Premier League

ဆင်ခြေမပေးဘဲ အဆုံးအထိ တိုက်ပွဲဝင်ပြီး လီဗာပူးလ် ဘာဆိုတာကို ပြမယ်လို့ မာနေးကြုံးဝါး

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဆာဒီယို မာနေးဟာ မိမိအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီဆုကို မကာကွယ်နိုင်ခဲ့မှုကြောင့် ဆင်ခြေဆင်လက် အကြောင်းပြချက်တွေ ပေးနေစရာမလိုအပ်သလို ရာသီကုန်အထိ ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး လီဗာပူးလ်ဘာလဲဆိုတာကို ပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နှစ် ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပြန်လည်ကိုင်မြှောက်ပြီး အောင်ပွဲဆင်ခဲ့ကာ စံချိန်တွေကို ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။ အတက်အကျမျိုးစုံ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ထူးခြားဆန်းပြားမှုတွေရဲ့ ရိုလာကိုစတာလို အခြေအနေဆိုးတွေကြောင့် ဘောလုံးကမ္ဘာကို ရိုက်ခတ်လာတဲ့ လက်ရှိဘောလုံးရာသီမှာတော့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ၂၉ ပွဲကစားပြီး ၄၆ မှတ်သာ ရရှိထားကာ ဒဏ်ရာအကျပ်အတည်းဟာ အဓိကပြဿနာအဖြစ် အသင်းကို ထိုးနှက်ချက်ပြင်းခဲ့တာပါ။

နည်းပြယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ပြည်တွင်းမှာတော့ ပရီးမီးယားလိဂ်ချန်ပီဆုကို ကာကွယ်ဖို့ မဖြစ်နိုင်တော့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် အဆင့် ၄ အတွင်းဝင်အောင် ရာသီကုန်အထိ မနည်းရုန်းကန်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေရတဲ့တဖက်မှာ ဥရောပချန်ပီယံလိဂ်ဖလားကိုတော့ ဆက်လက်အိပ်မက်မက်ခွင့်ရှိနေသလို ချန်ပီယံဖလားကို သိမ်းပိုက်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်လင့်ချက်ကောင်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

” ကျွန်တော်တို့တွေ ဒီအခြေအနေဆိုးကို ကောင်းကောင်းရင်ဆိုင်ကိုင်တွယ်ရပါမယ်။ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ယုံကြည်မှုကို ဘယ်တော့မှ ရပ်တန့်ပစ်လို့ မရပါဘူး။ ဆက်လက်ပြီး တိုက်ခိုက်နေမယ်။ ရှေ့ကိုလျှောက်ပြီး တိုက်ပွဲဝင်သွားမယ်”

” ကျွန်တော်တို့အသင်းက ဖိုက်တာအသင်းပါ။ ဒါကြောင့် ဘာဆင်ခြေမှမလိုဘူး။ ကျွန်တော်တို့ အဖြေရှာမယ်။ အသင်းဖော်တွေနဲ့အတူတူ ရှိနေရတိုင်း ကျွန်တော့်မှာ ခွန်အားတွေ ပြင်းပြလာတယ်။ ဒီလို ရှုပ်ထွေးအခြေအနေတရပ်က မမျှော်လင့်ဘဲ ဖြစ်လာခဲ့လို့ပဲ ပြောရမယ်။ ကျွန်တော်တို့အသင်းက အမြဲအောင်မြင်ခဲ့တယ်။ လက်ရှိမှာတော့ အရှိကိုအရှိအတိုင်းမြင်ပြီး လက်ခံရမှာဖြစ်တယ်”

” ကျွန်တော်ယုံကြည်တယ်။ အရာရာ ပြောင်းပြန်လန်သွားလိမ့်မယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီး တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့လီဗာပူးလ် ဘာလဲဆိုတာကို ပြသမယ်။ ဒီအခြေအနေဆိုးကို ကျွန်တော်တို့ ပြောင်းလဲပစ်မယ်”လို့ မာနေးက ကြုံးဝါးသွားခဲ့ပါတယ်။

ဆီနီဂေါသားဟာ လက်ရှိမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပြီး ၁၂ ဂိုးသာသွင်းယူထားလို့ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့စွမ်းဆောင်ရည်ပြောင်မြောက်မှုနဲ့ ချိန်ထိုးကြည့်ရင်တော့ အတော်ကျဆင်းသွားတဲ့ စွမ်းဆောင်ရည်မျိုးကိုသာ ပိုင်ဆိုင်ထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

လီဗာပူးလ္အသင္းရဲ႕ အဓိကတိုက္စစ္မႉး ဆာဒီယို မာေနးဟာ မိမိအသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီဆုကို မကာကြယ္ႏိုင္ခဲ့မႈေၾကာင့္ ဆင္ေျခဆင္လက္ အေၾကာင္းျပခ်က္ေတြ ေပးေနစရာမလိုအပ္သလို ရာသီကုန္အထိ ဆက္လက္တိုက္ပြဲဝင္သြားရမွာျဖစ္ၿပီး လီဗာပူးလ္ဘာလဲဆိုတာကို ျပမယ္လို႔ ႀကဳံးဝါးသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ႏွစ္ ၃၀ ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားကို ျပန္လည္ကိုင္ေျမႇာက္ၿပီး ေအာင္ပြဲဆင္ခဲ့ကာ စံခ်ိန္ေတြကို ႐ိုက္ခ်ိဳးခဲ့တာျဖစ္ပါတယ္။ အတက္အက်မ်ိဳးစုံ ႀကဳံေတြ႕ေနရတဲ့ ကမာၻ႔ထူးျခားဆန္းျပားမႈေတြရဲ႕ ႐ိုလာကိုစတာလို အေျခအေနဆိုးေတြေၾကာင့္ ေဘာလုံးကမာၻကို ႐ိုက္ခတ္လာတဲ့ လက္ရွိေဘာလုံးရာသီမွာေတာ့ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္မွာ ၂၉ ပြဲကစားၿပီး ၄၆ မွတ္သာ ရရွိထားကာ ဒဏ္ရာအက်ပ္အတည္းဟာ အဓိကျပႆနာအျဖစ္ အသင္းကို ထိုးႏွက္ခ်က္ျပင္းခဲ့တာပါ။

နည္းျပယာဂင္ကေလာ့ပ္ရဲ႕ လီဗာပူးလ္ဟာ ျပည္တြင္းမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီဆုကို ကာကြယ္ဖို႔ မျဖစ္ႏိုင္ေတာ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ေတာင္ အဆင့္ ၄ အတြင္းဝင္ေအာင္ ရာသီကုန္အထိ မနည္း႐ုန္းကန္ရေတာ့မယ့္ အေျခအေနကို ဆိုက္ေရာက္ေနရတဲ့တဖက္မွာ ဥေရာပခ်န္ပီယံလိဂ္ဖလားကိုေတာ့ ဆက္လက္အိပ္မက္မက္ခြင့္ရွိေနသလို ခ်န္ပီယံဖလားကို သိမ္းပိုက္ၿပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ ေမွ်ာ္လင့္ခ်က္ေကာင္းေတြ ရွိေနတာလည္း ျဖစ္ပါတယ္။

” ကြၽန္ေတာ္တို႔ေတြ ဒီအေျခအေနဆိုးကို ေကာင္းေကာင္းရင္ဆိုင္ကိုင္တြယ္ရပါမယ္။ ျပႆနာကို ေျဖရွင္းမယ္ဆိုရင္ ယုံၾကည္မႈကို ဘယ္ေတာ့မွ ရပ္တန႔္ပစ္လို႔ မရပါဘူး။ ဆက္လက္ၿပီး တိုက္ခိုက္ေနမယ္။ ေရွ႕ကိုေလွ်ာက္ၿပီး တိုက္ပြဲဝင္သြားမယ္”

” ကြၽန္ေတာ္တို႔အသင္းက ဖိုက္တာအသင္းပါ။ ဒါေၾကာင့္ ဘာဆင္ေျခမွမလိုဘူး။ ကြၽန္ေတာ္တို႔ အေျဖရွာမယ္။ အသင္းေဖာ္ေတြနဲ႔အတူတူ ရွိေနရတိုင္း ကြၽန္ေတာ့္မွာ ခြန္အားေတြ ျပင္းျပလာတယ္။ ဒီလို ရႈပ္ေထြးအေျခအေနတရပ္က မေမွ်ာ္လင့္ဘဲ ျဖစ္လာခဲ့လို႔ပဲ ေျပာရမယ္။ ကြၽန္ေတာ္တို႔အသင္းက အၿမဲေအာင္ျမင္ခဲ့တယ္။ လက္ရွိမွာေတာ့ အရွိကိုအရွိအတိုင္းျမင္ၿပီး လက္ခံရမွာျဖစ္တယ္”

” ကြၽန္ေတာ္ယုံၾကည္တယ္။ အရာရာ ေျပာင္းျပန္လန္သြားလိမ့္မယ္။ ကြၽန္ေတာ္တို႔ ေရွ႕ဆက္ၿပီး တိုက္ပြဲဝင္မယ္။ ကြၽန္ေတာ္တို႔လီဗာပူးလ္ ဘာလဲဆိုတာကို ျပသမယ္။ ဒီအေျခအေနဆိုးကို ကြၽန္ေတာ္တို႔ ေျပာင္းလဲပစ္မယ္”လို႔ မာေနးက ႀကဳံးဝါးသြားခဲ့ပါတယ္။

ဆီနီေဂါသားဟာ လက္ရွိမွာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၇ ပြဲကစားၿပီး ၁၂ ဂိုးသာသြင္းယူထားလို႔ ၿပီးခဲ့တဲ့ႏွစ္က သူ႔ရဲ႕စြမ္းေဆာင္ရည္ေျပာင္ေျမာက္မႈနဲ႔ ခ်ိန္ထိုးၾကည့္ရင္ေတာ့ အေတာ္က်ဆင္းသြားတဲ့ စြမ္းေဆာင္ရည္မ်ိဳးကိုသာ ပိုင္ဆိုင္ထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.