲ့ စမစ်ရိုးတို့ရဲ့ ရှေ့က အူဘာမီယန်းကို ဦးဆောင်စေခဲ့ပါတယ်။

အမ်းမရိတ်မှာ အာဆင်နယ်အသင်းရဲ့ ဖျော်ဖြေမှုဆန်တဲ့ တွဲလုံးတွေကို မြင်တွေ့ခဲ့ရပေမယ့် ဘယ်ခြမ်းက စမစ်ရိုးရဲ့ ကစားပုံက အလယ်မှာ ကစားရသလို မထိရောက်ခဲ့သလို အူဘာမီယန်းကတော့ လစာအမြင့်ဆုံးရသွားကတည်းက သာယာသွားခဲ့တာဖြစ်ပြီး အသင်းရဲ့ ကစားပုံကို ကြီးကြီးမားမား အကျိုးမပြုဘဲ အော်ဒီဂွါဒ်နဲ့ ပေပေတို့ကပဲ အဓိက မောင်းနှင်အားတွေ ဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်လူ ပါတေးရဲ့ ဖြတ်တောက်ရယူမှုတွေနဲ့ ဘောလုံးပေးပုံတွေက ကောင်းခဲ့ပြီး ကန်ချက်တွေကတော့ ဂိုးနဲ့ အရင်လောက် မဝေးတော့တာကို မြင်ရတာကတော့ တိုးတက်လာတယ်ပဲ ပြောရမှာဖြစ်ပြီး ပွဲချိန် ၃၁ မိနစ်မှာ အာဆင်နယ်တို့ ထောင့်ကန်ဘောကနေ တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဟိုးလ်ဒင်း လူကျွံနေတာကြောင့် ကံဆိုးခဲ့ရပါတယ်။

ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် ဘရိုက်တန်တို့ရဲ့ တုံ့ပြန်မှုက ထင်မှတ်မထားလောက်အောင် ကောင်းခဲ့ပြီး ကြိုးကြိုးစားစားနဲ့ မာကျောကျစ်လျစ်တဲ့ ကစားပုံကို ပြသသွားခဲ့လို့ ပထမပိုင်းမှာ အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပြီး ထိုးဖောက်ဂိုးသွင်းမှုတွေကလည်း အားနည်းနေခဲ့လို့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ရဲ့ ကစားပုံတွေက ပိုမိုထိရောက်လာခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ တီယာနီရဲ့ ဖြတ်တင်ဘော ပြန်ထွက်လာရာကနေ ချာကာက ညာခြမ်းကို ထိုးပေးခဲ့ပြီး ချိမ်းဘားစ်က ဂိုးဧရိယာထဲကို ချိုးပေးလိုက်တဲ့ ဘောလုံးကို ပေပေက ဘယ်ခြေနဲ့ တစ်ချက် ထိန်းပြီး ညာခြေနဲ့ Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ်ရဲ့ ပေါင်ကြားထဲက ဝင်သွားခဲ့လို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုးရနိုင်တဲ့ အခွင့်အရေးကို ကွန်နိုလီက နောက်က ပါလာတဲ့ အသင်းဖော်တွေဆီ ပေးရမယ့်အစား သုံးစားမရတဲ့ ကန်ချက်မျိုးနဲ့ ဖြုန်းတီးပစ်ခဲ့လို့ အာဆင်နယ်တို့ သက်သာခဲ့ပြီး မော်ပေနဲ့ ဝဲလ်ဘက်တို့ မပါဝင်ချိန်မှာ နည်းပြ ဂရေဟမ် ပေါ့တာအတွက် စိတ်ပျက်စရာလည်းဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာ အူဘာမီယန်းပေးတာကို အော်ဒီဂွါဒ် နှေးနေတာကြောင့် ဘရိုက်တန်ခံစစ်က ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခံခဲ့ရပြီး ပင်နယ်တီ ရဖို့လည်း မလုံလောက်ခဲ့သလို ပွဲချိန် ၅၇ မိနစ်က သူတို့ရဲ့ ပစ်မှတ် အိဗ်စ် ဘီဆူးမားရဲ့ ကန်ချက်ကတော့ တော်တော်လေးကောင်းခဲ့ပေမယ့် တိုင်ဘေးကနေ လွဲချော်သွားခဲ့ပါတယ်။

ပွဲချိန်မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ခံစစ်သုံးယောက်တန်းနဲ့ တောင်ပံခံစစ်ကြားက လွတ်နေတဲ့ ကွက်လပ်ကို ချပေးခဲ့တဲ့ အော်ဒီဂွါဒ်ရဲ့ ပေးပို့မှုကို ပေပေကပဲ ရယူသွားခဲ့ပြီး နောက်ခံလူ လူးဝစ် ဒန့်ခ်ရဲ့ ပေါင်ကြားကနေ အမှတ်မထင် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် အငိုက်မိသွားခဲ့ပြီး မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

အူဘာမီယန်းကတော့ ဒီနေ့ပွဲမှာ လက်ရှိလုပ်ခရဲ့ ဆယ်ပုံတစ်ပုံ ပေါင်သုံးသောင်းခွဲတောင် ပေးချင်စရာမရှိတဲ့ ခြေစွမ်းနေတဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာ ပါတေးရဲ့ Control, Turn and Shot က ကောင်းခဲ့ပေမယ့် ဘားထိထွက်ခဲ့တာကတော့ တော်တော်လေး နှမြောစရာ ဖြစ်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ စမစ်ရိုး၊ အူဘာမီယန်းနဲ့ အော်ဒီဂွါဒ်တို့အစား ဆာကာ၊ လာကာဇက်နဲ့ မာတီနယ်လီတို့ ဝင်ရောက်ကစားခဲ့ပေမယ့် အပိုင်အခွင့်အရေးမျိုး သိပ်မရတော့တဲ့အတွက် ဘရာဇီးလ်သား ဂါဘီရဲ့ အထိန်းအသိမ်းကောင်းတချို့ကို မြင်ခဲ့ရတာနဲ့ပဲ ပရိသတ်တွေ ကျေနပ်ခဲ့ရပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပေပေကတော့ နှစ်ပွဲဆက်တိုက် Brace ရခဲ့တာဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းမှာလည်း ဒီရာသီသွင်းဂိုး ၁၀ ဂိုးနဲ့ Double Figure ရရှိသွားခဲ့သလို အာဆင်နယ်ရဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမားအဖြစ် ဒီရာသီမှာ သွင်းဂိုးစုစုပေါင်း ၁၅ ဂိုး၊ ဖန်တီးမှု ၅ ကြိမ်နဲ့ အကြိမ် ၂၀ အထိ မှတ်တမ်းရေးထိုးနိုင်ခဲ့သလို ပရိသတ်တွေကိုတော့ ရာသီအစောပိုင်းက ခြေစွမ်းပြနိုင်ခဲ့ရင်လို့ မချိတင်ကဲဖြစ်စေခဲ့တာပါ။

ဒီနေ့နိုင်ပွဲကြောင့် အာဆင်နယ်တို့ အဆင့် ၇ နဲ့ ယူရိုပါ ကွန်ဖရင့်လိဂ်တို့ကို မျှော်လင့်နိုင်ခဲ့သေးပေမယ့် တစ်ဖက်မှာ မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်တို့က လက်စတာကို အဝေးကွင်းမှာ အနိုင်ရရှိသွားခဲ့လို့ တစ်မှတ်အကွာနဲ့ လက်လွှတ်ခဲ့ရပြီး လာမယ့် ၂၀၂၁-၂၂ ရာသီသစ်ကိုတော့ ဥရောပပြိုင်ပွဲ ကင်းမဲ့ရာသီအဖြစ် ဖြတ်သန်းရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ေတာင့္တင္းတဲ့ လူစာရင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး ကြင္းလယ္မွာ ခ်ာကာနဲ႔ ပါေတးကို တြဲေပးခဲ့သလို ခံစစ္မွာေတာ့ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္အတြဲနဲ႔ အစြန္ေတြမွာ တီယာနီနဲ႔ ခ်ိမ္းဘားစ္တို႔ကို သုံးခဲ့ခ်ိန္မွာ ဆာကာကို ခ်န္လွပ္ထားခဲ့ၿပီး ေအာ္ဒီဂြါဒ္၊ ေပေပနဲ႔ စမစ္႐ိုးတို႔ရဲ႕ ေရွ႕က အူဘာမီယန္းကို ဦးေဆာင္ေစခဲ့ပါတယ္။

အမ္းမရိတ္မွာ အာဆင္နယ္အသင္းရဲ႕ ေဖ်ာ္ေျဖမႈဆန္တဲ့ တြဲလုံးေတြကို ျမင္ေတြ႕ခဲ့ရေပမယ့္ ဘယ္ျခမ္းက စမစ္႐ိုးရဲ႕ ကစားပုံက အလယ္မွာ ကစားရသလို မထိေရာက္ခဲ့သလို အူဘာမီယန္းကေတာ့ လစာအျမင့္ဆုံးရသြားကတည္းက သာယာသြားခဲ့တာျဖစ္ၿပီး အသင္းရဲ႕ ကစားပုံကို ႀကီးႀကီးမားမား အက်ိဳးမျပဳဘဲ ေအာ္ဒီဂြါဒ္နဲ႔ ေပေပတို႔ကပဲ အဓိက ေမာင္းႏွင္အားေတြ ျဖစ္ေနခဲ့ပါတယ္။

ကြင္းလယ္လူ ပါေတးရဲ႕ ျဖတ္ေတာက္ရယူမႈေတြနဲ႔ ေဘာလုံးေပးပုံေတြက ေကာင္းခဲ့ၿပီး ကန္ခ်က္ေတြကေတာ့ ဂိုးနဲ႔ အရင္ေလာက္ မေဝးေတာ့တာကို ျမင္ရတာကေတာ့ တိုးတက္လာတယ္ပဲ ေျပာရမွာျဖစ္ၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာ အာဆင္နယ္တို႔ ေထာင့္ကန္ေဘာကေန တစ္ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ ဟိုးလ္ဒင္း လူကြၽံေနတာေၾကာင့္ ကံဆိုးခဲ့ရပါတယ္။

ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ေပမယ့္ ဘ႐ိုက္တန္တို႔ရဲ႕ တုံ႔ျပန္မႈက ထင္မွတ္မထားေလာက္ေအာင္ ေကာင္းခဲ့ၿပီး ႀကိဳးႀကိဳးစားစားနဲ႔ မာေက်ာက်စ္လ်စ္တဲ့ ကစားပုံကို ျပသသြားခဲ့လို႔ ပထမပိုင္းမွာ အာဆင္နယ္တို႔ ႐ုန္းကန္ခဲ့ရၿပီး ထိုးေဖာက္ဂိုးသြင္းမႈေတြကလည္း အားနည္းေနခဲ့လို႔ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္တို႔ရဲ႕ ကစားပုံေတြက ပိုမိုထိေရာက္လာခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ တီယာနီရဲ႕ ျဖတ္တင္ေဘာ ျပန္ထြက္လာရာကေန ခ်ာကာက ညာျခမ္းကို ထိုးေပးခဲ့ၿပီး ခ်ိမ္းဘားစ္က ဂိုးဧရိယာထဲကို ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ေပေပက ဘယ္ေျခနဲ႔ တစ္ခ်က္ ထိန္းၿပီး ညာေျခနဲ႔ Volley ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ရဲ႕ ေပါင္ၾကားထဲက ဝင္သြားခဲ့လို႔ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးရႏိုင္တဲ့ အခြင့္အေရးကို ကြန္ႏိုလီက ေနာက္က ပါလာတဲ့ အသင္းေဖာ္ေတြဆီ ေပးရမယ့္အစား သုံးစားမရတဲ့ ကန္ခ်က္မ်ိဳးနဲ႔ ျဖဳန္းတီးပစ္ခဲ့လို႔ အာဆင္နယ္တို႔ သက္သာခဲ့ၿပီး ေမာ္ေပနဲ႔ ဝဲလ္ဘက္တို႔ မပါဝင္ခ်ိန္မွာ နည္းျပ ဂေရဟမ္ ေပါ့တာအတြက္ စိတ္ပ်က္စရာလည္းျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာ အူဘာမီယန္းေပးတာကို ေအာ္ဒီဂြါဒ္ ေႏွးေနတာေၾကာင့္ ဘ႐ိုက္တန္ခံစစ္က ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္ခံခဲ့ရၿပီး ပင္နယ္တီ ရဖို႔လည္း မလုံေလာက္ခဲ့သလို ပြဲခ်ိန္ ၅၇ မိနစ္က သူတို႔ရဲ႕ ပစ္မွတ္ အိဗ္စ္ ဘီဆူးမားရဲ႕ ကန္ခ်က္ကေတာ့ ေတာ္ေတာ္ေလးေကာင္းခဲ့ေပမယ့္ တိုင္ေဘးကေန လြဲေခ်ာ္သြားခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၆၀ မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ခံစစ္သုံးေယာက္တန္းနဲ႔ ေတာင္ပံခံစစ္ၾကားက လြတ္ေနတဲ့ ကြက္လပ္ကို ခ်ေပးခဲ့တဲ့ ေအာ္ဒီဂြါဒ္ရဲ႕ ေပးပို႔မႈကို ေပေပကပဲ ရယူသြားခဲ့ၿပီး ေနာက္ခံလူ လူးဝစ္ ဒန႔္ခ္ရဲ႕ ေပါင္ၾကားကေန အမွတ္မထင္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆန္ခ်က္ဇ္ အငိုက္မိသြားခဲ့ၿပီး မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

အူဘာမီယန္းကေတာ့ ဒီေန႔ပြဲမွာ လက္ရွိလုပ္ခရဲ႕ ဆယ္ပုံတစ္ပုံ ေပါင္သုံးေသာင္းခြဲေတာင္ ေပးခ်င္စရာမရွိတဲ့ ေျခစြမ္းေနတဲ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာ ပါေတးရဲ႕ Control, Turn and Shot က ေကာင္းခဲ့ေပမယ့္ ဘားထိထြက္ခဲ့တာကေတာ့ ေတာ္ေတာ္ေလး ႏွေျမာစရာ ျဖစ္ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ စမစ္႐ိုး၊ အူဘာမီယန္းနဲ႔ ေအာ္ဒီဂြါဒ္တို႔အစား ဆာကာ၊ လာကာဇက္နဲ႔ မာတီနယ္လီတို႔ ဝင္ေရာက္ကစားခဲ့ေပမယ့္ အပိုင္အခြင့္အေရးမ်ိဳး သိပ္မရေတာ့တဲ့အတြက္ ဘရာဇီးလ္သား ဂါဘီရဲ႕ အထိန္းအသိမ္းေကာင္းတခ်ိဳ႕ကို ျမင္ခဲ့ရတာနဲ႔ပဲ ပရိသတ္ေတြ ေက်နပ္ခဲ့ရၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ေပေပကေတာ့ ႏွစ္ပြဲဆက္တိုက္ Brace ရခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္မွတ္တမ္းမွာလည္း ဒီရာသီသြင္းဂိုး ၁၀ ဂိုးနဲ႔ Double Figure ရရွိသြားခဲ့သလို အာဆင္နယ္ရဲ႕ ဂိုးပါဝင္ပတ္သက္မႈအမ်ားဆုံး ကစားသမားအျဖစ္ ဒီရာသီမွာ သြင္းဂိုးစုစုေပါင္း ၁၅ ဂိုး၊ ဖန္တီးမႈ ၅ ႀကိမ္နဲ႔ အႀကိမ္ ၂၀ အထိ မွတ္တမ္းေရးထိုးႏိုင္ခဲ့သလို ပရိသတ္ေတြကိုေတာ့ ရာသီအေစာပိုင္းက ေျခစြမ္းျပႏိုင္ခဲ့ရင္လို႔ မခ်ိတင္ကဲျဖစ္ေစခဲ့တာပါ။

ဒီေန႔ႏိုင္ပြဲေၾကာင့္ အာဆင္နယ္တို႔ အဆင့္ ၇ နဲ႔ ယူ႐ိုပါ ကြန္ဖရင့္လိဂ္တို႔ကို ေမွ်ာ္လင့္ႏိုင္ခဲ့ေသးေပမယ့္ တစ္ဖက္မွာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္တို႔က လက္စတာကို အေဝးကြင္းမွာ အႏိုင္ရရွိသြားခဲ့လို႔ တစ္မွတ္အကြာနဲ႔ လက္လႊတ္ခဲ့ရၿပီး လာမယ့္ ၂၀၂၁-၂၂ ရာသီသစ္ကိုေတာ့ ဥေရာပၿပိဳင္ပြဲ ကင္းမဲ့ရာသီအျဖစ္ ျဖတ္သန္းရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.