Premier League Transfer News

27 Apr နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– လက်ရှိကစားသမားတွေရဲ့ ဖန်တီးမှုနဲ့ တိုက်စစ်ပိုင်းမှာ အလုပ်မဖြစ်မှုတွေကို ပရိသတ်တွေအနေနဲ့ လူငယ်တွေဆီက တစ်စုံတစ်ရာနဲ့ နှစ်သိမ့်နိုင်ပြီး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ပွဲစဉ်တချို့မှာ အာမက် ဂျယ်လိုနဲ့ ဟန်နီဘယ်လ် မေဘရီတို့ကို အမြန်ဆုံး သုံးစွဲလာဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို လာမယ့်နွေရာသီမှာ အားဖြည့်ဖို့ စီစဉ်နေရာမှာ မာစီယယ်လ် လက်သစ်လို့ဆိုနိုင်သူတစ်ဦးကို မျက်စိကျနေပြီး ဆလားဗီးယား ပရာဟာအသင်းရဲ့ ၁၉ နှစ်သား တိုက်စစ်မှူး အက်ဘ်ဒယ်လာ ဆီမာကို စိတ်ဝင်စားနေ။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ နောက်ခံလူ ရာဖေးလ် ဗာရွန်းရဲ့ ထွက်ခွာနိုင်မှုဟာ စာရွက်ပေါ်မှာ အကြောင်းရင်း ရှာမတွေ့နိုင်တဲ့ ကိစ္စမျိုး ဖြစ်နေပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုက လက်ရှိ ဘဏ္ဏာရေး အခြေအနေကြောင့် လုံလောက်မှု မရှိခြင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချိတ်ဆက်နေခြင်းရဲ့ အကြောင်းရင်းလို့ ဆိုနေကြ။

– ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့ ကြံ့ခိုင်မှု အတွက် စိတ်ပျက်စရာနဲ့ ကြုံတွေ့နေရပြီး ပြင်သစ်သားအနေနဲ့ လာမယ့် မေလဆန်းမှာ ပြန်ကစားနိုင်ဖို့ လျာထားပေမယ့် တိုးတက်မှု အခြေအနေက မကောင်းခဲ့ဘူးလို့ သိရ။

– အဲရစ် ဘိုင်လီကို လေးနှစ်စာချုပ် သက်တမ်းတိုးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ နောက်ခံလူသစ်တစ်ဦး ရှာဖွေနေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ဗာရွန်းကို ဦးစားပေးအဖြစ် သတ်မှတ်ထားသလို မရခဲ့ရင်တော့ ဗီလာရီးရဲလ်ရဲ့ ပေါ်တောရက်စ်၊ ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီ၊ ဘရိုက်တန်ရဲ့ ဘန်ဝှိုက်နဲ့ လေဗာကူဆင်ရဲ့ အက်ဒ်မွန် တက်ပ်ဆိုဘာတို့ကို အရန်အစီအစဉ်အဖြစ် ပြင်ဆင်ထား။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေအနေနဲ့ အသင်းရဲ့ အကယ်ဒမီထွက်နောက်ခံလူ အိတ်ဇယ် တွမ်ဇီဘီရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ပေးရတော့မယ့် အချိန်ကို ရောက်ရှိနေပြီး ပုံမှန်ကစားခွင့်ပေးဖို့နဲ့ ရောင်းချဖို့ကြား တစ်ခုရွေးချယ်ရမည်။

– တိုရီနိုတိုက်စစ်မှူး အန်ဒရီးယား ဘယ်လော့တီအတွက် ပရီးမီးယားလိဂ်ဘက်က ချိတ်ဆက်စုံစမ်းမှုနဲ့ စိတ်ဝင်စားမှုတွေ ပြသထားကြောင်း အီတလီအခြေစိုက် Tuttosport က ဖော်ပြလိုက်ပြီး လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေလို့ ဆိုနေ။

– လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ဒေါ့မွန်အသင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် ထွက်ခွာမှာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့တာကြောင့် RB လိုက်ပ်ဇစ်၊ မိုင့်ဇ်နဲ့ လေဗာကူဆင်အသင်းတွေနဲ့ သုံးပွဲကျန်တဲ့ ဘွန်ဒက်စ်လီဂါပွဲတွေမှာ ယူနိုက်တက်ပရိသတ်တွေ ရင်ခုန်ရဖွယ်ရှိနေ။

– ဒီတစ်ပတ်မှာ လီဗာပူးလ်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံရမယ့် မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက သတိပေးလိုက်ပြီး ရိုးမားနဲ့ ပွဲစဉ်နှစ်ပွဲကိုပါ ကစားရဦးမယ့် အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အဆုံးသတ်တွေ ပိုမိုကောင်းမွန်ဖို့ လိုအပ်နေကြောင်း တောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လက္ရွိကစားသမားေတြရဲ႕ ဖန္တီးမႈနဲ႔ တိုက္စစ္ပိုင္းမွာ အလုပ္မျဖစ္မႈေတြကို ပရိသတ္ေတြအေနနဲ႔ လူငယ္ေတြဆီက တစ္စုံတစ္ရာနဲ႔ ႏွစ္သိမ့္ႏိုင္ၿပီး နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ပြဲစဥ္တခ်ိဳ႕မွာ အာမက္ ဂ်ယ္လိုနဲ႔ ဟန္နီဘယ္လ္ ေမဘရီတို႔ကို အျမန္ဆုံး သုံးစြဲလာဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို လာမယ့္ေႏြရာသီမွာ အားျဖည့္ဖို႔ စီစဥ္ေနရာမွာ မာစီယယ္လ္ လက္သစ္လို႔ဆိုႏိုင္သူတစ္ဦးကို မ်က္စိက်ေနၿပီး ဆလားဗီးယား ပရာဟာအသင္းရဲ႕ ၁၉ ႏွစ္သား တိုက္စစ္မႉး အက္ဘ္ဒယ္လာ ဆီမာကို စိတ္ဝင္စားေန။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းရဲ႕ ထြက္ခြာႏိုင္မႈဟာ စာ႐ြက္ေပၚမွာ အေၾကာင္းရင္း ရွာမေတြ႕ႏိုင္တဲ့ ကိစၥမ်ိဳး ျဖစ္ေနေပမယ့္ တကယ္တမ္းမွာေတာ့ သူ႔ရဲ႕ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈက လက္ရွိ ဘဏၰာေရး အေျခအေနေၾကာင့္ လုံေလာက္မႈ မရွိျခင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ိတ္ဆက္ေနျခင္းရဲ႕ အေၾကာင္းရင္းလို႔ ဆိုေနၾက။

– ယူႏိုက္တက္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ လပိုင္းအတြင္းက ဒူးအ႐ြတ္ဒဏ္ရာ ရရွိသြားခဲ့တဲ့ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ရဲ႕ ႀကံ့ခိုင္မႈ အတြက္ စိတ္ပ်က္စရာနဲ႔ ႀကဳံေတြ႕ေနရၿပီး ျပင္သစ္သားအေနနဲ႔ လာမယ့္ ေမလဆန္းမွာ ျပန္ကစားႏိုင္ဖို႔ လ်ာထားေပမယ့္ တိုးတက္မႈ အေျခအေနက မေကာင္းခဲ့ဘူးလို႔ သိရ။

– အဲရစ္ ဘိုင္လီကို ေလးႏွစ္စာခ်ဳပ္ သက္တမ္းတိုးခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ေနာက္ခံလူသစ္တစ္ဦး ရွာေဖြေနဆဲျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ ဗာ႐ြန္းကို ဦးစားေပးအျဖစ္ သတ္မွတ္ထားသလို မရခဲ့ရင္ေတာ့ ဗီလာရီးရဲလ္ရဲ႕ ေပၚေတာရက္စ္၊ ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီ၊ ဘ႐ိုက္တန္ရဲ႕ ဘန္ဝႈိက္နဲ႔ ေလဗာကူဆင္ရဲ႕ အက္ဒ္မြန္ တက္ပ္ဆိုဘာတို႔ကို အရန္အစီအစဥ္အျဖစ္ ျပင္ဆင္ထား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တာဝန္ရွိသူေတြအေနနဲ႔ အသင္းရဲ႕ အကယ္ဒမီထြက္ေနာက္ခံလူ အိတ္ဇယ္ တြမ္ဇီဘီရဲ႕ အနာဂတ္အတြက္ အဆုံးအျဖတ္ေပးရေတာ့မယ့္ အခ်ိန္ကို ေရာက္ရွိေနၿပီး ပုံမွန္ကစားခြင့္ေပးဖို႔နဲ႔ ေရာင္းခ်ဖို႔ၾကား တစ္ခုေ႐ြးခ်ယ္ရမည္။

– တိုရီႏိုတိုက္စစ္မႉး အန္ဒရီးယား ဘယ္ေလာ့တီအတြက္ ပရီးမီးယားလိဂ္ဘက္က ခ်ိတ္ဆက္စုံစမ္းမႈနဲ႔ စိတ္ဝင္စားမႈေတြ ျပသထားေၾကာင္း အီတလီအေျခစိုက္ Tuttosport က ေဖာ္ျပလိုက္ၿပီး လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြလို႔ ဆိုေန။

– လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ေဒါ့မြန္အသင္းကေန ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘူးဆိုရင္ ထြက္ခြာမွာျဖစ္တယ္လို႔ သတင္းထြက္ေပၚလာခဲ့တာေၾကာင့္ RB လိုက္ပ္ဇစ္၊ မိုင့္ဇ္နဲ႔ ေလဗာကူဆင္အသင္းေတြနဲ႔ သုံးပြဲက်န္တဲ့ ဘြန္ဒက္စ္လီဂါပြဲေတြမွာ ယူႏိုက္တက္ပရိသတ္ေတြ ရင္ခုန္ရဖြယ္ရွိေန။

– ဒီတစ္ပတ္မွာ လီဗာပူးလ္အသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံရမယ့္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက သတိေပးလိုက္ၿပီး ႐ိုးမားနဲ႔ ပြဲစဥ္ႏွစ္ပြဲကိုပါ ကစားရဦးမယ့္ အသင္းအေနနဲ႔ တိုက္စစ္ပိုင္းမွာ အဆုံးသတ္ေတြ ပိုမိုေကာင္းမြန္ဖို႔ လိုအပ္ေနေၾကာင္း ေတာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.