Premier League

ဂျာမန်ဘီလူးတွေကို ဖြုတ်ချခဲ့တဲ့ မန်စီးတီး – ဒေါ့မွန် 1:2 မန်စီးတီးပွဲ အပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ 7 ချက်

ဖလား ၄ လုံးလမ်းကြောင်းပေါ်က စွဲမက်ဖွယ် မန်စီးတီး
ပပ်ရဲ့ မန်စီးတီးကဖလား ၄ လုံးလမ်းကြောင်းပေါ်ကနေ နောက်တလှမ်းထပ်လှမ်းလိုက်ပြီဖြစ်တယ်။ စီတီးက ချန်ပီယံလိဂ် ဆီမီးကို ရင်ကော့ပြီး တက်သွားခဲ့ပြီ။ အသင်းရဲ့သမိုင်းမှာ မကြုံစဖူးတဲ့ သမိုင်းသစ်ကို ရေးထိုးဖို့ ခေါင်းမော့နေပြီဖြစ်တယ်။ ဒီပွဲမှာလည်း စီးတီးရဲ့ အဆင့်အတန်းနဲ့ စရိုက်လက္ခဏာကို ဒေါ့မန်နဲ့အတူ ကမ္ဘာကြီးကိုပါ ပြသသွားခဲ့တယ်။

ပေါင်သန်း ၆၀ နဲ့ ထိုက်တန်ခဲ့တဲ့ မာရက်ဇ်
မန်စီးတီးမှာ ပင်နယ်တီပြဿနာက အတော်ကြီးတယ်။ ဘယ်သူကန်သွင်းမလဲဆိုတာ ခေါင်းကိုက်ရတဲ့ကိစ္စမျိုးပါ။ ပင်နယ်တီရရင် ကျန်အသင်းတွေက မြူးကြွပျော်ရွှင်ကြပေမယ့် မန်စီးတီးကတော့ ဖိအားဝင်ရလေ့ရှိတယ်။ ဒီဘရိုင်းနား၊ အဂွယ်ရို၊ စတာလင်း၊ မာရက်ဇ်၊ ဂွန်ဒိုဝမ်တို့က တလှည့်စီ တာဝန်ယူခဲ့ကြသလို ဒီတခါမှာတော့ မာရက်ဇ် က ယုံကြည်ချက်အပြည့်၊ ကန်ချက်ပြင်းပြင်းနဲ့ ပါဝါထည့်ပြီး အပိုင်ကန်သွင်းယူသွားခဲ့တယ်။

ကိုယ်ပိုင်စင်မြင့်တခုလို မြူးကြွအောင်ကစားသွားတဲ့ ဂျုဘယ်လင်ဟမ်
အင်္ဂလန်သားရဲ့ ခြေစွမ်းက ပထမအကျော့မှာ အထင်ကြီးစရာကောင်းလှချည်လားဆိုရင် အခုပွဲမှာ ဒေါ့မန်ကို ထိန်းကျောင်းပြီး သူခြေစွမ်းပြခဲ့ပုံက သာလွန်ပြီးကို အထင်ကြီးချင်စရာကောင်းနေတယ်။ ဒီလိုကွင်းလယ်ကစားသမားမျိုးက ပွဲကိုကောင်းကောင်းဖတ်ရှုနိုင်သလို သူ့စွမ်းရည်ကို အစွမ်းကုန်ထုတ်ပြခွင့်ရခဲ့တဲ့ အရည်အသွေးမြင့် ကစားပွဲတပွဲဖြစ်ခဲ့ပြီး ဒေါ့မန်ကို တဂိုးရစေခဲ့တဲ့ သူ့ရဲ့ ကန်သွင်းချက်ကလည်း လက်ဖျားခါရမှာပါ။

စင်တော်ကောက်ချင်နေတဲ့ စီးတီးကို မဆွဲဆောင်နိုင်ခဲ့တဲ့ ဟာလန်းရဲ့ ခြေစွမ်း
မန်စီးတီးနဲ့ ကွာတားနှစ်ကျော့စလုံးမှာ ဟာလန်းရဲ့ ခြေစွမ်းက အတော်လေးစိတ်ပျက်စရာအခြေအနေဖြစ်တယ်။ မိနစ် ၁၈၀ လုံးမှာ စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားမျိုး မမြင်ခဲ့ရသလို သူ့ရဲ့ Trademark သွင်းဂိုးတွေလည်း ပျောက်ဆုံးနေခဲ့တယ်။

ခြေမပေါ်ခဲ့တဲ့ ဟာလန်းက သူ့ကို စင်တော်ကောက်ချင်နေတဲ့ စီးတီးကို ဘာတွေချကျွေးသွားမလဲလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ကြည့်ခံခဲ့ရပေမယ့် ဆွဲဆောင်မှု မရှိခဲ့တာကို တွေ့ခဲ့ရတယ်။

တဦးချင်းအမှားတွေကြောင့် ပေးဆပ်ခဲ့ရတဲ့ ဒေါ့မန်
ပထမပိုင်းကတော့ ဒေါ့မန်နည်းပြ အီဒင် တာဇစ်ရဲ့ အလိုအတိုင်း အလုပ်ဖြစ်ခဲ့တယ်။ ဒုတိယပိုင်းကစားချိန်မှာလည်း မန်စီးတီးကို ကန်သွင်းခွင့်မရအောင် အထိရောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့တယ်။

ဒါပေမယ့် ဝါရင့်ကစားသမား အမ်မရီ ချန်ရဲ့ အမှားကနေ ပင်နယ်တီပေးလိုက်ရတဲ့တချက်၊ ဖိုဒင်ကို လူမကပ်ခဲ့ဘဲ အေးအေးဆေးဆေး ကန်သွင်းခွင့်ပေးခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့အမှားတချက်၊ ဒါတွေက အထူးပြောစရာအပြစ်တွေပါ။ နောက်ပိုင်းမှာတော့ စီးတီးရဲ့ဖြိုချမှုအောက်မှာ ဒေါ့မန်ပြိုကွဲသွားခဲ့တာဖြစ်တယ်။

ပပ်နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးရောက်လာတဲ့ မန်စီးတီး
မန်စီးတီးရဲ့အိပ်မက်က တကယ်ကြီးသလို ကြောက်ခမန်းလိလိဖြစ်တယ်။ လုပ်တိုင်းလည်း တကယ်ဖြစ်လာခဲ့တယ်။ ပပ်နည်းပြဘဝမှာ စီးတီးရဲ့ အိပ်မက်က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ အခိုင်အမာတပ်စွဲပြီး ဗိုလ်ဝင်ခံဖို့ဖြစ်တယ်။ ၅ နှစ်တာ အနာဂတ်စီမံကိန်းရဲ့ အသီးအပွင့်အဖြစ် ပပ်နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးရောက်လာတဲ့ မန်စီးတီးက ဒီနှစ်ချန်ပီယံဖြစ်ဖို့အတွက် သူမှတပါး အခြားမရှိတဲ့ အထိုက်တန်ဆုံးခြေစွမ်းကို ပြသနေတာလည်းဖြစ်တယ်။

ဂျာမန်ဘီလူးတွေကို ဖြုတ်ချခဲ့တဲ့ ရေနံငွေထုပ်ချင်း ထိပ်တိုက်တွေ့ဆုံမယ့် ဆီမီး
မန်စီးတီးက ဒေါ့မန်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမယ့်အသင်းက PSG ဖြစ်တယ်။ PSG က လက်ရှိချန်ပီယံ ဘိုင်ယန်ကို ဖြုတ်ချပြီး တက်လာခဲ့တဲ့ လမ်းဖြစ်တယ်။ ဒီနှစ်သင်းထိပ်တိုက်ဆုံမယ့်ပွဲက သိပ်ကြည့်ကောင်းမယ့်ဆိုတာ ပြောစရာကိုမလိုတော့တဲ့ အခြေအနေဖြစ်တယ်။ ငွေကြေးအင်အားတောင့်တင်းမှုနဲ့အတူ ခေတ်သစ် ဘောလုံးလောကကို လွှမ်းမိုးမှုအား ကြီးမားလာခဲ့တဲ့ ဒီနှစ်သင်းရဲ့သတ်ပွဲက သိပ်ရင်ခုန်စရာကောင်းလာမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဖလား ၄ လုံးလမ္းေၾကာင္းေပၚက စြဲမက္ဖြယ္ မန္စီးတီး
ပပ္ရဲ႕ မန္စီးတီးကဖလား ၄ လုံးလမ္းေၾကာင္းေပၚကေန ေနာက္တလွမ္းထပ္လွမ္းလိုက္ၿပီျဖစ္တယ္။ စီတီးက ခ်န္ပီယံလိဂ္ ဆီမီးကို ရင္ေကာ့ၿပီး တက္သြားခဲ့ၿပီ။ အသင္းရဲ႕သမိုင္းမွာ မႀကဳံစဖူးတဲ့ သမိုင္းသစ္ကို ေရးထိုးဖို႔ ေခါင္းေမာ့ေနၿပီျဖစ္တယ္။ ဒီပြဲမွာလည္း စီးတီးရဲ႕ အဆင့္အတန္းနဲ႔ စ႐ိုက္လကၡဏာကို ေဒါ့မန္နဲ႔အတူ ကမာၻႀကီးကိုပါ ျပသသြားခဲ့တယ္။

ေပါင္သန္း ၆၀ နဲ႔ ထိုက္တန္ခဲ့တဲ့ မာရက္ဇ္
မန္စီးတီးမွာ ပင္နယ္တီျပႆနာက အေတာ္ႀကီးတယ္။ ဘယ္သူကန္သြင္းမလဲဆိုတာ ေခါင္းကိုက္ရတဲ့ကိစၥမ်ိဳးပါ။ ပင္နယ္တီရရင္ က်န္အသင္းေတြက ျမဴးႂကြေပ်ာ္႐ႊင္ၾကေပမယ့္ မန္စီးတီးကေတာ့ ဖိအားဝင္ရေလ့ရွိတယ္။ ဒီဘ႐ိုင္းနား၊ အဂြယ္႐ို၊ စတာလင္း၊ မာရက္ဇ္၊ ဂြန္ဒိုဝမ္တို႔က တလွည့္စီ တာဝန္ယူခဲ့ၾကသလို ဒီတခါမွာေတာ့ မာရက္ဇ္ က ယုံၾကည္ခ်က္အျပည့္၊ ကန္ခ်က္ျပင္းျပင္းနဲ႔ ပါဝါထည့္ၿပီး အပိုင္ကန္သြင္းယူသြားခဲ့တယ္။

ကိုယ္ပိုင္စင္ျမင့္တခုလို ျမဴးႂကြေအာင္ကစားသြားတဲ့ ဂ်ဳဘယ္လင္ဟမ္
အဂၤလန္သားရဲ႕ ေျခစြမ္းက ပထမအေက်ာ့မွာ အထင္ႀကီးစရာေကာင္းလွခ်ည္လားဆိုရင္ အခုပြဲမွာ ေဒါ့မန္ကို ထိန္းေက်ာင္းၿပီး သူေျခစြမ္းျပခဲ့ပုံက သာလြန္ၿပီးကို အထင္ႀကီးခ်င္စရာေကာင္းေနတယ္။ ဒီလိုကြင္းလယ္ကစားသမားမ်ိဳးက ပြဲကိုေကာင္းေကာင္းဖတ္ရႈႏိုင္သလို သူ႔စြမ္းရည္ကို အစြမ္းကုန္ထုတ္ျပခြင့္ရခဲ့တဲ့ အရည္အေသြးျမင့္ ကစားပြဲတပြဲျဖစ္ခဲ့ၿပီး ေဒါ့မန္ကို တဂိုးရေစခဲ့တဲ့ သူ႔ရဲ႕ ကန္သြင္းခ်က္ကလည္း လက္ဖ်ားခါရမွာပါ။

စင္ေတာ္ေကာက္ခ်င္ေနတဲ့ စီးတီးကို မဆြဲေဆာင္ႏိုင္ခဲ့တဲ့ ဟာလန္းရဲ႕ ေျခစြမ္း
မန္စီးတီးနဲ႔ ကြာတားႏွစ္ေက်ာ့စလုံးမွာ ဟာလန္းရဲ႕ ေျခစြမ္းက အေတာ္ေလးစိတ္ပ်က္စရာအေျခအေနျဖစ္တယ္။ မိနစ္ ၁၈၀ လုံးမွာ စိတ္ဝင္စားစရာေကာင္းတဲ့ အေနအထားမ်ိဳး မျမင္ခဲ့ရသလို သူ႔ရဲ႕ Trademark သြင္းဂိုးေတြလည္း ေပ်ာက္ဆုံးေနခဲ့တယ္။

ေျခမေပၚခဲ့တဲ့ ဟာလန္းက သူ႔ကို စင္ေတာ္ေကာက္ခ်င္ေနတဲ့ စီးတီးကို ဘာေတြခ်ေကြၽးသြားမလဲလို႔ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ ေစာင့္ၾကည့္ခံခဲ့ရေပမယ့္ ဆြဲေဆာင္မႈ မရွိခဲ့တာကို ေတြ႕ခဲ့ရတယ္။

တဦးခ်င္းအမွားေတြေၾကာင့္ ေပးဆပ္ခဲ့ရတဲ့ ေဒါ့မန္
ပထမပိုင္းကေတာ့ ေဒါ့မန္နည္းျပ အီဒင္ တာဇစ္ရဲ႕ အလိုအတိုင္း အလုပ္ျဖစ္ခဲ့တယ္။ ဒုတိယပိုင္းကစားခ်ိန္မွာလည္း မန္စီးတီးကို ကန္သြင္းခြင့္မရေအာင္ အထိေရာက္ဆုံး ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္။

ဒါေပမယ့္ ဝါရင့္ကစားသမား အမ္မရီ ခ်န္ရဲ႕ အမွားကေန ပင္နယ္တီေပးလိုက္ရတဲ့တခ်က္၊ ဖိုဒင္ကို လူမကပ္ခဲ့ဘဲ ေအးေအးေဆးေဆး ကန္သြင္းခြင့္ေပးခဲ့တဲ့ ဘယ္လင္ဂမ္ရဲ႕အမွားတခ်က္၊ ဒါေတြက အထူးေျပာစရာအျပစ္ေတြပါ။ ေနာက္ပိုင္းမွာေတာ့ စီးတီးရဲ႕ၿဖိဳခ်မႈေအာက္မွာ ေဒါ့မန္ၿပိဳကြဲသြားခဲ့တာျဖစ္တယ္။

ပပ္နည္းျပဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဆီမီးေရာက္လာတဲ့ မန္စီးတီး
မန္စီးတီးရဲ႕အိပ္မက္က တကယ္ႀကီးသလို ေၾကာက္ခမန္းလိလိျဖစ္တယ္။ လုပ္တိုင္းလည္း တကယ္ျဖစ္လာခဲ့တယ္။ ပပ္နည္းျပဘဝမွာ စီးတီးရဲ႕ အိပ္မက္က ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္မွာ အခိုင္အမာတပ္စြဲၿပီး ဗိုလ္ဝင္ခံဖို႔ျဖစ္တယ္။ ၅ ႏွစ္တာ အနာဂတ္စီမံကိန္းရဲ႕ အသီးအပြင့္အျဖစ္ ပပ္နည္းျပဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဆီမီးေရာက္လာတဲ့ မန္စီးတီးက ဒီႏွစ္ခ်န္ပီယံျဖစ္ဖို႔အတြက္ သူမွတပါး အျခားမရွိတဲ့ အထိုက္တန္ဆုံးေျခစြမ္းကို ျပသေနတာလည္းျဖစ္တယ္။

ဂ်ာမန္ဘီလူးေတြကို ျဖဳတ္ခ်ခဲ့တဲ့ ေရနံေငြထုပ္ခ်င္း ထိပ္တိုက္ေတြ႕ဆုံမယ့္ ဆီမီး
မန္စီးတီးက ေဒါ့မန္ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံမယ့္အသင္းက PSG ျဖစ္တယ္။ PSG က လက္ရွိခ်န္ပီယံ ဘိုင္ယန္ကို ျဖဳတ္ခ်ၿပီး တက္လာခဲ့တဲ့ လမ္းျဖစ္တယ္။ ဒီႏွစ္သင္းထိပ္တိုက္ဆုံမယ့္ပြဲက သိပ္ၾကည့္ေကာင္းမယ့္ဆိုတာ ေျပာစရာကိုမလိုေတာ့တဲ့ အေျခအေနျဖစ္တယ္။ ေငြေၾကးအင္အားေတာင့္တင္းမႈနဲ႔အတူ ေခတ္သစ္ ေဘာလုံးေလာကကို လႊမ္းမိုးမႈအား ႀကီးမားလာခဲ့တဲ့ ဒီႏွစ္သင္းရဲ႕သတ္ပြဲက သိပ္ရင္ခုန္စရာေကာင္းလာမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.