Premier League Transfer News

3 Mar ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် သောမတ်စ် တူဟယ်လ်ရဲ့ အမျိုးမျိုး ပြောင်းလဲနေတဲ့ နည်းစနစ်တွေဟာ တောင်ပံတိုက်စစ်မှူး ခရစ္စတီယန် ပူလီရှစ်ချ်နဲ့ အံဝင်ခွင်ကျခြင်းမရှိတာကြောင့် အမေရိကန်သားအနေနဲ့ ရုန်းကန်နေရတာဖြစ်ကြောင်း ကစားသမားဟောင်း စတိဗ် နီကိုးလ်နဲ့ ဒွန် ဟတ်ချီဆန်တို့က ထောက်ပြသွားခဲ့ကြ။

– မန်ချက်စတာယူနိုက်တက်နဲ့ အိမ်ကွင်းပွဲစဉ်ကို အနိုင်မရရှိခဲ့တဲ့ သူတို့ ချဲလ်ဆီးအသင်းအနေနဲ့ ရုန်းကန်နေရတာ မဟုတ်ကြောင်းနဲ့ အသင်းဟာ အင်အားတောင့်တင်းပြီး အဓိက နောက်ခံလူ သီယာဂို ဆေးလ်ဗားတစ်ဦးတည်းသာ ဒဏ်ရာကြောင့် မပါဝင်နိုင်တာဖြစ်ကြောင်း သောမတ်စ် တူဟယ်လ် ရှင်းလင်း။

– တမ်မီ အေဘရာဟမ်လို ကစားသမားမျိုးနဲ့တော့ ဆုဖလားတွေကို ရယူနိုင်မှာ မဟုတ်ဘူးလို့ ချဲလ်ဆီးအသင်းရဲ့ ထရိန်နင်ပုံကို တင်ခဲ့တဲ့ တွစ်တာပို့စ်အောက်မှာ ပရိသတ်တွေက ရေးသားခဲ့ကြပြီး သူ့ကို နွေရာသီမှာ ရောင်းချဖို့နဲ့ အာလင်း ဟားလန်းကိုပဲ မဖြစ်မနေ ခေါ်ယူသွားဖို့ တိုက်တွန်းနေကြ။

– အက်သလက်တီကို မက်ဒရစ်နဲ့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးက မရောင်းချချင်ခဲ့သလို ယူရိုသန်း ၅၀-၆၀ လောက်ကိုလည်း တောင်းဆိုခဲ့လို့ အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ချိန်မှာ ရှန်ဟိုင်းဘက်က ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ကြောင့် ပြောင်းရွှေ့ခဲ့ရတာဖြစ်ကြောင်း ကွင်းလယ်လူ အော်စကာက ပြောကြားလိုက်ပြီး အခွင့်အရေးရရင် ဥရောပမှာ ပြန်ကစားဖို့ ကြိုးစားဦးမယ်လို့ဆို။

– ချဲလ်ဆီးအသင်းနဲ့ တွေ့လိုက်တာနဲ့ လီဗာပူးလ်ရဲ့ ဒဏ်ရာရ ကစားသမားတွေက အကုန်ပြန်ကောင်းကုန်ကြတာလားလို့ ပရိသတ်တွေက တွစ်တာမှာ မေးခွန်းထုတ်လိုက်ကြပြီး သူများအသင်းတွေက အင်အားချို့တဲ့တဲ့ အသင်းနဲ့ ရင်ဆိုင်ကစားနေချိန်မှာ မိမိတို့ကတော့ အမြဲတမ်း အကောင်းဆုံးအသင်းနဲ့ပဲ တွေ့ဆုံရကြောင်းနဲ့ ဗန်ဒိုက် ပြန်ပါလာမယ်ဆိုရင်တောင် မအံ့သြတော့ဘူးလို့ ဆိုနေကြ။

– ချဲလ်ဆီးအသင်းက အလိုရှိနေခဲ့တဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေဖို့ တစ်နှစ်ကို ယူရို ၇သန်းခွဲတန် စာချှုပ်နဲ့ အေစီမီလန်ဘက် ကမ်းလှမ်းထားပေမယ့် သူ့ရဲ့အေးဂျင့် မီနို ရိုင်ယိုလာကတော့ ယူရို ၁၀ သန်း အထိ အလိုရှိနေပြီး အပြောင်းအရွှေ့အကြီးအကဲ မာရီနာကတော့ ဒီပမာဏကို ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေ။

– လီဗာပူးလ်နဲ့ ယာဂန် ကလော့ပ်ကို ၂၀၁၄ ခုနှစ်ကတည်းက အန်းဖီးလ်မှာ အနိုင်မရတဲ့ မှတ်တမ်းဆိုးကို ချဲလ်ဆီးအသင်းအနေနဲ့ ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေပြီး သူတို့ရှေ့က အဲဗာတန်အသင်းအနေနဲ့ ပိုမိုကြာမြင့်တဲ့ မှတ်တမ်းဆိုးကို ပြောင်းပြန်လှန်ပစ်ခဲ့သလိုပဲ လုပ်ဆောင်နိုင်ဖို့ ရင်ခုန်နေကြ။

– အသင်းမှာ ရုန်းကန်နေရပြီး နွေရာသီမှာ ပြန်လည်ရောင်းချဖို့ စဉ်းစားထားတဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားမှု ပြသခဲ့အပြီးမှာ စပိန်အင်အားကြီးသုံးသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေကလည်း အလိုရှိနေ။

– အက်စ်တန်ဗီလာအသင်းအနေနဲ့ လက်ရှိမှာ သူတို့အသင်းကို အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ရော့စ် ဘာကလီကို ရာသီကုန်မှာ ခေါ်ယူသွားဖို့ စီစဉ်နေသလို ၂၀၁၈-၁၉ ရာသီက အငှားနဲ့ ရောက်ရှိလာခဲ့ပြီး အသင်းကို သွင်းဂိုး ၂၅ ဂိုးနဲ့ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကိုပါ တစ်ပါတည်း ခေါ်ယူသွားလိုနေ။

– အန်းဖီးလ်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ကြာသပတေးနေ့ညပွဲစဉ်အတွက် လူငယ်တောင်ပံကစားသမား ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်း ပြန်လည်ပါဝင်နိုင်မှာဖြစ်ပေမယ့် ထရိန်နင် ပြန်ဆင်းနေခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားရဲ့ အခြေအနေကိုတော့ ၂၄ နာရီ စောင့်ကြည့်ပြီးမှ ပါဝင်နိုင်ဖို့ အတည်ပြုမည်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပသစ္ ေသာမတ္စ္ တူဟယ္လ္ရဲ႕ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတဲ့ နည္းစနစ္ေတြဟာ ေတာင္ပံတိုက္စစ္မႉး ခရစၥတီယန္ ပူလီရွစ္ခ်္နဲ႔ အံဝင္ခြင္က်ျခင္းမရွိတာေၾကာင့္ အေမရိကန္သားအေနနဲ႔ ႐ုန္းကန္ေနရတာျဖစ္ေၾကာင္း ကစားသမားေဟာင္း စတိဗ္ နီကိုးလ္နဲ႔ ဒြန္ ဟတ္ခ်ီဆန္တို႔က ေထာက္ျပသြားခဲ့ၾက။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ အိမ္ကြင္းပြဲစဥ္ကို အႏိုင္မရရွိခဲ့တဲ့ သူတို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႐ုန္းကန္ေနရတာ မဟုတ္ေၾကာင္းနဲ႔ အသင္းဟာ အင္အားေတာင့္တင္းၿပီး အဓိက ေနာက္ခံလူ သီယာဂို ေဆးလ္ဗားတစ္ဦးတည္းသာ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တာျဖစ္ေၾကာင္း ေသာမတ္စ္ တူဟယ္လ္ ရွင္းလင္း။

– တမ္မီ ေအဘရာဟမ္လို ကစားသမားမ်ိဳးနဲ႔ေတာ့ ဆုဖလားေတြကို ရယူႏိုင္မွာ မဟုတ္ဘူးလို႔ ခ်ဲလ္ဆီးအသင္းရဲ႕ ထရိန္နင္ပုံကို တင္ခဲ့တဲ့ တြစ္တာပို႔စ္ေအာက္မွာ ပရိသတ္ေတြက ေရးသားခဲ့ၾကၿပီး သူ႔ကို ေႏြရာသီမွာ ေရာင္းခ်ဖို႔နဲ႔ အာလင္း ဟားလန္းကိုပဲ မျဖစ္မေန ေခၚယူသြားဖို႔ တိုက္တြန္းေနၾက။

– အက္သလက္တီကို မက္ဒရစ္နဲ႔ နီးစပ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးက မေရာင္းခ်ခ်င္ခဲ့သလို ယူ႐ိုသန္း ၅၀-၆၀ ေလာက္ကိုလည္း ေတာင္းဆိုခဲ့လို႔ အေျပာင္းအေ႐ႊ႕က မျဖစ္ေျမာက္ခဲ့ခ်ိန္မွာ ရွန္ဟိုင္းဘက္က ေကာင္းမြန္တဲ့ ကမ္းလွမ္းခ်က္ေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့ရတာျဖစ္ေၾကာင္း ကြင္းလယ္လူ ေအာ္စကာက ေျပာၾကားလိုက္ၿပီး အခြင့္အေရးရရင္ ဥေရာပမွာ ျပန္ကစားဖို႔ ႀကိဳးစားဦးမယ္လို႔ဆို။

– ခ်ဲလ္ဆီးအသင္းနဲ႔ ေတြ႕လိုက္တာနဲ႔ လီဗာပူးလ္ရဲ႕ ဒဏ္ရာရ ကစားသမားေတြက အကုန္ျပန္ေကာင္းကုန္ၾကတာလားလို႔ ပရိသတ္ေတြက တြစ္တာမွာ ေမးခြန္းထုတ္လိုက္ၾကၿပီး သူမ်ားအသင္းေတြက အင္အားခ်ိဳ႕တဲ့တဲ့ အသင္းနဲ႔ ရင္ဆိုင္ကစားေနခ်ိန္မွာ မိမိတို႔ကေတာ့ အၿမဲတမ္း အေကာင္းဆုံးအသင္းနဲ႔ပဲ ေတြ႕ဆုံရေၾကာင္းနဲ႔ ဗန္ဒိုက္ ျပန္ပါလာမယ္ဆိုရင္ေတာင္ မအံ့ၾသေတာ့ဘူးလို႔ ဆိုေနၾက။

– ခ်ဲလ္ဆီးအသင္းက အလိုရွိေနခဲ့တဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္မလႊတ္ရေစဖို႔ တစ္ႏွစ္ကို ယူ႐ို ၇သန္းခြဲတန္ စာခွ်ဳပ္နဲ႔ ေအစီမီလန္ဘက္ ကမ္းလွမ္းထားေပမယ့္ သူ႔ရဲ႕ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကေတာ့ ယူ႐ို ၁၀ သန္း အထိ အလိုရွိေနၿပီး အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာကေတာ့ ဒီပမာဏကို ေပးေခ်သြားဖို႔ အဆင္သင့္ျဖစ္ေန။

– လီဗာပူးလ္နဲ႔ ယာဂန္ ကေလာ့ပ္ကို ၂၀၁၄ ခုႏွစ္ကတည္းက အန္းဖီးလ္မွာ အႏိုင္မရတဲ့ မွတ္တမ္းဆိုးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ခ်ိဳးဖ်က္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး သူတို႔ေရွ႕က အဲဗာတန္အသင္းအေနနဲ႔ ပိုမိုၾကာျမင့္တဲ့ မွတ္တမ္းဆိုးကို ေျပာင္းျပန္လွန္ပစ္ခဲ့သလိုပဲ လုပ္ေဆာင္ႏိုင္ဖို႔ ရင္ခုန္ေနၾက။

– အသင္းမွာ ႐ုန္းကန္ေနရၿပီး ေႏြရာသီမွာ ျပန္လည္ေရာင္းခ်ဖို႔ စဥ္းစားထားတဲ့ ေမာ္႐ိုကိုေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ကို ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားမႈ ျပသခဲ့အၿပီးမွာ စပိန္အင္အားႀကီးသုံးသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းေတြကလည္း အလိုရွိေန။

– အက္စ္တန္ဗီလာအသင္းအေနနဲ႔ လက္ရွိမွာ သူတို႔အသင္းကို အငွားနဲ႔ လာေရာက္ကစားေနတဲ့ ကြင္းလယ္လူ ေရာ့စ္ ဘာကလီကို ရာသီကုန္မွာ ေခၚယူသြားဖို႔ စီစဥ္ေနသလို ၂၀၁၈-၁၉ ရာသီက အငွားနဲ႔ ေရာက္ရွိလာခဲ့ၿပီး အသင္းကို သြင္းဂိုး ၂၅ ဂိုးနဲ႔ ပရီးမီးယားလိဂ္ဆီ တန္းတက္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကိုပါ တစ္ပါတည္း ေခၚယူသြားလိုေန။

– အန္းဖီးလ္မွာ ကစားမယ့္ လီဗာပူးလ္အသင္းနဲ႔ ၾကာသပေတးေန႔ညပြဲစဥ္အတြက္ လူငယ္ေတာင္ပံကစားသမား ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္း ျပန္လည္ပါဝင္ႏိုင္မွာျဖစ္ေပမယ့္ ထရိန္နင္ ျပန္ဆင္းေနခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားရဲ႕ အေျခအေနကိုေတာ့ ၂၄ နာရီ ေစာင့္ၾကည့္ၿပီးမွ ပါဝင္ႏိုင္ဖို႔ အတည္ျပဳမည္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.