Premier League

Come Back ဘုရင် ယူနိုက်တက်၏ နိုင်ပွဲ စပါးစ် 1-3 ယူနိုက်တက် ပွဲအပြီး ထူးထူးခြားခြား ပြောစရာ 7 ချက်

အဆင့် ၄ အိပ်မက် အဆုံးသတ်လုနီးပြီးဖြစ်ခဲ့ရတဲ့ စပါးစ်
ဘောလုံးက တခါတလေတော့လည်း ရယ်စရာပါပဲ။ အတော်လေးပြောင်ချော်ချော်နိုင်ပါတယ်။ ရာသီအစက မော်ရင်ညိုရဲ့အသင်းက ပြိုင်ဘက်မရှိ ခြေစွမ်းမျိုးကိုပြပြီး ဇယားထိပ်ကို ဦးစီးဦးဆောင်လုပ်နေခဲ့တာဖြစ်တယ်။ ပအကျော့ အိုးထရက်ဖို့ဒ်မှာ ၁-၆ နဲ့ ခြေပြတ်ဂိုးပြတ်နိုင်ချိန်မှာ စပါးစ်က ဒီနှစ်ချန်ပီယံဖြစ်လာမလားဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့တယ်။ ဒီည ယူနိုက်တက်ကိုရှုံးပွဲအပြီးမှာတော့ စပါးစ်ရဲ့ အဆင့် ၄ အိပ်မက်ကတောင် ဝေဝါးသွားခဲ့ပြီ။ အဆုံးသတ်လုနီးပါးဖြစ်ခဲ့ပါပြီ။ မော်ရင်ညို ယူရိုပါလိဂ်ဝင်ခွင့်ရဖို့သာ အားစိုက်ရတော့မှာပါ။

Come Back ဘုရင် ယူနိုက်တက်
ဆိုးလ်ရှားက ရယ်ရယ်မောမောနဲ့ တခါနောက်ဖူးတယ်။ သူ့အသင်းက ခက်တာကိုမှကြိုက်တဲ့အသင်းတဲ့။ အကြောင်းကတော့ ဖြောင့်ဖြောင့်တန်းတန်းနိုင်ဖို့ထက် နောက်ကနေလိုက်ကစားပြီးမှ Come Back ဘုရင်လုပ်ရတာကို ပိုကြိုက်နှစ်သက်နေလို့ပါပဲ။ ဒါတွေက ဖာဂီခေတ်မှာ ယူနိုက်တက်က အစဉ်အလာတခုလို ဖြစ်နေခဲ့ပေမယ့် ဖာဂီခေတ်လွန်မှာတော့ ဒီရာသီက အမြင့်ဆုံး Comeback နိုင်ပွဲတွေ ရထားတာဖြစ်နေတယ်။ အရှူံးအနေအထားကနေ နောက်ကလိုက်ကစားရတဲ့ပွဲတွေမှာ ယူနိုက်တက်က ၂၈ မှတ်အထိ ရယူထားပြီး ဒါက ဘယ်အသင်းထက်မဆို ၁၂ မှတ်အသာရနေတယ်ဆိုတဲ့ အချက်အလက်က အံ့အားသင့်စရာကောင်းတယ်။

ယူနိုက်တက်နဲ့ VAR နတ်ဆိုးတို့ ထိပ်တိုက်တွေ့ပြီ
ပထမပိုင်းမှာ ယူနိုက်တက်အတွက် ကာဗာနီရဲ့ ဦးဆောင်ဂိုးကို VAR က ချေဖျက်ပစ်ခဲ့တယ်။ ဂိုးဖန်တီးဖို့ ကစားကွက်တည်ဆောက်စဉ်မှာ တော်မီနေးက ဆွန်ဟောင်မင်ကို တံတောင်နဲ့တွတ်ခဲ့တယ်ဆိုတဲ့ ပြစ်ချက်ကြောင့်ပါ။ ကာဗာနီပေါက်ကွဲချင်ရင်လည်း ပေါက်ကွဲစရာဖြစ်ခဲ့တယ်။

ရွိုင်ကိန်းကတော့ ဒါကိုသွေးရိုးသားဆိုးမဟုတ်ဘူးလို့ ကောက်ချက်ချခဲ့တယ်။ ဒီလိုပြစ်ချက်ကြောင့် ဂိုးမပေးဘူးဆိုရင် ကျွန်တော်တို့အားလုံး ဘောလုံးမကန်ဘဲ အိမ်ပြန်ကြဖို့ပဲ ရှိပါတယ်လို့ ဆိုခဲ့တယ်။

တကွင်းလုံး ခြေရာထပ်အောင် ကစားခဲ့တဲ့ ပေါ့ဘာရဲ့ အဆင့်မီပွဲ
ပေါ့ဘာရဲ့ ကစားပုံက ဒဏ်ရာကပြန်သက်သာလာပြီး နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် ပေးဆပ်နေပုံက အဆင့်မီခြေစွမ်းမျိုးဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း ဒါကိုပဲလိုချင်ကြတာဖြစ်တယ်။ ဒီနေ့ပွဲမှာလည်း တကွင်းလုံး သူ့ခြေရာတွေထပ်အောင် ကစားသွားခဲ့တယ်။ ဆိုးလ်ရှားက သူ့ကို ညာခြမ်းတိုက်စစ်မှာ တာဝန်ပေးခဲ့တယ်။ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာက ဘယ်ညာတောင်ပံနှစ်ဖက်ကို တလှည့်စီကစားသွားခဲ့တယ်။ ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ရမှာပါ။ သူက ဂရင်းဝုဒ်ရဲ့ပွဲသိမ်းဂိုးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်တယ်။

ယူနိုက်တက်ရဲ့လိုအပ်ချက်ကို ကွက်လပ်ဖြည့်နေတဲ့ ကာဗာနီ
ကာဗာနီက ဒီနေ့ပွဲရဲ့ Man of the Match ဆုရခဲ့တယ်။ ပြောရရင် ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့တဲ့ သူက သွင်းဂိုး ၃ ဂိုးအထိ ပါဝင်ပတ်သက်မှုရှိခဲ့တယ်။ ကံဆိုးစွာနဲ့ သူ့ရဲ့အဖွင့်ဂိုးက ပယ်ဖျက်ခံလိုက်ရတယ်။ ယူနိုက်တက်ရဲ့ ခြေပဂိုးမှာ သူ့ရဲ့လှုပ်ရှားမှု၊ အရွေ့တွေက စပါးစ် ခံစစ်ကို ဒုက္ခရောက်စေခဲ့ပြီး သူ့ရဲ့ အတိုးအလှုပ်တွေ၊ ဘောလုံးထိချက်တွေနဲ့ ကစားကွက်တည်ဆောက်မှုအမြင်တွေက ရင်ခုန်စရာကောင်းခဲ့တယ်။ သူကဂိုးသွင်းရုံတင်မကဘူး။

ယူနိုက်တက်မှာ ဘာလိုနေတယ်ဆိုတာကို သူကောင်းကောင်းသိတယ်။ ယူနိုက်တက်ရဲ့လိုအပ်ချက်ကို ကွက်လပ်ဖြည့်နေတဲ့ ကာဗာနီလို့ပဲ ဆိုချင်ပါတယ်။ သူ့ကို လက်လွှတ်ရရင်တော့ ယူနိုက်တက်မှာ နစ်နာစရာတွေ ရှိလာပါမယ်။

ရေမရောတဲ့ ဆွန်ဟောင်မင်စစ်စစ် ပြန်လာပြီ
ရာသီအစတာထွက်ကနေ ဆက်တိုက်ကောင်းလာခဲ့တဲ့ ဆွန်ဟောင်မင်က နောက်ပိုင်းမှာ ထိုးကျသွားတယ်။ ဒဏ်ရာပြဿနာတချို့နဲ့လည်း ရုန်းကန်ခဲ့ရတယ်။ နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ ရထားတဲ့အထိပြန်လာပါပြီ။ ပြောစရာဖြစ်ခဲ့တယ်။ ဒီနေ့ပွဲမှာတော့ သူ့ရဲ့ပုံစံအမှန်ကို ပြန်လည်ရရှိခဲ့တယ်။ ယူနိုက်တက်ကို ဦးဆောင်ဂိုးသွင်းယူပြီး အိပ်မက်ဆိုးပေးခဲ့တယ်။ စပါးစ်ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဆွန်ဟောင်မင်စစ်စစ်

ဘရူနိုနဲ့ သူ့ရဲ့ဝိရောဓိများ
ဘရူနိုက အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်း ရုန်းကန်ရတယ်ဆိုတဲ့ ဝေဖန်မှုအစဉ်အလာတွေကို ပြောင်းပြန်မလှန်ပစ်နိုင်ခဲ့ဘူး။ ဒီပွဲမှာလည်း သူကိုယ်တိုင် အမှန်တကယ်ရုန်းကန်နေရတယ်။ ပေါက်ကွဲအားပြင်းတဲ့ သူ့ရဲ့ပုံမှန်ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့ဘူး။ မျှော်လင့်ထားသလောက် ခြေမပေါ်ခဲ့ဘူး။ ဒီထက်ပိုကောင်းလာမယ်လို့ ဂရုတစိုက်ကြည့်မိနေရင်း သူကကျကျသွားတတ်တာ ဝိရောဓိဖြစ်လာတယ်။ ပရီးမီးယားလိဂ်ရဲ့တရာသီအကောင်းဆုံးကစားသမားဆုကို သူက အမှန်တကယ်ထိုက်တန်ရဲ့လားဆိုတဲ့ အငြင်းအခုန်တွေအများကြီးရှိလာပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဆင့္ ၄ အိပ္မက္ အဆုံးသတ္လုနီးၿပီးျဖစ္ခဲ့ရတဲ့ စပါးစ္
ေဘာလုံးက တခါတေလေတာ့လည္း ရယ္စရာပါပဲ။ အေတာ္ေလးေျပာင္ေခ်ာ္ေခ်ာ္ႏိုင္ပါတယ္။ ရာသီအစက ေမာ္ရင္ညိဳရဲ႕အသင္းက ၿပိဳင္ဘက္မရွိ ေျခစြမ္းမ်ိဳးကိုျပၿပီး ဇယားထိပ္ကို ဦးစီးဦးေဆာင္လုပ္ေနခဲ့တာျဖစ္တယ္။ ပအေက်ာ့ အိုးထရက္ဖို႔ဒ္မွာ ၁-၆ နဲ႔ ေျချပတ္ဂိုးျပတ္ႏိုင္ခ်ိန္မွာ စပါးစ္က ဒီႏွစ္ခ်န္ပီယံျဖစ္လာမလားဆိုတဲ့ သုံးသပ္မႈေတြ ရွိခဲ့တယ္။ ဒီည ယူႏိုက္တက္ကိုရႈံးပြဲအၿပီးမွာေတာ့ စပါးစ္ရဲ႕ အဆင့္ ၄ အိပ္မက္ကေတာင္ ေဝဝါးသြားခဲ့ၿပီ။ အဆုံးသတ္လုနီးပါးျဖစ္ခဲ့ပါၿပီ။ ေမာ္ရင္ညိဳ ယူ႐ိုပါလိဂ္ဝင္ခြင့္ရဖို႔သာ အားစိုက္ရေတာ့မွာပါ။

Come Back ဘုရင္ ယူႏိုက္တက္
ဆိုးလ္ရွားက ရယ္ရယ္ေမာေမာနဲ႔ တခါေနာက္ဖူးတယ္။ သူ႔အသင္းက ခက္တာကိုမွႀကိဳက္တဲ့အသင္းတဲ့။ အေၾကာင္းကေတာ့ ေျဖာင့္ေျဖာင့္တန္းတန္းႏိုင္ဖို႔ထက္ ေနာက္ကေနလိုက္ကစားၿပီးမွ Come Back ဘုရင္လုပ္ရတာကို ပိုႀကိဳက္ႏွစ္သက္ေနလို႔ပါပဲ။ ဒါေတြက ဖာဂီေခတ္မွာ ယူႏိုက္တက္က အစဥ္အလာတခုလို ျဖစ္ေနခဲ့ေပမယ့္ ဖာဂီေခတ္လြန္မွာေတာ့ ဒီရာသီက အျမင့္ဆုံး Comeback ႏိုင္ပြဲေတြ ရထားတာျဖစ္ေနတယ္။ အရႉံးအေနအထားကေန ေနာက္ကလိုက္ကစားရတဲ့ပြဲေတြမွာ ယူႏိုက္တက္က ၂၈ မွတ္အထိ ရယူထားၿပီး ဒါက ဘယ္အသင္းထက္မဆို ၁၂ မွတ္အသာရေနတယ္ဆိုတဲ့ အခ်က္အလက္က အံ့အားသင့္စရာေကာင္းတယ္။

ယူႏိုက္တက္နဲ႔ VAR နတ္ဆိုးတို႔ ထိပ္တိုက္ေတြ႕ၿပီ
ပထမပိုင္းမွာ ယူႏိုက္တက္အတြက္ ကာဗာနီရဲ႕ ဦးေဆာင္ဂိုးကို VAR က ေခ်ဖ်က္ပစ္ခဲ့တယ္။ ဂိုးဖန္တီးဖို႔ ကစားကြက္တည္ေဆာက္စဥ္မွာ ေတာ္မီေနးက ဆြန္ေဟာင္မင္ကို တံေတာင္နဲ႔တြတ္ခဲ့တယ္ဆိုတဲ့ ျပစ္ခ်က္ေၾကာင့္ပါ။ ကာဗာနီေပါက္ကြဲခ်င္ရင္လည္း ေပါက္ကြဲစရာျဖစ္ခဲ့တယ္။

႐ြိဳင္ကိန္းကေတာ့ ဒါကိုေသြး႐ိုးသားဆိုးမဟုတ္ဘူးလို႔ ေကာက္ခ်က္ခ်ခဲ့တယ္။ ဒီလိုျပစ္ခ်က္ေၾကာင့္ ဂိုးမေပးဘူးဆိုရင္ ကြၽန္ေတာ္တို႔အားလုံး ေဘာလုံးမကန္ဘဲ အိမ္ျပန္ၾကဖို႔ပဲ ရွိပါတယ္လို႔ ဆိုခဲ့တယ္။

တကြင္းလုံး ေျခရာထပ္ေအာင္ ကစားခဲ့တဲ့ ေပါ့ဘာရဲ႕ အဆင့္မီပြဲ
ေပါ့ဘာရဲ႕ ကစားပုံက ဒဏ္ရာကျပန္သက္သာလာၿပီး ေနာက္ပိုင္းပြဲေတြမွာ ယူႏိုက္တက္အတြက္ ေပးဆပ္ေနပုံက အဆင့္မီေျခစြမ္းမ်ိဳးျဖစ္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကလည္း ဒါကိုပဲလိုခ်င္ၾကတာျဖစ္တယ္။ ဒီေန႔ပြဲမွာလည္း တကြင္းလုံး သူ႔ေျခရာေတြထပ္ေအာင္ ကစားသြားခဲ့တယ္။ ဆိုးလ္ရွားက သူ႔ကို ညာျခမ္းတိုက္စစ္မွာ တာဝန္ေပးခဲ့တယ္။ ရက္ရွ္ဖို႔ဒ္နဲ႔ ေပါ့ဘာက ဘယ္ညာေတာင္ပံႏွစ္ဖက္ကို တလွည့္စီကစားသြားခဲ့တယ္။ ဒီေန႔ပြဲရဲ႕အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ရမွာပါ။ သူက ဂရင္းဝုဒ္ရဲ႕ပြဲသိမ္းဂိုးကိုလည္း ဖန္တီးေပးခဲ့တာျဖစ္တယ္။

ယူႏိုက္တက္ရဲ႕လိုအပ္ခ်က္ကို ကြက္လပ္ျဖည့္ေနတဲ့ ကာဗာနီ
ကာဗာနီက ဒီေန႔ပြဲရဲ႕ Man of the Match ဆုရခဲ့တယ္။ ေျပာရရင္ ကိုယ္တိုင္ ၂ ဂိုးသြင္းခဲ့တဲ့ သူက သြင္းဂိုး ၃ ဂိုးအထိ ပါဝင္ပတ္သက္မႈရွိခဲ့တယ္။ ကံဆိုးစြာနဲ႔ သူ႔ရဲ႕အဖြင့္ဂိုးက ပယ္ဖ်က္ခံလိုက္ရတယ္။ ယူႏိုက္တက္ရဲ႕ ေျခပဂိုးမွာ သူ႔ရဲ႕လႈပ္ရွားမႈ၊ အေ႐ြ႕ေတြက စပါးစ္ ခံစစ္ကို ဒုကၡေရာက္ေစခဲ့ၿပီး သူ႔ရဲ႕ အတိုးအလႈပ္ေတြ၊ ေဘာလုံးထိခ်က္ေတြနဲ႔ ကစားကြက္တည္ေဆာက္မႈအျမင္ေတြက ရင္ခုန္စရာေကာင္းခဲ့တယ္။ သူကဂိုးသြင္း႐ုံတင္မကဘူး။

ယူႏိုက္တက္မွာ ဘာလိုေနတယ္ဆိုတာကို သူေကာင္းေကာင္းသိတယ္။ ယူႏိုက္တက္ရဲ႕လိုအပ္ခ်က္ကို ကြက္လပ္ျဖည့္ေနတဲ့ ကာဗာနီလို႔ပဲ ဆိုခ်င္ပါတယ္။ သူ႔ကို လက္လႊတ္ရရင္ေတာ့ ယူႏိုက္တက္မွာ နစ္နာစရာေတြ ရွိလာပါမယ္။

ေရမေရာတဲ့ ဆြန္ေဟာင္မင္စစ္စစ္ ျပန္လာၿပီ
ရာသီအစတာထြက္ကေန ဆက္တိုက္ေကာင္းလာခဲ့တဲ့ ဆြန္ေဟာင္မင္က ေနာက္ပိုင္းမွာ ထိုးက်သြားတယ္။ ဒဏ္ရာျပႆနာတခ်ိဳ႕နဲ႔လည္း ႐ုန္းကန္ခဲ့ရတယ္။ ေနာက္ဆုံး ၁၀ ပြဲမွာ ၁ ဂိုးသာ ရထားတဲ့အထိျပန္လာပါၿပီ။ ေျပာစရာျဖစ္ခဲ့တယ္။ ဒီေန႔ပြဲမွာေတာ့ သူ႔ရဲ႕ပုံစံအမွန္ကို ျပန္လည္ရရွိခဲ့တယ္။ ယူႏိုက္တက္ကို ဦးေဆာင္ဂိုးသြင္းယူၿပီး အိပ္မက္ဆိုးေပးခဲ့တယ္။ စပါးစ္ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ဆြန္ေဟာင္မင္စစ္စစ္

ဘ႐ူႏိုနဲ႔ သူ႔ရဲ႕ဝိေရာဓိမ်ား
ဘ႐ူႏိုက အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံတိုင္း ႐ုန္းကန္ရတယ္ဆိုတဲ့ ေဝဖန္မႈအစဥ္အလာေတြကို ေျပာင္းျပန္မလွန္ပစ္ႏိုင္ခဲ့ဘူး။ ဒီပြဲမွာလည္း သူကိုယ္တိုင္ အမွန္တကယ္႐ုန္းကန္ေနရတယ္။ ေပါက္ကြဲအားျပင္းတဲ့ သူ႔ရဲ႕ပုံမွန္ေျခစြမ္းမ်ိဳးကို မျပသႏိုင္ခဲ့ဘူး။ ေမွ်ာ္လင့္ထားသေလာက္ ေျခမေပၚခဲ့ဘူး။ ဒီထက္ပိုေကာင္းလာမယ္လို႔ ဂ႐ုတစိုက္ၾကည့္မိေနရင္း သူကက်က်သြားတတ္တာ ဝိေရာဓိျဖစ္လာတယ္။ ပရီးမီးယားလိဂ္ရဲ႕တရာသီအေကာင္းဆုံးကစားသမားဆုကို သူက အမွန္တကယ္ထိုက္တန္ရဲ႕လားဆိုတဲ့ အျငင္းအခုန္ေတြအမ်ားႀကီးရွိလာပါလိမ့္မယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.