Premier League

အာဆင္နယ္နည္းျပ အာတီတာရဲ႕ က်န္းမာေရးအေၾကာင္း ဇနီးျဖစ္သူ အင္စတာဂရမ္မွ ေျပာၾကား

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ကူးစက္မွဳေၾကာင့္ကို ေနအိမ္မွာ ခြဲျခားကုသမွဳ ခံယူေနရတဲ့ အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာရဲ႕ က်န္းမာေရးအေျခအေန တုိးတက္ေကာင္းမြန္မွဳရွိေၾကာင္းနဲ႔ အေသးစိတ္ကို အင္စတာဂရမ္မွာ သူ႕ရဲ႕ ဇနီးျဖစ္သူ လိုရီနာ ဘာနယ္လ္က ပရိသတ္ေတြကို အသိေပးေျပာၾကားသြားခဲ့ပါတယ္။

အာတီတာကလည္း သူ႕ရဲ႕ အေျခအေနေကာင္းမြန္ေၾကာင္းနဲ႔ ပရိသတ္ေတြကိုလည္း ကူးစက္ေရာဂါအတြက္ က်န္းမာေရးအာဏာပိုင္ေတြ ခ်မွတ္ထားတဲ့ လမ္းညႊန္မွဳေတြအတုိင္း လုိက္နာေဆာင္ရြက္ၾကဖို႔ တြစ္တာကေန ေသာၾကာေန႔ညေနက တုိက္တြန္းသြားခဲ့သလို အခုအခ်ိန္မွာေတာ့ ဇနီးျဖစ္သူကပါ ေနေကာင္းေၾကာင္းဆုိခဲ့တာပါ။

“ကၽြန္မတုိ႔ ႀကဳံေတြ႕ေနရတဲ့ အေနအထားကို စိတ္ဝင္တစား သိခ်င္ေနၾကတဲ့သူေတြအတြက္ သတင္းထုတ္ျပန္ေပးဖို႔ တာဝန္ရွိတယ္လုိ႔ ကၽြန္မ ယူဆပါတယ္။ ဆုေတာင္းမွဳေတြနဲ႔ ဂ႐ုစိုက္မွဳကို ျပသခဲ့ၾကသူေတြရဲ႕ စကားေတြ၊ အီးေမးလ္ေတြနဲ႔ ဖုန္းေတြအတြက္ သိပ္ကို ေက်းဇူးတင္မိၿပီး လွဳိက္လွဳိက္လွဲလွဲ ခံစားရပါတယ္”လို႔ လိုရီနာ ဘာနယ္လ္က ေျပာပါတယ္။

“ကၽြန္မ နားလည္မိသေလာက္ေတာ့ ေျပာျပရရင္ ကၽြန္မခင္ပြန္းအေနနဲ႔ သာမန္အဖ်ားေဝဒနာကို ခံရတဲ့ ပုံစံမ်ဳိးပဲျဖစ္ၿပီး ေနထိုင္ေကာင္းပါတယ္။ ဗုိင္းရပ္စ္ကူးစက္မွဳရဲ႕ ေရာဂါလကၡဏာေတြကို ခံစားခဲ့ရတယ္ဆုိတာလည္း အမွန္ပါပဲ။ ဒါေပမယ့္ ဒီအေျခအေနဟာ ပုံမွန္ေတြ႕ႀကဳံေနက် ပုံစံဆုိရင္ေတာ့ အနားယူဖို႔ မလိုဘဲ အလုပ္လုပ္ေနလုိ႔ရတဲ့ က်န္းမာေရးပါပဲ”လို႔ သူမက ဆုိပါတယ္။

လိုရီနာ ဘာနယ္လ္က အာတီတာအေနနဲ႔ ေဝဒနာအတြက္ အိုင္ဗ်ဴပ႐ိုဖန္နဲ႔ ပါရာစီတေမာေသာက္ရင္ေတာင္ ေပ်ာက္ႏုိင္တဲ့ အေနအထားလည္းျဖစ္ၿပီး ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳမို႔လုိ႔သာ ေသေသခ်ာခ်ာ ေစာင့္ၾကည့္ေနရတာျဖစ္ၿပီး ဂ႐ုတစိုက္ ကုသမွဳခံယူႏုိင္ရင္ အသက္အႏၲရာယ္ရွိတဲ့ ေရာဂါမဟုတ္ဘူးလို႔ ထင္ျမင္မိတယ္လုိ႔လည္း ဆုိခဲ့ၿပီး သူမနဲ႔ ကေလးေတြသုံးေယာက္စလုံး ေနေကာင္းက်န္းမာၾကတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မှုကြောင့်ကို နေအိမ်မှာ ခွဲခြားကုသမှု ခံယူနေရတဲ့ အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုရှိကြောင်းနဲ့ အသေးစိတ်ကို အင်စတာဂရမ်မှာ သူ့ရဲ့ ဇနီးဖြစ်သူ လိုရီနာ ဘာနယ်လ်က ပရိသတ်တွေကို အသိပေးပြောကြားသွားခဲ့ပါတယ်။

အာတီတာကလည်း သူ့ရဲ့ အခြေအနေကောင်းမွန်ကြောင်းနဲ့ ပရိသတ်တွေကိုလည်း ကူးစက်ရောဂါအတွက် ကျန်းမာရေးအာဏာပိုင်တွေ ချမှတ်ထားတဲ့ လမ်းညွှန်မှုတွေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တွစ်တာကနေ သောကြာနေ့ညနေက တိုက်တွန်းသွားခဲ့သလို အခုအချိန်မှာတော့ ဇနီးဖြစ်သူကပါ နေကောင်းကြောင်းဆိုခဲ့တာပါ။

“ကျွန်မတို့ ကြုံတွေ့နေရတဲ့ အနေအထားကို စိတ်ဝင်တစား သိချင်နေကြတဲ့သူတွေအတွက် သတင်းထုတ်ပြန်ပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်မ ယူဆပါတယ်။ ဆုတောင်းမှုတွေနဲ့ ဂရုစိုက်မှုကို ပြသခဲ့ကြသူတွေရဲ့ စကားတွေ၊ အီးမေးလ်တွေနဲ့ ဖုန်းတွေအတွက် သိပ်ကို ကျေးဇူးတင်မိပြီး လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်”လို့ လိုရီနာ ဘာနယ်လ်က ပြောပါတယ်။

“ကျွန်မ နားလည်မိသလောက်တော့ ပြောပြရရင် ကျွန်မခင်ပွန်းအနေနဲ့ သာမန်အဖျားဝေဒနာကို ခံရတဲ့ ပုံစံမျိုးပဲဖြစ်ပြီး နေထိုင်ကောင်းပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုရဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရတယ်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ဒီအခြေအနေဟာ ပုံမှန်တွေ့ကြုံနေကျ ပုံစံဆိုရင်တော့ အနားယူဖို့ မလိုဘဲ အလုပ်လုပ်နေလို့ရတဲ့ ကျန်းမာရေးပါပဲ”လို့ သူမက ဆိုပါတယ်။

လိုရီနာ ဘာနယ်လ်က အာတီတာအနေနဲ့ ဝေဒနာအတွက် အိုင်ဗျူပရိုဖန်နဲ့ ပါရာစီတမောသောက်ရင်တောင် ပျောက်နိုင်တဲ့ အနေအထားလည်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမို့လို့သာ သေသေချာချာ စောင့်ကြည့်နေရတာဖြစ်ပြီး ဂရုတစိုက် ကုသမှုခံယူနိုင်ရင် အသက်အန္တရာယ်ရှိတဲ့ ရောဂါမဟုတ်ဘူးလို့ ထင်မြင်မိတယ်လို့လည်း ဆိုခဲ့ပြီး သူမနဲ့ ကလေးတွေသုံးယောက်စလုံး နေကောင်းကျန်းမာကြတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.