Match Report Premier League Serie A UCL&UEL

စိတ်ဓာတ်ပိုင်းအတွက် ဝင့်ကြွားနိုင်ခဲ့ပြီး နှစ်ဂိုးပေးရပေမယ့် ဒါဇင်ဝက် ပြန်သွင်းတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ကို ရယူဖို့ ပြင်ဆင်ထားတဲ့ အသင်းပီပီ အိမ်ကွင်းမှာ အကောင်းဆုံးလူစာရင်းကို တိုက်စစ်မှူး ကာဗာနီကို ဦးဆောင်ခိုင်းခဲ့ပြီး ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်တို့ကို သူ့ရဲ့နောက်က သုံးယောက်တန်းမှာ အသုံးပြုလာခဲ့သလို ခံစစ်ကလည်း လူစုံထုတ်သုံးလာခဲ့ပါတယ်။

ရိုးမားအသင်းကတော့ ဒီနေ့ပွဲကို ၃-၄-၃ ပုံစံ၊ ခံစစ်သမား ၅ ယောက်ပါတဲ့ ကစားကွက်နဲ့ ခင်းကျင်းလာခဲ့ပြီး နောက်တန်းမှာ ယူနိုက်တက် ကစားသမားဟောင်း စမောလင်း ပါဝင်လာခဲ့သလို တိုက်စစ်မှာတော့ ကစားသမားဟောင်း မစ်ခီတာရီယန်နဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးတိုက်စစ်မှူးဟောင်း အီဒင် ဂျက်ကိုတို့ကို သုံးစွဲခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဘယ်တောင်ပံကနေ ဘောလုံးကိုင်လှုပ်နေတဲ့ ပေါ့ဘာက ထိုးပေးလိုက်တာကို ဗဟိုမှာ နေရာယူထားတဲ့ ကာဗာနီက ချိတ်ပြီး ဂိုးဧရိယာထဲ ထည့်ပေးခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်က ပြေးထွက်လာတဲ့ ဂိုးသမားအပေါ်က ကျော်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်တို့ ဒီနေ့ ကံမကောင်းခဲ့ဘဲ ပွဲချိန် ၁၃ မိနစ်မှာ ရိုးမားနောက်ခံလူ ကားစ်ဒေါ့ပ်ရဲ့ ဖြတ်တင်ဘောကို ပိတ်ဆို့တဲ့ ပေါ့ဘာ လက်နဲ့ ထိမိခဲ့တာကြောင့် ပင်နယ်တီ ပြန်ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ကွင်းလယ်လူ ပယ်လီဂရီနီက အမှားအယွင်းမရှိ ပြန်လည်ချေပခဲ့လို့ တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ရိုးမားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဘယ်ခြမ်းတိုက်စစ်ကနေ စပင်နက်ဇိုလာ၊ မစ်ခီတာရီယန်နဲ့ ပယ်လီဂရီနီတို့ရဲ့ တွဲလုံးကနေ ယူနိုက်တက်ရဲ့ မသပ်ရပ်တဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ပယ်လီဂရီနီက အနိမ့်ဘောချိုးပေးတာကို ဂျက်ကိုက ပိတ်သွင်းခဲ့ပြီး ပထမပိုင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ပရိသတ်တွေ စိုးရိမ်နေခဲ့ရပါတယ်။

ရိုးမားတို့ကတော့ ဒီနေ့ပွဲမှာ ကံပြန်ဆိုးသွားခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာ ကွင်းလယ်လူ ဗယ်ရယ်တူ၊ ၂၈ မိနစ်မှာ ဂိုးသမား ပေါ်လိုပက်ဇ်နဲ့ ၃၇ မိနစ် မှာတော့ ဘယ်ခြမ်းမှာ ခြေစွမ်းပြနေခဲ့တဲ့ နံပါတ် ၃၇ ပိုင်ရှင် စပင်နက်ဇိုလာတို့ကို လူစားလဲခဲ့ရပြီး ပထမပိုင်းအပြီးမှာ ချိန်ခွင်လျှာက ယူနိုက်တက်တို့ဆီ အစွန်းပြန်ထွက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ဒုတိယပိုင်းမှာတော့ အကောင်းဆုံး ပြန်လာနိုင်မှုတွေနဲ့အတူ ပွဲချိန် ၄၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပေါ့ဘာပေးတာကို ကာဗာနီက လျင်လျင်မြန်မြန်နဲ့ ဘရူနို ဖာနန်ဒက်စ်ဆီ ဘောလုံးထားခဲ့ပြီး ဧရိယာထဲကို ပြေးဝင်သွားချိန်မှာ ပေါ်တူဂီဖန်တီးရှင်ရဲ့ ကွက်တိရောက်လာတဲ့ ဘောလုံးက သူ့လို ဝါရင့်တိုက်စစ်မှူးအတွက် ခက်ခဲစရာ မရှိခဲ့ဘဲ မနားတမ်းပိတ်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာရဲ့ ဘယ်ခြမ်းကတော့ ရိုးမားတို့အတွက် တကယ့် Decoy လို့ ခေါ်ရမယ့် အာရုံလွှဲစရာ ထောင်ချောက်ဖြစ်နေခဲ့ပြီး သူ့ကို အာရုံစိုက်နေတုန်း တခြားရောက်သွားတဲ့ ဘောလုံးတွေက အန္တရာယ်ကြီးခဲ့သလို ပွဲချိန် ၆၄ မိနစ်မှာတော့ သူ့ဆီက ရတဲ့ ဘောလုံးကို ဖာနန်ဒက်စ် ခင်းပေးရာက ဝန်ဘစ်ဆာကာ ကန်သွင်းခဲ့ပြီး ပြန်ထွက်လာတာကို ကာဗာနီကပဲ အနီးကပ်ပိတ်သွင်းပြီး ယူနိုက်တက်တို့အတွက် အနိုင်ဂိုး ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပြီး ရိုးမားဆီ သူလျှိုလွှတ်ထားသလား မေးရမယ့် ကစားသမားဟောင်း စမောလင်းရဲ့ ကာဗာနီကို ဘောလုံးမထိဘဲ နောက်ကနေ ဖျက်ထုတ်မှုကနေ ရခဲ့တဲ့ အခွင့်အရေးကို ဖာနန်ဒက်စ်က ညာဘက်အောက်ထောင့်ကို ဒိုက်ပစ်တဲ့ ဂိုးသမားနဲ့ ဆန့်ကျင်ဘက် ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းပြီး ၇၁ မိနစ်မှာတော့ လေးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။

လေးမိနစ်အကြာ ပွဲချိန် ၇၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ပဉ္စမဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကို အနီးပေးပြီး ဖြတ်တင် ပေးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို ကွင်းထဲ ရှိနေတာကလွဲရင် အသင်းဟောင်းနဲ့ပွဲမှာ အမှားတွေချည်း လုပ်နေတဲ့ စမောလင်းရဲ့ ဘေးမှာ နေရာယူထားခဲ့တဲ့ ပေါ့ဘာက သူ့အမှားကို ချေဖျက်တဲ့အနေနဲ့ ခေါင်းတိုက်ပြီး ဦးဆောင်မှုကို တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကာဗာနီ ပေးပို့ဖန်တီးခဲ့တဲ့ ဘောလုံးကို ညာခြမ်းကနေ ရသွားခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဂရင်းဝုဒ်က ဒီနေ့ပွဲမှာ တစ်ချိန်လုံး Shot Stopping တွေ ညံ့နေခဲ့တဲ့ လူစားဝင်ဂိုးသမား မီရန်တီကို အနိုင်ယူနိုင်ခဲ့ပြီး သူ့ရဲ့ ညာခြေကန်ချက်က သူ့ရဲ့လက်နဲ့ မထိဘဲ ခြေထောက်နဲ့သာထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ကွင်းမှာ ယူနိုက်တက်တို့ ခြောက်ဂိုး-နှစ်ဂိုးနဲ့ ပရိသတ်တွေကို ရင်အေးစေခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ယူနိုက်တက်တို့ အဝေးဂိုး နှစ်ဂိုး ပေးခဲ့ရပေမယ့် ရိုးမားရဲ့ ခြေစွမ်းနဲ့ အိုလံပီကိုမှာ ယူနိုက်တက်ကို လေးဂိုး-ဂိုးမရှိ အနိုင်ကစားဖို့ဆိုတာက ဖြစ်နိုင်ခြေ ရာခိုင်နှုန်း အရမ်းနည်းနေခဲ့သလို အိမ်ကွင်းမှာ ပြသခဲ့တဲ့ တိုက်စစ်အင်အားကလည်း ဂိုးဒါဇင်ဝက်အထိ သွင်းယူနိုင်ခဲ့တာဖြစ်လို့ ပထမပိုင်းမှာ ရင်ပူခဲ့ရတဲ့ နည်းပြ ဆိုးလ်ရှားနဲ့ ပရိသတ်တွေအနေနဲ့ စိတ်ချမ်းသာစွာ အိပ်ယာဝင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖိုင်နယ် ကျင်းပမယ့် ဂဒန့်စ်မြို့ဆီ ခြေတစ်ဖက် လှမ်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ကို ရယူဖို႔ ျပင္ဆင္ထားတဲ့ အသင္းပီပီ အိမ္ကြင္းမွာ အေကာင္းဆုံးလူစာရင္းကို တိုက္စစ္မႉး ကာဗာနီကို ဦးေဆာင္ခိုင္းခဲ့ၿပီး ေပါ့ဘာ၊ ရက္ရွ္ဖို႔ဒ္၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို သူ႔ရဲ႕ေနာက္က သုံးေယာက္တန္းမွာ အသုံးျပဳလာခဲ့သလို ခံစစ္ကလည္း လူစုံထုတ္သုံးလာခဲ့ပါတယ္။

႐ိုးမားအသင္းကေတာ့ ဒီေန႔ပြဲကို ၃-၄-၃ ပုံစံ၊ ခံစစ္သမား ၅ ေယာက္ပါတဲ့ ကစားကြက္နဲ႔ ခင္းက်င္းလာခဲ့ၿပီး ေနာက္တန္းမွာ ယူႏိုက္တက္ ကစားသမားေဟာင္း စေမာလင္း ပါဝင္လာခဲ့သလို တိုက္စစ္မွာေတာ့ ကစားသမားေဟာင္း မစ္ခီတာရီယန္နဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးတိုက္စစ္မႉးေဟာင္း အီဒင္ ဂ်က္ကိုတို႔ကို သုံးစြဲခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီး ဘယ္ေတာင္ပံကေန ေဘာလုံးကိုင္လႈပ္ေနတဲ့ ေပါ့ဘာက ထိုးေပးလိုက္တာကို ဗဟိုမွာ ေနရာယူထားတဲ့ ကာဗာနီက ခ်ိတ္ၿပီး ဂိုးဧရိယာထဲ ထည့္ေပးခဲ့ရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ေျပးထြက္လာတဲ့ ဂိုးသမားအေပၚက ေက်ာ္ၿပီး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္တို႔ ဒီေန႔ ကံမေကာင္းခဲ့ဘဲ ပြဲခ်ိန္ ၁၃ မိနစ္မွာ ႐ိုးမားေနာက္ခံလူ ကားစ္ေဒါ့ပ္ရဲ႕ ျဖတ္တင္ေဘာကို ပိတ္ဆို႔တဲ့ ေပါ့ဘာ လက္နဲ႔ ထိမိခဲ့တာေၾကာင့္ ပင္နယ္တီ ျပန္ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ကြင္းလယ္လူ ပယ္လီဂရီနီက အမွားအယြင္းမရွိ ျပန္လည္ေခ်ပခဲ့လို႔ တစ္ဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ႐ိုးမားတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဘယ္ျခမ္းတိုက္စစ္ကေန စပင္နက္ဇိုလာ၊ မစ္ခီတာရီယန္နဲ႔ ပယ္လီဂရီနီတို႔ရဲ႕ တြဲလုံးကေန ယူႏိုက္တက္ရဲ႕ မသပ္ရပ္တဲ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ ပယ္လီဂရီနီက အနိမ့္ေဘာခ်ိဳးေပးတာကို ဂ်က္ကိုက ပိတ္သြင္းခဲ့ၿပီး ပထမပိုင္းမွာ ယူႏိုက္တက္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ပရိသတ္ေတြ စိုးရိမ္ေနခဲ့ရပါတယ္။

႐ိုးမားတို႔ကေတာ့ ဒီေန႔ပြဲမွာ ကံျပန္ဆိုးသြားခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာ ကြင္းလယ္လူ ဗယ္ရယ္တူ၊ ၂၈ မိနစ္မွာ ဂိုးသမား ေပၚလိုပက္ဇ္နဲ႔ ၃၇ မိနစ္ မွာေတာ့ ဘယ္ျခမ္းမွာ ေျခစြမ္းျပေနခဲ့တဲ့ နံပါတ္ ၃၇ ပိုင္ရွင္ စပင္နက္ဇိုလာတို႔ကို လူစားလဲခဲ့ရၿပီး ပထမပိုင္းအၿပီးမွာ ခ်ိန္ခြင္လွ်ာက ယူႏိုက္တက္တို႔ဆီ အစြန္းျပန္ထြက္လာခဲ့ပါတယ္။

ဒီလိုနဲ႔ ဒုတိယပိုင္းမွာေတာ့ အေကာင္းဆုံး ျပန္လာႏိုင္မႈေတြနဲ႔အတူ ပြဲခ်ိန္ ၄၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ေပါ့ဘာေပးတာကို ကာဗာနီက လ်င္လ်င္ျမန္ျမန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ဆီ ေဘာလုံးထားခဲ့ၿပီး ဧရိယာထဲကို ေျပးဝင္သြားခ်ိန္မွာ ေပၚတူဂီဖန္တီးရွင္ရဲ႕ ကြက္တိေရာက္လာတဲ့ ေဘာလုံးက သူ႔လို ဝါရင့္တိုက္စစ္မႉးအတြက္ ခက္ခဲစရာ မရွိခဲ့ဘဲ မနားတမ္းပိတ္သြင္းၿပီး ေခ်ပဂိုး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပါ့ဘာရဲ႕ ဘယ္ျခမ္းကေတာ့ ႐ိုးမားတို႔အတြက္ တကယ့္ Decoy လို႔ ေခၚရမယ့္ အာ႐ုံလႊဲစရာ ေထာင္ေခ်ာက္ျဖစ္ေနခဲ့ၿပီး သူ႔ကို အာ႐ုံစိုက္ေနတုန္း တျခားေရာက္သြားတဲ့ ေဘာလုံးေတြက အႏၲရာယ္ႀကီးခဲ့သလို ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ သူ႔ဆီက ရတဲ့ ေဘာလုံးကို ဖာနန္ဒက္စ္ ခင္းေပးရာက ဝန္ဘစ္ဆာကာ ကန္သြင္းခဲ့ၿပီး ျပန္ထြက္လာတာကို ကာဗာနီကပဲ အနီးကပ္ပိတ္သြင္းၿပီး ယူႏိုက္တက္တို႔အတြက္ အႏိုင္ဂိုး ရွာေဖြႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ပင္နယ္တီရခဲ့ၿပီး ႐ိုးမားဆီ သူလွ်ိဳလႊတ္ထားသလား ေမးရမယ့္ ကစားသမားေဟာင္း စေမာလင္းရဲ႕ ကာဗာနီကို ေဘာလုံးမထိဘဲ ေနာက္ကေန ဖ်က္ထုတ္မႈကေန ရခဲ့တဲ့ အခြင့္အေရးကို ဖာနန္ဒက္စ္က ညာဘက္ေအာက္ေထာင့္ကို ဒိုက္ပစ္တဲ့ ဂိုးသမားနဲ႔ ဆန႔္က်င္ဘက္ ဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းၿပီး ၇၁ မိနစ္မွာေတာ့ ေလးဂိုး-ႏွစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ေလးမိနစ္အၾကာ ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ပၪၥမဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကို အနီးေပးၿပီး ျဖတ္တင္ ေပးခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကို ကြင္းထဲ ရွိေနတာကလြဲရင္ အသင္းေဟာင္းနဲ႔ပြဲမွာ အမွားေတြခ်ည္း လုပ္ေနတဲ့ စေမာလင္းရဲ႕ ေဘးမွာ ေနရာယူထားခဲ့တဲ့ ေပါ့ဘာက သူ႔အမွားကို ေခ်ဖ်က္တဲ့အေနနဲ႔ ေခါင္းတိုက္ၿပီး ဦးေဆာင္မႈကို တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကာဗာနီ ေပးပို႔ဖန္တီးခဲ့တဲ့ ေဘာလုံးကို ညာျခမ္းကေန ရသြားခဲ့တဲ့ လူစားဝင္တိုက္စစ္မႉး ဂရင္းဝုဒ္က ဒီေန႔ပြဲမွာ တစ္ခ်ိန္လုံး Shot Stopping ေတြ ညံ့ေနခဲ့တဲ့ လူစားဝင္ဂိုးသမား မီရန္တီကို အႏိုင္ယူႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ညာေျခကန္ခ်က္က သူ႔ရဲ႕လက္နဲ႔ မထိဘဲ ေျခေထာက္နဲ႔သာထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ကြင္းမွာ ယူႏိုက္တက္တို႔ ေျခာက္ဂိုး-ႏွစ္ဂိုးနဲ႔ ပရိသတ္ေတြကို ရင္ေအးေစခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ယူႏိုက္တက္တို႔ အေဝးဂိုး ႏွစ္ဂိုး ေပးခဲ့ရေပမယ့္ ႐ိုးမားရဲ႕ ေျခစြမ္းနဲ႔ အိုလံပီကိုမွာ ယူႏိုက္တက္ကို ေလးဂိုး-ဂိုးမရွိ အႏိုင္ကစားဖို႔ဆိုတာက ျဖစ္ႏိုင္ေျခ ရာခိုင္ႏႈန္း အရမ္းနည္းေနခဲ့သလို အိမ္ကြင္းမွာ ျပသခဲ့တဲ့ တိုက္စစ္အင္အားကလည္း ဂိုးဒါဇင္ဝက္အထိ သြင္းယူႏိုင္ခဲ့တာျဖစ္လို႔ ပထမပိုင္းမွာ ရင္ပူခဲ့ရတဲ့ နည္းျပ ဆိုးလ္ရွားနဲ႔ ပရိသတ္ေတြအေနနဲ႔ စိတ္ခ်မ္းသာစြာ အိပ္ယာဝင္ႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ဖိုင္နယ္ က်င္းပမယ့္ ဂဒန႔္စ္ၿမိဳ႕ဆီ ေျခတစ္ဖက္ လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.