Premier League

ပထမလူစာရင္းက ကစားသမားႏွစ္ဦးကို သက္တမ္းတုိးၿပီး တစ္ဦးကို ေရာင္းဖို႔ ျပင္ဆင္ေနတဲ့ မန္စီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပထမလူစာရင္းမွာ ပါဝင္ေနတဲ့ ကစားသမားေတြထဲက ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္တုိ႔ကို သက္တမ္းတုိးဖို႔ ျပင္ဆင္ေနၿပီး ရီယက္ မာရက္ဇ္ကိုေတာ့ ထိုက္တန္တဲ့ ေျပာင္းေရႊ႕ေၾကးရရွိရင္ ေရာင္းခ်သြားမယ္လို႔ ဆုိပါတယ္။

ကြင္းလယ္မွာ ေျခစြမ္းအျပသႏုိင္ဆုံးနဲ႔ အတည္ၿငိမ္ဆုံး ဒီဘ႐ိုင္းနားဟာ မန္စီးတီးအသင္းရဲ႕ အဓိက ကစားကြက္ဖန္တီးရွင္လည္းျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကြင္းလယ္လူဆုိလည္း မမွားတဲ့အတြက္ အသင္းအေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ ျပစ္ဒဏ္က်ခံသြားရသည္ထားဦး လစာတုိးျမႇင့္ေပးၿပီး ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ ႀကဳိးစားေနတာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားလိုပဲ ၂၀၂၃ ခုႏွစ္အထိ သက္တမ္းရွိေနတဲ့ အဂၤလန္ေတာင္ပံကစားသမား စတာလင္ကိုလည္း တျခားအသင္းေတြက ၾကားဝင္ေခၚယူဖို႔ ခက္ခဲေစေအာင္ ရည္ရြယ္ၿပီး စာခ်ဳပ္သက္တမ္းထပ္တုိးဖို႔ လုပ္ေဆာင္ေနၿပီး ဒီလုပ္ငန္းစဥ္ေတြကို ကာမိေစဖို႔ ကစားသမားတခ်ဳိ႕ကိုေတာ့ ထြက္ခြာခြင့္ျပဳသြားမွာျဖစ္ပါတယ္။

ဂ်ာမန္ေျမကို တစ္ေက်ာ့ျပန္ဖုိ႔ နီးစပ္ေနတဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးကိုေတာ့ ရာသီကုန္မွာ ဘုိင္ယန္ျမဴးနစ္အသင္းကို ေရာင္းခ်သြားဖို႔ နီးစပ္ေနၿပီး ပီအက္စ္ဂ်ီအသင္းက စိတ္ဝင္စားတယ္လို႔ သတင္းထြက္ေပၚေနတဲ့ မာရက္ဇ္ကိုေတာ့ ေပါင္သန္း ၈၀ နဲ႔ အထက္ရရင္ ထြက္ခြင့္ျပဳဖို႔လည္း ရွိေနသလို ဝါရင့္ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားကေတာ့ ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

နည္းျပ ဂြါဒီယိုလာအေနနဲ႔ မန္စီးတီးအသင္းရဲ႕ မေရရာေသးတဲ့ အေျခအေနမွာ လာမယ့္ရာသီအသင္းကို တည္ေဆာက္ဖို႔ ေတာ္ေတာ္ေလး စဥ္းစားရက်ပ္ႏိုင္ၿပီး တကယ္လို႔ ဆာေနးေရာ မာရက္ဇ္ကိုပါ ေရာင္းခ်ျဖစ္ခဲ့ရင္ေတာ့ အသင္းရဲ႕ လူငယ္ကစားသမားေဟာင္း ေဂ်ဒန္ ဆန္ခ်ဳိ၊ ဒါမွမဟုတ္ ေတာင္ပံကစားသမားတစ္ဦးကို ထပ္မံေခၚယူသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTO CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပထမလူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေထဲက ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ တောင်ပံကစားသမား ရာဟင်းမ် စတာလင်တို့ကို သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး ရီယက် မာရက်ဇ်ကိုတော့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရရှိရင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ကွင်းလယ်မှာ ခြေစွမ်းအပြသနိုင်ဆုံးနဲ့ အတည်ငြိမ်ဆုံး ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားကွက်ဖန်တီးရှင်လည်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူဆိုလည်း မမှားတဲ့အတွက် အသင်းအနေနဲ့ ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်ကျခံသွားရသည်ထားဦး လစာတိုးမြှင့်ပေးပြီး ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒီဘရိုင်းနားလိုပဲ ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိနေတဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ကိုလည်း တခြားအသင်းတွေက ကြားဝင်ခေါ်ယူဖို့ ခက်ခဲစေအောင် ရည်ရွယ်ပြီး စာချုပ်သက်တမ်းထပ်တိုးဖို့ လုပ်ဆောင်နေပြီး ဒီလုပ်ငန်းစဉ်တွေကို ကာမိစေဖို့ ကစားသမားတချို့ကိုတော့ ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။

ဂျာမန်မြေကို တစ်ကျော့ပြန်ဖို့ နီးစပ်နေတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကိုတော့ ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ရောင်းချသွားဖို့ နီးစပ်နေပြီး ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားတယ်လို့ သတင်းထွက်ပေါ်နေတဲ့ မာရက်ဇ်ကိုတော့ ပေါင်သန်း ၈၀ နဲ့ အထက်ရရင် ထွက်ခွင့်ပြုဖို့လည်း ရှိနေသလို ဝါရင့်ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကတော့ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းရဲ့ မရေရာသေးတဲ့ အခြေအနေမှာ လာမယ့်ရာသီအသင်းကို တည်ဆောက်ဖို့ တော်တော်လေး စဉ်းစားရကျပ်နိုင်ပြီး တကယ်လို့ ဆာနေးရော မာရက်ဇ်ကိုပါ ရောင်းချဖြစ်ခဲ့ရင်တော့ အသင်းရဲ့ လူငယ်ကစားသမားဟောင်း ဂျေဒန် ဆန်ချို၊ ဒါမှမဟုတ် တောင်ပံကစားသမားတစ်ဦးကို ထပ်မံခေါ်ယူသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTO CREDIT TO OWNERS
SPORTS A2Z.