Premier League

ဘင္ဂ်မင္ မန္ဒီရဲ႕ ကို႐ိုနာဗိုင္းရပ္စ္သံသယရွိေနတဲ့ မိသားစုဝင္တစ္ဦး ပိုးမရွိေၾကာင္းေတြ႕ရ

မန္ခ်က္စတာစီးတီး ေဆးအဖြဲ႕ဝင္ေတြရဲ႕ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ညေနက မ်က္ကလဲဆန္ျပာျဖစ္ခဲ့ရတဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီရဲ႕ အိမ္က မိသားစုဝင္တစ္ဦးရဲ႕ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံရတဲ့ လကၡဏာျပခဲ့မွဳဟာ မမွန္ကန္ခဲ့ဘဲ ေဆးစစ္ခ်က္မွာ နက္ဂတစ္ ထြက္ေပၚခဲ့ေၾကာင္း သိရပါတယ္။

အသင္းေဆးအဖြဲ႕ဝင္ေတြအေနနဲ႔ ခ်က္ရွဳိင္းယားေဒသမွာ ရွိတဲ့ မန္ဒီရဲ႕ ေနအိမ္ကို အေလာတႀကီး ေျပးခဲ့ၾကရတာျဖစ္ၿပီး ကစားသမားနဲ႔ မိသားစုဝင္ေတြကို ကာယကံရွင္နဲ႔ ခြဲျခားထားခဲ့ရသလို ႀကဳိတင္ကာကြယ္မွဳေတြ ေဆာင္ရြက္ခဲ့အၿပီးမွာေတာ့ ဒါဟာ သာမန္ အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ေဝဒနာတစ္ခုသာျဖစ္ေၾကာင္းလည္း ထုတ္ျပန္ႏုိင္ခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ ပြဲစဥ္ေတြ၊ အသင္းႀကီးရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြအားလုံးကို ပယ္ဖ်က္ရေစတဲ့ အေၾကာင္းေတြထဲက တစ္ခုျဖစ္ခဲ့တဲ့ မန္ဒီရဲ႕ ေဆြမ်ဳိးသားခ်င္းကို ခ်က္ခ်င္းဆုိသလုိပဲ ေဆး႐ုံကို ပုိ႔ေဆာင္ခဲ့တာျဖစ္ၿပီး ျပင္သစ္သား ဘယ္ေနာက္ခံလူနဲ႔ တျခားသူေတြကို ခြဲျခားေစာင့္ၾကည့္ခဲ့ရတာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကာယကံရွင္လူနာဟာ အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ေဝဒနာတစ္ခုသာ ခံစားေနရတာျဖစ္ေၾကာင္းနဲ႔ ကို႐ိုနာဗုိင္းရပ္စ္ COVID-19 ရဲ႕ လကၡဏာေတြကို တစ္ခုမွ မေတြ႕ရွိရဘဲ ေဆး႐ုံက ကင္းရွင္းေၾကာင္း ထုတ္ျပန္ေပးခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပရိသတ္ေတြနဲ႔ ကစားသမားေတြ၊ ဝန္ထမ္းေတြအတြက္ေတာ့ ဒါဟာ ဝမ္းသာစရာသတင္းေကာင္းလည္း ျဖစ္ခဲ့ၿပီး ဒီဗုိင္းရပ္စ္ပိုးဟာ မိမိတို႔ရဲ႕ အသိုင္းအဝိုင္းကို ေရာက္ရွိမလာေသးျခင္းကပဲ ကံေကာင္းမွဳျဖစ္ေၾကာင္းနဲ႔ အျမန္ဆုံး ထိန္းခ်ဳပ္ေဆာင္ရြက္ႏုိင္ခ်ိန္အထိ အားလုံး အတူလက္တြဲ ျဖတ္ေက်ာ္ႏုိင္ၾကပါေစေၾကာင္းလည္း ဆုေတာင္းလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီး ဆေးအဖွဲ့ဝင်တွေရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေက မျက်ကလဲဆန်ပြာဖြစ်ခဲ့ရတဲ့ ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီရဲ့ အိမ်က မိသားစုဝင်တစ်ဦးရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာပြခဲ့မှုဟာ မမှန်ကန်ခဲ့ဘဲ ဆေးစစ်ချက်မှာ နက်ဂတစ် ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အသင်းဆေးအဖွဲ့ဝင်တွေအနေနဲ့ ချက်ရှိုင်းယားဒေသမှာ ရှိတဲ့ မန်ဒီရဲ့ နေအိမ်ကို အလောတကြီး ပြေးခဲ့ကြရတာဖြစ်ပြီး ကစားသမားနဲ့ မိသားစုဝင်တွေကို ကာယကံရှင်နဲ့ ခွဲခြားထားခဲ့ရသလို ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ခဲ့အပြီးမှာတော့ ဒါဟာ သာမန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတစ်ခုသာဖြစ်ကြောင်းလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲစဉ်တွေ၊ အသင်းကြီးရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေအားလုံးကို ပယ်ဖျက်ရစေတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ မန်ဒီရဲ့ ဆွေမျိုးသားချင်းကို ချက်ချင်းဆိုသလိုပဲ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ပြင်သစ်သား ဘယ်နောက်ခံလူနဲ့ တခြားသူတွေကို ခွဲခြားစောင့်ကြည့်ခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ကာယကံရှင်လူနာဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတစ်ခုသာ ခံစားနေရတာဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရဲ့ လက္ခဏာတွေကို တစ်ခုမှ မတွေ့ရှိရဘဲ ဆေးရုံက ကင်းရှင်းကြောင်း ထုတ်ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ပရိသတ်တွေနဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက်တော့ ဒါဟာ ဝမ်းသာစရာသတင်းကောင်းလည်း ဖြစ်ခဲ့ပြီး ဒီဗိုင်းရပ်စ်ပိုးဟာ မိမိတို့ရဲ့ အသိုင်းအဝိုင်းကို ရောက်ရှိမလာသေးခြင်းကပဲ ကံကောင်းမှုဖြစ်ကြောင်းနဲ့ အမြန်ဆုံး ထိန်းချုပ်ဆောင်ရွက်နိုင်ချိန်အထိ အားလုံး အတူလက်တွဲ ဖြတ်ကျော်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.