Premier League Transfer News

4 Mar ညပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– ချဲလ်ဆီးနဲ့ပွဲဟာ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပြီး အိမ်ကွင်းမှာ ကျဆင်းနေတဲ့ ရလဒ်နဲ့ စိတ်ဓာတ်တွေကို ပြောင်းပြန်လှန်ပစ်ရမယ့် ပွဲမျိုးဖြစ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကွင်းလယ်လူ ဖာဘင်ညိုကို အရင်ကလိုမျိုး ခံစစ်ဗဟိုမှာ ပြန်လည်ထည့်သွင်းသုံးစွဲသွားဖို့ စီစဉ်နေ။

– လီဗာပူးလ်အသင်းအနေနဲ့ ရာသီကုန်မှာ အဆင့်လေးအတွင်း မရပ်တည်နိုင်ခဲ့ရင် သူ့ရဲ့ ရာထူးကို ထိခိုက်လိမ့်မယ်လို့ အသင်းပိုင်ရှင်တွေက ကြိုပြီးသတိပေးနေမှာ မဟုတ်ပေမယ့် လက်ရှိရပ်တည်မှုအတိုင်း ရာသီသိမ်းသွားခဲ့ရင်တော့ ဒီအတွက် ဆိုးကျိုးကို ခံစားရမယ်ဆိုတာ နားလည်ထားကြောင်း ယာဂန် ကလော့ပ် ပြောကြား။

– ပထမအကျော့မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့က ကြားကွင်း ပွတ်ရှ်ကပ်စ် အရီနာမှာ ကစားခဲ့ရတဲ့ RB လိုက်ပ်ဇစ်နဲ့ ပွဲစဉ်အပြီးမှာ မတ်လ ၁၀ ရက်နေ့မှာ ပြန်ကစားဖို့ ရှိနေတဲ့ ဒုတိယ အကျော့ကို လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်း အန်းဖီးလ်မှာ ကစားခွင့်ရမှာ မဟုတ်ဘဲ အထက်ပါကွင်းမှာပဲ နောက်တစ်ကျော့ထပ်ကစားဖို့ UEFA ဆုံးဖြတ်။

– လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲကျန်ကို မကစားခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က သူတို့နှစ်သင်းအနေနဲ့ ဒီရာသီမှာ သူ့ရဲ့အသင်းဟောင်းရဲ့ ရပ်တည်မှုကို လိုက်မီနိုင်လိမ့်မယ်လို့ သူတင်ဆက်နေတဲ့ စကိုင်းပို့စ်ကနေ ခန့်မှန်းပြောကြားသွားခဲ့။

– လီဗာပူးလ်အသင်းပရိသတ်တွေက ပွဲမတိုင်ခင် တွစ်တာက ဆွေးနွေးမှုတွေမှာ သူတို့တွေအနေနဲ့ အန်းဖီးလ်ကို လာမယ့် ဧည့်သည် ချဲလ်ဆီးအသင်းမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ပွဲထုတ်လာရင် ကောင်းမယ်လို့ ဆိုခဲ့ကြပြီး ဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးက အသင်းကို ပိုပြီး ပြဿနာရှာနိုင်လိမ့်မယ်လို့ ယူဆနေကြ။

– လာမယ့်နွေရာသီမှာ လီဗာပူးလ်အသင်းအနေနဲ့ ပြင်သစ်စကားပြော ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဘရိုက်တန်ရဲ့ အိဗ်စ် ဘီဆူးမားနဲ့ လီယွန်ရဲ့ ဟူဆင်းမ် အောဝါတို့ကို ခေါ်ယူဖို့ လုပ်ဆောင်လိမ့်မယ်လို့ Goal ရဲ့ နီးလ်ဂျုံးစ်က ရေးသားခဲ့ပြီး ယုံကြည်ရတဲ့ ရင်းမြစ်ဖြစ်လို့ ပရိသတ်တွေ ရင်ခုန်နေကြ။

– တိုက်စစ်မှူးဟောင်းတွေဖြစ်ကြတဲ့ တိုနီ ကော့တီနဲ့ အီမီးလ် ဟက်စကီးတို့က ပရီးမီးယားလိဂ် ထုတ်လုပ်ရေးနဲ့ တင်ဆက်မှုမှာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ပွဲစဉ်မှာ အန်းဖီးလ်သားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ အိုဇန် ကာဘက်ခ်ကို သောမတ်စ် တူဟယ်လ်တစ်ယောက် ဘယ်လို ဖိအားပေးတိုက်စစ်ဆင်မလဲ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သုံးသပ်သွားခဲ့ကြ။

– လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းရဲ့ ခံစစ်ပိုင်းကို ထပ်မံရင်းနှီးမြှုပ်နှံဖို့ ရှိနေပြီး ခေါ်ယူမှုအမှားတစ်ခုလိုဖြစ်ခဲ့တဲ့ ဂရိနောက်ခံလူ ကော့စ်တတ်စ် ဆီမီကတ်စ်ရဲ့ နေရာမှာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ လူငယ်ခံစစ်မှူး နူနို မန်ဒက်စ်ကို ဈေးကြီးပေး ခေါ်ယူသွားဖို့ ပြင်ဆင်နေ။

– လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်လာမယ့် ချဲလ်ဆီးတိုက်စစ်မှူး တီမို ဗာနာက သူ့အနေနဲ့ သူရင်ဆိုင်ရမယ့် အသင်းတိုင်းရဲ့ ကစားပုံနဲ့ အားနည်းချက်၊ အားသာချက်ကို လေ့လာတတ်ပြီး အန်းဖီးလ်မှာ ရင်ဆိုင်တွေ့ရင် ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးနဲ႔ပြဲဟာ အေရးႀကီးတဲ့ ပြဲစဥ္ျဖစ္ၿပီး အိမ္ကြင္းမွာ က်ဆင္းေနတဲ့ ရလဒ္နဲ႔ စိတ္ဓာတ္ေတြကို ေျပာင္းျပန္လွန္ပစ္ရမယ့္ ပြဲမ်ိဳးျဖစ္လို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ကြင္းလယ္လူ ဖာဘင္ညိဳကို အရင္ကလိုမ်ိဳး ခံစစ္ဗဟိုမွာ ျပန္လည္ထည့္သြင္းသုံးစြဲသြားဖို႔ စီစဥ္ေန။

– လီဗာပူးလ္အသင္းအေနနဲ႔ ရာသီကုန္မွာ အဆင့္ေလးအတြင္း မရပ္တည္ႏိုင္ခဲ့ရင္ သူ႔ရဲ႕ ရာထူးကို ထိခိုက္လိမ့္မယ္လို႔ အသင္းပိုင္ရွင္ေတြက ႀကိဳၿပီးသတိေပးေနမွာ မဟုတ္ေပမယ့္ လက္ရွိရပ္တည္မႈအတိုင္း ရာသီသိမ္းသြားခဲ့ရင္ေတာ့ ဒီအတြက္ ဆိုးက်ိဳးကို ခံစားရမယ္ဆိုတာ နားလည္ထားေၾကာင္း ယာဂန္ ကေလာ့ပ္ ေျပာၾကား။

– ပထမအေက်ာ့မွာ ဟန္ေဂရီႏိုင္ငံ ဘူဒါပက္စ္ၿမိဳ႕က ၾကားကြင္း ပြတ္ရွ္ကပ္စ္ အရီနာမွာ ကစားခဲ့ရတဲ့ RB လိုက္ပ္ဇစ္နဲ႔ ပြဲစဥ္အၿပီးမွာ မတ္လ ၁၀ ရက္ေန႔မွာ ျပန္ကစားဖို႔ ရွိေနတဲ့ ဒုတိယ အေက်ာ့ကို လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္း အန္းဖီးလ္မွာ ကစားခြင့္ရမွာ မဟုတ္ဘဲ အထက္ပါကြင္းမွာပဲ ေနာက္တစ္ေက်ာ့ထပ္ကစားဖို႔ UEFA ဆုံးျဖတ္။

– လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ပြဲက်န္ကို မကစားခင္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က သူတို႔ႏွစ္သင္းအေနနဲ႔ ဒီရာသီမွာ သူ႔ရဲ႕အသင္းေဟာင္းရဲ႕ ရပ္တည္မႈကို လိုက္မီႏိုင္လိမ့္မယ္လို႔ သူတင္ဆက္ေနတဲ့ စကိုင္းပို႔စ္ကေန ခန႔္မွန္းေျပာၾကားသြားခဲ့။

– လီဗာပူးလ္အသင္းပရိသတ္ေတြက ပြဲမတိုင္ခင္ တြစ္တာက ေဆြးေႏြးမႈေတြမွာ သူတို႔ေတြအေနနဲ႔ အန္းဖီးလ္ကို လာမယ့္ ဧည့္သည္ ခ်ဲလ္ဆီးအသင္းမွာ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ပြဲထုတ္လာရင္ ေကာင္းမယ္လို႔ ဆိုခဲ့ၾကၿပီး ဝါရင့္တိုက္စစ္မႉး အိုလီဗီးေယး ဂ်ီ႐ူးက အသင္းကို ပိုၿပီး ျပႆနာရွာႏိုင္လိမ့္မယ္လို႔ ယူဆေနၾက။

– လာမယ့္ေႏြရာသီမွာ လီဗာပူးလ္အသင္းအေနနဲ႔ ျပင္သစ္စကားေျပာ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ဘ႐ိုက္တန္ရဲ႕ အိဗ္စ္ ဘီဆူးမားနဲ႔ လီယြန္ရဲ႕ ဟူဆင္းမ္ ေအာဝါတို႔ကို ေခၚယူဖို႔ လုပ္ေဆာင္လိမ့္မယ္လို႔ Goal ရဲ႕ နီးလ္ဂ်ဳံးစ္က ေရးသားခဲ့ၿပီး ယုံၾကည္ရတဲ့ ရင္းျမစ္ျဖစ္လို႔ ပရိသတ္ေတြ ရင္ခုန္ေနၾက။

– တိုက္စစ္မႉးေဟာင္းေတြျဖစ္ၾကတဲ့ တိုနီ ေကာ့တီနဲ႔ အီမီးလ္ ဟက္စကီးတို႔က ပရီးမီးယားလိဂ္ ထုတ္လုပ္ေရးနဲ႔ တင္ဆက္မႈမွာ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ပြဲစဥ္မွာ အန္းဖီးလ္သားေတြရဲ႕ အားနည္းခ်က္ျဖစ္တဲ့ အိုဇန္ ကာဘက္ခ္ကို ေသာမတ္စ္ တူဟယ္လ္တစ္ေယာက္ ဘယ္လို ဖိအားေပးတိုက္စစ္ဆင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္တယ္လို႔ သုံးသပ္သြားခဲ့ၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အသင္းရဲ႕ ခံစစ္ပိုင္းကို ထပ္မံရင္းႏွီးျမႇဳပ္ႏွံဖို႔ ရွိေနၿပီး ေခၚယူမႈအမွားတစ္ခုလိုျဖစ္ခဲ့တဲ့ ဂရိေနာက္ခံလူ ေကာ့စ္တတ္စ္ ဆီမီကတ္စ္ရဲ႕ ေနရာမွာ စပို႔တင္း လစၥဘြန္းအသင္းရဲ႕ လူငယ္ခံစစ္မႉး ႏူႏို မန္ဒက္စ္ကို ေဈးႀကီးေပး ေခၚယူသြားဖို႔ ျပင္ဆင္ေန။

– လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္လာမယ့္ ခ်ဲလ္ဆီးတိုက္စစ္မႉး တီမို ဗာနာက သူ႔အေနနဲ႔ သူရင္ဆိုင္ရမယ့္ အသင္းတိုင္းရဲ႕ ကစားပုံနဲ႔ အားနည္းခ်က္၊ အားသာခ်က္ကို ေလ့လာတတ္ၿပီး အန္းဖီးလ္မွာ ရင္ဆိုင္ေတြ႕ရင္ ဂိုးသြင္းယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.