Premier League

အားကစားခုံ႐ုံးကို ကန္႔ကြက္စာရဲ႕ေနာက္မွာ အာဆင္နယ္ဦးေဆာင္ေနတယ္လုိ႔ မန္ခ်က္စတာစီးတီး ယုံၾကည္ေန

အသင္းရဲ႕ ယူအီးအက္ဖ္ေအက ခ်မွတ္ထားတဲ့ ဥေရာပၿပဳိင္ပြဲေတြကေန ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္ကို အယူခံဝင္ဖို႔ လုပ္ေဆာင္ေနမွဳအေပၚ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးေတြရဲ႕ ကန္႔ကြက္မွဳရဲ႕ ေနာက္ကြယ္မွာ အာဆင္နယ္အသင္းက ဦးေဆာင္ေနတယ္လို႔ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ယုံၾကည္ေနေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အားကစားခုံ႐ုံးကို အယူခံတင္သြင္းထားတဲ့ မန္စီးတီးအသင္းရဲ႕ ျပစ္ဒဏ္ကို ဘာအေၾကာင္းနဲ႔မွ ေလွ်ာ့ေပါ့မေပးဘဲ သူတုိ႔ေတြအေနနဲ႔ ဘဏၰာေရး ခ်ဳိးေဖာက္မွဳေတြကေန အေၾကာင္းအမ်ဳိးမ်ဳိးျပၿပီး ႐ုန္းထြက္မွဳေတြကို မိမိတုိ႔အေနနဲ႔ သည္းမခံႏုိင္ေတာ့ဘူးလို႔ အမည္မေဖာ္လုိတဲ့ ပုဂၢဳိလ္တစ္ဦးက ေျပာၾကားခဲ့တယ္လို႔ ေဒးလီးေမးလ္က အေစာပုိင္းက ေဖာ္ျပထားခဲ့ပါတယ္။

ဒီကိစၥမွာ ေနာက္ပုိင္းႏွစ္ေတြမွာ မန္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အဓိကၿပဳိင္ဘက္ျဖစ္ေနခဲ့တဲ့ လီဗာပူးလ္အသင္းလည္း ပါဝင္ေနခဲ့သလို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းေတြလည္း ပါဝင္ေနခဲ့တယ္လို႔ ၿပီးခဲ့တဲ့ သတင္းတစ္ရပ္မွာ ပါရွိခဲ့တာပါ။

အာဆင္နယ္အသင္းရဲ႕ အဓိက ဦးေဆာင္မွဳလို႔ မန္စီးတီးဘက္က ယုံၾကည္ေနတဲ့ အေၾကာင္းရင္းကေတာ့ နည္းျပေဟာင္း အာဆင္ဝင္းဂါးရဲ႕ သူတုိ႔အသင္းက ကစားသမားေတြျဖစ္တဲ့ ကလစ္ခ်ီ၊ နာဆရီ၊ အဒီဘာေယာ၊ ကိုလိုတိုေရးနဲ႔ ဆက္ဂ္ညာတုိ႔ကို ေခၚယူၿပီး အသင္းကို ဖ်က္ဆီးဖို႔ ႀကဳိးစားခဲ့တယ္လုိ႔ စြပ္စြဲမွဳေတြကေနလည္း ျမစ္ဖ်ားခံတယ္လို႔ ယူဆရပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံရဲ႕ အယူခံကုိ အားကစားခုံ႐ုံး CAS က COVID-19 ကပ္ေရာဂါေၾကာင့္ ဆုံးျဖတ္မခ်ႏုိင္ဘဲ ေရႊ႕ဆုိင္းထားၿပီး ဒါကို ပရီးမီးယားလိဂ္ဦးေဆာင္သူ လီဗာပူးလ္နဲ႔ အာဆင္နယ္၊ မန္ယူ၊ ခ်ဲလ္ဆီး၊ စပါးစ္၊ လက္စတာ၊ ဝုလ္ဗ္စ္၊ ဘန္ေလတုိ႔က ဝို္င္းဝန္းကန္႔ကြက္ခဲ့လို႔ မန္စီးတီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ ေဒါသထြက္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အသင်းရဲ့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဥရောပပြိုင်ပွဲတွေကနေ နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ လုပ်ဆောင်နေမှုအပေါ် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေရဲ့ ကန့်ကွက်မှုရဲ့ နောက်ကွယ်မှာ အာဆင်နယ်အသင်းက ဦးဆောင်နေတယ်လို့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ယုံကြည်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အားကစားခုံရုံးကို အယူခံတင်သွင်းထားတဲ့ မန်စီးတီးအသင်းရဲ့ ပြစ်ဒဏ်ကို ဘာအကြောင်းနဲ့မှ လျှော့ပေါ့မပေးဘဲ သူတို့တွေအနေနဲ့ ဘဏ္ဏာရေး ချိုးဖောက်မှုတွေကနေ အကြောင်းအမျိုးမျိုးပြပြီး ရုန်းထွက်မှုတွေကို မိမိတို့အနေနဲ့ သည်းမခံနိုင်တော့ဘူးလို့ အမည်မဖော်လိုတဲ့ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့တယ်လို့ ဒေးလီးမေးလ်က အစောပိုင်းက ဖော်ပြထားခဲ့ပါတယ်။

ဒီကိစ္စမှာ နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်နေခဲ့တဲ့ လီဗာပူးလ်အသင်းလည်း ပါဝင်နေခဲ့သလို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးစ်အသင်းတွေလည်း ပါဝင်နေခဲ့တယ်လို့ ပြီးခဲ့တဲ့ သတင်းတစ်ရပ်မှာ ပါရှိခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ အဓိက ဦးဆောင်မှုလို့ မန်စီးတီးဘက်က ယုံကြည်နေတဲ့ အကြောင်းရင်းကတော့ နည်းပြဟောင်း အာဆင်ဝင်းဂါးရဲ့ သူတို့အသင်းက ကစားသမားတွေဖြစ်တဲ့ ကလစ်ချီ၊ နာဆရီ၊ အဒီဘာယော၊ ကိုလိုတိုရေးနဲ့ ဆက်ဂ်ညာတို့ကို ခေါ်ယူပြီး အသင်းကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲမှုတွေကနေလည်း မြစ်ဖျားခံတယ်လို့ ယူဆရပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံရဲ့ အယူခံကို အားကစားခုံရုံး CAS က COVID-19 ကပ်ရောဂါကြောင့် ဆုံးဖြတ်မချနိုင်ဘဲ ရွှေ့ဆိုင်းထားပြီး ဒါကို ပရီးမီးယားလိဂ်ဦးဆောင်သူ လီဗာပူးလ်နဲ့ အာဆင်နယ်၊ မန်ယူ၊ ချဲလ်ဆီး၊ စပါးစ်၊ လက်စတာ၊ ဝုလ်ဗ်စ်၊ ဘန်လေတို့က ဝိုင်းဝန်းကန့်ကွက်ခဲ့လို့ မန်စီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ ဒေါသထွက်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.