Premier League

အာဆင်နယ်မပါတဲ့ ချန်ပီယံလိဂ်ဆိုတာ “အနှစ်သာရမဲ့တယ်”ဆိုခဲ့တဲ့ လီနိုရဲ့စကားအရ အာတီတာက ယူရိုပါလိဂ်ဘုရင်ဖြစ်လာစေမှာလား

” အာဆင်နယ် မပါဝင်တဲ့ ချန်ပီယံလိဂ်ဆိုတာ အနှစ်သာရကင်းမဲ့လွန်းပါတယ် ” ဒီနေ့ည ဆလားဗီးယား ပရာ့ဂ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ကွာတားပွဲကြိုမှာ ဒီစကားကို ပြောခဲ့သူက အာဆင်နယ်ဂိုးသမား ဘားနတ် လီနိုဖြစ်တယ်။ သူ့ရဲ့ နှုတ်ထွက်စကားက နည်းပြအာတီတာရဲ့ လားရာကို အထင်းသား ပေါ်လွင်စေခဲ့တယ်။

ပထမအကျော့ အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့တဲ့ အာဆင်နယ်က ဒီနေ့ည ချက်မြေမှာ ကစားရတော့မယ်။ ဆီမီးကို မဖြစ်မနေကို တက်ဖို့လိုနေတယ်။ ဒါက အာဆင်နယ်ပရိသတ်အားလုံးရဲ့ အထူးမျှော်လင့်နေတဲ့ အချက်ဖြစ်တယ်။ အာဆင်နယ်ကို ဥရောပပြိုင်ပွဲမှာဆက်လက်မြင်တွေ့ရဖို့ တခုတည်းသော ထွက်ပေါက်ကလည်း ဒီနေ့ပွဲစဉ်ဖြစ်တယ်။

အာဆင်နယ်က လွန်ခဲ့တဲ့ ၂၅ နှစ်ဆက်တိုက် ဥရောပြိုင်ပွဲတွေမှာ ကျင်လည်လာခဲ့တဲ့အသင်းဖြစ်တယ်။ ဒီရာသီမှာတော့ လာမယ့်ဘောလုံးရာသီမှာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ဆုံးရှုံးခံမလားဆိုတဲ့ မျက်ဖြူဆိုက်စရာ အခြေအနေဆိုးတခုကိုပါ အာတီတာက တပါတည်း ကျော်ဖြတ်ရတော့မယ်။ ယူရိုပါလိဂ်ဗိုလ်ဝင်ခံဖို့ မဖြစ်မနေ လိုအပ်နေတယ်။

ဒီဖလားက သူ့ကိုလည်း မှတ်ကျောက်တင်စရာဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်းကို ” ဆီမီးတက်ဖို့ ကျွန်တော်တို့အသင်းအတွက် အသက်တမျှ အရေးကြီးတယ်။ ဒါက တဘို့တည်းကောင်းဖို့မဟုတ်ဘူး။ ကျွန်တော့်တသင်းလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ်နဲ့ ထိုက်တန်တဲ့အသင်းဖြစ်ပြီး အကောင်းဆုံးလည်း အားထုတ်ပေးဆပ်မှာဖြစ်ပါတယ် ” လို့ အာတီတာက အသိပေးသွားခဲ့တယ်။

အာဆင်နယ်အတွက် အရေးအကြီးဆုံးဖြစ်နေတဲ့ ဒီနေ့ညပွဲစဉ်မှာ ပါဝင်ကစားဖို့ဆိုရင် နာဖျားမှုကြောင့် လေ့ကျင့်ရေးကိုလွဲချော်ခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်း နဲ့ ခြေကျင်းဝတ်ဒဏ်ရာရှိနေတဲ့ မာတင် အိုဒီဂွာဒ်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝနေပါ့မလားဆိုတာ မသေချာသေးကြောင်း အာတီတာက အတည်ပြုခဲ့ပါတယ်။

အာတီတာအနေနဲ့ ဒီပွဲမှာ ပထမအကျော့က ခြေစွမ်းဆိုးရွားခဲ့တဲ့ ပေပေကို အရန်ခုံပို့ဖို့ ရှိနေပေမယ့် ခြေစွမ်းထက်မြက်နေတဲ့ မာတီနယ်လီကို အားကိုးသွားဖို့ ရှိသလို လာကာဇက်၊ ချာကာ၊ ပါတေးတို့ အစုအဖွဲ့နဲ့ ပွဲထွက်လာဖွယ် ရှိနေပြီး ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘူကာယို ဆာကာနဲ့ စမသ်ရိုးတို့ဟာ ဒီပွဲမှာ ပြန်ကစားနိုင်တော့မယ်လို့ သိထားရပါတယ်။

” ဒီနေ့ပွဲဟာ တိုက်ပွဲစစ်စစ်ဖြစ်တယ်” လို့ ဆိုခဲ့ပြီး အာဆင်နယ်တသင်းလုံးကို ရုန်းကြွနေအောင် နှိုးဆော်ထားတဲ့ အာတီတာရဲ့စကားအရ ဂန်းနားတို့အစုအဖွဲ့ဟာ ပထမအကျော့က အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးမှုပြုလုပ်ခဲ့တဲ့ အမှားတွေကို ပြင်ဆင်လို့ အခုတခေါက်မှာတော့ ဆလားဗီးယား ပရာ့ဂ်ကို ပိုင်ပိုင်နိုင်နိုင် ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားရာကတဆင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဖော်ဆောင်ပေးမယ့် ယူရိုပါလိဂ်ဘုရင်အဖြစ် ဗိုလ်ဝင်ခံသွားနိုင်မလားဆိုတာကတော့……..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
” အာဆင္နယ္ မပါဝင္တဲ့ ခ်န္ပီယံလိဂ္ဆိုတာ အႏွစ္သာရကင္းမဲ့လြန္းပါတယ္ ” ဒီေန႔ည ဆလားဗီးယား ပရာ့ဂ္နဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ကြာတားပြဲႀကိဳမွာ ဒီစကားကို ေျပာခဲ့သူက အာဆင္နယ္ဂိုးသမား ဘားနတ္ လီႏိုျဖစ္တယ္။ သူ႔ရဲ႕ ႏႈတ္ထြက္စကားက နည္းျပအာတီတာရဲ႕ လားရာကို အထင္းသား ေပၚလြင္ေစခဲ့တယ္။

ပထမအေက်ာ့ အိမ္ကြင္းမွာ ၁-၁ သေရက်ခဲ့တဲ့ အာဆင္နယ္က ဒီေန႔ည ခ်က္ေျမမွာ ကစားရေတာ့မယ္။ ဆီမီးကို မျဖစ္မေနကို တက္ဖို႔လိုေနတယ္။ ဒါက အာဆင္နယ္ပရိသတ္အားလုံးရဲ႕ အထူးေမွ်ာ္လင့္ေနတဲ့ အခ်က္ျဖစ္တယ္။ အာဆင္နယ္ကို ဥေရာပၿပိဳင္ပြဲမွာဆက္လက္ျမင္ေတြ႕ရဖို႔ တခုတည္းေသာ ထြက္ေပါက္ကလည္း ဒီေန႔ပြဲစဥ္ျဖစ္တယ္။

အာဆင္နယ္က လြန္ခဲ့တဲ့ ၂၅ ႏွစ္ဆက္တိုက္ ဥေရာၿပိဳင္ပြဲေတြမွာ က်င္လည္လာခဲ့တဲ့အသင္းျဖစ္တယ္။ ဒီရာသီမွာေတာ့ လာမယ့္ေဘာလုံးရာသီမွာ ၂၅ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပဝင္ခြင့္ ဆုံးရႈံးခံမလားဆိုတဲ့ မ်က္ျဖဴဆိုက္စရာ အေျခအေနဆိုးတခုကိုပါ အာတီတာက တပါတည္း ေက်ာ္ျဖတ္ရေတာ့မယ္။ ယူ႐ိုပါလိဂ္ဗိုလ္ဝင္ခံဖို႔ မျဖစ္မေန လိုအပ္ေနတယ္။

ဒီဖလားက သူ႔ကိုလည္း မွတ္ေက်ာက္တင္စရာျဖစ္လာလိမ့္မယ္ဆိုတဲ့အေၾကာင္းကို ” ဆီမီးတက္ဖို႔ ကြၽန္ေတာ္တို႔အသင္းအတြက္ အသက္တမွ် အေရးႀကီးတယ္။ ဒါက တဘို႔တည္းေကာင္းဖို႔မဟုတ္ဘူး။ ကြၽန္ေတာ့္တသင္းလုံးရဲ႕ အက်ိဳးအတြက္ျဖစ္တယ္။ ကြၽန္ေတာ္တို႔ဟာ ဆီမီးဖိုင္နယ္နဲ႔ ထိုက္တန္တဲ့အသင္းျဖစ္ၿပီး အေကာင္းဆုံးလည္း အားထုတ္ေပးဆပ္မွာျဖစ္ပါတယ္ ” လို႔ အာတီတာက အသိေပးသြားခဲ့တယ္။

အာဆင္နယ္အတြက္ အေရးအႀကီးဆုံးျဖစ္ေနတဲ့ ဒီေန႔ညပြဲစဥ္မွာ ပါဝင္ကစားဖို႔ဆိုရင္ နာဖ်ားမႈေၾကာင့္ ေလ့က်င့္ေရးကိုလြဲေခ်ာ္ခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္း နဲ႔ ေျခက်င္းဝတ္ဒဏ္ရာရွိေနတဲ့ မာတင္ အိုဒီဂြာဒ္တို႔ဟာ ႀကံ့ခိုင္မႈျပည့္ဝေနပါ့မလားဆိုတာ မေသခ်ာေသးေၾကာင္း အာတီတာက အတည္ျပဳခဲ့ပါတယ္။

အာတီတာအေနနဲ႔ ဒီပြဲမွာ ပထမအေက်ာ့က ေျခစြမ္းဆိုး႐ြားခဲ့တဲ့ ေပေပကို အရန္ခုံပို႔ဖို႔ ရွိေနေပမယ့္ ေျခစြမ္းထက္ျမက္ေနတဲ့ မာတီနယ္လီကို အားကိုးသြားဖို႔ ရွိသလို လာကာဇက္၊ ခ်ာကာ၊ ပါေတးတို႔ အစုအဖြဲ႕နဲ႔ ပြဲထြက္လာဖြယ္ ရွိေနၿပီး ဒဏ္ရာကေန ျပန္သက္သာလာတဲ့ ဘူကာယို ဆာကာနဲ႔ စမသ္႐ိုးတို႔ဟာ ဒီပြဲမွာ ျပန္ကစားႏိုင္ေတာ့မယ္လို႔ သိထားရပါတယ္။

” ဒီေန႔ပြဲဟာ တိုက္ပြဲစစ္စစ္ျဖစ္တယ္” လို႔ ဆိုခဲ့ၿပီး အာဆင္နယ္တသင္းလုံးကို ႐ုန္းႂကြေနေအာင္ ႏႈိးေဆာ္ထားတဲ့ အာတီတာရဲ႕စကားအရ ဂန္းနားတို႔အစုအဖြဲ႕ဟာ ပထမအေက်ာ့က အပိုင္အခြင့္အေရးေတြကို ျဖဳန္းတီးမႈျပဳလုပ္ခဲ့တဲ့ အမွားေတြကို ျပင္ဆင္လို႔ အခုတေခါက္မွာေတာ့ ဆလားဗီးယား ပရာ့ဂ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္သြားရာကတဆင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေဖာ္ေဆာင္ေပးမယ့္ ယူ႐ိုပါလိဂ္ဘုရင္အျဖစ္ ဗိုလ္ဝင္ခံသြားႏိုင္မလားဆိုတာကေတာ့……..။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.