Premier League

လီဗာပူးလ္ကစားသမား ဟစ္ပီယာကို အတုယူထားၿပီး ဂ်ဳိးဂိုမက္ဇ္နဲ႔ တြဲရတာ အဆင္အေျပဆုံးဆုိတဲ့ ဗန္ဒိုက္

လီဗာပူးလ္အသင္းရဲ႕ ၾကယ္ပြင့္ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္က အားလပ္ေနတဲ့အခ်ိန္ တြစ္တာမွာ ပရိသတ္ေတြရဲ႕ ေမးခြန္းေတြကို လက္ခံ ေျဖၾကားေပးခဲ့ရာမွာ သူ႕ရဲ႕အေျဖေတြကို ဟာသေႏွာၿပီး တင္ဆက္သြားခဲ့သလို အမွန္အတုိင္း ေျဖၾကားခဲ့တာေတြလည္း ရွိၿပီး ဒီထဲက တခ်ဳိ႕ကို စုစည္း တင္ဆက္လုိက္ပါတယ္။

ပရိသတ္ေတြမ်ားစြာထဲကမွ ဗန္ဒိုက္ကို ဘယ္လီဗာပူးလ္ကစားသမားနဲ႔ သူ႕ကိုယ္သူ တူတယ္လုိ႔ ထင္မိသလဲလို႔ ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက ေမးခဲ့ခ်ိန္မွာေတာ့ သူ႕ကိုယ္သူ အသင္းေခါင္းေဆာင္ေဟာင္း ဖင္လန္ကစားသမား ဆာမီ ဟစ္ပီယာနဲ႔ တစ္စိတ္တစ္ေဒသတူတယ္လို႔ ေျဖၾကားသြားခဲ့ၿပီး ဒီေနာက္ခံလူကေတာ့ ပရိသတ္ေတြအတြက္ အတိတ္က ေက်ာက္ေဆာင္ႀကီးတစ္ခုျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။

ဘယ္ၿပဳိင္ဘက္ကစားသမားက ရင္ဆုိင္ရတာ အခက္ခဲဆုံးလဲဆုိတာကိုေတာ့ ဗန္ဒိုက္က ႏွစ္မ်ဳိးေျဖၾကားသြားခဲ့ၿပီး အခက္ခဲဆုံးကေတာ့ ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီျဖစ္ၿပီး လူကပ္ဖို႔ မလြယ္ကူဆုံးကစားသမားကေတာ့ မန္စီးတီးတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုလို႔ ဆုိခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဝါရင့္ေနာက္ခံလူရဲ႕ တြဲဖက္ကစားဖို႔ အႏွစ္သက္ဆုံးအသင္းေဖာ္ကေတာ့ ဂ်ဳိးဂိုမက္ဇ္ပဲျဖစ္တယ္လို႔ တျခားေနာက္ခံလူေတြျဖစ္ၾကတဲ့ ဒီဂ်န္ လိုဗရန္၊ ဂ်ဳိယယ္ မာတစ္ပ္တို႔ကို ခ်န္ၿပီး ေျပာၾကားသြားခဲ့ၿပီး ဒီ ၂၂ ႏွစ္သားကေတာ့ တကယ္လည္း သူ႕ရဲ႕ အသန္မာဆုံး တြဲဖက္ျဖစ္ေနတာပါ။

ေနာက္ဆုံးေမးခြန္းတစ္ခုကို ေဖာ္ျပရရင္ေတာ့ သူရယ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဂ်ဳိးဂိုမက္ဇ္နဲ႔ ေရာဘတ္ဆန္တုိ႔ မီတာ ၁၀၀ အေျပးၿပဳိင္ရင္ ဘယ္သူႏုိင္မယ္ထင္လဲဆုိတာကို သူနဲ႔ ဂိုမက္ဇ္ျဖစ္မယ္လုိ႔ ဒီေလးေယာက္ထဲမွာ အျမန္ဆုံးေနာက္ခံအစြန္လူေတြကို ခ်န္ၿပီး ေျဖၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ကြယ်ပွင့်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်က အားလပ်နေတဲ့အချိန် တွစ်တာမှာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို လက်ခံ ဖြေကြားပေးခဲ့ရာမှာ သူ့ရဲ့အဖြေတွေကို ဟာသနှောပြီး တင်ဆက်သွားခဲ့သလို အမှန်အတိုင်း ဖြေကြားခဲ့တာတွေလည်း ရှိပြီး ဒီထဲက တချို့ကို စုစည်း တင်ဆက်လိုက်ပါတယ်။

ပရိသတ်တွေများစွာထဲကမှ ဗန်ဒိုက်ကို ဘယ်လီဗာပူးလ်ကစားသမားနဲ့ သူ့ကိုယ်သူ တူတယ်လို့ ထင်မိသလဲလို့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက မေးခဲ့ချိန်မှာတော့ သူ့ကိုယ်သူ အသင်းခေါင်းဆောင်ဟောင်း ဖင်လန်ကစားသမား ဆာမီ ဟစ်ပီယာနဲ့ တစ်စိတ်တစ်ဒေသတူတယ်လို့ ဖြေကြားသွားခဲ့ပြီး ဒီနောက်ခံလူကတော့ ပရိသတ်တွေအတွက် အတိတ်က ကျောက်ဆောင်ကြီးတစ်ခုဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။

ဘယ်ပြိုင်ဘက်ကစားသမားက ရင်ဆိုင်ရတာ အခက်ခဲဆုံးလဲဆိုတာကိုတော့ ဗန်ဒိုက်က နှစ်မျိုးဖြေကြားသွားခဲ့ပြီး အခက်ခဲဆုံးကတော့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီဖြစ်ပြီး လူကပ်ဖို့ မလွယ်ကူဆုံးကစားသမားကတော့ မန်စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုလို့ ဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဝါရင့်နောက်ခံလူရဲ့ တွဲဖက်ကစားဖို့ အနှစ်သက်ဆုံးအသင်းဖော်ကတော့ ဂျိုးဂိုမက်ဇ်ပဲဖြစ်တယ်လို့ တခြားနောက်ခံလူတွေဖြစ်ကြတဲ့ ဒီဂျန် လိုဗရန်၊ ဂျိုယယ် မာတစ်ပ်တို့ကို ချန်ပြီး ပြောကြားသွားခဲ့ပြီး ဒီ ၂၂ နှစ်သားကတော့ တကယ်လည်း သူ့ရဲ့ အသန်မာဆုံး တွဲဖက်ဖြစ်နေတာပါ။

နောက်ဆုံးမေးခွန်းတစ်ခုကို ဖော်ပြရရင်တော့ သူရယ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဂျိုးဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့ မီတာ ၁၀၀ အပြေးပြိုင်ရင် ဘယ်သူနိုင်မယ်ထင်လဲဆိုတာကို သူနဲ့ ဂိုမက်ဇ်ဖြစ်မယ်လို့ ဒီလေးယောက်ထဲမှာ အမြန်ဆုံးနောက်ခံအစွန်လူတွေကို ချန်ပြီး ဖြေကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.