La Liga Match Report Premier League UCL&UEL

ဇီဒန်း၊တူဟယ်လ် လူလည်နှစ်ဦး လက်ရည်တူပြီး ရီးရဲလ်နဲ့စံချိန်ကောင်းကို ထိန်းထားနိုင်ဆဲ ချဲလ်ဆီး

ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အစဉ်အလာ မပျက်ဘဲ သရေနဲ့အထက် ရလဒ်ကို ရယူနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး ပူလီရှစ်ချ်၊ မေဆန်မောင့်တို့ရဲ့ ပေါက်ကွဲအားတွေကို အသုံးပြုပြီး အိမ်ရှင်ကို ခြိမ်းခြောက်ကစားခဲ့သလို ကွင်းလယ်ကိုလည်း ဂျော်ဂျင်ညို၊ ကွန်တေတို့နဲ့ အကောင်းဆုံး တည်ဆောက်လာခဲ့ပါတယ်။

ခံစစ်တန်းရှေ့မှာ ကျစ်ကျစ်လျစ်လျစ်ကစားပြီး ဘောလုံးပြန်ရတာနဲ့ တောင်ပံတွေကို ဖြန့်လိုက်၊ Channel တွေကြား ထိုးပေးလိုက်နဲ့ ကစားတဲ့ ချဲလ်ဆီးရဲ့ ပုံစံမှာ ရီးရဲလ်တို့ ဒုက္ခရောက်ခဲ့ပြီး တူဟယ်လ်ရဲ့ ဗျူဟာမှာ ဇီဒန်းရဲ့လူတွေ တော်တော်လေး မျောပါခဲ့ရသလို တိုက်စစ်ပိုင်းက အခွင့်အရေး တွေကို စောစောစီးစီး အသုံးမချနိုင်ခဲ့လို့သာ ဂိုးရနောက်ကျခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကို ပူလီရှစ်ချ် ခေါင်းတိုက်ချပေးတာကို ဂိုးသမားနဲ့ တစ်ယောက်ချင်း ပိတ်သွင်းခွင့်ရတဲ့ တိုက်စ်မှူး တီမို ဗာနာက မယုံနိုင်လောက်အောင် ကလေးဆန်ဆန် ပိတ်သွင်းမှုနဲ့ လွဲချော်ပစ်ခဲ့ပြီး ဘောလုံးကို တည့်တည့်ပိတ်ဆို့ဖို့ပဲ များတဲ့ ဂိုးသမားကို ဘေးဘက်ကန်သွင်းပြီး အနိုင်ယူလို့ရတယ်ဆိုတာကိုတောင် မသိခဲ့ဘူးလားလို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတို့ရဲ့ ဆက်တိုက်တိုက်စစ်ဆင်မှုတွေက ရပ်တန့်မသွားခဲ့ဘဲ ပွဲချိန် ၁၄ မိနစ်မှာတော့ ရူဒီဂါ ကန်တင်ပေးတဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ကျော်ဖြတ်ခဲ့တဲ့ ပူလီရှစ်ချ်က ဂိုးသမား ကူထွာကို အေးအေးဆေးဆေး လှည့်စားကျော်ဖြတ်ပြီးမှ ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ဗာရွန်းရဲ့ လက်မောင်းနဲ့ထိပြီး ဝင်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ပွဲအစ ၁၅ မိနစ်အတွင်း ရီးရဲလ်တို့ တစ်ကြိမ်မှ ကန်ခွင့် မရခဲ့ဘဲ ကွန်တေ၊ ဂျော်ဂျင်ညိုတို့ ကွင်းလယ်ကို မိုဒရစ်ချ်၊ ခရူးစ်၊ ကာစီမီရိုတို့ မယှဉ်နိုင်တာက ပြဿနာဖြစ်နေခဲ့သလို ကွင်းလယ်က ဖန်တီးမှုနဲ့ တွဲလုံးတွေကို ဒိုင်ခံဖျက်ဆီးပေးခဲ့တဲ့ တီမို ဗာနာရဲ့ ဖြုန်းတီးမှုတွေကိုတော့ အိမ်ရှင်တွေ မဖြစ်မနေ ကျေးဇူးတင်ရမှာလည်းဖြစ်ပါတယ်။

ဂိုးရအပြီးမှာ ချဲလ်ဆီးတို့ ကစားအားအနည်းငယ် ပြန်ချခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘန်ဇီးမားရဲ့ ကန်ချက် တိုင်ထိထွက်သွားခဲ့သလို ပွဲချိန် ၂၉ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ မာဆယ်လို တင်ပေးတာကနေ မီလီတို ခေါင်းတိုက်ချပေးတာကို ကြိုးစားနေတဲ့ ဘန်ဇီးမားကပဲ ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး အမြန်ကန်သွင်းခဲ့ရာမှာ ရီးရဲလ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး ဗီနီးရှပ်စ်ရဲ့ ပေးပို့မှုတွေက အနည်းငယ် တိုင်မင်နှေးနေခဲ့သလို တီမို ဗာနာကတော့ ကျန်တဲ့ ချဲလ်ဆီးအသင်းဖော်တွေရဲ့ ဉာဏ်ရည်နဲ့ Attacking Sense ကို နားမလည်တဲ့ ပုံစံနဲ့ အံမဝင်ဘဲဖြစ်နေခဲ့တာကြောင့် နှစ်ဖက် ဂိုးထပ်မရခဲ့ဘဲ ပထမပိုင်းက တစ်ဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ ဂိုးထပ်ရဖို့ ဖိကစားခဲ့ပေမယ့် ချဲလ်ဆီးတို့ကလည်း ကစားအား လျှော့ချလို့ တစ်ခါခံထားရအပြီးမှာ တူညီတဲ့ အမှားကို ထပ်မံကျူးလွန်ခြင်း မရှိတော့တာကြောင့် ခက်ခဲတဲ့ ပွဲချိန်တွေဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလို VAR ကို ဆတ်ဆတ်ထိမခံ အသုံးပြုတာမျိုး မရှိတာက ဘောလုံးရသကို ပိုပေးခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ရီးရဲလ်ဘက်က ဗီနီးရှပ်စ်အစား ဟာဇတ်ကို လဲကစားသလို ချဲလ်ဆီးဘက်ကတော့ အဖွင့်ဂိုးရှင် ပူလီရှစ်ချ်အစား ဇီးယက်ရှ်၊ ဆိုးရွားတဲ့ ကစားပုံနဲ့ ဗာနာအစား ဟာဗတ်ဇ်နဲ့ ကစားအားကျလာတဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာအစား အဝါထိထားသလို ပင်ပန်းစပြုလာတဲ့ မာဆယ်လိုကို ပိုဖိအားပေးနိုင်မယ့် ရီးဂျိမ်းစ်တို့ကို တစ်ပြိုင်တည်း ထည့်သွင်းခဲ့ပါတယ်။

ဝင်လာကြတဲ့ ဟာဗတ်ဇ်နဲ့ ဇီးယက်ရှ်တို့ကတော့ ဘောလုံးကိုင်ကစားပုံအပေါ်မှာ ယုံကြည်မှု မြင့်မားသူတွေဖြစ်ကြလို့ ချဲလ်ဆီးတို့ ပိုပြီး ဖိကစားနိုင်ခဲ့ပေမယ့် ရီးရဲလ်တို့ အလျင်အမြန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဇီဒန်းကလည်း တူဟယ်လ် ဘာကို ရည်ရွယ်သလဲဆိုတာကို သဘောပေါက်လို့ မာဆယ်လိုအစား အဆန်စီယိုနဲ့ ကာဗာဟယ်လ်အစား အိုဒရေဇိုလာတို့ကို လူစားလဲခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ရီးရဲလ်တို့ အနည်းငယ် ပြန်ဖိခဲ့ပေမယ့် ဂိုးရဖို့တော့ မစွမ်းနိုင်ခဲ့သလို ချဲလ်ဆီးတို့ကလည်း အပြန်အလှန် ဖိအားပေးသွားပြီး ဘောလုံးပရိသတ်တွေအတွက်တော့ ပျင်းစရာမကောင်းဘဲ ရသပြည့်ဝခဲ့တဲ့ပွဲမှာ လူလည်နည်းပြနှစ်ဦးကတော့ တစ်ဦးကို တစ်ဦး သိသိသာသာ အသာစီးမယူနိုင်ခဲ့ဘဲ တစ်ဂိုးစီသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပတွေ့ဆုံမှုတိုင်းမှာ ရှုံးပွဲမရှိတဲ့ စံချိန်ကို အဝေးကွင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အဝေးဂိုးတစ်ဂိုးကတော့ လာမယ့် အိမ်ကွင်းပွဲစဉ်အတွက် အားတက်စရာဖြစ်ခဲ့သလို တူဟယ်လ်နဲ့ ဇီဒန်းတို့ရဲ့ စိတ်လှုပ်ရှားစရာ အားပြိုင်မှုတွေက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပိုကြည့်ကောင်းဦးမှာဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အစဉ်အလာ မပျက်ဘဲ သရေနဲ့အထက် ရလဒ်ကို ရယူနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး ပူလီရှစ်ခ်ျ၊ မေဆန်မောင့်တို့ရဲ့ ပေါက်ကွဲအားတွေကို အသုံးပြုပြီး အိမ်ရှင်ကို ခြိမ်းခြောက်ကစားခဲ့သလို ကွင်းလယ်ကိုလည်း ဂျော်ဂျင်ညို၊ ကွန်တေတို့နဲ့ အကောင်းဆုံး တည်ဆောက်လာခဲ့ပါတယ်။


ပွဲချိန် ၁၀ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့်ရဲ့ ဖြတ်တင်ဘောကို ပူလီရှစ်ခ်ျ ခေါင်းတိုက်ချပေးတာကို ဂိုးသမားနဲ့ တစ်ယောက်ချင်း ပိတ်သွင်းခွင့်ရတဲ့ တိုက်စ်မှူး တီမို ဗာနာက မယုံနိုင်လောက်အောင် ကလေးဆန်ဆန် ပိတ်သွင်းမှုနဲ့ လွဲချော်ပစ်ခဲ့ပြီး ဘောလုံးကို တည့်တည့်ပိတ်ဆို့ဖို့ပဲ များတဲ့ ဂိုးသမားကို ဘေးဘက်ကန်သွင်းပြီး အနိုင်ယူလို့ရတယ်ဆိုတာကိုတောင် မသိခဲ့ဘူးလားလို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ချဲလ်ဆီးတို့ရဲ့ ဆက်တိုက်တိုက်စစ်ဆင်မှုတွေက ရပ်တန့်မသွားခဲ့ဘဲ ပွဲချိန် ၁၄ မိနစ်မှာတော့ ရူဒီဂါ ကန်တင်ပေးတဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ကျော်ဖြတ်ခဲ့တဲ့ ပူလီရှစ်ခ်ျက ဂိုးသမား ကူထွာကို အေးအေးဆေးဆေး လှည့်စားကျော်ဖြတ်ပြီးမှ ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ဗာရွန်းရဲ့ လက်မောင်းနဲ့ထိပြီး ဝင်သွားခဲ့လို့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ပွဲအစ ၁၅ မိနစ်အတွင်း ရီးရဲလ်တို့ တစ်ကြိမ်မှ ကန်ခွင့် မရခဲ့ဘဲ ကွန်တေ၊ ဂျော်ဂျင်ညိုတို့ ကွင်းလယ်ကို မိုဒရစ်ခ်ျ၊ ခရူးစ်၊ ကာစီမီရိုတို့ မယှဉ်နိုင်တာက ပြဿနာဖြစ်နေခဲ့သလို ကွင်းလယ်က ဖန်တီးမှုနဲ့ တွဲလုံးတွေကို ဒိုင်ခံဖျက်ဆီးပေးခဲ့တဲ့ တီမို ဗာနာရဲ့ ဖြုန်းတီးမှုတွေကိုတော့ အိမ်ရှင်တွေ မဖြစ်မနေ ကျေးဇူးတင်ရမှာလည်းဖြစ်ပါတယ်။




ပွဲချိန် ၆၅ မိနစ်မှာတော့ ရီးရဲလ်ဘက်က ဗီနီးရှပ်စ်အစား ဟာဇတ်ကို လဲကစားသလို ချဲလ်ဆီးဘက်ကတော့ အဖွင့်ဂိုးရှင် ပူလီရှစ်ခ်ျအစား ဇီးယက်ရှ်၊ ဆိုးရွားတဲ့ ကစားပုံနဲ့ ဗာနာအစား ဟာဗတ်ဇ်နဲ့ ကစားအားကျလာတဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာအစား အဝါထိထားသလို ပင်ပန်းစပြုလာတဲ့ မာဆယ်လိုကို ပိုဖိအားပေးနိုင်မယ့် ရီးဂျိမ်းစ်တို့ကို တစ်ပြိုင်တည်း ထည့်သွင်းခဲ့ပါတယ်။



ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ ရီးရဲလ်မက်ဒရစ်နဲ့ ဥရောပတွေ့ဆုံမှုတိုင်းမှာ ရှုံးပွဲမရှိတဲ့ စံချိန်ကို အဝေးကွင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အဝေးဂိုးတစ်ဂိုးကတော့ လာမယ့် အိမ်ကွင်းပွဲစဉ်အတွက် အားတက်စရာဖြစ်ခဲ့သလို တူဟယ်လ်နဲ့ ဇီဒန်းတို့ရဲ့ စိတ်လှုပ်ရှားစရာ အားပြိုင်မှုတွေက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပိုကြည့်ကောင်းဦးမှာဖြစ်ကြောင်း ရေးသားတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.