Premier League

ဖာနန်ဒက်စ်ကို လစာနှစ်ဆ တိုးမြှင့်ပေးသွားမယ့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို လုပ်ခလစာ နှစ်ဆအထိ တိုးမြှင့်ပေးသွားဖို့ စီစဉ်နေပြီး ပေါ်တူဂီသားအနေနဲ့ အသင်းရဲ့ ဆဌမမြောက်အများဆုံး လုပ်ခရရှိသူလည်းဖြစ်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ဟာ အသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးနဲ့ ၁၃ ကြိမ် ဂိုးဖန်တီးမှုတွေ ပြုလုပ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ နှစ်ကြိမ်ဆက်တိုက် ရယူထားခဲ့သူဖြစ်ပါတယ်။

အသင်းတာဝန်ရှိသူတွေအနေနဲ့ ဖာနန်ဒက်စ်ကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ ပေးအပ်သွားဖို့ စီစဉ်နေပြီး အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားထက် တစ်ပတ်ကို ပေါင်တစ်သောင်းပိုပြီး ရရှိမှာဖြစ်သလို အများဆုံးရနေတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ လုပ်ခတစ်ဝက်ကျော်ကိုပဲ ရရှိဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ စပိန်ဂိုးသမား ဒဟေးယားက တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ ရရှိနေပြီး သူ့နောက်မှာ ပေါလ် ပေါ့ဘာက ၂၉၀၀၀၀၊ အန်တိုနီ မာစီယယ်လ်၊ အက်ဒင်ဆန် ကာဗာနီနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ကတော့ ပေါင်နှစ်သိန်းကျော်ရရှိနေတယ်လို့ သိရပြီး ဖာနန်ဒက်စ်ကတော့ သူတို့နောက်မှာ ရပ်တည်ဖို့ ရှိနေပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာခဲ့အပြီးမှာ ယူနိုက်တက်အတွက် သူ့လောက်ကောင်းတဲ့ ကစားသမားမျိုး မရှိအောင် ခြေစွမ်း ပြထားခဲ့ပြီး အသင်းရဲ့ ပင်နယ်တီတွေကိုပါ ဒိုင်ခံကန်သွင်းသူဖြစ်လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၃၄ ဂိုး သွင်းယူပေးထားပြီး တိုက်စစ်မှူးတွေထက်ပိုတဲ့ ဂိုးသွင်းနှုန်းကိုပါ ပိုင်ဆိုင်ထားတာပါ။

သူ့ရဲ့ အသင်းအတွက် အရေးပါမှုကို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကလည်း ထောက်ခံပြောကြားထားပြီး သူခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ပွဲမျိုးမှာ အသင်းအနေနဲ့ ရုန်းကန်ခဲ့ရသလို နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲ သရေကျခဲ့တာဖြစ်လို့ ပေါ်တူဂီသားအပေါ် မှီခိုမှု လျှော့ချနိုင်ဖို့ကိုလည်း လုပ်ဆောင်သွားရဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ စာချုပ်သစ် မတိုးမြှင့်ရသေးခင်မှာတော့ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ တစ်ပတ်လုပ်ခကို အခြေခံအားဖြင့် ပေါင်တစ်သိန်းနဲ့ ဆုကြေးငွေနဲ့ စွမ်းဆောင်ရည်အရ ခံစားခွင့်တွေကိုပါ ထည့်တွက်ရင် ပေါင်တစ်သိန်းရှစ်သောင်းအထိ ရရှိနေတယ်လို့ သည်ဆန်းသတင်းဌာနက ဖော်ပြထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဓိကကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ကို လုပ္ခလစာ ႏွစ္ဆအထိ တိုးျမႇင့္ေပးသြားဖို႔ စီစဥ္ေနၿပီး ေပၚတူဂီသားအေနနဲ႔ အသင္းရဲ႕ ဆဌမေျမာက္အမ်ားဆုံး လုပ္ခရရွိသူလည္းျဖစ္လာဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ ေပၚတူဂီလက္ေ႐ြးစင္ဟာ အသင္းအတြက္ ဒီရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး ၂၂ ဂိုးနဲ႔ ၁၃ ႀကိမ္ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ခဲ့ၿပီး ပရီးမီးယားလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္း ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ ႏွစ္ႀကိမ္ဆက္တိုက္ ရယူထားခဲ့သူျဖစ္ပါတယ္။

အသင္းတာဝန္ရွိသူေတြအေနနဲ႔ ဖာနန္ဒက္စ္ကို တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းအထိ ေပးအပ္သြားဖို႔ စီစဥ္ေနၿပီး အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားထက္ တစ္ပတ္ကို ေပါင္တစ္ေသာင္းပိုၿပီး ရရွိမွာျဖစ္သလို အမ်ားဆုံးရေနတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ လုပ္ခတစ္ဝက္ေက်ာ္ကိုပဲ ရရွိဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။

အိုးလ္ထရက္ဖို႔ဒ္မွာ စပိန္ဂိုးသမား ဒေဟးယားက တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ ရရွိေနၿပီး သူ႔ေနာက္မွာ ေပါလ္ ေပါ့ဘာက ၂၉၀၀၀၀၊ အန္တိုနီ မာစီယယ္လ္၊ အက္ဒင္ဆန္ ကာဗာနီနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔ကေတာ့ ေပါင္ႏွစ္သိန္းေက်ာ္ရရွိေနတယ္လို႔ သိရၿပီး ဖာနန္ဒက္စ္ကေတာ့ သူတို႔ေနာက္မွာ ရပ္တည္ဖို႔ ရွိေနပါတယ္။

စပို႔တင္းလစၥဘြန္းအသင္းကေန ေရာက္ရွိလာခဲ့အၿပီးမွာ ယူႏိုက္တက္အတြက္ သူ႔ေလာက္ေကာင္းတဲ့ ကစားသမားမ်ိဳး မရွိေအာင္ ေျခစြမ္း ျပထားခဲ့ၿပီး အသင္းရဲ႕ ပင္နယ္တီေတြကိုပါ ဒိုင္ခံကန္သြင္းသူျဖစ္လာခဲ့တဲ့ ဖာနန္ဒက္စ္ဟာ လက္ရွိအခ်ိန္အထိ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၆၂ ပြဲမွာ ၃၄ ဂိုး သြင္းယူေပးထားၿပီး တိုက္စစ္မႉးေတြထက္ပိုတဲ့ ဂိုးသြင္းႏႈန္းကိုပါ ပိုင္ဆိုင္ထားတာပါ။

သူ႔ရဲ႕ အသင္းအတြက္ အေရးပါမႈကို နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကလည္း ေထာက္ခံေျပာၾကားထားၿပီး သူေျခစြမ္းျပႏိုင္ျခင္းမရွိတဲ့ ပြဲမ်ိဳးမွာ အသင္းအေနနဲ႔ ႐ုန္းကန္ခဲ့ရသလို ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၄ ပြဲ သေရက်ခဲ့တာျဖစ္လို႔ ေပၚတူဂီသားအေပၚ မွီခိုမႈ ေလွ်ာ့ခ်ႏိုင္ဖို႔ကိုလည္း လုပ္ေဆာင္သြားရဦးမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ မတိုးျမႇင့္ရေသးခင္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ တစ္ပတ္လုပ္ခကို အေျခခံအားျဖင့္ ေပါင္တစ္သိန္းနဲ႔ ဆုေၾကးေငြနဲ႔ စြမ္းေဆာင္ရည္အရ ခံစားခြင့္ေတြကိုပါ ထည့္တြက္ရင္ ေပါင္တစ္သိန္းရွစ္ေသာင္းအထိ ရရွိေနတယ္လို႔ သည္ဆန္းသတင္းဌာနက ေဖာ္ျပထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.