Premier League

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးကသာ ချုပ်ကိုင်ထားတဲ့ ဘယ်လွန်ဒေါဆုကို ဒီနှစ်က ဘယ်သူဆွတ်ခူးမလဲ

လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ဘလွန်းဒေါဆုရှင်က ဘယ်သူဖြစ်လာမလဲဆိုတာ အခုချိန်ကတည်း သိပ်စိတ်လှုပ်ရှားဖို့ကောင်းနေသလို လီဝန်​ဒေါစကီးရဲ့ အကောင်းဆုံးနှစ်တနှစ်မှာ ပရိသတ်တွေ နှမျောခဲ့ရဖူးတာလည်း ဒီနှစ်မှာ သူ့အတွက်များဖြစ်လာမလာဆိုတဲ့ မျှော်လင့်စရာတွေလည်းရှိနေပါတယ်။

၂၀၀၈ ကနေ ၂၀၁၉ အထိ ၁၂ နှစ်ဆက်တိုက်အတွင်း လူကာ မိုဒရစ်ရဲ့ ၂၀၁၈ ခုနှစ်က အံ့အားသင့်စရာ ဘလွန်းဒေါဆိုရှင်ဖြစ်ခဲ့ခြင်းကလွဲရင် ကျန် ၁၁ နှစ်မှာ မက်ဆီ ၆ ကြိမ်နဲ့ ရော်နယ်လ်ဒိုက ၅ ကြိမ်၊ တလှည့်စီ ချုပ်ကိုင်ပြီး ဒီဆုရဲ့စင်မြင့်ထက်ကို လွှမ်းမိုးထားတာပါ။

ဒီနှစ်မှာတော့ သူတို့နှစ်ဦးလုံးရဲ့ နန်းကျဘုရင်ဖြစ်လာမယ့်အရေးကို မြင်တွေ့ခဲ့ရပြီး ချန်ပီယံလိဂ်ကနေ စောစောစီးစီးပဲ ထွက်ခွာသွားကြတာကြောင့် ဘယ်လွန်ဒေါဆုရဲ့ နောက်ဆုံးဆန်ခါတင်အဆင့်ကို တန်းဝင်ဖို့ဆိုရင် သူတို့အနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေကလည်း အခွင့်အရေးတခုအနေနဲ့ ရှိနေသေးပါတယ်။

ကိုပါဒယ်လ်ရေးဖလားကို ပူပူနွေးနွေး ကိုင်မြှောက်ထားတဲ့ မက်ဆီအတွက်တော့ လာလီဂါဖလားကို ဆွတ်ခူးနိုင်မယ့် နောက်ဆုံးလက်ကျန်ပွဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ စိတ်ဝင်စားစရာကောင်းနေသလို ရော်နယ်လ်ဒိုကတော့ ဖလားလက်မဲ့ရာသီကို ရင်ဆိုင်ရတော့မယ့်အချိန်မှာ မက်ဆီက ၂၀၂၁ ခုနှစ် တနှစ်အတွင်း ဂိုးအများဆုံးသွင်းထားသူအဖြစ် ရပ်တည်နေတာပါ။

ဒီနှစ်မှာ ဘလွန်းဒီအောဆုနဲ့ အလားအလာအရှိဆုံးအဖြစ် မြင်တွေ့နေရသူတွေက မန်စီးတီးနဲ့ ဖလား ၃ လုံးလမ်းကြောင်းပေါ်က ကီဗင် ဒီဘရိုင်းနား၊ ဥရောပရွှေဖိနပ်ဆုရှင်ဖြစ်လာတော့မယ့် လီဝန်ဒေါစကီး၊ အင်တာနဲ့ စကူဒတ်တိုဖလားဗိုလ်ဝင်ခံထားတဲ့ လူကာကူတို့အပြင် အမ်ဘာပေနဲ့ ရူဘင် ဒီယာ့စ်တို့ကည်း စာရင်းပေါက်နေပါတယ်။

ဒီဘရိုင်းနားအနေနဲ့ မန်စီးတီးနဲ့ ဖလား ၃လုံးချန်ပီယံဖြစ်ပြီး ဘယ်လ်ဂျီယံအသင်းနဲ့ပါ ယူရိုအောင်မြင်မှုမှာ ခြေမြူးနိုင်ခဲ့ရင် ဒီဆုက သူ့အတွက် သေချာပေါက်ဖြစ်လာဖို့ ရှိနေပြီး ဘိုင်ယန်အတွက် ဒီရာသီမှာ တကိုယ်တော် ၄၃ ဂိုးအထိ သွင်းယူထားတဲ့ လီဝန်ဒေါစကီးကတော့ အကောင်းဆုံးတိုက်စစ်မှူးအဖြစ်လည်း ဒီဆုနဲ့ ထိုက်တန်နေတာပါ။

၂၀၀၆ ခုနှစ်က ကန်နာဗာရိုး​က ဗဟိုခံစစ်မှူးအဖြစ် ဘလွန်းဒေါဆုကို ဆွတ်ခူးခဲ့တာက နောက်ဆုံးအကြိမ်ဖြစ်ခဲ့ပြီး ၁၅ နှစ်အကြာမှာတော့ မန်စီးတီးရဲ့ ပေးဂိုးအနည်းဆုံး ကျောက်ဆောင်ခံစစ်ကို ဦးဆောင်နေတဲ့ ရူဘင် ဒီယာ့စ်အတွက်လည်း မျှော်လင့်စရာဖြစ်လာသလို ဗာဂျီးလ် ဗန်ဒိုက်လွဲချော်ခဲ့ဖူးသလို မလွဲချော်ဖို့သာလိုတယ်လို့ မှတ်ချက်ချရမှာပါ။

ပြည်တွင်းလိဂ်တွေမှာ အသီးသီးချန်ပီယံဖြစ်ထားတဲ့ လူကာကူနဲ့ အမ်ဘာပေတို့အတွက်တော့ လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားချန်ပီယံဆုက အဓိကစကားပြောလာဖို့ ရှိနေပြီး သူတို့အတွက်လည်း ထိုက်တန်လည်း နှစ်တနှစ်အဖြစ် ခြေစွမ်းတွေနဲ့ သက်သေထူခဲ့ပြီးချိန်မှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီကလည်း ဘယ်လွန်ဒေါစင်မြင့်ရဲ့ တနေရာစာအတွက် ဇဝေဇဝါဖြစ်နေမှာမဟုတ်ဘဲ အပြိုင်ကြိုးစားလာကြမှာဖြစ်ကြောင်း ရေးသားင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာမယ့္ ၂၀၂၁ ခုႏွစ္ရဲ႕ ဘလြန္းေဒါဆုရွင္က ဘယ္သူျဖစ္လာမလဲဆိုတာ အခုခ်ိန္ကတည္း သိပ္စိတ္လႈပ္ရွားဖို႔ေကာင္းေနသလို လီဝန္​ေဒါစကီးရဲ႕ အေကာင္းဆုံးႏွစ္တႏွစ္မွာ ပရိသတ္ေတြ ႏွေမ်ာခဲ့ရဖူးတာလည္း ဒီႏွစ္မွာ သူ႔အတြက္မ်ားျဖစ္လာမလာဆိုတဲ့ ေမွ်ာ္လင့္စရာေတြလည္းရွိေနပါတယ္။

၂၀၀၈ ကေန ၂၀၁၉ အထိ ၁၂ ႏွစ္ဆက္တိုက္အတြင္း လူကာ မိုဒရစ္ရဲ႕ ၂၀၁၈ ခုႏွစ္က အံ့အားသင့္စရာ ဘလြန္းေဒါဆိုရွင္ျဖစ္ခဲ့ျခင္းကလြဲရင္ က်န္ ၁၁ ႏွစ္မွာ မက္ဆီ ၆ ႀကိမ္နဲ႔ ေရာ္နယ္လ္ဒိုက ၅ ႀကိမ္၊ တလွည့္စီ ခ်ဳပ္ကိုင္ၿပီး ဒီဆုရဲ႕စင္ျမင့္ထက္ကို လႊမ္းမိုးထားတာပါ။

ဒီႏွစ္မွာေတာ့ သူတို႔ႏွစ္ဦးလုံးရဲ႕ နန္းက်ဘုရင္ျဖစ္လာမယ့္အေရးကို ျမင္ေတြ႕ခဲ့ရၿပီး ခ်န္ပီယံလိဂ္ကေန ေစာေစာစီးစီးပဲ ထြက္ခြာသြားၾကတာေၾကာင့္ ဘယ္လြန္ေဒါဆုရဲ႕ ေနာက္ဆုံးဆန္ခါတင္အဆင့္ကို တန္းဝင္ဖို႔ဆိုရင္ သူတို႔အေနနဲ႔ ယူ႐ိုၿပိဳင္ပြဲနဲ႔ ကိုပါအေမရိကဖလားၿပိဳင္ပြဲေတြကလည္း အခြင့္အေရးတခုအေနနဲ႔ ရွိေနေသးပါတယ္။

ကိုပါဒယ္လ္ေရးဖလားကို ပူပူေႏြးေႏြး ကိုင္ေျမႇာက္ထားတဲ့ မက္ဆီအတြက္ေတာ့ လာလီဂါဖလားကို ဆြတ္ခူးႏိုင္မယ့္ ေနာက္ဆုံးလက္က်န္ပြဲေတြကို ဘယ္လိုေက်ာ္ျဖတ္မလဲ စိတ္ဝင္စားစရာေကာင္းေနသလို ေရာ္နယ္လ္ဒိုကေတာ့ ဖလားလက္မဲ့ရာသီကို ရင္ဆိုင္ရေတာ့မယ့္အခ်ိန္မွာ မက္ဆီက ၂၀၂၁ ခုႏွစ္ တႏွစ္အတြင္း ဂိုးအမ်ားဆုံးသြင္းထားသူအျဖစ္ ရပ္တည္ေနတာပါ။

ဒီႏွစ္မွာ ဘလြန္းဒီေအာဆုနဲ႔ အလားအလာအရွိဆုံးအျဖစ္ ျမင္ေတြ႕ေနရသူေတြက မန္စီးတီးနဲ႔ ဖလား ၃ လုံးလမ္းေၾကာင္းေပၚက ကီဗင္ ဒီဘ႐ိုင္းနား၊ ဥေရာပေ႐ႊဖိနပ္ဆုရွင္ျဖစ္လာေတာ့မယ့္ လီဝန္ေဒါစကီး၊ အင္တာနဲ႔ စကူဒတ္တိုဖလားဗိုလ္ဝင္ခံထားတဲ့ လူကာကူတို႔အျပင္ အမ္ဘာေပနဲ႔ ႐ူဘင္ ဒီယာ့စ္တို႔ကည္း စာရင္းေပါက္ေနပါတယ္။

ဒီဘ႐ိုင္းနားအေနနဲ႔ မန္စီးတီးနဲ႔ ဖလား ၃လုံးခ်န္ပီယံျဖစ္ၿပီး ဘယ္လ္ဂ်ီယံအသင္းနဲ႔ပါ ယူ႐ိုေအာင္ျမင္မႈမွာ ေျချမဴးႏိုင္ခဲ့ရင္ ဒီဆုက သူ႔အတြက္ ေသခ်ာေပါက္ျဖစ္လာဖို႔ ရွိေနၿပီး ဘိုင္ယန္အတြက္ ဒီရာသီမွာ တကိုယ္ေတာ္ ၄၃ ဂိုးအထိ သြင္းယူထားတဲ့ လီဝန္ေဒါစကီးကေတာ့ အေကာင္းဆုံးတိုက္စစ္မႉးအျဖစ္လည္း ဒီဆုနဲ႔ ထိုက္တန္ေနတာပါ။

၂၀၀၆ ခုႏွစ္က ကန္နာဗာ႐ိုး​က ဗဟိုခံစစ္မႉးအျဖစ္ ဘလြန္းေဒါဆုကို ဆြတ္ခူးခဲ့တာက ေနာက္ဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ၁၅ ႏွစ္အၾကာမွာေတာ့ မန္စီးတီးရဲ႕ ေပးဂိုးအနည္းဆုံး ေက်ာက္ေဆာင္ခံစစ္ကို ဦးေဆာင္ေနတဲ့ ႐ူဘင္ ဒီယာ့စ္အတြက္လည္း ေမွ်ာ္လင့္စရာျဖစ္လာသလို ဗာဂ်ီးလ္ ဗန္ဒိုက္လြဲေခ်ာ္ခဲ့ဖူးသလို မလြဲေခ်ာ္ဖို႔သာလိုတယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

ျပည္တြင္းလိဂ္ေတြမွာ အသီးသီးခ်န္ပီယံျဖစ္ထားတဲ့ လူကာကူနဲ႔ အမ္ဘာေပတို႔အတြက္ေတာ့ လက္ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ိုဖလားခ်န္ပီယံဆုက အဓိကစကားေျပာလာဖို႔ ရွိေနၿပီး သူတို႔အတြက္လည္း ထိုက္တန္လည္း ႏွစ္တႏွစ္အျဖစ္ ေျခစြမ္းေတြနဲ႔ သက္ေသထူခဲ့ၿပီးခ်ိန္မွာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီကလည္း ဘယ္လြန္ေဒါစင္ျမင့္ရဲ႕ တေနရာစာအတြက္ ဇေဝဇဝါျဖစ္ေနမွာမဟုတ္ဘဲ အၿပိဳင္ႀကိဳးစားလာၾကမွာျဖစ္ေၾကာင္း ေရးသားင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.