Premier League

အာဆင်နယ်အိမ်ကွင်းမှာ လီဗာပူးလ်ရဲ့ ရှားပါးနိုင်ပွဲထဲက ပွဲတပွဲအပြီး ထူးထူးခြားခြား ပြောစရာ 7ချက်

အဆင့် ၄ အတွင်းဝင်ဖို့ ခြေလှမ်းခပ်ကျယ်ကျယ်လှမ်းတဲ့ လီဗာပူးလ်
လီဗာပူးလ်ရဲ့ ဒီခြေစွမ်းက အခုအချိန်မှာ အဆင့် ၄ အတွင်းဝင်ဖို့ ခက်ခဲနေသေးတယ်လို့ ထင်ရင်တော့ တက်တက်စင်အောင်လွဲတော့မလားလို့တောင် ဝေဖန်သူတွေကို ပြန်လည်စိုးရိမ်သွားစေပါလိမ့်မယ်။ ချယ်လ်ဆီးရှုံးတယ်။ လက်စတာရှုံးတယ်။ လီဗာပူးလ် ဒီအခွင့်အရေးကို အမိဖမ်းတယ်။ အဖိုးတန် ၃ မှတ်ကို အပိုင်သိမ်းတယ်။ ချယ်လ်ဆီးနဲ့ ၁ မှတ်အကွာကို ရောက်လာတယ်။ တူဟယ်လ်ကို ဖိအားဝင်စေပြီး အမ်းမရိတ်စ်မြေကနေ လက်ခမောင်းခတ်ခဲ့တယ်။ အဆင့် ၄ အတွင်းဝင်ဖို့ ခြေလှမ်းခပ်ကျယ်ကျယ်လှမ်းသွားခဲ့ပါတယ်။

ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့တဲ့ မိုဆာလား
မိုဆာလားဆိုတာ ပြီးခဲ့တဲ့နှစ်တွေအတွင်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်တယ်။ အခုလည်း လီဗာပူးလ်ရုန်းကန်ရချိန်မှာ သူက ကယ်တင်ပေးခဲ့ပြန်တယ်။ ဂိုးရှေ့မှာ မိုဆာလားဘာလဲဆိုတာကို ပြပြန်တယ်။ အသင်းအတွက် ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်တယ်။ ပရီးမီးယားလိဂ်မှာ ၁၈ ဂိုးသွင်းယူပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ မိုဆာလားအတွက် ဒီရာသီမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ထိုက်တန်တဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုက စောင့်ကြိုနေပါပြီ။

ဂါဘရီယယ်လ်မေ့ဖျောက်ပစ်ရမယ့် အိပ်မက်ဆိုး
၂၃ နှစ်အရွယ် ပြင်သစ်သားက အာဆင်နယ်ကို ရောက်လာကတည်းက လက်ခုပ်သံတွေ အတော်လေးသဲ့ယူသွားတယ်။ ခြေစွမ်းတည်ငြိမ်ပြီး ခံစစ်ကြောင်းကို မာမာကျောကျောထိန်းကျောင်းနိုင်တယ်။ ဒီနေ့ပွဲကတော့ ဂါဘရီယယ်လ်မေ့ဖျောက်ပစ်ရမယ့် အိပ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။ အမှား ၂ လုပ်တယ်။ လီဗာပူးလ်ကို ဦးဆောင်ခွင့် ၂ ဂိုးထပ်ပေးလိုက်ရတယ်။ သူ့တသက်လုံး ပြန်မကြည့်ရမယ့် ပွဲနဲ့ ခြေစွမ်းမျိုးက ဒီနေ့ပွဲဖြစ်ခဲ့ပါတယ်။

တကျော့ပြန် ဂိုးမြူးလာပြန်ပြီ ဂျိုတာ
လီဗာပူးလ်ပွဲထွက်လူစာရင်းမှာ ဂျိုတာမပါလာခဲ့တော့ အတော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့တယ်။ ကလော့ပ်က ခြေစွမ်းတွေပျောက်နေတဲ့ ဖာမီနိုကိုပဲ စွဲစွဲမြဲမြဲဆက်သုံးခဲ့တယ်။ လီဗာပူးလ်ရဲ့တိုက်စစ်က ပွဲချိန် ၁ နာရီကြာတဲ့အထိ ခြေသုတ်ပုဆိုး မြေစွယ်ကျိုးနေတယ်။ ဂျိုတာဝင်လာတယ်။ မိနစ်နည်းနည်းပဲကြာတယ်။ လီဗာပူးလ် ဦးဆောင်ဂိုးရတယ်။ မျက်လှည့်ပြလိုက်သလိုပဲ။ ဖာမီနိုဆီမှာ မရှိတဲ့ အဆုံးသတ်ပိုင်းစွမ်းရည်နဲ့ ပေါ်တူဂီသားက ကလော့ပ်ကို နေရာတနေရာအတွက် သက်သေပြသွားခဲ့တယ်။

ဆောက်ဂိတ်ကို ဖြဲလိုက်တဲ့ အာနိုးလ်ရဲ့ခြေစွမ်း
အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ထရန့် အလက်ဇန်းဒါး အာနိုးလ်ကို လျှော့တွက်ခဲ့တယ်။ လက်ရွေးစင်လူစာရင်းက ချန်လှပ်ခဲ့တယ်။ အကြောင်းပြချက်က အာနိုးလ်မှာ အရင်ခြေလောက် မရှိတော့ကြောင်း ဇာတ်ခင်းခဲ့တယ်။ အာနိုးလ်က ဒီပွဲမှာ သူ့ခြေစွမ်းနဲ့ ဆောက်ဂိတ်ကို ပြန်ဖြဲသွားတယ်လို့ ဆိုရမှာပါ။ ဂျိုတာရဲ့ဂိုးကို သူကဖန်တီးပေးခဲ့တာဖြစ်တယ်။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားကို ရွေးပါဆိုရင် အာနိုးလ်ကို နံပါတ် ၁ ပေးရမှာပါ။ ဆောက်ဂိတ်ကတော့ မှတ်လောက်သားလောက် ပညာအပေးခံလိုက်ရပါတယ်။

လက်ရုံးတဖက် ဆုံးရှုံးလိုက်ရတဲ့ အာဆင်နယ်
ပထမပိုင်းမပြီးခင်မှာပဲ တီယာနေးက ဒဏ်ရာရပြီး ဒီပွဲထဲကနေ ထွက်ခွာသွားခဲ့ရတယ်။ အာဆင်နယ်အားကိုးနေရတဲ့ လက်ရုံးတဖက် ဆုံးရှုံးလိုက်ရခြင်းဖြစ်တယ်။ အာဆင်နယ်မှာ ခြေစွမ်းအတည်ငြိမ်ဆုံးနဲ့ အာတီတာစိတ်ကြိုက်ကစားဖြစ်တယ်။ အသင်းကို တရာသီလုံး အကျိုးပြုခဲ့တယ်။ မီလ်နာနဲ့ ထိခိုက်မိခဲ့တာက အသေးစားဒဏ်ရာသာဖြစ်ဖို့ အာတီတာ သေချာပေါက် မျှော်လင့်နေမှာပါ။ အာဆင်နယ်ရဲ့ EPL ရာသီသိမ်းခရီးလမ်း နဲ့ ယူရိုပါလိဂ်ခရီးလမ်းတွေမှာ အောင်ပွဲဆင်ဖို့ သူ့ကို မဖြစ်မနေလိုအပ်ပါတယ်။

အာဆင်နယ်အိမ်ကွင်းမှာ လီဗာပူးလ်ရဲ့ ရှားပါးနိုင်ပွဲထဲက တပွဲ
လီဗာပူးလ်က အာဆင်နယ်အိမ်ကွင်း နောက်ဆုံး ပွဲ ၂၀ မှာ ၂ ပွဲသာ အနိုင်ရထားတဲ့မှတ်တမ်းက ဒီပွဲမတိုင်မီမှာ အတော်လေးပြောယူရတဲ့ ကိစ္စဖြစ်ခဲ့တယ်။ ၉ ပွဲရှုံး၊ ၉ ပွဲ သရေကျထားတဲ့ မှတ်တမ်းက လီဗာပူးလ်အတွက် အတော်လေးဆိုးရွားပါတယ်။ မနှစ်ကလည်း မန်စီးတီးရဲ့စံချိန်တင်ရမှတ် ၁၀၀ ကို အမီလိုက်တဲ့ လီဗာပူးလ်ကို အာဆင်နယ်ကပဲ ချိုးနှိမ်ပြီး ၉၈ မှတ်နဲ့ ရပ်တန့်စေခဲ့တာဖြစ်တယ်။ မန်စီးတီးကို တမှတ်အကွာနဲ့ EPL ချန်ပီယံဆုခွင့်ပြုခဲ့ရတာလည်း အာဆင်နယ်နဲ့ သရေပွဲလက်ချက်ဖြစ်ခဲ့တယ်။

နာကျည်းစရာတွေများတဲ့ အမ်းမရိတ်စ်က လီဗာပူးလ်အတွက် သီးသန့်သတ်ကွင်းလားလို့တောင် ယူဆစရာရှိခဲ့တာပါ။ ဒါကြောင့် လီဗာပူးလ်ပရိသတ်တွေ စိုးရိမ်ခဲ့ရတဲ့ အခြေအနေတခုရှိခဲ့တာက ပွဲအပြီးမှာတော့ အာဆင်နယ်အိမ်ကွင်းမှာ လီဗာပူးလ်ရဲ့ ရှားပါးနိုင်ပွဲထဲက တပွဲကို အရသာရှိရှိ ခံစားပျော်ရွှင်ခွင့် ရခဲ့ကြပါတယ်။ မှတ်မှတ်ရရ နိုင်ပွဲလို့ သတ်မှတ်ရမှာပါ။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဆင့္ ၄ အတြင္းဝင္ဖို႔ ေျခလွမ္းခပ္က်ယ္က်ယ္လွမ္းတဲ့ လီဗာပူးလ္
လီဗာပူးလ္ရဲ႕ ဒီေျခစြမ္းက အခုအခ်ိန္မွာ အဆင့္ ၄ အတြင္းဝင္ဖို႔ ခက္ခဲေနေသးတယ္လို႔ ထင္ရင္ေတာ့ တက္တက္စင္ေအာင္လြဲေတာ့မလားလို႔ေတာင္ ေဝဖန္သူေတြကို ျပန္လည္စိုးရိမ္သြားေစပါလိမ့္မယ္။ ခ်ယ္လ္ဆီးရႈံးတယ္။ လက္စတာရႈံးတယ္။ လီဗာပူးလ္ ဒီအခြင့္အေရးကို အမိဖမ္းတယ္။ အဖိုးတန္ ၃ မွတ္ကို အပိုင္သိမ္းတယ္။ ခ်ယ္လ္ဆီးနဲ႔ ၁ မွတ္အကြာကို ေရာက္လာတယ္။ တူဟယ္လ္ကို ဖိအားဝင္ေစၿပီး အမ္းမရိတ္စ္ေျမကေန လက္ခေမာင္းခတ္ခဲ့တယ္။ အဆင့္ ၄ အတြင္းဝင္ဖို႔ ေျခလွမ္းခပ္က်ယ္က်ယ္လွမ္းသြားခဲ့ပါတယ္။

ဂိုးမိုးေခါင္မႈကို အဆုံးသတ္ခဲ့တဲ့ မိုဆာလား
မိုဆာလားဆိုတာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းက ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တဦးျဖစ္တယ္။ အခုလည္း လီဗာပူးလ္႐ုန္းကန္ရခ်ိန္မွာ သူက ကယ္တင္ေပးခဲ့ျပန္တယ္။ ဂိုးေရွ႕မွာ မိုဆာလားဘာလဲဆိုတာကို ျပျပန္တယ္။ အသင္းအတြက္ ပရီးမီးယားလိဂ္ ၅ ပြဲဆက္ ဂိုးမိုးေခါင္မႈကို အဆုံးသတ္တယ္။ ပရီးမီးယားလိဂ္မွာ ၁၈ ဂိုးသြင္းယူၿပီး ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ မိုဆာလားအတြက္ ဒီရာသီမွာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ထိုက္တန္တဲ့ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုက ေစာင့္ႀကိဳေနပါၿပီ။

ဂါဘရီယယ္လ္ေမ့ေဖ်ာက္ပစ္ရမယ့္ အိပ္မက္ဆိုး
၂၃ ႏွစ္အ႐ြယ္ ျပင္သစ္သားက အာဆင္နယ္ကို ေရာက္လာကတည္းက လက္ခုပ္သံေတြ အေတာ္ေလးသဲ့ယူသြားတယ္။ ေျခစြမ္းတည္ၿငိမ္ၿပီး ခံစစ္ေၾကာင္းကို မာမာေက်ာေက်ာထိန္းေက်ာင္းႏိုင္တယ္။ ဒီေန႔ပြဲကေတာ့ ဂါဘရီယယ္လ္ေမ့ေဖ်ာက္ပစ္ရမယ့္ အိပ္မက္ဆိုးျဖစ္လာခဲ့ပါတယ္။ အမွား ၂ လုပ္တယ္။ လီဗာပူးလ္ကို ဦးေဆာင္ခြင့္ ၂ ဂိုးထပ္ေပးလိုက္ရတယ္။ သူ႔တသက္လုံး ျပန္မၾကည့္ရမယ့္ ပြဲနဲ႔ ေျခစြမ္းမ်ိဳးက ဒီေန႔ပြဲျဖစ္ခဲ့ပါတယ္။

တေက်ာ့ျပန္ ဂိုးျမဴးလာျပန္ၿပီ ဂ်ိဳတာ
လီဗာပူးလ္ပြဲထြက္လူစာရင္းမွာ ဂ်ိဳတာမပါလာခဲ့ေတာ့ အေတာ္ေလးအုတ္အုတ္က်က္က်က္ျဖစ္ခဲ့တယ္။ ကေလာ့ပ္က ေျခစြမ္းေတြေပ်ာက္ေနတဲ့ ဖာမီႏိုကိုပဲ စြဲစြဲၿမဲၿမဲဆက္သုံးခဲ့တယ္။ လီဗာပူးလ္ရဲ႕တိုက္စစ္က ပြဲခ်ိန္ ၁ နာရီၾကာတဲ့အထိ ေျခသုတ္ပုဆိုး ေျမစြယ္က်ိဳးေနတယ္။ ဂ်ိဳတာဝင္လာတယ္။ မိနစ္နည္းနည္းပဲၾကာတယ္။ လီဗာပူးလ္ ဦးေဆာင္ဂိုးရတယ္။ မ်က္လွည့္ျပလိုက္သလိုပဲ။ ဖာမီႏိုဆီမွာ မရွိတဲ့ အဆုံးသတ္ပိုင္းစြမ္းရည္နဲ႔ ေပၚတူဂီသားက ကေလာ့ပ္ကို ေနရာတေနရာအတြက္ သက္ေသျပသြားခဲ့တယ္။

ေဆာက္ဂိတ္ကို ၿဖဲလိုက္တဲ့ အာႏိုးလ္ရဲ႕ေျခစြမ္း
အဂၤလန္နည္းျပ ေဆာက္ဂိတ္က ထရန႔္ အလက္ဇန္းဒါး အာႏိုးလ္ကို ေလွ်ာ့တြက္ခဲ့တယ္။ လက္ေ႐ြးစင္လူစာရင္းက ခ်န္လွပ္ခဲ့တယ္။ အေၾကာင္းျပခ်က္က အာႏိုးလ္မွာ အရင္ေျခေလာက္ မရွိေတာ့ေၾကာင္း ဇာတ္ခင္းခဲ့တယ္။ အာႏိုးလ္က ဒီပြဲမွာ သူ႔ေျခစြမ္းနဲ႔ ေဆာက္ဂိတ္ကို ျပန္ၿဖဲသြားတယ္လို႔ ဆိုရမွာပါ။ ဂ်ိဳတာရဲ႕ဂိုးကို သူကဖန္တီးေပးခဲ့တာျဖစ္တယ္။ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားကို ေ႐ြးပါဆိုရင္ အာႏိုးလ္ကို နံပါတ္ ၁ ေပးရမွာပါ။ ေဆာက္ဂိတ္ကေတာ့ မွတ္ေလာက္သားေလာက္ ပညာအေပးခံလိုက္ရပါတယ္။

လက္႐ုံးတဖက္ ဆုံးရႈံးလိုက္ရတဲ့ အာဆင္နယ္
ပထမပိုင္းမၿပီးခင္မွာပဲ တီယာေနးက ဒဏ္ရာရၿပီး ဒီပြဲထဲကေန ထြက္ခြာသြားခဲ့ရတယ္။ အာဆင္နယ္အားကိုးေနရတဲ့ လက္႐ုံးတဖက္ ဆုံးရႈံးလိုက္ရျခင္းျဖစ္တယ္။ အာဆင္နယ္မွာ ေျခစြမ္းအတည္ၿငိမ္ဆုံးနဲ႔ အာတီတာစိတ္ႀကိဳက္ကစားျဖစ္တယ္။ အသင္းကို တရာသီလုံး အက်ိဳးျပဳခဲ့တယ္။ မီလ္နာနဲ႔ ထိခိုက္မိခဲ့တာက အေသးစားဒဏ္ရာသာျဖစ္ဖို႔ အာတီတာ ေသခ်ာေပါက္ ေမွ်ာ္လင့္ေနမွာပါ။ အာဆင္နယ္ရဲ႕ EPL ရာသီသိမ္းခရီးလမ္း နဲ႔ ယူ႐ိုပါလိဂ္ခရီးလမ္းေတြမွာ ေအာင္ပြဲဆင္ဖို႔ သူ႔ကို မျဖစ္မေနလိုအပ္ပါတယ္။

အာဆင္နယ္အိမ္ကြင္းမွာ လီဗာပူးလ္ရဲ႕ ရွားပါးႏိုင္ပြဲထဲက တပြဲ
လီဗာပူးလ္က အာဆင္နယ္အိမ္ကြင္း ေနာက္ဆုံး ပြဲ ၂၀ မွာ ၂ ပြဲသာ အႏိုင္ရထားတဲ့မွတ္တမ္းက ဒီပြဲမတိုင္မီမွာ အေတာ္ေလးေျပာယူရတဲ့ ကိစၥျဖစ္ခဲ့တယ္။ ၉ ပြဲရႈံး၊ ၉ ပြဲ သေရက်ထားတဲ့ မွတ္တမ္းက လီဗာပူးလ္အတြက္ အေတာ္ေလးဆိုး႐ြားပါတယ္။ မႏွစ္ကလည္း မန္စီးတီးရဲ႕စံခ်ိန္တင္ရမွတ္ ၁၀၀ ကို အမီလိုက္တဲ့ လီဗာပူးလ္ကို အာဆင္နယ္ကပဲ ခ်ိဳးႏွိမ္ၿပီး ၉၈ မွတ္နဲ႔ ရပ္တန႔္ေစခဲ့တာျဖစ္တယ္။ မန္စီးတီးကို တမွတ္အကြာနဲ႔ EPL ခ်န္ပီယံဆုခြင့္ျပဳခဲ့ရတာလည္း အာဆင္နယ္နဲ႔ သေရပြဲလက္ခ်က္ျဖစ္ခဲ့တယ္။

နာက်ည္းစရာေတြမ်ားတဲ့ အမ္းမရိတ္စ္က လီဗာပူးလ္အတြက္ သီးသန႔္သတ္ကြင္းလားလို႔ေတာင္ ယူဆစရာရွိခဲ့တာပါ။ ဒါေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြ စိုးရိမ္ခဲ့ရတဲ့ အေျခအေနတခုရွိခဲ့တာက ပြဲအၿပီးမွာေတာ့ အာဆင္နယ္အိမ္ကြင္းမွာ လီဗာပူးလ္ရဲ႕ ရွားပါးႏိုင္ပြဲထဲက တပြဲကို အရသာရွိရွိ ခံစားေပ်ာ္႐ႊင္ခြင့္ ရခဲ့ၾကပါတယ္။ မွတ္မွတ္ရရ ႏိုင္ပြဲလို႔ သတ္မွတ္ရမွာပါ။

INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z