Premier League

ဝင်မကစားလေ အသင်း ရလဒ်ပိုကောင်းလေဆိုတဲ့ ကစားသမားနဲ့ အာတီတာ ပစ်ပယ်လို့မရသော အာဆင်နယ်ကစားသမား

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ကြာသာပတေးညက ဆလားဗီးယား ပရာ့ဂ်ကို လေးဂိုးပြတ်နဲ့ ကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဆီမီးအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ဘူကာယို ဆာကာ၊ စမစ်ရိုးတို့ရဲ့ ခြေစွမ်းပြမှုနဲ့အတူ နည်းပြအာတီတာရဲ့ ကျေနပ်စရာ ချိုမြိန်နိုင်ပွဲဖြစ်ခဲ့တယ်။

ဒီနောက်မှာတော့ ‘သူ’ မပါမှ အာဆင်နယ်အသင်း ရလဒ်ပိုကောင်းတဲ့ ကစားသမားနဲ့ အာတီတာ ပစ်ပယ်လို့မရသော အာဆင်နယ်ကစားသမားတွေဟာ ဘယ်သူတွေလဲလို့ ဝေဖန်စောကြောမှုတွေလည်း ရှိလာခဲ့တယ်။ အထူးသဖြင့် အာဆင်နယ်အသင်းရဲ့ ရာသီသိမ်း အနာဂတ်ခရီးမှာ ဒီအမြင်တွေက အတော်လေး အရေးပါနေပါတယ်။

အာဆင်နယ်ရဲ့ အဝေးကွင်း ဆီမီးဖိုင်နယ်ခရီးကို မပူးပေါင်းနိုင်ဘဲ ငှက်ဖျားရောဂါပိုးကြောင့် ကျန်ရစ်ခဲ့တဲ့ အူဘာမီယန်းဟာ သူမပါလေ အာဆင်နယ်ကစားပုံနဲ့ ရလဒ်က ပိုကောင်းကောင်းထွက်လေဖြစ်တယ်လို့ ဂျွန်အိုဟားရားက အခုလို သုံးသပ်သွားခဲ့တယ်။

” သူက အသင်းခေါင်းဆောင်မပီသဘူး။ ဒီရာသီမှာ အတော်လေးညံ့ဖျင်းနေတယ်။ အသင်းကို စံနမူနာအဖြစ် ဦးဆောင်နိုင်မှုစွမ်းရည် ပျောက်ဆုံးနေတယ်။ သူဝင်မကစားလေ အာဆင်နယ်အသင်း ရလဒ်ပိုကောင်းလေပဲ။ သူက ရှေ့ဆက်ပြီး အသင်းရဲ့ အကောင်းဆုံးကစားသမား မဖြစ်နိုင်တော့ဘူး။ ” လို့အာတီတာအနေနဲ့ သူ့ကို အခုအတိုင်း လူစာရင်းကနေ ဆက်လက်ချန်လှပ်ထားသင့်တယ်လို့ ယူဆထားကြောင်း စပါးစ် ကစားသမားဟောင်း အိုဟားရားက ပြောခဲ့တာပါ။

ဒါ့အပြင် အာတီတာအနေနဲ့ ဘူကာယို ဆာကာရဲ့ ဥပမာအတိုင်း ခြေရာတထပ်တည်းနင်းပြီး ပွဲထွက်ခွင့်ရလေ ခြေစွမ်းပြလေဖြစ်တဲ့ လူငယ်ကစားသမား စမစ်ရိုးကို လုံးဝ ပစ်ပယ်ထားလို့ မရကြောင်း အာဆင်နယ်ကစားသမားဟောင်း ဝင်တာဘန်းကလည်း တပါတည်း မှတ်ချက်ပေးသွားခဲ့တယ်။

အသက် ၂၀ နှစ်သားဟာ အာဆင်နယ်မှာ နေရာတနေရာရဖို့ အခွင့်ကောင်းကို စောင့်ခဲ့ရပြီး ပြီးခဲ့တဲ့ ခရစ္စမတ်ကာလမတိုင်မီအထိ အာဆင်နယ်ပွဲထွက်ခွင့် ၂ ပွဲသာ ရထားပေမယ့် ဘောက်ဆင်ဒေးက ချယ်လ်ဆီးနဲ့ ဒါဘီပွဲကစလို့ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့ရင်း ယူရိုကွာတားမှာ ရင်သပ်ရှုမောစရာအတိ ခြေစွမ်းပြနိုင်ခဲ့အထိ တဟုန်ထိုး တိုးတက်လာသူပါ။

” တကယ့်အရည်အသွေးစစ်စစ်ပိုင်ရှင်လေးပါ။ ဒီကောင်လေးရဲ့ခြေစွမ်းက သိပ်ကြောက်ဖို့ကောင်းသွားပြီ။ ခင်ဗျား ကျုပ်ကို ချန်ရဲချန်ထားကြည့်လို့ အာတီတာကို မပြောရုံတမယ် ခြေစွမ်းပြနေတာဗျို့။ သူ့မှာ သတိထားစရာလေးတခုပဲရှိတယ်။ ပွဲထွက်ခွင့်နဲ့ ထိုက်တန်နေပြီဆိုတဲ့ အပိုင်နိုင်ဆုံးအချိန်မှာ ဒဏ်ရာရတတ်ပြီး ခရီးဖင့်ခဲ့တာလေးတခုပဲ။ ” လို့ အာဆင်နယ်ဂန္တဝင် ကစားသမားကြီး ဝင်တာဘန်းက ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ၾကာသာပေတးညက ဆလားဗီးယား ပရာ့ဂ္ကို ေလးဂိုးျပတ္နဲ႔ ေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္ဆီမီးအဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။ ဘူကာယို ဆာကာ၊ စမစ္႐ိုးတို႔ရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ နည္းျပအာတီတာရဲ႕ ေက်နပ္စရာ ခ်ိဳၿမိန္ႏိုင္ပြဲျဖစ္ခဲ့တယ္။

ဒီေနာက္မွာေတာ့ ‘သူ’ မပါမွ အာဆင္နယ္အသင္း ရလဒ္ပိုေကာင္းတဲ့ ကစားသမားနဲ႔ အာတီတာ ပစ္ပယ္လို႔မရေသာ အာဆင္နယ္ကစားသမားေတြဟာ ဘယ္သူေတြလဲလို႔ ေဝဖန္ေစာေၾကာမႈေတြလည္း ရွိလာခဲ့တယ္။ အထူးသျဖင့္ အာဆင္နယ္အသင္းရဲ႕ ရာသီသိမ္း အနာဂတ္ခရီးမွာ ဒီအျမင္ေတြက အေတာ္ေလး အေရးပါေနပါတယ္။

အာဆင္နယ္ရဲ႕ အေဝးကြင္း ဆီမီးဖိုင္နယ္ခရီးကို မပူးေပါင္းႏိုင္ဘဲ ငွက္ဖ်ားေရာဂါပိုးေၾကာင့္ က်န္ရစ္ခဲ့တဲ့ အူဘာမီယန္းဟာ သူမပါေလ အာဆင္နယ္ကစားပုံနဲ႔ ရလဒ္က ပိုေကာင္းေကာင္းထြက္ေလျဖစ္တယ္လို႔ ဂြၽန္အိုဟားရားက အခုလို သုံးသပ္သြားခဲ့တယ္။

” သူက အသင္းေခါင္းေဆာင္မပီသဘူး။ ဒီရာသီမွာ အေတာ္ေလးညံ့ဖ်င္းေနတယ္။ အသင္းကို စံနမူနာအျဖစ္ ဦးေဆာင္ႏိုင္မႈစြမ္းရည္ ေပ်ာက္ဆုံးေနတယ္။ သူဝင္မကစားေလ အာဆင္နယ္အသင္း ရလဒ္ပိုေကာင္းေလပဲ။ သူက ေရွ႕ဆက္ၿပီး အသင္းရဲ႕ အေကာင္းဆုံးကစားသမား မျဖစ္ႏိုင္ေတာ့ဘူး။ ” လို႔အာတီတာအေနနဲ႔ သူ႔ကို အခုအတိုင္း လူစာရင္းကေန ဆက္လက္ခ်န္လွပ္ထားသင့္တယ္လို႔ ယူဆထားေၾကာင္း အိုဟားရားက ေျပာခဲ့တာပါ။

ဒါ့အျပင္ အာတီတာအေနနဲ႔ ဘူကာယို ဆာကာရဲ႕ ဥပမာအတိုင္း ေျခရာတထပ္တည္းနင္းၿပီး ပြဲထြက္ခြင့္ရေလ ေျခစြမ္းျပေလျဖစ္တဲ့ လူငယ္ကစားသမား စမစ္႐ိုးကို လုံးဝ ပစ္ပယ္ထားလို႔ မရေၾကာင္း အာဆင္နယ္ကစားသမားေဟာင္း ဝင္တာဘန္းကလည္း တပါတည္း မွတ္ခ်က္ေပးသြားခဲ့တယ္။

အသက္ ၂၀ ႏွစ္သားဟာ အာဆင္နယ္မွာ ေနရာတေနရာရဖို႔ အခြင့္ေကာင္းကို ေစာင့္ခဲ့ရၿပီး ၿပီးခဲ့တဲ့ ခရစၥမတ္ကာလမတိုင္မီအထိ အာဆင္နယ္ပြဲထြက္ခြင့္ ၂ ပြဲသာ ရထားေပမယ့္ ေဘာက္ဆင္ေဒးက ခ်ယ္လ္ဆီးနဲ႔ ဒါဘီပြဲကစလို႔ ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့ရင္း ယူ႐ိုကြာတားမွာ ရင္သပ္ရႈေမာစရာအတိ ေျခစြမ္းျပႏိုင္ခဲ့အထိ တဟုန္ထိုး တိုးတက္လာသူပါ။

” တကယ့္အရည္အေသြးစစ္စစ္ပိုင္ရွင္ေလးပါ။ ဒီေကာင္ေလးရဲ႕ေျခစြမ္းက သိပ္ေၾကာက္ဖို႔ေကာင္းသြားၿပီ။ ခင္ဗ်ား က်ဳပ္ကို ခ်န္ရဲခ်န္ထားၾကည့္လို႔ အာတီတာကို မေျပာ႐ုံတမယ္ ေျခစြမ္းျပေနတာဗ်ိဳ႕။ သူ႔မွာ သတိထားစရာေလးတခုပဲရွိတယ္။ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေနၿပီဆိုတဲ့ အပိုင္ႏိုင္ဆုံးအခ်ိန္မွာ ဒဏ္ရာရတတ္ၿပီး ခရီးဖင့္ခဲ့တာေလးတခုပဲ။ ” လို႔ အာဆင္နယ္ဂႏၱ၀င္ ကစားသမားၾကီး ဝင္တာဘန္းက ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.