Analysis Premier League

ဟာလန်း၊ အမ်ဘာပေတို့နဲ့ ထပ်တူဖြစ်လာတော့မယ့် ဖိုဒင်နဲ့ ပတ်သတ်ပြီး မက်ဆီ၊ ဂွါဒီယိုလာနဲ့ ဆောက်ဂိတ်တို့က ဘယ်လိုချီးကျူးလိုက်သလဲ

မက်ဆီ၊ ရော်နယ်လ်ဒိုတိုက်ပွဲရဲ့ ခေတ်လွန်မှာ ဟာလန်း၊ အမ်ဘာပေတို့က ဘောလုံးအမွေကို ဆက်ခံပြီး မျိုးဆက်တခုကို အသစ်ပြန်လည်စတင်ခဲ့သလို နေဝင်ဘုရင်တွေရဲ့ အဆုံးသတ်ကာလမှာ ဘောလုံးစင်မြင့်ထက်မှာ ထပ်မံ မွေးဖွားလာသူက အင်္ဂလန်သား ဖီးလ်ဖိုဒင်ပါ။

၂၀၁၇ ခုနှစ် အင်္ဂလန်နဲ့အတူ ယူ-၁၇ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး ရွှေဘောလုံးဆု ချီးမြှင့်ခံခဲ့ရတဲ့ သူက အနာဂတ်ဘောလုံးကမ္ဘာကို ကိုင်လှုပ်တော့မယ့် ပါရမီရှင်အဖြစ် မျှော်လင့်ခံထားရသလို မန်စီးတီးနဲ့အတူ ဖလား ၃ လုံးအိပ်မက်ကို အကောင်အထည်ဖော်နေတယ်။ သူပါဝင်ကစားတဲ့ပွဲတိုင်းက ဘောလုံးဝေဖန်သူတွေကို အိန္ဒြေပျက်လောက်အောင် အထိ အရူးအမူဖြစ်စေတာကို တွေ့ရတယ်။

သူ့ရဲ့အရည်အချင်းနဲ့ပတ်သက်ရင် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှာ၊ ရုပ်ပိုင်းကြံ့ခိုင်မှု၊ ဘောလုံးခံယူချက်ပြည့်ဝမှုတွေက သူ့ကို ကမ္ဘာ့အကောင်းဆုံးဖြစ်လာအောင် တွန်းတင်ပေးသွားလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခြေအနေအရမ်းကောင်းနေချိန်မှာ မန်စီးတီးနဲ့သာ ချန်ပီယံလိဂ်ဖလားအောင်မြေကို နင်းနိုင်ခဲ့ရင်တော့ ဖိုဒင်က ဘောလုံးလောရဲ့ အခိုင်မာဆုံး ကြယ်ပွင့်အဖြစ် အောင်လံထူတော့မှာဖြစ်တယ်။

ဖိုဒင်ရဲ့​ခြေစွမ်းတွေကိုကြည့်ရင် အမ်ဘာပေကို ကျော်ဖြတ်ပြီး ဒီနှစ်က ဖိုဒင်ရဲ့နှစ် ဖြစ်လာမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းလာတယ်။ သူက ပွဲတိုင်းမှာ သူ့ရဲ့ကစားပုံနဲ့ စွမ်းဆောင်ရည်ကို မှတ်ကျောက်အတင်ခံနေတာကို တွေ့ရတယ်။ လူငယ်ကစားသမားမို့ ခပ်ပျော့ပျော့စိတ်ဓာတ်မျိုးမဟုတ်ဘဲ ပွဲဖိအားဒဏ်ကို ခံနိုင်ရည်မြင့်မားတာကိုလည်း တွေ့ရတယ်။

ပပ်က သူ့နည်းပြသက်တမ်းတလျှောက် မြင်ဖူးသမျှထဲမှာ ပါရမီအထူးဆုံးကစားသမားက ဖိုဒင်ပဲလို့ မက်ဆီကိုကျော်ဖြတ်ပြီး အခိုင်အမာပြောခဲ့တာက စိတ်ဝင်စားစရာပါ။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့် ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ဖူးပါ​​သေးတယ်။

မက်ဆီက ဖိုဒင်နဲ့ပတ်သက်လို့ “ကစားပွဲထဲမှာ သိပ်ကိုအံ့ဘနန်းဖြစ်ရအောင် သူလုပ်ပြလိမ့်မယ်။ သူက ဧရာမဘောလုံးဦးနှောက်ကို ပိုင်ဆိုင်ထားတယ်” ဆိုခဲ့ပြီး မက်ဆီရဲ့ အကြိုက်ဆုံး လူငယ်သွေးသစ် ၁၅ ဦးစာရင်းမှာ ဖိုဒင်အရွေးချယ်ခံခဲ့ရတာက သူ့ကို မက်ဆီက ဘယ်လောက်အသိအမှတ်ပြုပြီး အထင်တကြီးရှိနေလဲဆိုတာ ပေါ်လွင်စေခဲ့တယ်။

မန်စီး​တီးအသင်းဖော် ဖာနန်ဒင်ညိုကလည်း အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဖိုဒင်ဆီ အရွယ်နဲ့မမျှတဲ့ ရင့်ကျင်မှုကို ထွင်းဖောက်မြင်နေရတယ်လို့ ဆိုခဲ့သလို ကစားပွဲရဲ့ အချိန်တိုင်းမှာ သူက ဆုံးဖြတ်ချတွေကို ကောင်းကောင်းချမှတ်နေတယ်လို့ ချီးမွမ်းသွားခဲ့တာကလည်း အနီးဆူံးလူရဲ့ အကဲခတ်မှုအဖြစ် မြင်တွေ့ရတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ကလည်း နှစ်ပိုင်းအတွင်းမှာ အင်္ဂလန်အသင်းရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အနာဂတ်က ဖိုဒင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ မီဒီယာတွေကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ ဟောကိန်းက စောစောစီးစီးပဲ မှန်ကန်လာဖို့ ရှိနေပြီလား၊ မန်စီးတီးနဲ့အတူ UCL ချန်ပီယံအဖြစ် အမ်ဘာပေကို ကျော်ဖြတ်ပြီး ဒီနှစ်က ဖိုဒင်ရဲ့နှစ် ဖြစ်လာမလား ဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မက္ဆီ၊ ေရာ္နယ္လ္ဒိုတိုက္ပြဲရဲ႕ ေခတ္လြန္မွာ ဟာလန္း၊ အမ္ဘာေပတို႔က ေဘာလုံးအေမြကို ဆက္ခံၿပီး မ်ိဳးဆက္တခုကို အသစ္ျပန္လည္စတင္ခဲ့သလို ေနဝင္ဘုရင္ေတြရဲ႕ အဆုံးသတ္ကာလမွာ ေဘာလုံးစင္ျမင့္ထက္မွာ ထပ္မံ ေမြးဖြားလာသူက အဂၤလန္သား ဖီးလ္ဖိုဒင္ပါ။

၂၀၁၇ ခုႏွစ္ အဂၤလန္နဲ႔အတူ ယူ-၁၇ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီး ေ႐ႊေဘာလုံးဆု ခ်ီးျမႇင့္ခံခဲ့ရတဲ့ သူက အနာဂတ္ေဘာလုံးကမာၻကို ကိုင္လႈပ္ေတာ့မယ့္ ပါရမီရွင္အျဖစ္ ေမွ်ာ္လင့္ခံထားရသလို မန္စီးတီးနဲ႔အတူ ဖလား ၃ လုံးအိပ္မက္ကို အေကာင္အထည္ေဖာ္ေနတယ္။ သူပါဝင္ကစားတဲ့ပြဲတိုင္းက ေဘာလုံးေဝဖန္သူေတြကို အိေျႏၵပ်က္ေလာက္ေအာင္ အထိ အ႐ူးအမူျဖစ္ေစတာကို ေတြ႕ရတယ္။

သူ႔ရဲ႕အရည္အခ်င္းနဲ႔ပတ္သက္ရင္ နည္းစနစ္ပိုင္ႏိုင္ကြၽမ္းက်င္မွာ၊ ႐ုပ္ပိုင္းႀကံ့ခိုင္မႈ၊ ေဘာလုံးခံယူခ်က္ျပည့္ဝမႈေတြက သူ႔ကို ကမာၻ႔အေကာင္းဆုံးျဖစ္လာေအာင္ တြန္းတင္ေပးသြားလိမ့္မယ္လို႔ ခန္႔မွန္းထားၾကတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ အေျခအေနအရမ္းေကာင္းေနခ်ိန္မွာ မန္စီးတီးနဲ႔သာ ခ်န္ပီယံလိဂ္ဖလားေအာင္ေျမကို နင္းႏိုင္ခဲ့ရင္ေတာ့ ဖိုဒင္က ေဘာလုံးေလာရဲ႕ အခိုင္မာဆုံး ၾကယ္ပြင့္အျဖစ္ ေအာင္လံထူေတာ့မွာျဖစ္တယ္။

ဖိုဒင္ရဲ႕​ေျခစြမ္းေတြကိုၾကည့္ရင္ အမ္ဘာေပကို ေက်ာ္ျဖတ္ၿပီး ဒီႏွစ္က ဖိုဒင္ရဲ႕ႏွစ္ ျဖစ္လာမလားဆိုတာက စိတ္ဝင္စားဖို႔ေကာင္းလာတယ္။ သူက ပြဲတိုင္းမွာ သူ႔ရဲ႕ကစားပုံနဲ႔ စြမ္းေဆာင္ရည္ကို မွတ္ေက်ာက္အတင္ခံေနတာကို ေတြ႕ရတယ္။ လူငယ္ကစားသမားမို႔ ခပ္ေပ်ာ့ေပ်ာ့စိတ္ဓာတ္မ်ိဳးမဟုတ္ဘဲ ပြဲဖိအားဒဏ္ကို ခံႏိုင္ရည္ျမင့္မားတာကိုလည္း ေတြ႕ရတယ္။

ပပ္က သူ႔နည္းျပသက္တမ္းတေလွ်ာက္ ျမင္ဖူးသမွ်ထဲမွာ ပါရမီအထူးဆုံးကစားသမားက ဖိုဒင္ပဲလို႔ မက္ဆီကိုေက်ာ္ျဖတ္ၿပီး အခိုင္အမာေျပာခဲ့တာက စိတ္ဝင္စားစရာပါ။ သူဟာ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာမယ့္ ပင္ကိုယ္စြမ္းရည္ကို ပိုင္ဆိုင္ထားတယ္လို႔ လူသိရွင္ၾကား ထုတ္ေျပာခဲ့ဖူးပါ​​ေသးတယ္။

မက္ဆီက ဖိုဒင္နဲ႔ပတ္သက္လို႔ “ကစားပြဲထဲမွာ သိပ္ကိုအံ့ဘနန္းျဖစ္ရေအာင္ သူလုပ္ျပလိမ့္မယ္။ သူက ဧရာမေဘာလုံးဦးေႏွာက္ကို ပိုင္ဆိုင္ထားတယ္” ဆိုခဲ့ၿပီး မက္ဆီရဲ႕ အႀကိဳက္ဆုံး လူငယ္ေသြးသစ္ ၁၅ ဦးစာရင္းမွာ ဖိုဒင္အေ႐ြးခ်ယ္ခံခဲ့ရတာက သူ႔ကို မက္ဆီက ဘယ္ေလာက္အသိအမွတ္ျပဳၿပီး အထင္တႀကီးရွိေနလဲဆိုတာ ေပၚလြင္ေစခဲ့တယ္။

မန္စီး​တီးအသင္းေဖာ္ ဖာနန္ဒင္ညိဳကလည္း အသင္းေခါင္းေဆာင္တေယာက္အေနနဲ႔ ဖိုဒင္ဆီ အ႐ြယ္နဲ႔မမွ်တဲ့ ရင့္က်င္မႈကို ထြင္းေဖာက္ျမင္ေနရတယ္လို႔ ဆိုခဲ့သလို ကစားပြဲရဲ႕ အခ်ိန္တိုင္းမွာ သူက ဆုံးျဖတ္ခ်ေတြကို ေကာင္းေကာင္းခ်မွတ္ေနတယ္လို႔ ခ်ီးမြမ္းသြားခဲ့တာကလည္း အနီးဆူံးလူရဲ႕ အကဲခတ္မႈအျဖစ္ ျမင္ေတြ႕ရတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ကလည္း ႏွစ္ပိုင္းအတြင္းမွာ အဂၤလန္အသင္းရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး အနာဂတ္က ဖိုဒင္ျဖစ္လာလိမ့္မယ္ဆိုတဲ့ မီဒီယာေတြကို လႈပ္လႈပ္ရွားရွားျဖစ္ေစခဲ့တဲ့ ေဟာကိန္းက ေစာေစာစီးစီးပဲ မွန္ကန္လာဖို႔ ရွိေနၿပီလား၊ မန္စီးတီးနဲ႔အတူ UCL ခ်န္ပီယံအျဖစ္ အမ္ဘာေပကို ေက်ာ္ျဖတ္ၿပီး ဒီႏွစ္က ဖိုဒင္ရဲ႕ႏွစ္ ျဖစ္လာမလား ဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.