Match Report Premier League

ကွင်းထဲ ဝင်ရမ်းတဲ့ ပရိသတ်တွေ Effect ကြောင့် လက်စတာကို ရှုံးခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ပွဲမှာတော့ ပွဲကြိုမှာ နည်းပြ ဆိုးလ်ရှား ဝန်ခံထားတဲ့အတိုင်း မန်စီးတီးကို ဖိအားလိုက်ပေးဖို့အတွက် မလွယ်ဘူးဆိုတဲ့ စကားနဲ့အညီ ဒီနေ့ပွဲမှာ ဆက်တိုက်ကစားရလို့ ပွဲပန်းနေတဲ့ ပထမအသင်းသားတော်တော်များများကို အနားပေးခဲ့သလို လူငယ်တွေနဲ့ ကျားကန်ခဲ့ပြီး ပွဲထွက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ပရိသတ်တွေ ဆန္ဒပြရုံနဲ့ အားမရဘဲ ကွင်းထဲ ဝင်ရမ်းခဲ့တာကြောင့် ပွဲပျက်ခဲ့ရတဲ့ ပရိသတ်တွေကြောင့် ပြန်ကစားရမယ့် လီဗာပူးလ်နဲ့ သိက္ခာ၊ မာနချင်းယှဉ်မယ့်ပွဲကို ပိုမိုအာရုံထားခဲ့ရသလို တစ်ရက်ခြားပြီး နောက်တစ်ပွဲ ကစားရချိန်မှာ ယူရိုပါလိဂ်ကိုပါ ဗိုလ်လုရဦးမယ့် ယူနိုက်တက်တို့အတွက်တော့ လက်စတာနဲ့ပွဲက စတေးရဖို့လည်း ဖြစ်လာခဲ့ပါတယ်။

ညာတောင်ပံက အာမက် ဂျယ်လို မဆိုးပေမယ့် သိပ်အဆင်မပြေတဲ့ ဘရန်ဒန် ဝီလီယမ်စ်ကြောင့် ညာခြမ်းက လွဲနေခဲ့သလို ဘယ်ခြမ်းကတော့ အီလန်ဂါနဲ့ အဲလက်စ် တဲလက်စ်ရဲ့ အတွဲအဖက်က တော်တော်လေးဆိုးခဲ့သလို ကွင်းလယ်က မာတစ်ချ်နဲ့ မာတာတို့ဟာ ဗန်ဒဘိခ်နဲ့ အစေးမကပ်ခဲ့ဘဲ ရှေ့မှာ ဂရင်းဝုဒ်တစ်ယောက် သနားစရာဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ ယူနိုက်တက်ရဲ့ ဘာမှ လုပ်နိုင်စွမ်းမရှိတဲ့ Pressing ကို လက်စတာတို့ အေးအေးဆေးဆေး ကျော်ဖြတ်ပြီး ထိုးပေးလိုက်တဲ့ ဘောလုံးကို တီးလီးမန်းစ်က ညာခြမ်းကနေ ဖြတ်တင်ခဲ့ရာမှာ ဗာဒီကို ကျော်သွားခဲ့ပေမယ့် ဘယ်နောက်ခံလူ သောမတ်စ်က Volley ဖြတ်ကန်ပြီး ဒဟေးယားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို အငိုက်မိစေခဲ့လို့ ဧည့်သည်တွေ ဂိုးစရခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး သောမတ်စ်ကို ညာခြမ်းကနေ ကျော်ဖြတ်ရယူခဲ့တဲ့ အာမက် ဂျယ်လိုက နောက်ပြန်ချပေးတာကို ဂရင်းဝုဒ်က တစ်ကိုယ်တော်အစွမ်းနဲ့ ဆိုယွန်ကျူကို ကျော်ဖြတ်ပြီး အဝေးတိုင်ထောင့်ကို အနိမ့်ဘော ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ရဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်စုဖွဲ့မှုကတော့ တော်တော်လေး ဝါးအစည်းပြေနေခဲ့ပြီး ခေါင်းဆောင်နိုင်သူ မရှိခဲ့သလို လက်စတာတို့အတွက် အချဉ်လိုဖြစ်နေခဲ့ပြီး တစ်သင်းလုံးနီးပါး ဆင်းဖျက်နေရတဲ့အထိ ဆိုးရွားခဲ့သလို အီလန်ဂါကတော့ အသင်းနဲ့ မပူးပေါင်းနိုင်ခဲ့ဘဲ သူ့ဆီရောက်တိုင်း ဘောလုံးပျက်သလိုဖြစ်နေခဲ့ပါတယ်။

လက်စတာတို့ ပိုမိုဖိကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒီပွဲမှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ တွမ်ဇီဘီနဲ့ တဲလက်စ်တို့ရဲ့ ခံစစ်ဘယ်ခြမ်းကတော့ Ball Playing Defender လူသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူသင့်တယ်ဆိုတာကို မီးမောင်းထိုးပြနေခဲ့သလို မက်ဂွိုင်းယား အချိန်မီ ပြန်မလာနိုင်ရင် နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းကိုက်စရာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း လက်စတာတို့ ဖိကစားချက်က အိမ်ရှင်တွေကို အားမနာဘူးလားလို့ပဲ မေးရမလိုဖြစ်နေခဲ့သလို မာတစ်ချ်၊ မာတာ၊ ဗန်ဒဘိခ်တို့ရဲ့ ကွင်းလယ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ တိုက်စစ်ကို အားဖြည့်တဲ့အနေနဲ့ အီလန်ဂါနဲ့ ဂရင်းဝုဒ်တို့နေရာမှာ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ကို လူစားလဲခဲ့ပါတယ်။

တိုက်စစ်မှူးနှစ်ယောက်ကတော့ လာခြင်းမကောင်းခဲ့ဘဲ သူတို့ဝင်ဝင်လာချင်း ပေးရတဲ့ ထောင့်ကန်ဘောကနေ လက်စတာတောင်ပံသမား အယ်လ်ဘရိုက်တန်က ကန်တင်ပေးတာကို အာရုံစူးစိုက်မှု နည်းပါးတဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာတစ်ချ်တို့ မျောပါသွားခဲ့ချိန်မှာ သူတို့နှစ်ယောက်ကြားကနေ ဆိုယွန်ကျူက ကန်ချက်လောက်ပြင်းတဲ့ ခေါင်းတိုက်ချက်နဲ့ လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားခဲ့ပြီး ယူနိုက်တက်တို့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာလည်း လက်စတာတို့ပဲ တိုက်စစ်ဆင်နိုင်ခဲ့ပြီး အယိုဇေ ပီရက်ဇ်နဲ့ မက်ဒီဆန်တို့ ဖန်တီးပေးရမယ့်အစား ဖြုန်းတီးပစ်ခဲ့ကြလို့သာ ယူနိုက်တက်တို့ သက်သာခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကို အာမက် ဂျယ်လိုအစား လူစားလဲခဲ့ပေမယ့်လည်း ချေပဂိုး ပြန်ရအောင်တော့ မစွမ်းနိုင်ခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် ၃ ပွဲအကျန်မှာ ယူနိုက်တက်နဲ့ ၁၀ မှတ်ကွာသွားခဲ့တဲ့ စီးတီးတို့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဒီနေ့ပွဲ အောင်ပွဲခံနိုင်ခဲ့သလို ယူနိုက်တက်တို့ကတော့ လက်ကျန်ပွဲတွေမှာ အဆင့် ၂ နေရာကို သေချာအောင်နဲ့ ယူရိုပါလိဂ်နဲ့ ရာသီသိမ်းလှဖို့ ပါးပါးနပ်နပ် စီမံခန့်ခွဲရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာေတာ့ ပြဲႀကိဳမွာ နည္းျပ ဆိုးလ္ရွား ဝန္ခံထားတဲ့အတိုင္း မန္စီးတီးကို ဖိအားလိုက္ေပးဖို႔အတြက္ မလြယ္ဘူးဆိုတဲ့ စကားနဲ႔အညီ ဒီေန႔ပြဲမွာ ဆက္တိုက္ကစားရလို႔ ပြဲပန္းေနတဲ့ ပထမအသင္းသားေတာ္ေတာ္မ်ားမ်ားကို အနားေပးခဲ့သလို လူငယ္ေတြနဲ႔ က်ားကန္ခဲ့ၿပီး ပြဲထြက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အပတ္က ပရိသတ္ေတြ ဆႏၵျပ႐ုံနဲ႔ အားမရဘဲ ကြင္းထဲ ဝင္ရမ္းခဲ့တာေၾကာင့္ ပြဲပ်က္ခဲ့ရတဲ့ ပရိသတ္ေတြေၾကာင့္ ျပန္ကစားရမယ့္ လီဗာပူးလ္နဲ႔ သိကၡာ၊ မာနခ်င္းယွဥ္မယ့္ပြဲကို ပိုမိုအာ႐ုံထားခဲ့ရသလို တစ္ရက္ျခားၿပီး ေနာက္တစ္ပြဲ ကစားရခ်ိန္မွာ ယူ႐ိုပါလိဂ္ကိုပါ ဗိုလ္လုရဦးမယ့္ ယူႏိုက္တက္တို႔အတြက္ေတာ့ လက္စတာနဲ႔ပြဲက စေတးရဖို႔လည္း ျဖစ္လာခဲ့ပါတယ္။

ညာေတာင္ပံက အာမက္ ဂ်ယ္လို မဆိုးေပမယ့္ သိပ္အဆင္မေျပတဲ့ ဘရန္ဒန္ ဝီလီယမ္စ္ေၾကာင့္ ညာျခမ္းက လြဲေနခဲ့သလို ဘယ္ျခမ္းကေတာ့ အီလန္ဂါနဲ႔ အဲလက္စ္ တဲလက္စ္ရဲ႕ အတြဲအဖက္က ေတာ္ေတာ္ေလးဆိုးခဲ့သလို ကြင္းလယ္က မာတစ္ခ်္နဲ႔ မာတာတို႔ဟာ ဗန္ဒဘိခ္နဲ႔ အေစးမကပ္ခဲ့ဘဲ ေရွ႕မွာ ဂရင္းဝုဒ္တစ္ေယာက္ သနားစရာျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ယူႏိုက္တက္ရဲ႕ ဘာမွ လုပ္ႏိုင္စြမ္းမရွိတဲ့ Pressing ကို လက္စတာတို႔ ေအးေအးေဆးေဆး ေက်ာ္ျဖတ္ၿပီး ထိုးေပးလိုက္တဲ့ ေဘာလုံးကို တီးလီးမန္းစ္က ညာျခမ္းကေန ျဖတ္တင္ခဲ့ရာမွာ ဗာဒီကို ေက်ာ္သြားခဲ့ေပမယ့္ ဘယ္ေနာက္ခံလူ ေသာမတ္စ္က Volley ျဖတ္ကန္ၿပီး ဒေဟးယားရဲ႕ ညာဘက္အေပၚေထာင့္ထဲကို အငိုက္မိေစခဲ့လို႔ ဧည့္သည္ေတြ ဂိုးစရခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုး ျပန္သြင္းႏိုင္ခဲ့ၿပီး ေသာမတ္စ္ကို ညာျခမ္းကေန ေက်ာ္ျဖတ္ရယူခဲ့တဲ့ အာမက္ ဂ်ယ္လိုက ေနာက္ျပန္ခ်ေပးတာကို ဂရင္းဝုဒ္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဆိုယြန္က်ဴကို ေက်ာ္ျဖတ္ၿပီး အေဝးတိုင္ေထာင့္ကို အနိမ့္ေဘာ ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ ခံစစ္ပိုင္းနဲ႔ ကြင္းလယ္စုဖြဲ႕မႈကေတာ့ ေတာ္ေတာ္ေလး ဝါးအစည္းေျပေနခဲ့ၿပီး ေခါင္းေဆာင္ႏိုင္သူ မရွိခဲ့သလို လက္စတာတို႔အတြက္ အခ်ဥ္လိုျဖစ္ေနခဲ့ၿပီး တစ္သင္းလုံးနီးပါး ဆင္းဖ်က္ေနရတဲ့အထိ ဆိုး႐ြားခဲ့သလို အီလန္ဂါကေတာ့ အသင္းနဲ႔ မပူးေပါင္းႏိုင္ခဲ့ဘဲ သူ႔ဆီေရာက္တိုင္း ေဘာလုံးပ်က္သလိုျဖစ္ေနခဲ့ပါတယ္။

လက္စတာတို႔ ပိုမိုဖိကစားႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒီပြဲမွာ ေျခစြမ္းဆိုး႐ြားခဲ့တဲ့ တြမ္ဇီဘီနဲ႔ တဲလက္စ္တို႔ရဲ႕ ခံစစ္ဘယ္ျခမ္းကေတာ့ Ball Playing Defender လူသစ္တစ္ဦး မျဖစ္မေန ေခၚယူသင့္တယ္ဆိုတာကို မီးေမာင္းထိုးျပေနခဲ့သလို မက္ဂြိဳင္းယား အခ်ိန္မီ ျပန္မလာႏိုင္ရင္ နည္းျပ ဆိုးလ္ရွားအတြက္ ေခါင္းကိုက္စရာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း လက္စတာတို႔ ဖိကစားခ်က္က အိမ္ရွင္ေတြကို အားမနာဘူးလားလို႔ပဲ ေမးရမလိုျဖစ္ေနခဲ့သလို မာတစ္ခ်္၊ မာတာ၊ ဗန္ဒဘိခ္တို႔ရဲ႕ ကြင္းလယ္ဟာ ဆိုးဆိုး႐ြား႐ြား ပ်က္စီးေနခဲ့ၿပီး ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ တိုက္စစ္ကို အားျဖည့္တဲ့အေနနဲ႔ အီလန္ဂါနဲ႔ ဂရင္းဝုဒ္တို႔ေနရာမွာ ရက္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီတို႔ကို လူစားလဲခဲ့ပါတယ္။

တိုက္စစ္မႉးႏွစ္ေယာက္ကေတာ့ လာျခင္းမေကာင္းခဲ့ဘဲ သူတို႔ဝင္ဝင္လာခ်င္း ေပးရတဲ့ ေထာင့္ကန္ေဘာကေန လက္စတာေတာင္ပံသမား အယ္လ္ဘ႐ိုက္တန္က ကန္တင္ေပးတာကို အာ႐ုံစူးစိုက္မႈ နည္းပါးတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာတစ္ခ်္တို႔ ေမ်ာပါသြားခဲ့ခ်ိန္မွာ သူတို႔ႏွစ္ေယာက္ၾကားကေန ဆိုယြန္က်ဴက ကန္ခ်က္ေလာက္ျပင္းတဲ့ ေခါင္းတိုက္ခ်က္နဲ႔ လြတ္လြတ္ကြၽတ္ကြၽတ္ သြင္းယူသြားခဲ့ၿပီး ယူႏိုက္တက္တို႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာလည္း လက္စတာတို႔ပဲ တိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး အယိုေဇ ပီရက္ဇ္နဲ႔ မက္ဒီဆန္တို႔ ဖန္တီးေပးရမယ့္အစား ျဖဳန္းတီးပစ္ခဲ့ၾကလို႔သာ ယူႏိုက္တက္တို႔ သက္သာခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို အာမက္ ဂ်ယ္လိုအစား လူစားလဲခဲ့ေပမယ့္လည္း ေခ်ပဂိုး ျပန္ရေအာင္ေတာ့ မစြမ္းႏိုင္ခဲ့ဘဲ အိုးလ္ထရက္ဖို႔ဒ္မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အရႈံးေပးခဲ့ရပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ၃ ပြဲအက်န္မွာ ယူႏိုက္တက္နဲ႔ ၁၀ မွတ္ကြာသြားခဲ့တဲ့ စီးတီးတို႔ကေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ဒီေန႔ပြဲ ေအာင္ပြဲခံႏိုင္ခဲ့သလို ယူႏိုက္တက္တို႔ကေတာ့ လက္က်န္ပြဲေတြမွာ အဆင့္ ၂ ေနရာကို ေသခ်ာေအာင္နဲ႔ ယူ႐ိုပါလိဂ္နဲ႔ ရာသီသိမ္းလွဖို႔ ပါးပါးနပ္နပ္ စီမံခန႔္ခြဲရဦးမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.