Premier League Transfer News

ဗန်ဒိုက်ရဲ့ ဒဏ်ရာအကြောင်း ထုတ်ဖော်လိုက်ပြီး လီဗာပူးလ်ဆီ ဆွာရက်ဇ် ထောက်ခံမှုရထား

မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို အောက်တိုဘာလနှောင်ပိုင်းမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ လီဗာပူးလ်ဗဟိုခံစစ်မှူး ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေတိုးတက်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ နယ်သာလန်အသင်းဖော် မက်သိုင်းစ် ဒလစ်ထ်က သတင်းပေးခဲ့ကြောင်း သိရပါတယ်။

ဗန်ဒိုက်ဟာ လက်ရှိမှာ ဒဏ်ရာအခြေအနေက ပြန်လည်သက်သာလာလို့ တဦးတည်းလေ့ကျင့်ခန်းနဲ့ ဘောလုံးလေ့ကျင့်ရေးအစီအစဉ်တချို့ကို ပြုလုပ်နေသလို တိုးတက်မှုရရှိလာနေပါတယ်။ ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေကြောင့် သူဟာ လာမယ့် ယူရိုပြိုင်ပွဲမှာ နယ်သာလန်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားနိုင်တော့မယ်လို့ မျှော်လင့်ခံထားရတာပါ။

တဖက်မှာတော့ ဗန်ဒိုက်လို အသင်းရဲ့ အဓိကဝင်ရိုးကစားသမားကို ဆုံးရှုံးထားရလို့ အသင်းမှာ ထိုးနှက်ချက်များခဲ့တဲ့ သင်ခန်းစာကြောင့် သူ့ကို အဆောတလျင် မကစားစေလိုတဲ့ လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂန် ကလော့ပ်၊ ယူရိုပြိုင်ပွဲအမီ အလိုရှိနေတဲ့ နယ်သာလန်နည်းပြ ဖရန့် ဒီဘိုအာတို့ရဲ့ကြားက လွန်ဆွဲပွဲကလည်း ပရိသတ်တွေကို ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

” ကျွန်တော်တို့ မနေ့က ဆွေးနွေးပွဲတခု ထိုင်ခဲ့ကြတယ်။ ဗန်ဒိုက်လည်းပါခဲ့တယ်။ သူ့ကိုကြည့်ရတာ အတော့်ကိုကောင်းမွန်ကျန်းမာနေပါပြီ။ အတော်လေးလည်း လန်းဆန်းပေါ့ပါးနေပါတယ်။ ဒါပေမယ့် ပွဲပြန်ကစားဖို့ သူ့ရဲ့ကြံ့ခိုင်မှုပြည့်ဝပြီလားဆိုတာတော့ ကာယကံရှင်ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။

“ဗန်ဒိုက်ကတော့ သူ့ကိုယ်သူ ဇွတ်တရွတ် ဖိအားအများကြီး မပေးချင်ပါဘူး။ သူ့စိတ်က ရှင်းလင်းနေတယ်။ တည်ငြိမ်နေတယ်။ ယူရိုပြိုင်ပွဲအမီမှာတော့ သူဘယ်အနေအထားထိ ကြံ့ခိုင်ကောင်းမွန်နေပြီလဲဆိုတာကို သူကိုယ်တိုင်ကိုက စောင့်ကြည့်ချင်နေပါတယ်” လို့ ဒလစ်ထ်က ဗန်ဒိုက်နဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။

မိုဆာလားကို လက်လွှတ်ရဖွယ်အရေးမှာ ဆွာရက်ဇ်နဲ့ ပြန်လည်ဖာထေးဖို့ ပြင်ဆင်ထားတဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် ၂၀၂၁ ဘောလုံး ရာသီမှာ အသင်းကို ကွက်လပ်ဖြည့်ဖို့ ပြင်ဆင်ကြိုးစားနေတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပေါင် ၇၅ သန်းနဲ့ ဘာဆာဆီ ထုတ်ရောင်းခဲ့ရတဲ့ ဆွာရက်ဇ်ဟာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဖလားရဖို့ အနီးစပ်ဆုံးအခြေအနေအထိ ဆွဲတင်ပေးခဲ့တဲ့ ပရိသတ်အချစ်တော် ကစားသမားလည်းဖြစ်တာကြောင့် ဒီအပြောင်းအရွှေ့အရေးဟာလည်း မြန်ဆန်လာဖို့ ရှိနေတာပါ။

ဥရုဂွေးသားရဲ့ အသင်းဖော်ဟောင်း ဟိုဆေး အန်ရီကေက ” အခုသတင်းပြေးနေသလို ဆွာရက်ဇ်ကို အမှန်တကယ် ခေါ်ယူနိုင်မယ်ဆိုရင် လီဗာပူးလ်အတွက် အမြတ်ထွက်ပါလိမ့်မယ်။ လက်ရှိ အမာခံတိုက်စစ် ၃ ဦးကို ဆွာရက်ဇ်၊ ဒီယိုဂို ဂျိုတာတိုနဲ့သာ ပေါင်းစပ်လိုက်ရင် အသင်းမှာ ရွေးချယ်စရာတွေ ရှိလာမှာပါ။ သူက အရင်လို ငယ်ဂုဏ်မျိုး မရှိတော့ပေမယ့် အကျိုးပြုနိုင်မယ့် ခြေစွမ်းတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော် တွဲကစားဖူးသမျှထဲမှာတော့ အကောင်းဆုံးကစားသမားဖြစ်ပါတယ် ” လို့ ဆွာရက်ဇ်ကို ခေါ်ယူဖို့ ထောက်ခံပေးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာေဆးဆိုက္ဒါဘီပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒူးအ႐ြတ္စုတ္ၿပဲဒဏ္ရာကို ေအာက္တိုဘာလေႏွာင္ပိုင္းမွာ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတဲ့ လီဗာပူးလ္ဗဟိုခံစစ္မႉး ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ဒဏ္ရာအေျခအေနတိုးတက္မႈနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ နယ္သာလန္အသင္းေဖာ္ မက္သိုင္းစ္ ဒလစ္ထ္က သတင္းေပးခဲ့ေၾကာင္း သိရပါတယ္။

ဗန္ဒိုက္ဟာ လက္ရွိမွာ ဒဏ္ရာအေျခအေနက ျပန္လည္သက္သာလာလို႔ တဦးတည္းေလ့က်င့္ခန္းနဲ႔ ေဘာလုံးေလ့က်င့္ေရးအစီအစဥ္တခ်ိဳ႕ကို ျပဳလုပ္ေနသလို တိုးတက္မႈရရွိလာေနပါတယ္။ ဒီလို အေပါင္းလကၡဏာေဆာင္တဲ့ အေျခအေနေၾကာင့္ သူဟာ လာမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ နယ္သာလန္အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူကစားႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ခံထားရတာပါ။

တဖက္မွာေတာ့ ဗန္ဒိုက္လို အသင္းရဲ႕ အဓိကဝင္႐ိုးကစားသမားကို ဆုံးရႈံးထားရလို႔ အသင္းမွာ ထိုးႏွက္ခ်က္မ်ားခဲ့တဲ့ သင္ခန္းစာေၾကာင့္ သူ႔ကို အေဆာတလ်င္ မကစားေစလိုတဲ့ လီဗာပူးလ္အသင္းရဲ႕ နည္းျပ ယာဂန္ ကေလာ့ပ္၊ ယူ႐ိုၿပိဳင္ပြဲအမီ အလိုရွိေနတဲ့ နယ္သာလန္နည္းျပ ဖရန႔္ ဒီဘိုအာတို႔ရဲ႕ၾကားက လြန္ဆြဲပြဲကလည္း ပရိသတ္ေတြကို ႐ိုက္ခတ္မႈေတြ ရွိလာခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ မေန႔က ေဆြးေႏြးပြဲတခု ထိုင္ခဲ့ၾကတယ္။ ဗန္ဒိုက္လည္းပါခဲ့တယ္။ သူ႔ကိုၾကည့္ရတာ အေတာ့္ကိုေကာင္းမြန္က်န္းမာေနပါၿပီ။ အေတာ္ေလးလည္း လန္းဆန္းေပါ့ပါးေနပါတယ္။ ဒါေပမယ့္ ပြဲျပန္ကစားဖို႔ သူ႔ရဲ႕ႀကံ့ခိုင္မႈျပည့္ဝၿပီလားဆိုတာေတာ့ ကာယကံရွင္ကိုယ္တိုင္သာ ဆုံးျဖတ္ရမွာပါ။

“ဗန္ဒိုက္ကေတာ့ သူ႔ကိုယ္သူ ဇြတ္တ႐ြတ္ ဖိအားအမ်ားႀကီး မေပးခ်င္ပါဘူး။ သူ႔စိတ္က ရွင္းလင္းေနတယ္။ တည္ၿငိမ္ေနတယ္။ ယူ႐ိုၿပိဳင္ပြဲအမီမွာေတာ့ သူဘယ္အေနအထားထိ ႀကံ့ခိုင္ေကာင္းမြန္ေနၿပီလဲဆိုတာကို သူကိုယ္တိုင္ကိုက ေစာင့္ၾကည့္ခ်င္ေနပါတယ္” လို႔ ဒလစ္ထ္က ဗန္ဒိုက္နဲ႔ပတ္သက္လို႔ ေျပာျပခဲ့ပါတယ္။

မိုဆာလားကို လက္လႊတ္ရဖြယ္အေရးမွာ ဆြာရက္ဇ္နဲ႔ ျပန္လည္ဖာေထးဖို႔ ျပင္ဆင္ထားတဲ့ လီဗာပူးလ္အသင္းဟာ လာမယ့္ ၂၀၂၁ ေဘာလုံး ရာသီမွာ အသင္းကို ကြက္လပ္ျဖည့္ဖို႔ ျပင္ဆင္ႀကိဳးစားေနတာျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ေပါင္ ၇၅ သန္းနဲ႔ ဘာဆာဆီ ထုတ္ေရာင္းခဲ့ရတဲ့ ဆြာရက္ဇ္ဟာ လီဗာပူးလ္အသင္းကို ပရီးမီးယားလိဂ္ဖလားရဖို႔ အနီးစပ္ဆုံးအေျခအေနအထိ ဆြဲတင္ေပးခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ကစားသမားလည္းျဖစ္တာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕အေရးဟာလည္း ျမန္ဆန္လာဖို႔ ရွိေနတာပါ။

ဥ႐ုေဂြးသားရဲ႕ အသင္းေဖာ္ေဟာင္း ဟိုေဆး အန္ရီေကက ” အခုသတင္းေျပးေနသလို ဆြာရက္ဇ္ကို အမွန္တကယ္ ေခၚယူႏိုင္မယ္ဆိုရင္ လီဗာပူးလ္အတြက္ အျမတ္ထြက္ပါလိမ့္မယ္။ လက္ရွိ အမာခံတိုက္စစ္ ၃ ဦးကို ဆြာရက္ဇ္၊ ဒီယိုဂို ဂ်ိဳတာတိုနဲ႔သာ ေပါင္းစပ္လိုက္ရင္ အသင္းမွာ ေ႐ြးခ်ယ္စရာေတြ ရွိလာမွာပါ။ သူက အရင္လို ငယ္ဂုဏ္မ်ိဳး မရွိေတာ့ေပမယ့္ အက်ိဳးျပဳႏိုင္မယ့္ ေျခစြမ္းေတြ အမ်ားႀကီး က်န္ပါေသးတယ္။ ကြၽန္ေတာ္ တြဲကစားဖူးသမွ်ထဲမွာေတာ့ အေကာင္းဆုံးကစားသမားျဖစ္ပါတယ္ ” လို႔ ဆြာရက္ဇ္ကို ေခၚယူဖို႔ ေထာက္ခံေပးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.