Premier League Transfer News

13 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ဒန်နီယယ်လ် ဂျိမ်းစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှာ နေရာရနေတာကို တချို့က မကျေမနပ်ဖြစ်နေကြပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့ ပွဲတွင်းစွမ်းဆောင်ရည်တွေက လူကြိုက်များတဲ့ မေဆန် ဂရင်းဝုဒ်ထက်တောင် သာလွန်နေခဲ့။

– လေဗာကူဆင်အသင်းအနေနဲ့ ယူနိုက်တက်ဘက်က စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာနဲ့ တိုက်စစ်မှူး လီယွန် ဘိုင်လီတို့အတွက် ဟာဗတ်ဇ်ကို ပေးချေရတဲ့ ဈေးဖြစ်တဲ့ ပေါင် ၇၂ သန်းကို တစ်ဦးချင်းစီအတွက် ပေးရမယ်လို့ တုံ့ပြန်ထားခဲ့။

– နွေရာသီမှာ အသင်းက ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူသွားတာကသာ ယူနိုက်တက်အတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် ပုံစံဖြစ်နိုင်ပြီး ပြင်သစ်သားက ဘာနေဗျူးရောက်ပြီဆိုရင် ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်ထား။

– ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ခံလူ ရာဖေးလ် ဗာရွန်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ သတင်းထွက်နေခဲ့ပေမယ့် အလျင်စလို ဆုံးဖြတ်ဦးမှာဖြစ်ပြီး နွေရာသီအထိ စောင့်ကြည့်ဖို့ရှိနေသလို စပိန်ချန်ပီယံဘက်က ကမ်းလှမ်းမှုကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ဖွယ်ရှိနေ။

– အာလင်း ဟားလန်းကို ရောင်းချသွားဖို့ စဉ်းစားနေတဲ့ ဒေါ့မွန်အသင်းဘက်က ပေါင်သန်း ၉၀ နဲ့ ထွက်ခွာခွင့်ပြုနိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဒီငွေကြေးပမာဏကိုတော့ တစ်ကြိမ်တည်း အပြီးသတ် ပေးချေရမှာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းအပါအဝင် တချို့အသင်းတွေ လက်လျှော့ရဖွယ်ရှိလာ။

– ဝန်ဘစ်ဆာကာဟာ မန်ချက်စတာယူနိုက်တက်အတွက် ခံစစ်ပိုင်းမှာ အားကိုးရပေမယ့် တိုက်စစ်မှာတော့ ထိရောက်မှုနည်းတဲ့ ကစားသမားဖြစ်နေတာကြောင့် ပေါလ်စခိုးလ်က ဒီနေရာအတွက် အေစီမီလန်ကို အငှားချထားတဲ့ ဒီယိုဂို ဒါလော့ကို ပြန်လည်ခေါ်ယူပြီး ယုံယုံကြည်ကြည်နဲ့ သူတို့နှစ်ဦး တစ်လှည့်စီ နေရာပေးဖို့ နည်းပြ ဆိုးလ်ရှားကို တိုက်တွန်းသွား။

– အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်တို့နဲ့ ရင်ဆိုင်လာမယ့် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က ဟမ်းမားတွေဆီကို ရောက်တာနဲ့ အမြန်ဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို ရာသီကုန်မှာ ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားလိုက်ပြီး အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကလည်း တူညီတဲ့ ဆန္ဒရှိနေ။

– ရှက်ဖီးလ်ဒ်ယူနိုက်တက်အသင်းကနေ မကြာခင်အချိန်အတွင်းမှာ ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေခဲ့တဲ့ နည်းပြ ခရစ္စ ဝိုင်လ်ဒါအတွက် စိတ်မကောင်းကြောင်း ယူနိုက်တက်ဂိုးသမား ဒင်းန် ဟန်ဒါဆန်က ပြောကြားလိုက်ပြီး သူ့ရဲ့ ကစားသမားဘဝကို တိုးတက်အောင် ဘရမ်းမောလ်လိန်းမှာ နှစ်နှစ်ကစားခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းဆို။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတွေအနေနဲ့ လာမယ့်နွေရာသီမှာ ရိုးမားနောက်ခံလူ ဂျန်လူကာ မန်ချီနီအတွက် ယှဉ်ပြိုင်သွားဖွယ်ရှိနေပြီး အသက် ၂၄ နှစ်အရွယ် အီတလီသားအတွက် ပေါင် ၂၇ သန်းပေးရင် အိုလံပီကိုဘက် ရောင်းချသွားဖို့ ပြင်ဆင်နေ။

– တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မာစီယယ်လ်၊ ကာဗာနီနဲ့ ရက်ရှ်ဖို့ဒ်တို့ ဒဏ်ရာရရှိနေတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်မှာ လူငယ်ကစားသမား အာမက် ဂျယ်လို ပွဲထွက်ခွင့် ရနိုင်ပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂရင်းဝုဒ်ကို အထောင်ထားပြီး သူနဲ့ ဂျိမ်းစ်တို့ကို တောင်ပံတွေကနေ ဆိုးလ်ရှားက ခင်းကျင်းလာနိုင်သလို ဘရူနို ဖာနန်ဒက်စ်က နောက်က ပံ့ပိုးပေးဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဒန္နီယယ္လ္ ဂ်ိမ္းစ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေရွ႕တန္းတိုက္စစ္မွာ ေနရာရေနတာကို တခ်ိဳ႕က မေက်မနပ္ျဖစ္ေနၾကေပမယ့္ တကယ္တမ္းမွာေတာ့ သူ႔ရဲ႕ ပြဲတြင္းစြမ္းေဆာင္ရည္ေတြက လူႀကိဳက္မ်ားတဲ့ ေမဆန္ ဂရင္းဝုဒ္ထက္ေတာင္ သာလြန္ေနခဲ့။

– ေလဗာကူဆင္အသင္းအေနနဲ႔ ယူႏိုက္တက္ဘက္က စိတ္ဝင္စားေနခဲ့တဲ့ သူတို႔ရဲ႕ ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာနဲ႔ တိုက္စစ္မႉး လီယြန္ ဘိုင္လီတို႔အတြက္ ဟာဗတ္ဇ္ကို ေပးေခ်ရတဲ့ ေဈးျဖစ္တဲ့ ေပါင္ ၇၂ သန္းကို တစ္ဦးခ်င္းစီအတြက္ ေပးရမယ္လို႔ တုံ႔ျပန္ထားခဲ့။

– ေႏြရာသီမွာ အသင္းက ထြက္ခြာဖြယ္ရွိေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္အသင္းက ေခၚယူသြားတာကသာ ယူႏိုက္တက္အတြက္ အေကာင္းဆုံး ေျဖရွင္းႏိုင္မယ့္ ပုံစံျဖစ္ႏိုင္ၿပီး ျပင္သစ္သားက ဘာေနဗ်ဴးေရာက္ၿပီဆိုရင္ ရင္းေနးကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါကို ျပန္လည္ေခၚယူသြားဖို႔ ျပင္ဆင္ထား။

– ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ သတင္းထြက္ေနခဲ့ေပမယ့္ အလ်င္စလို ဆုံးျဖတ္ဦးမွာျဖစ္ၿပီး ေႏြရာသီအထိ ေစာင့္ၾကည့္ဖို႔ရွိေနသလို စပိန္ခ်န္ပီယံဘက္က ကမ္းလွမ္းမႈကို ေစာင့္ၾကည့္ၿပီးမွ ဆုံးျဖတ္ဖြယ္ရွိေန။

– အာလင္း ဟားလန္းကို ေရာင္းခ်သြားဖို႔ စဥ္းစားေနတဲ့ ေဒါ့မြန္အသင္းဘက္က ေပါင္သန္း ၉၀ နဲ႔ ထြက္ခြာခြင့္ျပဳႏိုင္မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ဒီေငြေၾကးပမာဏကိုေတာ့ တစ္ႀကိမ္တည္း အၿပီးသတ္ ေပးေခ်ရမွာျဖစ္တဲ့အတြက္ ယူႏိုက္တက္အသင္းအပါအဝင္ တခ်ိဳ႕အသင္းေတြ လက္ေလွ်ာ့ရဖြယ္ရွိလာ။

– ဝန္ဘစ္ဆာကာဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ခံစစ္ပိုင္းမွာ အားကိုးရေပမယ့္ တိုက္စစ္မွာေတာ့ ထိေရာက္မႈနည္းတဲ့ ကစားသမားျဖစ္ေနတာေၾကာင့္ ေပါလ္စခိုးလ္က ဒီေနရာအတြက္ ေအစီမီလန္ကို အငွားခ်ထားတဲ့ ဒီယိုဂို ဒါေလာ့ကို ျပန္လည္ေခၚယူၿပီး ယုံယုံၾကည္ၾကည္နဲ႔ သူတို႔ႏွစ္ဦး တစ္လွည့္စီ ေနရာေပးဖို႔ နည္းျပ ဆိုးလ္ရွားကို တိုက္တြန္းသြား။

– အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္တို႔နဲ႔ ရင္ဆိုင္လာမယ့္ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္က ဟမ္းမားေတြဆီကို ေရာက္တာနဲ႔ အျမန္ဆုံး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို ရာသီကုန္မွာ ေခၚယူႏိုင္ဖို႔ စိတ္အားထက္သန္ေနေၾကာင္း ေျပာၾကားလိုက္ၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ကလည္း တူညီတဲ့ ဆႏၵရွိေန။

– ရွက္ဖီးလ္ဒ္ယူႏိုက္တက္အသင္းကေန မၾကာခင္အခ်ိန္အတြင္းမွာ ရာထူးက ထုတ္ပယ္ခံရေတာ့မယ္လို႔ သတင္းထြက္ေနခဲ့တဲ့ နည္းျပ ခရစၥ ဝိုင္လ္ဒါအတြက္ စိတ္မေကာင္းေၾကာင္း ယူႏိုက္တက္ဂိုးသမား ဒင္းန္ ဟန္ဒါဆန္က ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ ကစားသမားဘဝကို တိုးတက္ေအာင္ ဘရမ္းေမာလ္လိန္းမွာ ႏွစ္ႏွစ္ကစားခြင့္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္းဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းေတြအေနနဲ႔ လာမယ့္ေႏြရာသီမွာ ႐ိုးမားေနာက္ခံလူ ဂ်န္လူကာ မန္ခ်ီနီအတြက္ ယွဥ္ၿပိဳင္သြားဖြယ္ရွိေနၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ အီတလီသားအတြက္ ေပါင္ ၂၇ သန္းေပးရင္ အိုလံပီကိုဘက္ ေရာင္းခ်သြားဖို႔ ျပင္ဆင္ေန။

– တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ မာစီယယ္လ္၊ ကာဗာနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ ဒဏ္ရာရရွိေနတဲ့ ယူႏိုက္တက္ရဲ႕ တိုက္စစ္မွာ လူငယ္ကစားသမား အာမက္ ဂ်ယ္လို ပြဲထြက္ခြင့္ ရႏိုင္ၿပီး ဝက္စ္ဟမ္းနဲ႔ပြဲမွာ ဂရင္းဝုဒ္ကို အေထာင္ထားၿပီး သူနဲ႔ ဂ်ိမ္းစ္တို႔ကို ေတာင္ပံေတြကေန ဆိုးလ္ရွားက ခင္းက်င္းလာႏိုင္သလို ဘ႐ူႏို ဖာနန္ဒက္စ္က ေနာက္က ပံ့ပိုးေပးဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.