Premier League UCL&UEL

မန္ခ်က္စတာစီးတီးကို ဒဏ္ေငြခ်မွတ္လုိက္ျပန္တဲ့ ယူအီးအက္ဖ္ေအ

မန္ခ်က္စတာစီးတီးအသင္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ရွဳံးထြက္ပထမအေက်ာ့ပြဲစဥ္မွာ ဝတ္ဆင္ခဲ့တဲ့ ကြင္းတြင္းဝင္ ဝတ္စုံရဲ႕ အေပၚအက်ႌကို အသုံးျပဳရာမွာ စည္းကမ္းခ်ဳိးေဖာက္မိခဲ့လို႔ ယူအီးအက္ဖ္ေအရဲ႕ ယူ႐ိုသုံးေထာင္(ေပါင္ ၂၆၅၀) ဒဏ္တပ္႐ိုက္မွဳနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လုိ႔ သိရပါတယ္။

မန္စီးတီးအသင္းနဲ႔ ယူအီးအက္ဖ္ေအကေတာ့ တေစာင္းေစးနဲ႔ မ်က္ေခ်းလို ျဖစ္ေနခဲ့သလားလုိ႔ ထင္မွတ္ရေလာက္ေအာင္ပဲ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီဟာ စီးတီးရဲ႕ အေပၚအက်ႌလိုဂိုေအာက္က မာရသြန္ဘက္ ေလာင္းကစားကုမၸဏီရဲ႕ စပြန္ဆာက သတ္မွတ္ထားတဲ့ ၂၀ ကုဗစင္တီမီတာထက္ ေက်ာ္လြန္ေနတယ္ဆုိၿပီး ဒဏ္႐ိုက္သြားခဲ့တာပါ။

ယူအီးအက္ဖ္ေအရဲ႕ ပြဲစဥ္ေတြမွာ စည္းမ်ဥ္းစည္းကမ္းေတြကေတာ့ မ်ားျပားလြန္းၿပီး မန္စီးတီးတုိ႔အေနနဲ႔ သူတုိ႔ရဲ႕ လက္စြဲဥပေဒ အမွတ္ ၂၉ ရဲ႕ အပိုဒ္(ခ)ကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့တယ္လို႔ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက စြဲခ်က္တင္ခဲ့တာျဖစ္သလို ဒဏ္ေငြကိုေတာ့ ရက္ေပါင္း ၉၀ အတြင္း ေပးေဆာင္ရမွာလည္းျဖစ္ပါတယ္။

မန္စီးတီးအျပင္ တျခားအဂၤလန္အသင္းေတြျဖစ္ၾကတဲ့ လီဗာပူးလ္၊ မန္ခ်က္စတာယူႏုိက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္တုိ႔ဟာလည္း သူတုိ႔ရဲ႕ မီးပန္းေဖာက္မွဳ၊ လမ္းပိတ္ဆို႔မွဳ၊ ပြဲေနာက္က်ကစားခဲ့မွဳေတြေၾကာင့္ ဒဏ္ေငြအသီးသီးက်ခံခဲ့ရေသးတယ္လုိ႔လည္း သိရပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ဥေရာပၿပဳိင္ပြဲေတြကေန ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္နဲ႔ ရင္ဆုိင္ေနခဲ့ရတဲ့ မန္ခ်က္စတာစီးတီးအသင္းအတြက္ေတာ့ ဒီျဖစ္ရပ္ဟာ ၿပဳိင္ပြဲက်င္းပေရးနဲ႔ သူတုိ႔ၾကား ပုိမုိအမုန္းပြားဖို႔လည္း ျဖစ္ခဲ့ရၿပီး ပရိသတ္ေတြကေတာ့ ဆႏၵျပမွဳေတြလုပ္ဖို႔ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ပြဲေတြ မရပ္နားခင္ကေတာင္မွ စီစဥ္ထားခဲ့ၾကေသးေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ ဝတ်ဆင်ခဲ့တဲ့ ကွင်းတွင်းဝင် ဝတ်စုံရဲ့ အပေါ်အင်္ကျီကို အသုံးပြုရာမှာ စည်းကမ်းချိုးဖောက်မိခဲ့လို့ ယူအီးအက်ဖ်အေရဲ့ ယူရိုသုံးထောင်(ပေါင် ၂၆၅၀) ဒဏ်တပ်ရိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းနဲ့ ယူအီးအက်ဖ်အေကတော့ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်နေခဲ့သလားလို့ ထင်မှတ်ရလောက်အောင်ပဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ စီးတီးရဲ့ အပေါ်အင်္ကျီလိုဂိုအောက်က မာရသွန်ဘက် လောင်းကစားကုမ္ပဏီရဲ့ စပွန်ဆာက သတ်မှတ်ထားတဲ့ ၂၀ ကုဗစင်တီမီတာထက် ကျော်လွန်နေတယ်ဆိုပြီး ဒဏ်ရိုက်သွားခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ ပွဲစဉ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေကတော့ များပြားလွန်းပြီး မန်စီးတီးတို့အနေနဲ့ သူတို့ရဲ့ လက်စွဲဥပဒေ အမှတ် ၂၉ ရဲ့ အပိုဒ်(ခ)ကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်လို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက စွဲချက်တင်ခဲ့တာဖြစ်သလို ဒဏ်ငွေကိုတော့ ရက်ပေါင်း ၉၀ အတွင်း ပေးဆောင်ရမှာလည်းဖြစ်ပါတယ်။

မန်စီးတီးအပြင် တခြားအင်္ဂလန်အသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးစ်နဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တို့ဟာလည်း သူတို့ရဲ့ မီးပန်းဖောက်မှု၊ လမ်းပိတ်ဆို့မှု၊ ပွဲနောက်ကျကစားခဲ့မှုတွေကြောင့် ဒဏ်ငွေအသီးသီးကျခံခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဥရောပပြိုင်ပွဲတွေကနေ နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းအတွက်တော့ ဒီဖြစ်ရပ်ဟာ ပြိုင်ပွဲကျင်းပရေးနဲ့ သူတို့ကြား ပိုမိုအမုန်းပွားဖို့လည်း ဖြစ်ခဲ့ရပြီး ပရိသတ်တွေကတော့ ဆန္ဒပြမှုတွေလုပ်ဖို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေ မရပ်နားခင်ကတောင်မှ စီစဉ်ထားခဲ့ကြသေးကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.