Premier League

ဆီဗီလားမှာ တစ်ညအပိုနေစေပြီး အသင်းသားတွေကို ဘီယာလေး ဝိုင်လေးမော့စေခဲ့တာ ဘာကြောင့်ဆိုတာ တူဟယ်လ်ပြော

ချယ်လ်ဆီးနည်းပြတူဟယ်လ်ဟာ ပေါ်တိုနဲ့ ယူရိုကွာတားပွဲစဥ်အပြီးမှာ သူ့အသင်းသားတွေ​ကို ဆီဗီလားက တည်းခိုရာဟိုတယ်မှာ တစ်ညတာအပိုဆောင်း အနားယူစေခဲ့ပြီး မန်စီးတီးနဲ့ FA ဆီမီးပွဲမတိုင်မီ ဘီယာနဲ့ ဝိုင်သောက်သုံးစေကာ အေးဆေးအပန်းဖြေစေခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ထူးခြားတဲ့လုပ်ရပ်လည်းဖြစ်ခဲ့သလို ကိုဗစ်ရောဂါပိုးကူးစက်မှုကြောင့် အသွားအလာကန့်သတ်မှုတွေက ကစားသမားတွေကို မွန်းကျပ်စေခဲ့တယ်လို့ တူဟယ်လ်က ယူဆထားတာပါ။ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွမှုကလည်း ကစားပွဲကို သက်ရောက်တယ်လို့ သူကခံယူထားပါတယ်။

ဒါ​ကြောင့် ၁ နှစ်ကျော်ကြာ ထိန်းချုပ်ထားရတဲ့ ဆိုင်ထိုင်၊ စားသောက်ခြင်း ပျော်ရွှင်မှုကို သူ့အသင်းအတွက် အခုလို လွတ်လွတ်လပ်လပ် ပြန်လည်တွေ့ကြုံခံစားစေခဲ့တာဖြစ်ကြောင်း သူက ဆိုခဲ့ပြီး စိတ်ဖြေလျှော့ပြီး ပင်ပန်းနွမ်းနယ်သမျှ အားပြန်ဖြည့်စေခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။

” စိတ်ပိုင်းဆိုင်ရာ အားပြည့်မှုက အရေးပါတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်းသတိရှိပါတယ်။ ဆီဗီလားက ဟိုတယ်မှာ တညထပ်ဆောင်းပြီး အနားယူခဲ့တယ်။ နွေးထွေးတဲ့ရာသီဥတု၊ ဟိုတယ်ရဲ့ အပြင်အဆင်အနေအထားက စိတ်ကိုကြည်လင်စေတယ် ”

” အချင်းချင်း ရင်းနှီးပြီး နွေးထွေးစေတယ်။ ဒါကိုရည်ရွယ်ပြီး အနားယူချိန်တခု ဖန်တီးယူခဲ့တာပါ။ အိပ်ရေးဝဝလည်း အိပ်စက်ခဲ့ကြတယ်။ ကျွန်တော်တို့ ရွှင်ပျတက်ကြွသွားကြတယ်။ သိပ်ကောင်းတဲ့ အခွင့်အရေးတခုပါ။ ”

“ဘီယာလေးစုပ်၊ ဝိုင်လေးမော့ရင်း ဘောလုအကြောင်းကို လုံးဝခေါင်းထဲကထုတ်ပြီး တညနေခင်းလုံး အေးအေးလူလူ ပျော်ရွှင်ခဲ့ကြတယ်။ တကယ် စိတ်ထည့်ပြီးပွဲကစားတဲ့အခါ၊ ပွဲအတွက် ပြင်ဆင်တဲ့အခါ အခုလို အားအပြည့်နဲ့ ရင်းရင်းနှီးနှီး၊ နွေးနွေးထွေးထွေးလေး အတူတူအချိန်ကုန်ဆုံးခဲ့တာက အသင်းကို အကျိုးပေးပါလိမ့်မယ် ” လို့ တူဟယ်လ်က သူ့ရဲ့ ထူးခြားတဲ့အမြင်ကို ရှင်းပြသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ဟာ ေပၚတိုနဲ႔ ယူ႐ိုကြာတားပြဲစဥ္အၿပီးမွာ သူ႔အသင္းသားေတြ​ကို ဆီဗီလားက တည္းခိုရာဟိုတယ္မွာ တစ္ညတာအပိုေဆာင္း အနားယူေစခဲ့ၿပီး မန္စီးတီးနဲ႔ FA ဆီမီးပြဲမတိုင္မီ ဘီယာနဲ႔ ဝိုင္ေသာက္သုံးေစကာ ေအးေဆးအပန္းေျဖေစခဲ့တယ္လို႔ သိရပါတယ္။

ဒါဟာ ထူးျခားတဲ့လုပ္ရပ္လည္းျဖစ္ခဲ့သလို ကိုဗစ္ေရာဂါပိုးကူးစက္မႈေၾကာင့္ အသြားအလာကန္႔သတ္မႈေတြက ကစားသမားေတြကို မြန္းက်ပ္ေစခဲ့တယ္လို႔ တူဟယ္လ္က ယူဆထားတာပါ။ ကစားသမားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ လန္းဆန္းတက္ႂကြမႈကလည္း ကစားပြဲကို သက္ေရာက္တယ္လို႔ သူကခံယူထားပါတယ္။

ဒါ​ေၾကာင့္ ၁ ႏွစ္ေက်ာ္ၾကာ ထိန္းခ်ဳပ္ထားရတဲ့ ဆိုင္ထိုင္၊ စားေသာက္ျခင္း ေပ်ာ္႐ႊင္မႈကို သူ႔အသင္းအတြက္ အခုလို လြတ္လြတ္လပ္လပ္ ျပန္လည္ေတြ႕ႀကဳံခံစားေစခဲ့တာျဖစ္ေၾကာင္း သူက ဆိုခဲ့ၿပီး စိတ္ေျဖေလွ်ာ့ၿပီး ပင္ပန္းႏြမ္းနယ္သမွ် အားျပန္ျဖည့္ေစခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။

” စိတ္ပိုင္းဆိုင္ရာ အားျပည့္မႈက အေရးပါတယ္ဆိုတာ ကြၽန္ေတာ္တို႔ေကာင္းေကာင္းသတိရွိပါတယ္။ ဆီဗီလားက ဟိုတယ္မွာ တညထပ္ေဆာင္းၿပီး အနားယူခဲ့တယ္။ ေႏြးေထြးတဲ့ရာသီဥတု၊ ဟိုတယ္ရဲ႕ အျပင္အဆင္အေနအထားက စိတ္ကိုၾကည္လင္ေစတယ္ ”

” အခ်င္းခ်င္း ရင္းႏွီးၿပီး ေႏြးေထြးေစတယ္။ ဒါကိုရည္႐ြယ္ၿပီး အနားယူခ်ိန္တခု ဖန္တီးယူခဲ့တာပါ။ အိပ္ေရးဝဝလည္း အိပ္စက္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ႐ႊင္ပ်တက္ႂကြသြားၾကတယ္။ သိပ္ေကာင္းတဲ့ အခြင့္အေရးတခုပါ။ ”

“ဘီယာေလးစုပ္၊ ဝိုင္ေလးေမာ့ရင္း ေဘာလုအေၾကာင္းကို လုံးဝေခါင္းထဲကထုတ္ၿပီး တညေနခင္းလုံး ေအးေအးလူလူ ေပ်ာ္႐ႊင္ခဲ့ၾကတယ္။ တကယ္ စိတ္ထည့္ၿပီးပြဲကစားတဲ့အခါ၊ ပြဲအတြက္ ျပင္ဆင္တဲ့အခါ အခုလို အားအျပည့္နဲ႔ ရင္းရင္းႏွီးႏွီး၊ ေႏြးေႏြးေထြးေထြးေလး အတူတူအခ်ိန္ကုန္ဆုံးခဲ့တာက အသင္းကို အက်ိဳးေပးပါလိမ့္မယ္ ” လို႔ တူဟယ္လ္က သူ႔ရဲ႕ ထူးျခားတဲ့အျမင္ကို ရွင္းျပသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.