Premier League Transfer News

3 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဒီယိုဂို ဂျိုတာကို ပြန်လည်ထည့်သွင်းပြီး သူဒဏ်ရာမရခင်က ကစားခဲ့တဲ့ ပုံစံဖြစ်တဲ့ ၄-၂-၄ ကစားကွက်ကို အသက်သွင်းဖို့ စဉ်းစားနေပြီဖြစ်ပြီး အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းကို ဖိအားပေးပြီး ထိပ်ဆုံးလေးသင်းထဲကို ပြန်တက်နိုင်ဖို့ ကြိုးစားမယ်လို့ ခန့်မှန်းနေကြ။

– အယ်လစ်ဆန်၊ ဖာဘင်ညို၊ ဒီယိုဂို ဂျိုတာတို့ ပြန်လည်ပါဝင်လာမယ့် ချဲလ်ဆီးအသင်းရဲ့ လူစာရင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်နေပြီး အိမ်ကွင်း အန်းဖီးလ်မှာ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲပျောက်ပြီး လေးပွဲဆက်တိုက်ရှုံးထားတဲ့ ရလဒ်ဆိုးကို ပြန်လည်ချေဖျက်နိုင်ဖို့ မျှော်လင့်နေကြ။

– တီမို ဗာနာဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရပြီး အန်းဖီးလ်ကို ရောက်လာမယ်ဆိုရင်လည်း မာနေး၊ ဆာလားနဲ့ ဖာမီနိုတို့နောက်မှာ ရုန်းကန်ရမယ့်သူမျိုးသာဖြစ်လို့ မခေါ်ယူဖြစ်ခဲ့တာကိုပဲ ကျေးဇူးတင်ရလိမ့်ဦးမယ်လို့ လီဗာပူးလ်ဂန္ထဝင် ဂျွန်ဘန်းစ် ပြောကြား။

– လီဗာပူးလ်အသင်းနဲ့ ကစားထားခဲ့တဲ့ ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့တာလည်းရှိပေမယ့် အမှားတွေလည်း ကျူးလွန်မိခဲ့တဲ့ နောက်ခံလူသစ် အိုဇန် ကာဘက်ခ်က သူ့ကို ဒီအသင်းမှာ အကောင်းဆုံး အခြေကျနိုင်ဖို့ သူ့ရဲ့ စံပြကစားသမား ဗာဂျီးလ် ဗန်ဒိုက်က ကူညီနေတယ်လို့ ဖွင့်ဟသွား။

– ဘာဆာအပေါ်အသင်းကနေ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ တူရကီလူငယ်တိုက်စစ်မှူး အလီ အက်ခ်မန်က သူ့အနေနဲ့ တစ်နေ့မှာ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ ကစားချင်ပြီး သူအတုယူခဲ့ရတဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဖာနန်ဒို တောရက်စ်နဲ့ ရောဘတ်တို ဖာမီနိုတို့ရဲ့ လီဗာပူးလ်မှာလည်း ကစားချင်ကြောင်း ပြောကြားသွား။

– လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ရဲ့ အန်းဖီးလ်ပွဲစဉ်မှာ ဒိုင်လူကြီးနေရာချထားမှုကို ပရိသတ်တွေက စိတ်ပျက်နေကြပြီး ကွင်းလယ်ဒိုင် ခရိတ် ပေါ်ဆန်က ပင်နယ်တီတွေ လွယ်လွယ်ပေးမှာဖြစ်သလို VAR ဒိုင် ပေါလ် တီယာနီကလည်း အားအားရှိ Replay ပြန်ကြည့်ပြီး အချိန်ကုန်ဦးမှာဖြစ်ကြောင်း ဝေဖန်ခဲ့ကြ။

– ချဲလ်ဆီးအသင်းနဲ့ တွေ့လိုက်တာနဲ့ လီဗာပူးလ်ရဲ့ ဒဏ်ရာရ ကစားသမားတွေက အကုန်ပြန်ကောင်းကုန်ကြတာလားလို့ ပရိသတ်တွေက တွစ်တာမှာ မေးခွန်းထုတ်လိုက်ကြပြီး သူများအသင်းတွေက အင်အားချို့တဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်ကစားနေချိန်မှာ မိမိတို့ကတော့ အမြဲတမ်း အကောင်းဆုံးအသင်းနဲ့ပဲ တွေ့ဆုံရကြောင်းနဲ့ ဗန်ဒိုက် ပြန်ပါလာမယ်ဆိုရင်တောင် မအံ့သြတော့ဘူးလို့ ဆိုနေကြ။

– အန်းဖီးလ်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ကြာသပတေးနေ့ညပွဲစဉ်အတွက် လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်း ပြန်လည်ပါဝင်နိုင်မှာဖြစ်ပေမယ့် ထရိန်နင် ပြန်ဆင်းနေခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ အခြေအနေကိုတော့ ၂၄ နာရီ စောင့်ကြည့်ပြီးမှ ပါဝင်နိုင်ဖို့ အတည်ပြုမည်။

– ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာ အကြိုက်တွေ့ခဲ့ပြီး ပေါင်သန်း ၃၀ ပေးခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ မာဆေးလ်ကွင်းလယ်လူ ဘူဘာကာ ကာမာရာကို လီဗာပူးလ်အသင်းက နွေရာသီအတွက် ပစ်မှတ်ထားနေပြီး ကစားသမားအနေနဲ့ ဗဟိုနောက်ခံလူနဲ့ ဘယ်နောက်ခံလူနေရာတွေမှာလည်း ကစားနိုင်သူဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဒီယိုဂို ဂ်ိဳတာကို ျပန္လည္ထည့္သြင္းၿပီး သူဒဏ္ရာမရခင္က ကစားခဲ့တဲ့ ပုံစံျဖစ္တဲ့ ၄-၂-၄ ကစားကြက္ကို အသက္သြင္းဖို႔ စဥ္းစားေနၿပီျဖစ္ၿပီး အိမ္ကြင္းမွာ ခ်ဲလ္ဆီးအသင္းကို ဖိအားေပးၿပီး ထိပ္ဆုံးေလးသင္းထဲကို ျပန္တက္ႏိုင္ဖို႔ ႀကိဳးစားမယ္လို႔ ခန႔္မွန္းေနၾက။

– အယ္လစ္ဆန္၊ ဖာဘင္ညိဳ၊ ဒီယိုဂို ဂ်ိဳတာတို႔ ျပန္လည္ပါဝင္လာမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ လူစာရင္းကေတာ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းျဖစ္ေနၿပီး အိမ္ကြင္း အန္းဖီးလ္မွာ ေနာက္ဆုံး ၆ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ၿပီး ေလးပြဲဆက္တိုက္ရႈံးထားတဲ့ ရလဒ္ဆိုးကို ျပန္လည္ေခ်ဖ်က္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾက။

– တီမို ဗာနာဟာ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး အန္းဖီးလ္ကို ေရာက္လာမယ္ဆိုရင္လည္း မာေနး၊ ဆာလားနဲ႔ ဖာမီႏိုတို႔ေနာက္မွာ ႐ုန္းကန္ရမယ့္သူမ်ိဳးသာျဖစ္လို႔ မေခၚယူျဖစ္ခဲ့တာကိုပဲ ေက်းဇူးတင္ရလိမ့္ဦးမယ္လို႔ လီဗာပူးလ္ဂႏၴဝင္ ဂြၽန္ဘန္းစ္ ေျပာၾကား။

– လီဗာပူးလ္အသင္းနဲ႔ ကစားထားခဲ့တဲ့ ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့တာလည္းရွိေပမယ့္ အမွားေတြလည္း က်ဴးလြန္မိခဲ့တဲ့ ေနာက္ခံလူသစ္ အိုဇန္ ကာဘက္ခ္က သူ႔ကို ဒီအသင္းမွာ အေကာင္းဆုံး အေျခက်ႏိုင္ဖို႔ သူ႔ရဲ႕ စံျပကစားသမား ဗာဂ်ီးလ္ ဗန္ဒိုက္က ကူညီေနတယ္လို႔ ဖြင့္ဟသြား။

– ဘာဆာအေပၚအသင္းကေန ဘြန္ဒက္စ္လီဂါကလပ္ ဖရန႔္ဖတ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ တူရကီလူငယ္တိုက္စစ္မႉး အလီ အက္ခ္မန္က သူ႔အေနနဲ႔ တစ္ေန႔မွာ ပရီးမီးယားလိဂ္နဲ႔ လာလီဂါမွာ ကစားခ်င္ၿပီး သူအတုယူခဲ့ရတဲ့ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ ဖာနန္ဒို ေတာရက္စ္နဲ႔ ေရာဘတ္တို ဖာမီႏိုတို႔ရဲ႕ လီဗာပူးလ္မွာလည္း ကစားခ်င္ေၾကာင္း ေျပာၾကားသြား။

– လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ အန္းဖီးလ္ပြဲစဥ္မွာ ဒိုင္လူႀကီးေနရာခ်ထားမႈကို ပရိသတ္ေတြက စိတ္ပ်က္ေနၾကၿပီး ကြင္းလယ္ဒိုင္ ခရိတ္ ေပၚဆန္က ပင္နယ္တီေတြ လြယ္လြယ္ေပးမွာျဖစ္သလို VAR ဒိုင္ ေပါလ္ တီယာနီကလည္း အားအားရွိ Replay ျပန္ၾကည့္ၿပီး အခ်ိန္ကုန္ဦးမွာျဖစ္ေၾကာင္း ေဝဖန္ခဲ့ၾက။

– ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕လိုက္တာနဲ႔ လီဗာပူးလ္ရဲ႕ ဒဏ္ရာရ ကစားသမားေတြက အကုန္ျပန္ေကာင္းကုန္ၾကတာလားလို႔ ပရိသတ္ေတြက တြစ္တာမွာ ေမးခြန္းထုတ္လိုက္ၾကၿပီး သူမ်ားအသင္းေတြက အင္အားခ်ိဳ႕တဲ့တဲ့ အသင္းနဲ႔ ရင္ဆိုင္ကစားေနခ်ိန္မွာ မိမိတို႔ကေတာ့ အၿမဲတမ္း အေကာင္းဆုံးအသင္းနဲ႔ပဲ ေတြ႕ဆုံရေၾကာင္းနဲ႔ ဗန္ဒိုက္ ျပန္ပါလာမယ္ဆိုရင္ေတာင္ မအံ့ၾသေတာ့ဘူးလို႔ ဆိုေနၾက။

– အန္းဖီးလ္မွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ ၾကာသပေတးေန႔ညပြဲစဥ္အတြက္ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္း ျပန္လည္ပါဝင္ႏိုင္မွာျဖစ္ေပမယ့္ ထရိန္နင္ ျပန္ဆင္းေနခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားရဲ႕ အေျခအေနကိုေတာ့ ၂၄ နာရီ ေစာင့္ၾကည့္ၿပီးမွ ပါဝင္ႏိုင္ဖို႔ အတည္ျပဳမည္။

– ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာ အႀကိဳက္ေတြ႕ခဲ့ၿပီး ေပါင္သန္း ၃၀ ေပးေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ မာေဆးလ္ကြင္းလယ္လူ ဘူဘာကာ ကာမာရာကို လီဗာပူးလ္အသင္းက ေႏြရာသီအတြက္ ပစ္မွတ္ထားေနၿပီး ကစားသမားအေနနဲ႔ ဗဟိုေနာက္ခံလူနဲ႔ ဘယ္ေနာက္ခံလူေနရာေတြမွာလည္း ကစားႏိုင္သူျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.