Match Report Premier League

ဝံပုလွေတွေကို အဝေးမြေမှာ အမဲလိုက်ပြီး နိုင်ပွဲနဲ့ ရာသီသိမ်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်အတွက် ဘယ်လောက်တောင် ဂရုတစိုက် ပြင်ဆင်နေသလဲဆိုတာကို ဒီနေ့မှာ တွေ့ခဲ့ရပြီး အဓိကကစားသမားတွေကို အနားပေးပြီး အရန်ကစားသမား ၈ ဦးနဲ့ ပွဲထွက်လာခဲ့သလို အာမက် ဂျယ်လိုကို တိုက်စစ်မြားဦးမှာ သုံးစွဲခဲ့တဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ခံစစ်မှာ တွမ်ဇီဘီနဲ့ ဘိုင်လီကို တွဲပေးထားခဲ့ပြီး တဲလက်စ်နဲ့ ဝီလီယမ်စ်တို့ကို ဘယ်ညာအစွန်တွေမှာ ထားခဲ့တဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးကို ခက်ခက်ခဲခဲ ထိန်းချုပ်နေခဲ့ရပြီး လူငယ်ကစားသမား အီလန်ဂါကတော့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချမှုအပိုင်းမှာ အားနည်းခဲ့တာကို တွေ့ရပါတယ်။

အာမက် ဂျယ်လိုရဲ့ ရွေ့လျားပုံတွေက ဒီနေ့မှာ အီလန်ဂါကို တော်တော်လေး နေရာလွတ်တွေ ရရှိစေခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာတော့ အဲလက်စ် တဲလက်စ် ပေးတာကို ဒန်နီယယ်လ် ဂျိမ်းစ်က ဖြတ်တင်ပေးတဲ့ ဘောလုံးကို အီလန်ဂါက ဖရိုဖရဲဖြစ်နေတဲ့ ဝုလ်ဗ်စ်နောက်ခံလူတွေကြားထဲကနေ ပြေးဝင်ခေါင်းတိုက်ပြီး သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးနနဲ့ယူနိုက်တက်တို့ကို စတင်ဦးဆောင်စေခဲ့ပါတယ်။

ထရာအိုရေး ခြေစွမ်းပြခဲ့ပေမယ့် တွဲဖက်ခံ တိုက်စစ်မှူးဆိုတဲ့ ဖာဘီယို ဆေးလ်ဗားကတော့ စိတ်ပျက်စရာပုံစံကိုပဲ ပြသနေခဲ့ပြီး အဆုံးသတ်တွေမှာ လွဲချော်နေခဲ့ပေမယ့် ပွဲချိန် ၃၉ မိနစ်မှာတော့ သူဆွဲပြေးပြီး ညာခြမ်းကနေ ပြန်ချိုးပေးတဲ့ ဘောလုံးကို အသင့်နေရာယူထားတဲ့ နယ်လ်ဆန် ဆီမီဒိုက အနီးကပ် ပိတ်သွင်းပြီး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ဗန်ဒဘိခ်ကို နောက်ကနေ ဖျက်ထုတ်ရင်း ဘောလုံးမထိဘဲ ခြေထောက်ကို ထိခဲ့ရာမှာ ဒိုင်လူကြီး မိုက်ဒင်းန်က VAR နဲ့ ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ကွင်းလယ်လူ မာတာက ဂိုးသမား ပက်ထရီစီယို ဒိုက်ပစ်တဲ့ ထောင့်နဲ့ ဆန့်ကျင်ဘက်ကို ကန်ပြီး ဂိုးသွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်ရဖို့ ကစားခဲ့တဲ့ ဝုလ်ဗ်စ်တို့ရဲ့ တိုက်စစ်တွေက မထိရောက်ခဲ့သလို ပွဲချိန် ၅၈ မိနစ်မှာ လွတ်ထွက်သွားခဲ့တဲ့ ဒန်နီယယ်လ် ဂျိမ်းစ်ကလည်း ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တာကို တော်တော်လေး ဆိုးဆိုးရွားရွား အဆုံးသတ်ခဲ့တဲ့အတွက် စိတ်ပျက်စရာတွေပဲ ကြုံခဲ့ရပါတယ်။

ဒိုင်လူကြီး မိုက်ဒင်းန်ကတော့ ပြစ်ဒဏ်ဘောတွေမှာ ဝုလ်ဗ်စ်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့ ပင်နယ်တီ တောင်းဆိုမှုကလည်း VAR နဲ့ ငြင်းပယ်ခံခဲ့ရသလို ဟန်ဒါဆန်ရဲ့ ကာကွယ်မှုကောင်းတွေနဲ့အတူ တစ်ဖက်တိုက်စစ်ကို ယူနိုက်တက်တို့ တောင့်ခံသွားနိုင်ခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဝုလ်ဗ်စ်နည်းပြ နူနိုဆန်တိုရဲ့ နောက်ဆုံးကိုင်တွယ်တဲ့ပွဲမှာ ဆိုးလ်ရှားအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပြီး အာမက် ဂျယ်လိုရဲ့ ခြေစွမ်းထက်မြက်မှုကို မြင်ခဲ့ရသလို ရှိုးတိုင်းယားနဲ့ မေဘရီတို့ကိုလည်း စမ်းသပ်နိုင်ခဲ့တာက အမြတ်ထွက်ခဲ့ချိန်မှာ အဓိကကစားသမားတွေကို အနားပေးရင်း နိုင်ပွဲရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယား မပါဝင်နိုင်ချိန်မှာ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ယူနိုက်တက်တို့ မိုလီနူးက နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ၂၀၂၀-၂၁ ရာသီကို ရမှတ် ၇၄ မှတ်နဲ့ ပိတ်သိမ်းနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ လူစုံဖို့အတွက်တော့ ပရိသတ်တွေ မျှော်လင့်တကြီးနဲ့ စောင့်စားကြည့်ရှုရဦးမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ဖိုင္နယ္အတြက္ ဘယ္ေလာက္ေတာင္ ဂ႐ုတစိုက္ ျပင္ဆင္ေနသလဲဆိုတာကို ဒီေန႔မွာ ေတြ႕ခဲ့ရၿပီး အဓိကကစားသမားေတြကို အနားေပးၿပီး အရန္ကစားသမား ၈ ဦးနဲ႔ ပြဲထြက္လာခဲ့သလို အာမက္ ဂ်ယ္လိုကို တိုက္စစ္ျမားဦးမွာ သုံးစြဲခဲ့တဲ့ ပုံစံနဲ႔ ပြဲထြက္လာခဲ့ပါတယ္။

ခံစစ္မွာ တြမ္ဇီဘီနဲ႔ ဘိုင္လီကို တြဲေပးထားခဲ့ၿပီး တဲလက္စ္နဲ႔ ဝီလီယမ္စ္တို႔ကို ဘယ္ညာအစြန္ေတြမွာ ထားခဲ့တဲ့ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ေနခဲ့ရၿပီး လူငယ္ကစားသမား အီလန္ဂါကေတာ့ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အသုံးခ်မႈအပိုင္းမွာ အားနည္းခဲ့တာကို ေတြ႕ရပါတယ္။

အာမက္ ဂ်ယ္လိုရဲ႕ ေ႐ြ႕လ်ားပုံေတြက ဒီေန႔မွာ အီလန္ဂါကို ေတာ္ေတာ္ေလး ေနရာလြတ္ေတြ ရရွိေစခဲ့ၿပီး ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အဲလက္စ္ တဲလက္စ္ ေပးတာကို ဒန္နီယယ္လ္ ဂ်ိမ္းစ္က ျဖတ္တင္ေပးတဲ့ ေဘာလုံးကို အီလန္ဂါက ဖ႐ိုဖရဲျဖစ္ေနတဲ့ ဝုလ္ဗ္စ္ေနာက္ခံလူေတြၾကားထဲကေန ေျပးဝင္ေခါင္းတိုက္ၿပီး သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးနနဲ႔ယူႏိုက္တက္တို႔ကို စတင္ဦးေဆာင္ေစခဲ့ပါတယ္။

ထရာအိုေရး ေျခစြမ္းျပခဲ့ေပမယ့္ တြဲဖက္ခံ တိုက္စစ္မႉးဆိုတဲ့ ဖာဘီယို ေဆးလ္ဗားကေတာ့ စိတ္ပ်က္စရာပုံစံကိုပဲ ျပသေနခဲ့ၿပီး အဆုံးသတ္ေတြမွာ လြဲေခ်ာ္ေနခဲ့ေပမယ့္ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ သူဆြဲေျပးၿပီး ညာျခမ္းကေန ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို အသင့္ေနရာယူထားတဲ့ နယ္လ္ဆန္ ဆီမီဒိုက အနီးကပ္ ပိတ္သြင္းၿပီး ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ ဗန္ဒဘိခ္ကို ေနာက္ကေန ဖ်က္ထုတ္ရင္း ေဘာလုံးမထိဘဲ ေျခေထာက္ကို ထိခဲ့ရာမွာ ဒိုင္လူႀကီး မိုက္ဒင္းန္က VAR နဲ႔ ပင္နယ္တီသတ္မွတ္ေပးခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ကြင္းလယ္လူ မာတာက ဂိုးသမား ပက္ထရီစီယို ဒိုက္ပစ္တဲ့ ေထာင့္နဲ႔ ဆန႔္က်င္ဘက္ကို ကန္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ယူႏိုက္တက္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးျပန္ရဖို႔ ကစားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ရဲ႕ တိုက္စစ္ေတြက မထိေရာက္ခဲ့သလို ပြဲခ်ိန္ ၅၈ မိနစ္မွာ လြတ္ထြက္သြားခဲ့တဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္ကလည္း ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕တာကို ေတာ္ေတာ္ေလး ဆိုးဆိုး႐ြား႐ြား အဆုံးသတ္ခဲ့တဲ့အတြက္ စိတ္ပ်က္စရာေတြပဲ ႀကဳံခဲ့ရပါတယ္။

ဒိုင္လူႀကီး မိုက္ဒင္းန္ကေတာ့ ျပစ္ဒဏ္ေဘာေတြမွာ ဝုလ္ဗ္စ္ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး သူတို႔ရဲ႕ ပင္နယ္တီ ေတာင္းဆိုမႈကလည္း VAR နဲ႔ ျငင္းပယ္ခံခဲ့ရသလို ဟန္ဒါဆန္ရဲ႕ ကာကြယ္မႈေကာင္းေတြနဲ႔အတူ တစ္ဖက္တိုက္စစ္ကို ယူႏိုက္တက္တို႔ ေတာင့္ခံသြားႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဝုလ္ဗ္စ္နည္းျပ ႏူႏိုဆန္တိုရဲ႕ ေနာက္ဆုံးကိုင္တြယ္တဲ့ပြဲမွာ ဆိုးလ္ရွားအတြက္ေတာ့ စိတ္ေက်နပ္စရာျဖစ္ခဲ့ရၿပီး အာမက္ ဂ်ယ္လိုရဲ႕ ေျခစြမ္းထက္ျမက္မႈကို ျမင္ခဲ့ရသလို ရႈိးတိုင္းယားနဲ႔ ေမဘရီတို႔ကိုလည္း စမ္းသပ္ႏိုင္ခဲ့တာက အျမတ္ထြက္ခဲ့ခ်ိန္မွာ အဓိကကစားသမားေတြကို အနားေပးရင္း ႏိုင္ပြဲရွာေဖြႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယား မပါဝင္ႏိုင္ခ်ိန္မွာ သုံးပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ယူႏိုက္တက္တို႔ မိုလီႏူးက ႏိုင္ပြဲနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ ၂၀၂၀-၂၁ ရာသီကို ရမွတ္ ၇၄ မွတ္နဲ႔ ပိတ္သိမ္းႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ လူစုံဖို႔အတြက္ေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္တႀကီးနဲ႔ ေစာင့္စားၾကည့္ရႈရဦးမွာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.