Premier League Transfer News

4 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေခဲ့ရတဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဟာကင်းမ် ဇီးယက်ရှ်ဟာ ဒီအသင်းက တိုက်စစ်မှူးတွေနဲ့မို့ အခုလို ဖြစ်နေတာလို့ ကစားသမားဟောင်း ပက် နဲဗင်က ပြောကြားလိုက်ပြီး သူ့ရဲ့ ဖန်တီးမှုတွေနဲ့ ဟာရီကိန်း၊ မိုဟာမက် ဆားလားတို့ ဆိုရင် ဘယ်လိုဖြစ်နေမလဲ တွေးကြည့်ကြဖို့ ကာကွယ်ပြောကြားသွား။

– အာလင်း ဟားလန်းအတွက် ငွေသုံးဖို့က အသင်းပိုင်ရှင်နဲ့ မာရီနာ ဂရာနော့ဗ်စကားယာတို့ရဲ့ တာဝန်ဖြစ်ပေမယ့် သူ့ကို တကယ်တမ်း အလိုရှိတယ်ဆိုရင် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ ကြိုးစားရမှာဖြစ်သလို နည်းပြ တူဟယ်လ်အနေနဲ့ လက်ရှိ ရပ်တည်မှုကို မြှင့်တင်ဖို့ လိုအပ်နေ။

– ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်လာခဲ့တဲ့ ကောလဟာတွေဖြစ်တဲ့ အေစီမီလန်ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ခေါ်ယူဖို့ ချဲလ်ဆီးရဲ့ ချဉ်းကပ်နေမှုဟာ မှန်ကန်ကြောင်းနဲ့ တကယ်တမ်းမှာတော့ ချိတ်ဆက်စုံစမ်းနေတာဖြစ်ပြီး အသေးစိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ရခြင်း မရှိသေးကြောင်း အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို အတည်ပြု။

– ချဲလ်ဆီးအသင်းရဲ့ နံပါတ် ၉ အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားရတာဟာ တကယ်တမ်းတော့ ခက်ခဲကြောင်း နည်းပြ သောမတ်စ် တူဟယ်လ်က ပြောကြားလိုက်ပြီး သူတို့အနေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ထမ်းပိုးထားရတယ်လို့ သုံးသပ်သွား။

– ပြီးခဲ့တဲ့ နွေရာသီက အိုင်းယက်စ်အသင်းကနေ ယူရိုသန်း ၄၀ နဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ဟာ အသင်းမှာ ကောင်းကောင်းအစမ်းသပ်ခံနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေးတဲ့ ကစားပုံမှာ သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုအရ အံမဝင်တာကြောင့် နွေရာသီမှာ ပြန်လည်ရောင်းချရဖို့ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တီမို ဗာနာက သူ့အနေနဲ့ လက်ရှိမှာ ရုန်းကန်နေရပြီး အသားကျဖို့ အချိန်ယူရနိုင်ပေမယ့် တစ်နေ့မှာ အသင်းအတွက် ခြေစွမ်းပြပြီး ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ၁၆၄ ဂိုးရှင် ဒီဒီယေး ဒရော့ဘာကို လိုက်မီနိုင်ဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်သွားခဲ့။

– ဂျူဗင်တပ်စ်အသင်းနဲ့ နည်းပြကြီး မော်ရီဇီယို ဆာရီတို့ လမ်းခွဲသွားခဲ့လို့ တူရင်ကလပ်နဲ့ ဂျော်ဂျင်ညိုတို့ရဲ့ ဇာတ်လမ်းက တစ်ခန်း ရပ်သွားပြီလို့ ထင်မြင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ဆာရီကို ဆက်ခံတဲ့ နည်းပြ အန်ဒရီယာ ပီယာလိုကလည်း သူ့ကို သဘောကျနေပြီး လာမယ့်ရာသီမှာ အဖြူအနက်ကျားအင်္ကျီကို ဝတ်ဆင်မလား စောင့်ကြည့်ရဖွယ်ရှိနေ။

– အင်တာမီလန်အသင်းရဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အလကားတောင်းမယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ နောက်ခံလူ မီလန် ရှကရီညာကို ချဲလ်ဆီးအသင်းက ကြားဝင်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆန်စီရိုဘက်ကတော့ သူတို့ရဲ့ ဆလိုဗက်နောက်ခံလူအတွက် ယူရို သန်း ၅၀ လို့ အကြောင်းပြန်။

– တိုက်စစ်မှူးဟောင်းတွေဖြစ်ကြတဲ့ တိုနီ ကော့တီနဲ့ အီမီးလ် ဟက်စကီးတို့က ပရီးမီးယားလိဂ် ထုတ်လုပ်ရေးနဲ့ တင်ဆက်မှုမှာ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ပွဲစဉ်မှာ အန်းဖီးလ်သားတွေရဲ့ အားနည်းချက်ဖြစ်တဲ့ အိုဇန် ကာဘက်ခ်ကို သောမတ်စ် တူဟယ်လ်တစ်ယောက် ဘယ်လို ဖိအားပေးတိုက်စစ်ဆင်မလဲ စောင့်ကြည့်ရမှာဖြစ်တယ်လို့ သုံးသပ်သွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ေနခဲ့ရတဲ့ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဟာကင္းမ္ ဇီးယက္ရွ္ဟာ ဒီအသင္းက တိုက္စစ္မႉးေတြနဲ႔မို႔ အခုလို ျဖစ္ေနတာလို႔ ကစားသမားေဟာင္း ပက္ နဲဗင္က ေျပာၾကားလိုက္ၿပီး သူ႔ရဲ႕ ဖန္တီးမႈေတြနဲ႔ ဟာရီကိန္း၊ မိုဟာမက္ ဆားလားတို႔ ဆိုရင္ ဘယ္လိုျဖစ္ေနမလဲ ေတြးၾကည့္ၾကဖို႔ ကာကြယ္ေျပာၾကားသြား။

– အာလင္း ဟားလန္းအတြက္ ေငြသုံးဖို႔က အသင္းပိုင္ရွင္နဲ႔ မာရီနာ ဂရာေနာ့ဗ္စကားယာတို႔ရဲ႕ တာဝန္ျဖစ္ေပမယ့္ သူ႔ကို တကယ္တမ္း အလိုရွိတယ္ဆိုရင္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ ကစားခြင့္ရဖို႔ ႀကိဳးစားရမွာျဖစ္သလို နည္းျပ တူဟယ္လ္အေနနဲ႔ လက္ရွိ ရပ္တည္မႈကို ျမႇင့္တင္ဖို႔ လိုအပ္ေန။

– ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထြက္လာခဲ့တဲ့ ေကာလဟာေတြျဖစ္တဲ့ ေအစီမီလန္ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေခၚယူဖို႔ ခ်ဲလ္ဆီးရဲ႕ ခ်ဥ္းကပ္ေနမႈဟာ မွန္ကန္ေၾကာင္းနဲ႔ တကယ္တမ္းမွာေတာ့ ခ်ိတ္ဆက္စုံစမ္းေနတာျဖစ္ၿပီး အေသးစိတ္ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ရျခင္း မရွိေသးေၾကာင္း အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏို အတည္ျပဳ။

– ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္ ၉ အေထာင္တိုက္စစ္မႉးတစ္ဦးအျဖစ္ ကစားရတာဟာ တကယ္တမ္းေတာ့ ခက္ခဲေၾကာင္း နည္းျပ ေသာမတ္စ္ တူဟယ္လ္က ေျပာၾကားလိုက္ၿပီး သူတို႔အေနနဲ႔ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဝန္ထုပ္ဝန္ပိုးတစ္ခုအျဖစ္ ထမ္းပိုးထားရတယ္လို႔ သုံးသပ္သြား။

– ၿပီးခဲ့တဲ့ ေႏြရာသီက အိုင္းယက္စ္အသင္းကေန ယူ႐ိုသန္း ၄၀ နဲ႔ ေခၚယူထားခဲ့တဲ့ ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ဟာ အသင္းမွာ ေကာင္းေကာင္းအစမ္းသပ္ခံႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈအသားေပးတဲ့ ကစားပုံမွာ သူ႔ရဲ႕ ခႏၶာကိုယ္ တည္ေဆာက္မႈအရ အံမဝင္တာေၾကာင့္ ေႏြရာသီမွာ ျပန္လည္ေရာင္းခ်ရဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မႉး တီမို ဗာနာက သူ႔အေနနဲ႔ လက္ရွိမွာ ႐ုန္းကန္ေနရၿပီး အသားက်ဖို႔ အခ်ိန္ယူရႏိုင္ေပမယ့္ တစ္ေန႔မွာ အသင္းအတြက္ ေျခစြမ္းျပၿပီး ဂႏၴဝင္တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ၁၆၄ ဂိုးရွင္ ဒီဒီေယး ဒေရာ့ဘာကို လိုက္မီႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ထုတ္ေဖာ္သြားခဲ့။

– ဂ်ဴဗင္တပ္စ္အသင္းနဲ႔ နည္းျပႀကီး ေမာ္ရီဇီယို ဆာရီတို႔ လမ္းခြဲသြားခဲ့လို႔ တူရင္ကလပ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ရဲ႕ ဇာတ္လမ္းက တစ္ခန္း ရပ္သြားၿပီလို႔ ထင္ျမင္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ ဆာရီကို ဆက္ခံတဲ့ နည္းျပ အန္ဒရီယာ ပီယာလိုကလည္း သူ႔ကို သေဘာက်ေနၿပီး လာမယ့္ရာသီမွာ အျဖဴအနက္က်ားအက်ႌကို ဝတ္ဆင္မလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– အင္တာမီလန္အသင္းရဲ႕ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အလကားေတာင္းမယ့္ အႏၲရာယ္ကို ရင္ဆိုင္ေနရတဲ့ ေနာက္ခံလူ မီလန္ ရွကရီညာကို ခ်ဲလ္ဆီးအသင္းက ၾကားဝင္ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဆန္စီ႐ိုဘက္ကေတာ့ သူတို႔ရဲ႕ ဆလိုဗက္ေနာက္ခံလူအတြက္ ယူ႐ို သန္း ၅၀ လို႔ အေၾကာင္းျပန္။

– တိုက္စစ္မႉးေဟာင္းေတြျဖစ္ၾကတဲ့ တိုနီ ေကာ့တီနဲ႔ အီမီးလ္ ဟက္စကီးတို႔က ပရီးမီးယားလိဂ္ ထုတ္လုပ္ေရးနဲ႔ တင္ဆက္မႈမွာ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ ပြဲစဥ္မွာ အန္းဖီးလ္သားေတြရဲ႕ အားနည္းခ်က္ျဖစ္တဲ့ အိုဇန္ ကာဘက္ခ္ကို ေသာမတ္စ္ တူဟယ္လ္တစ္ေယာက္ ဘယ္လို ဖိအားေပးတိုက္စစ္ဆင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္တယ္လို႔ သုံးသပ္သြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.