La Liga Premier League Serie A Transfer News

အူဘာမီယန္းကို ဒုတိယဦးစားေပးအျဖစ္နဲ႔ပဲ ေခၚယူဖို႔ စဥ္းစားေတာ့မယ့္ ဘာစီလိုနာ

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေႏြရာသီမွာ တိုက္စစ္မွဴးသစ္တစ္ဦး ေခၚယူလိုေနၿပီး ဒီအတြက္ စဥ္းစားေနရာမွာ အင္တာမီလန္ရဲ႕ ေလာ္တာ႐ို မာတီနက္ဇ္ကိုပဲ ဦးစားေပးအျဖစ္ စဥ္းစားေနလို႔ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို အရန္အစီအစဥ္အျဖစ္သာ ရွဳျမင္ထားတယ္လို႔ အတြင္းသတင္းေတြအရ ဆုိပါတယ္။

အာဆင္နယ္အသင္းအတြက္ေတာ့ သူတုိ႔ရဲ႕ အဓိကတုိက္စစ္မွဴးကို ဆုံးရွဳံးရမယ့္အေရးမွာ အနည္းငယ္ စိတ္သက္သာႏုိင္တဲ့ သတင္းလည္းျဖစ္ၿပီး အသင္းမွာ ဆက္ရွိဖို႔ကို လုပ္ခလစာတုိးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိထားႏုိင္ရင္ေတာ့ ဒီဂါဘြန္သားအေနနဲ႔ အမ္းမရိတ္မွာ ဆက္ရွိႏုိင္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

ေျပာင္းေရႊ႕ေၾကး ေပါင္ ၉၂ သန္းအထိ က်သင့္ႏုိင္တဲ့ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ျဖစ္ႏုိင္ဖြယ္ အေျပာင္းအေရႊ႕ဟာ အူဘာမီယန္းကို တစ္မ်ဳိးတစ္ဖုံ ထပ္မံ႐ိုက္ခတ္ဦးမွာျဖစ္ၿပီး အင္တာမီလန္အသင္းကေတာ့ သူတုိ႔ရဲ႕ အာဂ်င္တီးနားတုိက္စစ္မွဴးကို ေရာင္းထုတ္ခဲ့ရင္ အာဆင္နယ္အသင္းေခါင္းေဆာင္ကို ျပန္လည္ကမ္းလွမ္းႏုိင္ေနတာလည္းျဖစ္ပါတယ္။

ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့မွာျဖစ္တဲ့ အူဘာမီယန္းကို ဆက္လက္ရွိႏုိင္ဖို႔အတြက္ အသင္းအေနနဲ႔ တတ္စြမ္းသမွ် လုပ္ေဆာင္ေနတယ္လို႔ နည္းျပ မုိက္ကယ္ အာတီတာကလည္း ေျပာၾကားထားခဲ့ၿပီး ကာယကံရွင္အေနနဲ႔လည္း အေကာင္းဆုံးဆုိတာကို ခ်န္ပီယံလိဂ္မွာ ကစားၿပီး သက္ေသျပဖို႔ မလိုဘူးလို႔ ဆုိထားခဲ့တဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ သေဘာက်စရာလည္းျဖစ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အူဘာမီယန္းကို စာခ်ဳပ္သက္တမ္းနဲ႔ လုပ္ခလစာတုိးျမႇင့္ေပးႏုိင္ဖို႔ တြဲဖက္တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္၊ ကြင္းလယ္လူ မီဆတ္ အိုေဇးလ္၊ ႐ိုးမားအသင္းကို အငွားခ်ထားတဲ့ ဟင္းနရစ္ မစ္ခီတာရီယန္တုိ႔လို လစာျမင့္ကစားသမားေတြကိုလည္း ေရာင္းထုတ္သြားဖို႔ တာဝန္ရွိသူေတြက စီစဥ္ေနေၾကာင္းကိုလည္း သိရွိထားရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ ဒီနွေရာသီမှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူလိုနေပြီး ဒီအတွက် စဉ်းစားနေရာမှာ အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်ကိုပဲ ဦးစားပေးအဖြစ် စဉ်းစားနေလို့ ပျယ်-အမ်မရိခ် အူဘာမီယန်းကို အရန်အစီအစဉ်အဖြစ်သာ ရှုမြင်ထားတယ်လို့ အတွင်းသတင်းတွေအရ ဆိုပါတယ်။

အာဆင်နယ်အသင်းအတွက်တော့ သူတို့ရဲ့ အဓိကတိုက်စစ်မှူးကို ဆုံးရှုံးရမယ့်အရေးမှာ အနည်းငယ် စိတ်သက်သာနိုင်တဲ့ သတင်းလည်းဖြစ်ပြီး အသင်းမှာ ဆက်ရှိဖို့ကို လုပ်ခလစာတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုထားနိုင်ရင်တော့ ဒီဂါဘွန်သားအနေနဲ့ အမ်းမရိတ်မှာ ဆက်ရှိနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၉၂ သန်းအထိ ကျသင့်နိုင်တဲ့ လော်တာရို မာတီနက်ဇ်ရဲ့ ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့ဟာ အူဘာမီယန်းကို တစ်မျိုးတစ်ဖုံ ထပ်မံရိုက်ခတ်ဦးမှာဖြစ်ပြီး အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ အာဂျင်တီးနားတိုက်စစ်မှူးကို ရောင်းထုတ်ခဲ့ရင် အာဆင်နယ်အသင်းခေါင်းဆောင်ကို ပြန်လည်ကမ်းလှမ်းနိုင်နေတာလည်းဖြစ်ပါတယ်။

နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့မှာဖြစ်တဲ့ အူဘာမီယန်းကို ဆက်လက်ရှိနိုင်ဖို့အတွက် အသင်းအနေနဲ့ တတ်စွမ်းသမျှ လုပ်ဆောင်နေတယ်လို့ နည်းပြ မိုက်ကယ် အာတီတာကလည်း ပြောကြားထားခဲ့ပြီး ကာယကံရှင်အနေနဲ့လည်း အကောင်းဆုံးဆိုတာကို ချန်ပီယံလိဂ်မှာ ကစားပြီး သက်သေပြဖို့ မလိုဘူးလို့ ဆိုထားခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်တွေအတွက်တော့ သဘောကျစရာလည်းဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အူဘာမီယန်းကို စာချုပ်သက်တမ်းနဲ့ လုပ်ခလစာတိုးမြှင့်ပေးနိုင်ဖို့ တွဲဖက်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်၊ ကွင်းလယ်လူ မီဆတ် အိုဇေးလ်၊ ရိုးမားအသင်းကို အငှားချထားတဲ့ ဟင်းနရစ် မစ်ခီတာရီယန်တို့လို လစာမြင့်ကစားသမားတွေကိုလည်း ရောင်းထုတ်သွားဖို့ တာဝန်ရှိသူတွေက စီစဉ်နေကြောင်းကိုလည်း သိရှိထားရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.